
ကိုယ့်စိတ်ကိုကိုယ်သိတယ်ဆိုတာ
************************
ကိုယ့်စိတ်ကိုကိုယ်သိတယ်ဆိုတာဟာလူသားရဲ့ အင်မတန်ထူးခြားတဲ့
************************
ကိုယ့်စိတ်ကိုကိုယ်သိတယ်ဆိုတာဟာလူသားရဲ့ အင်မတန်ထူးခြားတဲ့
ကိုယ့်စိတ်ကို ကိုယ်သိတာ လူသားရဲ့အမြင့်မြတ်ဆုံးစွမ်း
ရည်ဖြစ်ပါတယ်။
ရည်ဖြစ်ပါတယ်။
ကိုယ့်စိတ်ကို ကိုယ်သိတယ်ဆိုတာကိုယ့်ရဲ့အကောင်းဆုံး အရည်အချင်းတွေထွက်လာဖို့ အဓိကအကြောင်းဖြစ်တယ်။
ဒီတစ်ခုကိုမှမလုပ်လို့ရှိရင် ဒီထက်ကောင်းတဲ့အခြားအရည်အချင်းတွေ
ထွက်မလာနိုင်ဘူး။
ကိုယ့်မှာရှိတဲ့အကောင်းဆုံးစိတ်ထားတွေ
အကောင်းဆုံးအသိဥာဏ်တွေ ထွက်လာဖို့ဆိုရင် ကိုယ့်စိတ်ကို ကိုယ်သိပြီးနေတဲ့အလေ့အကျင့်ဟာ အခြေခံ အဓိက လုပ်ရမဲ့အလုပ်ဖြစ်တယ်။
ဒါ့ကြောင့်အချိန်ရသလောက် သတိရတိုင်း ကိုယ့်စိတ်ကိုကိုယ် ကြည့်ပြီးတော့ဘာတွေတွေးနေသလဲဘာတွေခံစားနေသလဲ
အခုလုပ်နေတာ ပြောနေတာတွေဟာဘာကိုတန်ဖိုးထားပြီးလုပ်နေသလဲ
ပြောနေတာလဲဆိုတာကိုမကြာမကြာဆန်းစစ်ကြည့်ဖို့လိုပါတယ်။
ဘက်လိုက်ထာမပါပဲနဲ့ မိမိကိုယ်ကိုရိုးရိုးသားသားကြည့်ပြီးတော့ အမှန်အတိုင်းသိနိုင်တယ် ဆိုတဲ့ဒီအရည်အချင်းက တကယ် စစ်မှန်တယ်ဆိုတဲ့စေတနာနဲ့
လူတွေအပေါ်မှာဆက်ဆံဖို့ လိုအပ်တဲ့အရည်အချင်းဖြစ်တယ်။
ကိုယ့်စိတ်ကို ကိုယ်ရိုးရိုးသားသားမှမကြည့်နိုင်ရင်၊ကိုယ့်ကိုကိုယ် ညာပြီဆိုရင်သူများကိုလည်းညာမယ်ဆိုတာသေချာသလောက်ဖြစ်နေပြီ။
ကိုယ့်မှာရှိတဲ့အကောင်းဆုံးစိတ်ထားတွေအကောင်းဆုံး
အသိဥာဏ်တွေထွက်လာဖို့
အဓိက အခြေခံ လုပ်ရမဲ့ စိတ်အလေ့အကျင့်လေးကို လုပ်ဆောင်ကြပါစို့။ ။
အဓိက အခြေခံ လုပ်ရမဲ့ စိတ်အလေ့အကျင့်လေးကို လုပ်ဆောင်ကြပါစို့။ ။
(ဆရာတော် ဦးဇောတိက. ၏ ဘာကိုတန်ဖိုးထားရမလဲ မှကောက်နှုတ်
ပူဇော်ပါသည်။)
No comments:
Post a Comment