
တရားက သဘာဝတရားပါ။လူတွေသတ်မှတ်ထားတဲ့တရား မဟုတ်ပါဘူး။ သေခြင်းတရားဆိုတာ လူတွေပိုင်တဲ့ တရားမဟုတ်ပါဘူး။ အတ္တတရားမဟုတ်ပါဘူး။
နာခြင်းတရားဆိုတာလည်း အတ္တတရား မဟုတ်ပါဘူး။ လူတွေဆောက်ထားတဲ့ဆေးရုံ မဟုတ်ပါဘူး။
လူတွေသတ်မှတ်ထားတဲ့ ဆရာဝန်မဟုတ် ပါဘူး။ လူတွေသတ်မှတ်ထားတဲ့ ရောဂါတွေ၊ ရောဂါသည်တွေ မဟုတ်ပါဘူး။ သူ့သဘောသူဆောင်နေ တဲ့ အနတ္တတရားပါ။ကိုယ်မပိုင်တဲ့တရားပါ။
အဲ့တော့ လူတွေသတ်မှတ်ထားတဲ့ တရားကိုတော့
လူတွေပဲ ပြုပြင် ပြောင်းလဲလို့ ရပေမယ့်
အတ္တကို အတ္တနဲ့ဖြေရှင်းလို့ရပေမယ့်
အနတ္တကို အိုခြင်း နာခြင်း သေခြင်း အနတ္တကို အတ္တနဲ့ရှင်းလို့မရပါဘူး။
ဒါ အတ္တနဲ့ရှင်းနေလို့ အပေးအယူမကိုက်လို့
ဒါ အနတ္တကလည်း အတ္တကိုလုံးဝ လက်မခံပါဘူး။
တငါငါနဲ့ အတ္တလုပ်နေတဲ့သူတွေကလည်း အနတ္တကို ဘယ်လိုမှ လက်မခံပါဘူး။
ဖြစ်ရမယ် ရရမယ် ပိုင်ဆိုင်ရမယ် ငါမှငါ လုပ်နေတော့တာပဲ။
ငါမဟုတ်တာ ကို ဘယ်လိုမှ လက်မခံနိုင်သလို။
ဦးဇင်းတို့ မလွှဲမသွေရင်ဆိုင်ရမယ့် အိုခြင်း နာခြင်း သေခြင်းဆိုတာက
ကိုယ်မွေးထားတဲ့ သားသမီး မဟုတ်ပါဘူး၊ ခွေးတွေကြောင်တွေ မဟုတ်ပါဘူး။ ကိုယ့်စကားနား မထောင်ပါဘူး။သူ့သဘော သူဆောင်နေတာပါ။ သူ့ပင်ကိုယ်သဘာဝတရားပါ။ လူတွေသတ်မှတ်ထားတဲ့
တရားဥပဒေသ မဟုတ်ပါဘူး။ အနတ္တကို အနတ္တနဲ့ရှင်းမှ ရပါမယ်။
ဒီအိုနာသေ ဘေးတွေကို အနတ္တကိုအားကိုးမှ အနတ္တတရားနဲ့အညီ လိုက်လျောညီထွေဖြစ်အောင်ကျင့်မှ ဒါတွေကို ဖြေရှင်းလို့ ရပါမယ်။
တငါငါနဲ့ ကျင့်နေလို့ မရပါဘူး။
ဆရာလုပ်ချင်တဲ့သူဆီမှာ တပည့်သွားခံတယ်ဆိုတာ
ဆရာဆို တာလည်း အတ္တနဲ့ဆရာလုပ်တာပဲ။
တပည့်ဆိုတာလည်း ငါတပည့်ပဲဆိုပြီး
အတ္တနဲ့ ဆရာလုပ်တာပါပဲ။
အဲ့တော့ လောကီ အတ္တနဲ့လုပ်နေတဲ့ အလုပ်တွေကတော့ လောကီအတ္တနဲ့ရှင်းလို့ရပါတယ်။
သဘာဝ အတိုင်းရှိနေတဲ့ အနတ္တတရားကိုတော့ အနတ္တနဲ့ရှင်းမှ ရပါမယ်။ အပ်နဲ့ထွင်းရမယ့် နေရာမှာ အပ်နဲ့ ထွင်းမှ ရပါမယ်။
ပုဆိန်နဲ့ပေါက်ရမယ့် နေရာမှာ ပုဆိန်နဲ့ပေါက်မှာပဲ ရပါမယ်။
အဲ့တော့ ဦးဇင်းတို့ မလွှဲမ သွေ ရင်ဆိုင်ရမှာ အနတ္တတရားပါ။
ကိုယ်မပိုင်တဲ့ တရားပါ။ဘယ်လိုမှ လာဘ်ထိုးလို့မရတဲ့ တရားပါ။ ဘယ်အမိန့်အာဏာနဲ့မှ ပြောင်းလဲ ပြုပြင်လို့ မရတဲ့တရားပါ။
အဲ့တော့ ကိုယ်က အနတ္တနဲ့အညီကျင့်မှ ဒီ အိုနာသေဘေး
ဒုက္ခတွေက လွတ်မြောက်မယ်။ အဲ့ဒါကြောင့် တရားအားထုတ်တယ်ဆိုတာ
တငါငါနဲ့ မ ပြုလုပ်ခြင်းပါပဲ။ အချော့ကြိုက်သူကို ချော့ပြီးမှ ရှင်းရသလို ၊အနတ္တကို အနတ္တနဲ့ရှင်းမှ ရပါတယ်။ လိုချင်တဲ့သူကို ပေးပြီးတော့မှ ရှင်းရသလို။
မှန်မှန်ကန်ကန်ကြိုက်တဲ့သူကို မှန်မှန်ကန်ကန်လုပ်ပြီး တော့မှ ရှင်းရသလို။
သူ့အလိုနဲ့သူ့ကွက်လပ်နဲ့ သူ့ဖြေရှင်းချက်နဲ့ လိုက်လျောညီထွေဖြစ်ဖို့လိုပါတယ်။
တရားအားထုတ်တယ်ဆိုတာက သဘာဝ တရားနဲ့အညီကျင့်တာပါ။ အနတ္တတရားကျတော့ အနတ္တနဲ့ ပဲ ရှင်းရပါတယ်။
လူ့လောကထဲက လူဆိုး လူမိုက်ကျတော့ အတ္တနဲ့ဆိုးနေ မိုက်နေတာ။
လူဆိုး လူမိုက် ဟန်ဆောင်တဲ့သူကို ရဲဟန်ဆောင်ပြီးတော့မှ ရှင်းရသလို
ဒါ အတ္တ အတ္တအချင်းချင်း အဲ့တော့ ဦးဇင်း ပြောတဲ့အတိုင်း နှလုံးသွင်းပေးပါ။
ဒါက ဘယ်အစိုးရကမှ ဘယ်ကုလသမဂ္ဂကမှ မဖြေရှင်းနိုင်တဲ့
အို နာ သေဘေး ပြဿနာပါ။
ဒါတွေကို အနတ္တ ကိုယ်မပိုင်တာကို
လူလုပ်လို့မရတာကို လူစွဲဖြုတ်ပြီး လုပ်ပါမယ်။
လောကီတရားနဲ့ရှင်းလို့မရတာကို ဒါသဘာဝတရားနဲ့ရှင်းပါမယ်။
တငါငါနဲ့ကျင့်ပြီးတော့မှ တငါ ငါနဲ့ အဖြေရှာလို့မရတဲ့ ပြဿနာကို
တငါငါနဲ့ တားလို့မရတဲ့ ပြဿနာကို ငါစွဲဖြုတ်ပြီးတော့မှ ဖြေရှင်း ပါမယ်။
ကာယကံနဲ့ ဇိမ်ခံမနေပါနဲ့။ ငါလူပဲဆိုတဲ့ အတ္တကို စွန့်လွှတ်ပါ။
ငါယောက်ျားပဲ ငါမိန်းမပဲ ငါ လူမမာပဲ
ငါ လူကောင်းပဲ ငါဆရာဝန်ပဲဆိုတဲ့ အစွဲကိုဖြုတ်ပါ။
ဒီသတ်မှတ်ချက်တွေနဲ့လုပ်နေရင် အတ္တပဲ။
ဒါ ကြွက် ဟန်ဆောင်တဲ့သူကို ကြောင်ဟန်ဆောင်ပြီး ခြောက်ရသလို
သောင်းကျန်းသူဟန်ဆောင်တဲ့သူကို စစ်သားဟန်ဆောင်ပြီးတော့မှ ရှင်းရသလို။
ဒါ အတ္တနဲ့လုပ်နေတာ။
ဒါ အနတ္တက ဒီလိုရှင်း လို့မရဘူး။ အတ္တ ကိုစွန့်ပြီးတော့မှ အနတ္တနှဲ့ရှင်းကြည့်ပါ။
ဒါ အသိဥာဏ်လေးတစ်ခု လုပ်နည်းလေးတစ်ခု ဖြေရှင်းဖို့ပေး တာပါ။
ဦးဇင်းတို့ကတော့ ဒီလိုရှင်းသွားလို့ ကိုယ့်ရဲ့ အိုနာသေဘေး
စားဝတ်နေရေးကို ခေါင်းထဲ ထည့် စရာကို မလိုတော့ဘူး။ ရှင်းနည်းမှန်သွားတော့ ပြဿနာဆိုတာရှိရင် အဖြေဆိုတာရှိတာပဲ။
အဖြေကို နားလည်စေချင်လို့။ ကိုယ်တိုင်ရှင်းတတ်သွားရင်
ဘယ်လို အိုနာသေဘေး ကြုံ ကြုံ ပူစရာမရှိတော့ဘူး
ဘယ်လို စားဝတ်နေရေး ပြဿနာမှလည်း တက်စရာမရှိတော့ဘူး။
ဒါ ဘုရားရှင်းသွားတဲ့ နည်းပါ။
အနတ္တကို အားကိုးပြီးတော့မှ အို နာသေ ဒုက္ခဘေးကြီးကို အမြစ်ပြတ်ရှင်းပါမယ်။ ယာယီရှင်းတာ မ ဟုတ်ပါဘူး။ ယာယီကတော့ လွယ်တာပေါ့။
ယားရင် ကုတ်လိုက် ၊ စာရင် စားလိုက်၊ အိပ်ချင်ရင် အိပ် လိုက် ၊
လုပ်ချင်ရင် လုပ်လိုက် ဘယ်တော့မှ မဆုံးတော့ဘူး။
မရှိတော့မှ တန်ဖိုးသိသလိုပေါ့ ကိုယ်က ကျန်းမာရေးမကောင်းတော့မှ
ဩော် ကျန်းမာရေးကောင်းတဲ့ တန်ဖိုးကို သိသလိုပေါ့။
ကျန်းမာရေး ကောင်းနေရင်တော့ ကျန်းမာရေးမကောင်းတဲ့ ပြဿနာကိုခေါင်းထဲကိုထည့်မတွက်ပဲ
လုပ်ချင်တာတွေ ပဲ လုပ်နေတာပဲ။
အဲ့တော့ မကောင်းတော့မှ ဆုံးရှုံးသွားတော့မှ တန်ဖိုးသိသလို။
ကိုယ်ကလည်း မပြု လုပ်ပဲ နေကြည့်မှ အတ္တတွေ ဘယ်လောက်အစွဲကြီးသလဲဆိုတာ
ဒါ ဘာမှမလုပ်ပဲနေလို့မရတာ တငါ ငါနဲ့ အတ္တအစွဲကြီးနေလို့။
အတ္တနဲ့သိတဲ့ အသိတွေကို လက်ခံထားရင် အနတ္တဆုံးရှုံးနေပြီ။
ကိုယ်နဂို လုပ်နေကျတော့ သတ်မှတ်ချက်တွေကိုပဲ ဂရုစိုက်နေတာပါ။
ကုန်ဈေးနှုန်းတွေ ၊ ရောဂါအခြေအနေ တွေ ၊ သားသမီးအခြေအနေတွေ၊
အိုးအိမ် ဥစ္စာပစ္စည်းတွေ ဒါတွေပဲ ဂရုစိုက်နေတာပဲ။
သတ်မှတ်ထား တဲ့ မိသားစုလောက၊ ဝန်ထမ်းလောက ၊
စီးပွားရေးလောကထဲမှာလည်း အတ္တနဲ့လုပ်နေတာတွေချည်းပဲ
တငါငါနဲ့ အနတ္တရဲ့ အခန်းကဏ္ဏကို လက်မခံပါဘူး။
ဘာမှစိတ်မ၀င်စားနဲ့။
သံယောဇဉ်ဖြတ်၊စိတ်က လေးကို ကိုယ် ငါ ငါ့ဥစ္စာပဲ
ငါ့တာဝန်ပဲ ငါ့ကိစ္စပဲ ငါလုပ်ရမှာပဲ သွားစရာတွေပဲ မြင်စရာတွေပဲ
ကြည့်စရာ တွေပဲ သိစရာတွေပဲ လုပ်စရာတွေပဲ
စားစရာတွေပဲ ဆိုပြီးတော့မှ အာရုံတွေနဲ့
အဆက်အသွယ်လုပ် ထားတာကို ဖြတ်ပါ။
သဘောလေး သက်သက်ကိုသာလက်ခံပါ။
စိတ် စေတသိတ် ရုပ် ဓမ္မအစုပဲ ရှိတာ ပါ။ဘာမှမရှိဘူး။
သူ့ဘာသူ ဖြစ်ပြီး ပျက်နေတာ။အကြောင်းတိုက်ဆိုင်လို့ ဖြစ်တာ။
ဖြစ်ပြီးတာနဲ့ မရှိ တော့တာ။
အသစ်အသစ် မပြတ်တရစပ်အစားထိုး ဖောက်ပြန်ပျက်စီးနေတာ။
သဘောကိုလက်ခံခြင်း အားဖြင့် တငါငါနဲ့ပြုလုပ်နေတဲ့
ကာယကံ၊ ဝစီကံ ၊ မနောကံ တွေကို စွန့်လွှတ်နေပါ။
ကိုယ်နဂိုသိနေတဲ့ အသိ တွေကို စွန့်လွှတ်ပါ။
{သဘာဝဆရာတော် ဦးဥတ္တမသာရ(သဘာဝတရားရိပ်သာ)}
https://www.facebook.com/mawkon.thakhin.1/posts/291903587628081:0
No comments:
Post a Comment