/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Monday, February 17, 2014

****** အကြင်နာပေါင်း ရှစ်သောင်းလေးထောင် *****

Photo: အကြင်နာပေါင်း ရှစ်သောင်းလေးထောင်
*****************

သံသရာမှာ အဖေ အမေ သား သမီး ညီ အစ်ကို အစ်မ နှမ စသည် မတော်ဖူးတဲ့သူမရှိ  ဆိုတဲ့ တရားဒေသနာတော်ရယ် တော်ခဲ့ဖူးသမှ ၈သောင်း၎ထောင် ဆိုတဲ့ တရားဒေသနာတော်ရယ် တရားဒေသနာတော် နှစ်ခုကိုတွဲစပ်ပြီး ဆင်ခြင်တတ်မယ်ဆိုရင် လူကြီးနဲ့ လူငယ်ကြားမှာပဲဖြစ်ဖြစ် ရွယ်တူချင်းကြားမှာပဲဖြစ်ဖြစ် မကျေနပ်မှုတွေ (ရန်ငြိုးဖွဲ့မှုတွေ) ဆိုတာ လုံးဝရှိမှာမဟုတ်တော့ပါဘူး တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်နိုင်ကြ ခွင့်လွှတ်နိုင်ကြသွားမှာပါ။

ဒီဘဝမှာ ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်နေတဲ့သူ ကိုယ့်ကို စိတ်ညစ်အောင် လုပ်နေတဲ့သူကိုတောင်မှ 'သူကိုယ့်ကို(- ) အဖြစ်နဲ့ ဘဝပေါင်း ၈ သောင်း ၄ထောင်စိတ်ချမ်းသာအောင် လုပ်ခဲ့ဖူးတယ် ဘဝပေါင်း ၈သောင်း ၄ထောင် စိတ်ပျော်ရွှင်အောင် လုပ်ခဲ့ဖူးတယ်'လို့တွေးလိုက်ရင် အလိုလို ခွင့်လွှတ်နိုင်သွားပါလိမ့်မယ်။

သံသရာမှာ မသက်ဆိုင်ခဲ့ဖူးတဲ့သူ တစ်ယောက်မှ မရှိပါဘူး ဘဝပုံစံအမျိုးမျိုးနဲ့ အကြိမ်ကြိမ် သက်ဆိုင်ခဲ့ကြပါတယိ အားလုံးက သက်ဆိုင်သူတွေချည်းပါ သက်ဆိုင်သူအချင်းချင်း ဘာလို့နားလည်မပေးနိုင်ရမှာလဲ။ ကိုယ့်ရဲ့သက်ဆိုင်သူကို ဘာလို့ခွင့်မလွှတ်နိုင်ရမှာလဲ 'သက်ဆိုင်သူသို့... ပို့မေတ္တာ...တေးလွှာဝေ' လိုက်ရငိတစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံရတာ ဘယ်လောက်များ စိတ်အေးချမ်းစရာကောင်းလိုက်မလဲ။

တစ်ယောက်နဲ့တစ်ယောက် အကန့်သတ်မဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဂရုစိုက်ခဲ့ကြတဲ့ ဘဝပေါင်းကလည်း ၈သောင်း ၄ထောင်ပါ။တစ်ယောက်နဲ့တစ်ယောက် အဆုံးအစမဲ့ အကြင်နာတရားတွေနဲ့ ယုယခဲ့ကြတဲ့ ဘဝပေါင်းကလည်း ၈သောင်း ၄ထောင်ပါ အတိတ်က ထားခဲ့ဖူးတဲ့ ချစ်မေတ္တာပေါင်း ၈သောင်း ၄ထောင် အကြင်နာပေါင်း ၈သောင်း ၄ထောင် ကိုသာမေ့မပစ်လိုက်ဘူးဆိုရင် ဒီဘဝမှာလည်း အကန့်အသတ်မဲ့ ချစ်ခြင်းမေတ္တာတွေ အဆုံးအစမဲ့ အကြင်နာတရားတွေ ရက်ရက်ရောရော ပေးဖို့ အမြဲသတိရနေတော့မှာပါ။

ရှစ်သောင်းလေးထောင် အတွေးက ခွဲရေးအတွက်လည်း အသုံးဝင်သလို တွဲရေးအတွက်လည်း အသုံးဝင်ပါတယ် ခွဲရေး တွဲရေး အရးနှစ်မျိုးလုံးအတွက် အသုံးဝင်တဲ့ ရှစ်သောင်းလေးထောင် အတွေးကို ဖော်ထုတ်ပေးခဲ့တဲ့ မြတ်စွာဘုရားရှင်ဟာ တကယ့်အနှိုငိးမဲ့ ကျေးဇူးရှင်ပါပဲ။

              အရှင်ဆန္ဒာဓိက
          (ရွှေပါရမီတောရ)

အကြင်နာပေါင်း ရှစ်သောင်းလေးထောင်
******************************

အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ ** အကြင်နာပေါင်း ရှစ်သောင်းလေးထောင် **  စာအုပ်မှ ကောက်နှုတ်တင်ပြသည်။

No comments:

Post a Comment