
ဆရာတော်ကြီးဒေါက်တာ အရှင် နန္ဒမာလာဘိဝံသ
ဟော ကြားချီးမြှင့်တော်မူအပ်သော"သူ့အမြင် ကိုယ့်အမြင် ဓမ္မအမြင်"
တရားဒေသနာတော် ဖြစ်ပါတယ်။
အကြိမ်ကြိမ်နာကြားရတိုင်း
ကုသိုလ်ပွားစေတာမို့ မိတ်ဆွေများကိုလည်း မျှဝေပေးလိုပါတယ်။
… …… …… … … …
……… "သူ့အမြင် ကိုယ့်အမြင်
ဓမ္မ အမြင်"မှာ အမြင်ဆိုတဲ့ စကားလုံးဟာ ဒိဋ္ဌိ ဆိုတဲ့ စကားလုံးကလည်း လာတယ်
ဒဿန ဆိုတဲ့ စကားလုံးကလည်း
လာတယ်။ အားလုံးဟာမြင်တာ ။
အမြင်ဆိုတဲ့ နေရာမှာ ဥာဏ်အမြင်ကျတော့ အမှားမရှိဘူးနော်။ ဥာဏ်အမြင် မဟုတ်ဘဲနဲ့ မှားယွင်းတဲ့ ထင်မြင်ယူဆမှု လို့ ဆိုတာကျတော့ မှားယွင်းတယ်။
အသိဥာဏ်မပါဘဲနဲ့ မာနနဲ့မြင်တယ် တဏှာနဲ့မြင်တယ်
ဒိဋ္ဌိနဲ့မြင်တယ် ဆိုတဲ့ အဲဒီအမြင်တွေက မှားတဲ့အမြင်။
မိစ္ဆာဒိဋ္ဌိလို့ ဒီလိုခေါ်တယ်။ အဲတော့ သူ့အမြင် ကိုယ့်အမြင်
အမြင်ချင်းမတူကြဘူး။
အဲဒီသုတ္တန် အမည်က
ကိံ ဒိဋ္ဌိက သုတ်။ အင်္ဂုတ္တရနိကာယ်#
အဓိပ္ပါယ်က " ဘယ်လိုအမြင်
ရှိသလဲ ဘာအမြင် ရှိသလဲ"
ဒီသုတ္တန်က မှတ်သားစရာကောင်းတာ။
…သူ့အမြင် ကိုယ့်အမြင်ဆိုတာ
လွဲမှားတာတွေ အများကြီးရှိတယ်။ ဟုတ်ချင်လည်းဟုတ်မယ် မဟုတ်ချင်လည်း မဟုတ်ဘူး။
ဓမ္မအမြင်ကျတော့ မှန်ကန်တဲ့အမြင်။
နောက်တစ်နည်း
ပြောမယ်ဆိုလို့ရှိရင် ဘညန်းကြီးတို့ တတွေဟာ ဗုဒ္ဓကို
ယုံကြည်လို့ ဗုဒ္ဓသာဝကအဖြစ် ခံယူထားကြတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ။
ဥပသကာ ဥပါသိကာမ ရဟန်းသံဃာတွေရော အကုန်လုံးဟာ ဗုဒ္ဓဘာသာဝင်တွေ
ဗုဒ္ဓရဲ့ တပည့်သာဝကအဖြစ်
ခံယူထားကြတဲ့
ပုဂ္ဂိုလ်တွေ ဖြစ်တော့ သူ့အမြင်
ကိုယ့်အမြင်တွေ မပါတဲ့ ဓမ္မအမြင်နဲ့
ဘယ်လိုမြင်ရမလဲဆိုတဲ့ ဒီအချက်ကို သိစေချင်တာပေါ့။
နောက်တစ်နည်းအားဖြင့်
ပြောမယ်ဆိုရင် " စစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့
ဓမ္မအမြင်က ဘာလဲ" 'ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့
မေးလို့ရှိရင် ဘယ်လိုဖြေမလဲ။
ဗုဒ္ဓဘာသာရဲ့အမြင် What is Buddhist view ? ဟာ ဘယ်ဟာလဲလို့ တစ်စုံတစ်ယောက်က မေးခဲ့မယ်ဆိုရင် Buddhist view ကို ရှင်းပြနိုင်ရမယ်။ အမြင်ဆိုတာကို ဘယ်လို ရှင်းပြမလဲ။
ဒီသုတ္တန်မှာ အနာထပိဏ်
သူဌေးကြီးက ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ ဓမ္မအမြင်ကို သူရှင်းပြတာ။
အနာထပိဏ်သူဌေးဆိုတာ အားလုံးသိတဲ့အတိုင်း ဗုဒ္ဓမြတ်စွာနဲ့
အလွန်ရင်းနှီးတယ်။ ရာဇဂြိုဟ်မြို့
သွားရင်းကနေ ဘုရားနဲ့ တွေ့ပြီးတော့ အမှတ်မထင် ဗုဒ္ဓဘာသာဖြစ်ခဲ့တယ်။ မြတ်စွာဘုရားနဲ့ သိပ်တွေ့ချင်လို့
သွားတွေ့တာ။ ဘုရားအပေါ်မှာ
သိပ်ကျေနပ်ပြီး တရားနာလိုက်ရတဲ့အခါမှာ သောတာပန်ဖြစ်သွားတယ်။
သောတာပန်ဖြစ်သွားပြီ ဆိုကတည်းက ဗုဒ္ဓဘာသာစစ်စစ်
ဖြစ်သွားပြီလို့ ဒီလိုပြောတာနော်။
ဘယ်တော့မှ မပြောင်းလဲတဲ့ ဗုဒ္ဓဘာသာဖြစ်တာ။
အဲဒီမှာတင် သာဝတ္ထိမြို့ သို့
ဘုရားကိုပင့်ခဲ့တာ။ သာဝတ္ထိမြို့ကို
ဘုရားပင့်တာ အနာထပိဏ်သူဌေးပဲ။
သူ့နာမည်ရင်းက သုဒတ္တ လို့ ခေါ်တယ်။ ဇေတဝန်ကျောင်းတော်ကြီး ရေစက်ချပွဲမှာ သူ့ရဲ့ ညီတစ်ယောက်က မြတ်စွာဘုရားရဲ့ တရားနာရတဲ့အခါ
ဘုန်းကြီးဝတ်သွားတယ်။ သုဘူတိ
လို့ခေါ်တယ်။ ဒီညီအစ်ကို နှစ်ယောက်က သုမနသူဌေးကြီးရဲ့
သားတွေ။ သာဝတ္တိမြို့မှာတော့
မြို့မျက်နှာဖုံးလို့ ပြောရမှာ။ အလွန်ချမ်းသာတဲ့သူတွေပေါ့။
ဘုရားပင့်လာတဲ့ အနာထပိဏ်သူဌေးကတော့ ဘုန်းကြီး မဝတ်နိုင်ဘူးနော်။ သူက
ကျောင်ဒါယကာဘဝနဲ့ပဲ အသက်ထက်ဆုံး မြတ်စွာဘုရားရဲ့
သာသနာကို ထောက်ပံ့လှူဒါန်းပြီး
နောက်ဆုံး အသက်အရွယ် ကြီးရင့်လာတဲ့အခါမှာ အရှင်သာရိပုတြာရဲ့ အဆုံးအမ
" အနာထပိဏ္ဍိကောဝါဒ" ဆိုတဲ့
သုတ္တန်ကို ကြားနာပြီးတဲ့နောက်မှာ
သေဆုံးသွားပြီး ဘဝတစ်ခုအဆုံးသတ်သွားတယ်။ အဆုံးသတ်သွားတဲ့အခါ တုသိတာ
နတ်ပြည်ကို ရောက်သွားတယ်။
…… … … … … … … …
…… … … … … … … …
အနာထပိဏ်သူဌေးဆိုတာ
မြတ်စွာဘုရားအပေါ်မှာ အင်မတန်မှ ငဲ့ညှာတဲ့ ဒါယကာကြီး။ ကျောင်းသွားတဲ့အခါမှာ ဘုရားကို ဘယ်တော့မှ မေးခွန်းတွေ များများမေးလေ့မရှိဘူးနော်။
ရှင်းပြနေရင် ပင်ပန်းမှာစိုးလို့တဲ့။
အင်မတန်မှ ငဲ့ညှာတဲ့သဘော ။
တစ်နေ့ကို သုံးကြိမ် ဇေတဝန်ကျောင်းတော်ကို ရောက်အောင်သွားတယ်။ လုပ်စရာရှိတာလေးတွေ လိုက်လုပ်ပေးပြီး ဘုရားနားချဉ်းကပ်တယ်။ မေးခွန်းမေးတာ အင်မတန်မှ နည်းတယ်။ မမေးဘူး။ ဘုရားကို ဟိုဟာသိချင်လို့ ပြောပါဦး ဒီဟာသိချင်လို့ ပြောပါဦး မလုပ်ဘူးတဲ့။ ဘာဖြစ်လို့ မလုပ်တာတုန်းဆို ဘုရားအပေါ်မှာငဲ့ညှာလို့။ ဒါကို
ဓမ္မပဒ အဌကထာမှာ မှတ်တမ်းတင်ထားတာ။
အနာထပိဏ်သူဌေးကြီးက
ရဟန်းတော်တွေထဲမှာ မြတ်စွာဘုရားရဲ့ လက်ယာတော်ရံ
အဂ္ဂသာဝက အရှင်သာရိပုတ္တရာကို
အကြည်ညိုဆုံး။ စရိုက်ဝါသနာချင်းတူကြတယ်။
လူဆိုတာ သူ့ စရိုက်လေးတွေနဲ့သူ
မတူကြဘူုး။ ဘယ်လို ဝါသနာ တူကြတုန်းဆိုတော့ အနာထပိဏ်သူဌေးကလည်း အများအကျိုးကို သိပ်ပြီးတော့ လုပ်ချင်တာ။ သဒ္ဓါတရားအလွန်ကောင်းတယ်။
ကျွေးချင်တယ် မွေးချင်တယ်။
ဗုဒ္ဓဘာသာမဖြစ်ခင်ကတည်းက
သူက အနာထပိဏ္ဍိက။ စားစရာ သောက်စရာမရှိတဲ့ ပုဂ္ဂိုလ်တွေကို
ကျွေးမွေးစောင့်ရှောက်လာတာ ။
ဗုဒ္ဓဘာသာဖြစ်မှလုပ်တာ မဟုတ်ဘူး။ မဖြစ်ခင်ကတည်းက လှူတန်းလာတဲ့ပုဂ္ဂိုလ်။
အများအပေါ်မှာ အလွန်မေတ္တာထားတဲ့ ပုဂ္ဂိုလ်။
အရှင်သာရိပုတ္တရာလည်း
ထို့အတူပဲ။ မေတ္တာအင်မတန်ကြီးတယ်။
အရှင်သာရိပုတ္တရာက ဘုရားရဲ့
အကြီးဆုံးတပည့်ပဲ။
သံဃာတွေထဲမှာ သူက ရာထူးအကြီးဆုံးလို့ ပြောရမယ်။
သို့သော် ငါရာထူးအကြီးဆုံးဆိုပြီး
ဘယ်တော့မှ အခွင့်အရေးမယူဘူး။ ဆွမ်းခံသွားရင် နောက်ဆုံးမှသွားတယ်။ဆွမ်းခံ
ရေအိုးတွေဖွင့်ကြည့်တယ်။ရေမ
ရေဖြည့်ထားခဲ့တယ်။ ရေအိုးစင်တွေ အကုန်လိုက်ကြည့်တယ်။ သင်္ကန်းတွေ ဘာတွေ မခေါက်ဘဲနဲ့
ထားရင် အရှင်သာရိပုတ္တရာက ခေါက်ပြီးသိမ်းထားပေးခဲ့တယ်
အဲဒီလောက်ထိအောင် အားလုံးအပေါ်မှာ ငဲ့ ညှာတယ်။
နောက်ဆုံးမှာ ဆွမ်းခံမထွက်နိုင်လို့ နေမကောင်းထိုင်မသာ ဖြစ်နေတဲ့
ကိုယ်တော်တွေတွေ့ရင် ဝင်မေးတယ် ဘာစားချင်တုန်းနော်
ဘာဘုန်းပေးချင်တုန်း ဆိုပြီးတော့
ဆွမ်းခံလို့ရတာလေးတွေ ယူလာပြီးတော့ အဲဒီကိုယ်တော်ကို ကျွေးတာနော်။
အဲဒီလိုထိအောင် အရှင်သာရိပုတ္တရာက စောင့်ရှောက်တာ။ ဒါကြောင့်မို့
အရှင်သာရိပုတ္တရာနဲ့ အနာထပိဏ်
သူဌေးတို့ဆိုတာ ဝါသနာ အင်မတန်တူတယ်လို့ ပြောရမယ်။
ဝါသနာအင်မတန်တူလို့
ဓာတ်တူ နာမ်တူ ဖြစ်သည့်အတွက်ကြောင့် အနာထပိဏ်သူဌေးက
အရှင် သာရိပုတ္တရာကို အလွန်ပဲ
ကြည်ညိုတယ်။ ဘုရားဆီ ရောက်ပြီးရင် အရှင်သာရိပုတ္တရာဆီ မရောက်ဘဲနဲ့ မသွားဘူး။ နေမကောင်းတော့ ဘုရားဆီ မပင့်ခိုင်းဘူး။ အရှင်သာရိပုတ္တရာကို ပင့်ခိုင်းတာ။
သူနေမကောင်းနေလို့ သူ့ကို ငဲ့ညှာပြီးတော့ အိမ်ကို ကြွပေးပါဆိုပြီး အရှင်သာရိပုတ္တရာ
ကိုပင့်တာ။ အဲဒီလောက်ထိအောက်ရင်းနှီးတာ
နောက်ဆုံးသေသွားတဲ့ အခါကျတော့လည်း
"အရှင်သာရိပုတ္တရာမထေရ်မြတ်
်ဟာ ပညာအရာမှာ အထူးချွန်ဆုံး"
ဆိုတဲ့ စကားကို အမြဲတမ်း ထည့်ထည့်ပြောလေ့ရှိတယ်။
အရှင်အာနန္ဒာတို့က ဒီစကားပြောတဲ့နတ်ဟာ တခြားသူ
မဟုတ်နိုင်ဘူး။ အနာထပိဏ်သူဌေးပဲဖြစ်ရမယ်တဲ့
အနာထပိဏ်သူဌေးက
အရှင် သာရိပုတ္တရာကို သိပ်ကြည်ညိုတယ်။
အဲတော့ အနာထပိဏ်သူဌေးက ဓမ္မအမြင်နဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့အမြင်ကိုရှင်းလင်းပြောကြားသွားတာဟာ
နောင်လာနောက်သား ဗုဒ္ဓဘာသာဝင်တို့အတွက် အဖြေပေးစရာတစ်ခုဖြစ်တယ်။ဗုဒ္ဓဘာသာရဲ့ အမြင်က ဘာလဲ
ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ အမြင်က ဘာလဲလို့ မေးမယ်ဆိုလို့ရှိရင် သူဖြေတဲ့အဖြေဟာ အင်မတန်မှ တိကျ မှန်ကန်တဲ့ ဓမ္မအမြင်ပဲ ဖြစ်တယ်ပေါ့။ အဲဒီ အဖြေမျိုးဖြေနိုင်အောင် ဘုန်းကြီးတို့တတွေ မှတ်သားနာယူကြရမှာ ဖြစ်တယ်ပေါ့။
ဒီညတော့ ဒီလောက်နဲ့ပဲ နားပါမယ်
နောက်ညဆက်တာပေါ့နော်။
ရွှင်လန်းချမ်းမြေ့ကြပါစေ…
BeHappy !
https://www.facebook.com/photo.php?fbid=215501781973227&set=a.106303082893098.1073741825.100005402197903&type=1#
No comments:
Post a Comment