ကိုယ်နဲ့မဆိုင်ဘူးလို့  မပြောပါနဲ့
**************************
**************************
ကိုယ်နဲ့မဆိုင်ဘူးလို့  သဘောထားလိုက်ပါ - ဆိုတာလေးနဲ့ပက်သက်လို့  ပုံပြင်လေးတစ်ခုပြောပြီး ကန့် ကွက်ပါ
ရစေ ။
ပုံပြင်ကတော့
ရွာတစ်ရွာက အိမ်တစ်အိမ်မှာ ကြွက်တွေများလို့ ဆိုပြီး အိမ်ရှင်က ကြွက်ဖမ်းသံညှပ်ဝယ်လာပြီး ကြွက်ထောင်ထားတယ်ဆိုပါတော့ ။
အဲဒီတော့ မောင်ဖိုးကြွက်က
< ကိုကြက်ဖရေ ---- သတိထားဗျ ။ ကြွက်ထောင်ချောက်ဆင်ထားတယ် >
အေးလေကွာ ငါ့နဲ့ဘာဆိုင်လဲ မင်းတို့ 
သောင်းကျန်းလို့  အိမ်ပေါ်မှာထားတာ
တို့ က အနေသာကြီးတဲ့ ။
မောင်ဖိုးကြွက်က သိပ်စိတ်တိုင်းမကျလို့ 
ကိုဝက်ကြီးနဲ့ တင်းကုပ်ထဲမှာရှိတဲ့ ကိုနွားကြီးကို သွားပြောပြန်တယ် ။
အဲ့ဒီတော့လည်း
မောင်ရင်သာ ဂရုစိုက်ပါကွာ တို့ က ကိုယ့်နေရာမှာနေကြတာ ။ အနေသာကြီးပါတဲ့ ။
မောင်ဖိုးကြွက်လည်း သတိနဲ့နေရတာပေါ့ ။
တစ်ညမှာ ကြွက်ထောင်ချောက် မောင်းကျသံကြားလို့  အိမ်ရှင် အဖွားကြီးက သွားကြည့်တယ် ။
ရွာဆိုတော့ လျှပ်စစ်မီး မရှိဘူးပေါ့ ။
အနားရောက်မှ မီးခွက်ထွန်းရာက အမြီးတစ်ပိုင်း ထောင်ချောက်မိနေတဲ့ လင်းမြွေဟောက်စပ်ကြား က ပေါက်လိုက်တာ မျက်စိကို ပြာသွားတာပေါ့ ။
ဒီလိုနဲ့ မြွေကိုက်ခံရတာ ။
ပေါ့ဆပြီး အိပ်ယာထဲမှာ ၃ - ၄ ရက်ဆေးမြီးတိုနဲ့ကု ဆိုပါတော့ ။
နောက်မှ မသက်သာတာနဲ့ မြို့ဆေးရုံတက်တယ် ။
အားရှိဖို့  ကြက်စွပ်ပြုတ်သောက်ဖို့ လို
လာတော့ ကိုကြက်ဖ အလှည့်ပေါ့ ။
ဆေးရုံပေါ်မှာ ၁၀ ရက်လောက် ဆေးကုလိုက်တဲ့ စရိတ်အတွက် ကိုနွားကြီး သူများလက်ထဲ ပါသွားတယ်။
ဒါပေမယ့် အသက်ကို မကယ်နိုင်ပါဘူး ။
အိမ်ပြန်သယ်လာရတာပေါ့ ။
ရက်လည်ဆွမ်းသွတ်တော့ ကိုဝက်ကြီးအလှည့်ပေါ့ ။
မောင်ဖိုးကြွက် တစ်ယောက်တည်း အိမ်မှာကျန်တော့ ဝမ်းနည်းစွာနဲ့ သူ့ ဆွေများပြောတဲ့
မောင်ရင်သာ ဂရုစိုက်ပါ။ တို့ ကကိုယ့်
နေရာမှာနေကြတာ အနေသာကြီးပါ -
ဆိုတဲ့စကားကို ကြားယောင်နေမိပါတော့တယ် ။
% ဒါကြောင့် အများနဲ့သက်ဆိုင်တဲ့ကိစ္စတွေ မှာ ငါနဲ့မဆိုင်ဘူးဆိုပြီး ရေသာခိုမနေသင့်ပါ %
Dr.လွင်ကို ( ခွဲခြားနှိမ်ချ ကင်းစင်ကြပါ )ဆောင်းပါးမှတဆင့် မျှဝေပါသည် ။

% ဒါကြောင့် အများနဲ့သက်ဆိုင်တဲ့ကိစ္စတွေ
Dr.လွင်ကို ( ခွဲခြားနှိမ်ချ ကင်းစင်ကြပါ )ဆောင်းပါးမှတဆင့် မျှဝေပါသည် ။
No comments:
Post a Comment