
စိတ်ဖိစီးလာလို့ရှိရင် မှန်ကန်တဲ့နည်းနဲ့ထွက်ပေါက်ရှာဖို့ မြတ်စွာဘုရားက လမ်းညွှန်ပေး
ထားပါတယ်။
အဲဒီလမ်းညွှန်ချက်အတိုင်း လိုက်နာအားထုတ်မယ်ဆိုရင် မည်သူမျှ စိတ်ပေါက်ကွဲမှု
ဒဏ်တွေကို ခံရမှာ မဟုတ်ပါ။ စိတ်ဖိစီးမှုတွေ ဖြစ်လာရင် မြတ်ဗုဒ္ဓ ညွှန်ပေးတဲ့လမ်းက ထွက်သွားရုံပါပဲ။ အေး .. မြတ်စွာဘုရားရဲ့ တရားဓမ္မတွေကို မနာရလို့ ဒီနည်းတွေကို မသိတဲ့ပုဂ္ဂိုလ်တွေ၊ ဘုရား တရားတော်တွေကို မျက်ကွယ်ပြုနေလို့ ဒီနည်းစနစ်ကို မသိတဲ့ပုဂ္ဂိုလ်တွေဟာ စိတ်၏ထွက်
ပေါက် ဆိုပြီးတော့ မိမိတို့ တွေးမိရာရာ ကြံစည်မိရာရာ ထွက်ပေါက် အမျိုးမျိုးကို မှားယွင်းစွာ ပြု
လုပ်မိတတ်ကြပါတယ်။လောကသား လူတွေဖြစ်တဲ့ လူငယ်လူရွယ် အသိုင်းအ၀ိုင်းထဲမှာ ရံခါရံခါ စိတ်ညစ်စရာဆိုတာ တွေ့လာတတ်ပါတယ်။ ရံခါရံခါ စိတ်ထဲမှာ အလိုမကျတာတွေ တွေ့လာတတ်ပါတယ်။
ရံခါရံခါမထိန်းသိမ်းနိုင်လောက်အောင် ပေါက်ကွဲမှုမျိုး
ဖြစ်လာတတ်ပါတယ်။အဲဒီလို စိတ်အကျဉ်းအကြပ်တွေ များလာလို့ရှိရင် အချို့ပုဂ္ဂိုလ်တွေက စိတ်ဖိစီးမှုတွေကိုထွက်ပေါက်ရှာကြတဲ့အနေနဲ့ မူးယစ်ဆေးဝါးတွေ အသုံးပြုကြပါတယ်။ အရက်သေစာတွေသောက်စားကြပါတယ်။ အဲဒီနည်းကို ထွက်ပေါက်ဆိုပြီး အသုံးပြုတတ်ကြပါတယ်။
ဆိုလိုတာက ပြဿနာဖြစ်လာတယ်၊ ထိုပြသနာကို မေ့ပစ်ဖို့ ကြိုးစားတဲ့အခါမှာ အာရုံတစ်
ခုခုနဲ့ လွှဲဖယ်အစားထိုးပြီး တကယ် စိတ်ဖိစီးနေတာကို ဖယ်ရှားပစ်ဖို့ မကြိုးစားဘဲနဲ့ ခေတ္တခဏမေ့သွားအောင် တခြားနည်းလမ်းတွေနဲ့ ထွက်ပေါက်ရှာကြပါတယ်။ အဲဒီထွက်ပေါက်က တကယ့်အစစ်အမှန်ထွက်ပေါက် မဟုတ်သည့်အတွက် ပြဿနာထဲမှာပဲ ပြန်လည် ၀ဲလည်လာပါတယ်။
တကယ့်ငြိမ်းချမ်းတဲ့ အပြင်ဘက်ကို ရောက်မသွားဘဲ အတွင်းထဲမှာ တ၀ဲလည်လည်နဲ့ ထွက်ပေါက်
ရှာရင်းနဲ့ပဲ ဒုက္ခရောက်သွားကြပါတယ်။ အကျဉ်းအကျပ်တွေက ပိုများလာပါတယ်။ ပြဿနာ တစ်
ခုကနေ ပြဿနာနှစ်ခု၊ သုံးခု ဖြစ်လာပါတယ်။ ပြဿနာအတွက် ထွက်ပေါက်ကို မှန်မှန်ကန်ကန်
မရှာနိုင်ဘူး ဆိုလို့ရှိရင် ဒီလိုပဲ ပြဿနာတက်နေကြကြမှာပါ။
ဒါကြောင့်မို့လို့ တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း အဲဒီ ဖြေရှင်းနည်းတွေက
မှန်ကန်တဲ့ ဖြေရှင်းနည်းတွေ မဟုတ်ပါ၊ ထွက်ပေါက်ဟာလည်း မှန်ကန်တဲ့ထွက်ပေါက် မဟုတ်ပါလို့
သိရှိနားလည် သဘောပေါက်ကြပြီး မိမိတို့မှာ စိတ်၏ထွက်ပေါက်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရအောင်
ရှာပြီး ထာဝရငြိမ်းတဲ့ မြတ်နိဗ္ဗာန်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။ ။
{ ၁၃၇၁ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကိုင်းတန်း
လမ်း၌ အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားသော “စိတ်၏ ထွက်ပေါက်များ” တရား
တော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
http://www.facebook.com/damanadi.tk http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment