မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Sunday, February 16, 2014
*** မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မဒဿနသြ၀ါဒများ (၄)…
*** မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မဒဿနသြ၀ါဒများ (၄)…
~ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို ဒါန၊ သီလ၊ သမထ ဘာဝနာတွေ လုပ်ပြီး တောင်းမယ်ဆိုရင် ရန်သူတွေထဲ ကျုပ် ၀င်ရပါလို၏လို့ ဆိုတာနဲ့ တူနေတယ်။
~ နတ်ပြည်ဆိုတာ ပန်းတစ်ပွင့်နဲ့ တောင်းရင်လည်း ရပါတယ်။
~ အစစ်တောင်း ဘေးဖယ်လို့ရှိရင် အိုဘေး၊ နာဘေး၊ သေဘေးနဲ့ သိကြားမင်းကြီးရဲ့ လက်အောက်ခံ ဖြစ်မယ်။
~ ပန်းတစ်ပွင့်နဲ့ နတ်ပြည်သွားပြီး နတ်ပြည်သေရပါလို၏ မလုပ်နဲ့။
~ တောင်းလို့ရတဲ့ ပစ္စည်းက အိုပွဲ၊ နာပွဲ၊ သေပွဲရတယ်။ မတောင်းဘဲနဲ့ ရှုပွားယူလို့ ရတဲ့ဥစ္စာက အိုပွဲ၊ နာပွဲ၊ သေပွဲ ဇာတ်သိမ်းတယ်။
~ ပျင်းလည်း မရှု၊ ပျော်လည်း မရှုဘူးဆိုရင် အကုန်အပါယ်သွားရမယ်။ သူ့အသက် မသတ်၊ သူ့ဥစ္စာ မခိုးဘဲ အပါယ်သွားရတယ် မှတ်ပါ။
~ မရှုမိရင် မသိတဲ့ အ၀ိဇ္ဇာသင်္ခါရ လာတာပဲ။
~ ၀ိပဿနာ ဘာကျေးဇူးများသတုန်း မေးတော့ ပဋိစ္စသမုပ္ပါဒ်ပြတ်ခြင်း ကျေးဇူးများတယ်။
~ ဘုရားကိုယ်တော်မြတ်ကြီးဟာ ပဋိစ္စသမုပ္ပါဒ် ပြတ်သွားလို့ ဘုရားဖြစ်သွားတယ်လို့ မှတ်ပါ။
~ ဒီခန္ဓာကိုယ်ကြီးဟာ ဒီဘ၀က စုတိနဲ့ ဟိုဘ၀ ပဋိသန္ဓေနဲ့ ဆက်စပ်နေတာလည်း ပဋိစ္စသမုပ္ပါဒ်ပဲ။ ကံနဲ့ အကျိုးပေး ဆက်စပ်နေတာလည်း ပဋိစ္စသမုပ္ပါဒ်ပဲ။
~ ပဋိစ္စသမုပ္ပါဒ် ပြတ်ရင် နိဗ္ဗာန်ပဲလို့ မှတ်ပါ။
~ နိဗ္ဗာန်လိုချင်လျှင် ခန္ဓပဋိစ္စသမုပ္ပါဒ် ပြတ်ရမှာပါလားလို့ အကျဉ်းချုပ်မှတ်ပါ။
~ အဖေ၊ အမေကြောင့် သားသမီးဖြစ်ရတယ်ဆိုတာ အယူမှန် မကျသေးပါ။
~ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ ထာဝရဘုရား ဖန်ဆင်းတယ်ဆိုလျှင် ထာဝရဘုရားကျတော့ ဘယ်သူဖန်ဆင်းသလဲဆိုတဲ့ မေးခွန်းပေါ်လာတယ်။
~ လူတွေကို ဗြဟ္မာကြီးက ဖန်ဆင်းတယ်ဆိုရင် ဗြဟ္မာကြီးကိုတော့ ဘယ်သူက တည်ထောင် သလဲဆိုတဲ့ မေးခွန်းထွက်လာတယ်။
~ ဘုရားမပွင့်ရင် ဒီရုပ်ခန္ဓာကြီး ဘယ်သူက လုပ်လိုက်လို့ ရနေပါလိမ့်မလဲဆိုတဲ့ သံသယကို ဖျောက်ပေးမည့်သူ မရှိပါ။
~ ပဋိစ္စသမုပ္ပါဒ်ကို နားမလည်လျှင် ဒိဋ္ဌိဝိစိကိစ္ဆာနဲ့ သေရလိမ့်မယ်။
~ ဒိဋ္ဌိဝိစိကိစ္ဆာနဲ့သေရင် အပါယ်သွားဦးမှာပဲ။
~ ပဋိစ္စသမုပ္ပါဒ် နားလည်ကာမျှဖြင့် အပါယ်တံခါး ပိတ်တယ်။
~ စူဠသောတာပန်ဖြစ်ရင် တစ်ဘ၀ နှစ်ဘ၀ အပါယ်တံခါး ပိတ်တယ်။
~ သားရေး၊ သမီးရေး၊ စီးပွားရေးဆိုတာ ပဋိစ္စသမုပ္ပါဒ်လည်တဲ့လမ်း။
~ အစစ်အမှန်ရှာလျှင် တရားဟောတဲ့ ဘုန်းကြီး၏ ခန္ဓာငါးပါး၊ တရားနာယောဂီ၏ ခန္ဓာငါးပါး ရုပ်နာမ်ပဲရှိတယ်။
~ ပုဂ္ဂိုလ်ဆိုတာ မရှိပါ၊ ပုဂ္ဂိုလ် မရှိလျှင် ဓမ္မရှိတယ်လို့မှတ်။
~ ပုဂ္ဂိုလ်၏ အဖြစ်နဲ့တွေးလျှင် သတ္တ၀ါ၏ အဆုံးအစ မမြင်နိုင်ပါ။
~ အနေ အသေတွေများလို့ ပုဂ္ဂိုလ် (သတ္တ၀ါ)အစ ဘုရားသော်မှ မမြင်နိုင်။
~ ပုဂ္ဂိုလ်ဆိုတာ အထည် (ဒြပ်) စ- လို့ မှတ်လိုက်ပါ။
~ အသေချင်းစပ်ခဲ့လို့ ဒီမြေတွေဟာ ဘယ်သူ့မြေတွေလဲလို့ မေးလို့ရှိလျှင် ကျုပ်တို့ အသားထဲက ဖြစ်တဲ့ မြေတွေပဲ။
~ ပုဂ္ဂိုလ်အဖြစ်နဲ့ ပြေးလျှင် အဆုံးဆိုတာ မမြင်တော့ပါ။ အနမတဝ္ဃေါယံ ဘိက္ခဝေ သံသာရော ပုဗ္ဗကောဋိ န ပညာယတိ (နိဒါန၀ဂ္ဂသံယုတ်)။
~ ဒီအသား၊ အရိုးကဖြစ်တဲ့ မြေကို ဘယ်တော့မှ မင်္ဂလာရှိတဲ့မြေလို့ ဆိုလို့မရပါ။
~ မြေကြီး ကြီးပွားရေးကို နောက်ထပ် မလုပ်ပါနှင့်။
…ကိုရင်ဒိုးကလေး စုစည်းပူဇော်သော မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မဒဿနသြ၀ါဒ ဟောစဉ်မှတ်စုများအား ဓမ္မဒါနပြုပါသည်။
Mee Kuဖေ့ဘုတ်မှ ကူးယူမျှဝေသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment