/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, February 8, 2014

***** ဘုရားရှင်ရဲ့ ခြေတော်ရာများ ****

  တစ်လောဆီက ညီမလေးတစ်ယောက်က လောကမှာ ကျန်ရှိ နေသေးတဲ့ ဘုရားရှင်ရဲ့ ခြေတော်ရာ အစစ် ဘယ်နှစ်ဆူကျန်ရှိ နေသေးလဲဆိုတာကို အားရင် ပိုစ့်လေးတင်ပေးပါ ဆိုလို့ တင်ပေးတာပါ .... ။

နုညက် ညံ့ထွား၊ ရွှေဘွား စက္ကင်၊
စုံနှစ်ပြင်ဖြင့်၊ မြေတွင် မထိ၊
ပကတိအား၊ လေးသစ် ခြားလျက်၊
ဘုရားတို့ တမ်း၊ ကြွလှမ်း မွေ့ ညက်၊
ငြိမ်သက် လေးတင်၊ ကြွလာ ကျင်မှ။

လင်္ကာ၌ လာသော မြေတွင်မထိ ဆိုတဲ့ စကား အတိုင်း ဘုရားရှင်၏ ခြေတော်သည် မြေတွင်ထင်ကျန်ခြင်း မရှိပါ ... ဘုရားရှင်တို့ ၏ ခြေတော်ရာ မထင်ခြင်း အကြောင်းသုံးပါးရှိပါတယ် ...

( ၁ ) သိမ်မွေ့ နှု့ ညံ့သောကြောင့်လည်းကောင်း

သိန္ဓောမြင်းပျံသည် ပဒုမ္မာကြာရွက်ပေါ်၌ နင်း၍သွားသော်လည်း နင်းကာမတ္တမျှ ဖြစ်၍ ခြေရာမထင် သကဲ့သို့ ဘုရားရှင်၏ အရေတော်သည် နုးညံ့သောကြောင့် ဘုရားရှင်တို့ ခြေချရာ အရပ်သည် ၀ါဂွမ်း များ ကျရာအရပ်ကဲ့သို့ ခြေတော်ရာမထိပေ။

( ၂ ) ခွန်အားကြီးမားလှသောကြောင့်လည်းကောင်း၊

ဤနည်းအတူ အားတော်ဆယ်တန်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ နင်းအပ်ရာအရပ်သည်လည်း၊ ခြေတော်ရာမထင်ပေ။ (န တတ္ထ ပဒ၀လဉ္စော ပညာယတိ)။

( ၃ ) လူအများအား ငဲ့ညှာသနားတော်မူသော ကြောင့်လည်းကောင်း၊ 
 ခြေတော်ရာမထင်ကြောင်း အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ဒေါ်ဏသုတ်အဖွင့် (၂၉၉)၌ဖွင့်ပြထားပါတယ်။

ဘုရားရှင်၏ နောက်တော်သို့ လိုက်ပါလာသူ လူအများသည် ဘုရားရှင်၏ ခြေတော် ရာကို မြင်တွေ့ ရလျှင် နင်းဘို့ ကျော်ဘို့ မ၀ံ့ရဲသဖြင့် ရှောင်ကွင်းနေရ၍ ခရီးသွားလာမှု ကြန့် ကြာ နှောင့်နှေးခြင်း ဖြစ်ကြရပေသည်။ ထိုလူများ ငဲ့ညှာသနားတော် မူသဖြင့် ခြေတော်ရာသည် (ထင်လျှင်လည်း) ချက်ခြင်းပင် ကွယ်ပျောက်သွားရလေသည်။

ဘုရားရှင်၏ ခြေတော်ရာကို ဖူးတွေ့ခွင့် ရသူများ

စာပေကျမ်းဂန်တို့၌ ဘုရားရှင်အဓိဋ္ဌာန်ပြုပြီး ခြေတော်ရာချသောနေရာ (၈) ဌာနကို ဤသို့ပြဆိုထားလေသည်။ ၄င်းတို့မှာ

( ၁ ) ဒေါဏပုဏ္ဏားကြီး မြင်တွေ့စေရန် သက္ကဋ္ဌမြို့နှင့် သေတဗျမြို့တို့၏အကြား လမ်းခရီးအရပ်ဌာန ၌ လည်းကောင်း (အံဌ-၁၊၃၃၅)။

( ၂ ) မာဂဏ္ဍီပုဏ္ဏား ဇနီးမောင်နှံတို့ မြင်တွေစေရန် ကမ္မာသဒမ္မနိဂုံးရွာကြီးနှင့် တောအုပ်အကြား လမ်းခရီးအရပ်ဌာန။ (ဓမ္မပဒဌ-၁၊၁၉၂)။

( ၃ ) ဗာဝရီပုဏ္ဏားကြီးနှင့် အဇိတ စသော တပည့် ရသေ့တို့ မြင်တွေ့စေရန်သာဝတ္ထိပြည် ဇေတဝန်ကျောင်း တိုက်အတွင်း ဂန္ဓကုဋီတိုက် အနီး အရပ်ဌာန ၌ လည်းကောင်း။ (သုတ္တဋ္ဌ-၁၊၂၉၉)။

( ၄ ) နမ္မဒါနဂါးမင်းက တောင်းပန်၍ နမ္မဒါမြစ်ကမ်း၌ လည်းကောင်း ခြေတော်ရာတစ်ဆူ။ (သံဋ္ဌ-၃၊၂၅၊ ပံဋ္ဌ-၄၊၂၃၉)

( ၅ ) သစ္စဗန္ဓရဟန်း တောင်းပန်၍ သစ္စဗန္ဓတောင်ထိပ်၌ လည်းကောင်း တစ်ဆူ။ (သံဋ္ဌ-၃၊၂၅၊ ပံဋ္ဌ-၄၊၂၃၉) အဋ္ဌကထာ

( ၆ ) အရှင်သာရိပုတ္တရာမထေရ် မြင်တွေ့စေရန် ဟိမဝန္တာရှိ တခုသော တောင်ဝှမ်းအတွင်း အရပ်ဌာန ၌ လည်းကောင်း ။ ( စူဠ၀ဂ္ဂါဒိ အဋ္ဌကထာ (၁၇၆) )

( ၇ ) ကုက္ကဋမိတ္တ မုဆိုးသားအဖတို့ မြင်တွေ့စေရန် ရာဇဂြိုဟ်မြို့အနီး တောအုပ် အတွင်း၌ ကုက္ကဋမိတ္တ မုဆိုးသားအဖ ထောင်ထားအပ်သော ကျော့ကွင်းနီး အရပ်ဌာန ၌ လည်းကောင်း (ကုက္ကုဋမိတ္တနေသာဒ၀တ္ထု၌ )

( ၈ ) သုမနနတ်မင်း၏ တောင်းပန်ချက်အရ သီဟိုဠ်ကျွန်း သမန္တကူဋ သုမနတောင်ပေါ် အရပ် ဌာန။ ( မဟာဝံသ ကျမ်းအလိုအရ )

အထက်ပါ ရှစ် ဋ္ဌာန အရပ် တို့ ၌ ဗုဒ္ဓ ခြေတော်ရာ ချထားကြောင်း အဋ္ဌကထာ တို့၌ လာရှိပါသည် ။

ထို့အပြင် ဘုရားရှင် အဓိဋ္ဌာန်ပြု၍ ချထားအပ်သော ခြေရာတော်များကား ဆင်မြင်း စသော သတ္တ၀ါ တို့  နင်းကျော်သွားသော်လည်း မပျက်၊ မိုးကြီးရွာသွန်း လည်း ပျောက် မသွား၊ ဝေရ မ္ဘလေ (လေပြင်းမုန်တိုင်း ) များ ပြင်းထန်စွာ တိုက်ခတ်သော်လည်း ပကတိ တည်မြဲ တိုင်းပင်၊ တည်ရှိနေပြီး မည်သူ တစုံတစ်ဦးမျှ မဖျောက်ဖျက်နိုင်ဟု (ဓမ္မပဒဋ္ဌ-၁၊၁၂၉) တွင်ပါရှိပါသည်။

မဃဒေ၀လင်္ကာသစ် ( ပိုဒ်ရေ ၅၈၀ ) ၌ မာန်လည်ဆရာတော်ဘုရားကြီးက ...
ရှင်တော်ဘုရား၊ လိုတော်အားဖြင့်၊
ပုဏ္ဏား ဒေါဏ၊ ပုတ္တသာရီ
မာဂဏ္ဍီနှင့်၊ ဗာဝရီ ၀တ္ထု
လေးခု ခြင်းတ၊ ထိုကိစ္စမှ
ဌာန အခြား၊ ရပ်တစ်ပါးနှိုက်၊
ရွှေဘွား ညံ့နု၊ ၀ါဂွမ်းစုနှင့်
လွတ်တု အားအန်၊ နောင်ကျန် ထောက်ထား
ကြောင်းသုံးပါးကြောင့်၊ ကြွသွားတိုင်ပင်
ရာမထင်လည်း။ ဟု ဖွဲ့ဆိုထားပါတယ်။

လောက၌ ယနေ့တိုင် ဖူးတွေ့နိုင်သော ခြေတော်ရာများ

ဘုရားရှင်ခြေတော်ချခဲ့ရာ (၈)ဌာနဖြစ်သော်လည်း (၅)ဌာနတွင် ရှိသော ခြေတော်ရာ မှာ ဒေါဏပုဏ္ဏား စသောမြင်တွေ့စေချင်သည့် ပုဂ္ဂိုလ်တို့ မြင်တွေ့ပြီး အကျိုးကိစ္စ များ ပြီးစီးပြီဖြစ်၍ အလိုအလျောက် ပျောက်ကွယ် သွားကြပြီး ကျန်(၃)ဌာန တွင်ရှိသော ခြေတော်ရာများကိုမူ ယနေ့ထက်တိုင် ဖူးမြင်ကြရမှာဖြစ်ပါတယ်။

ကျမ်းဂန် အထောက်အထားများအရ...

( ၁ ) နမ္မဒါမြစ်ကမ်း

( ၂ ) သစ္စဗန္ဓတောင် ရှိ ခြေတော်ရာ တို့နှင့်


( ၃ ) မဟာဝံသကျမ်းအလိုအရ သီရိလင်္ကာနိုင်ငံ၊ စေတီပါဒတောင်ထိပ်၌ ယနေ့ တိုင် ခြေတော်ရာ တစ်ဆူ စုစုပေါင်း ခြေတော်ရာ ( ၃ ) ဆူ ထင်ရှားရှိကြောင်း ဆိုကြပါတယ်။


ထို့ ကြောင့်

ဇမ္ဗူမှာ ဒွေး၊ ယာမှာဧ ဟု ဆိုသည့်အတိုင်း ဇမ္ဗူဒိပ်ကျွန်းတွင် ခြေတော်ရာ နှစ်ဆူ၊
သီရိလင်္ကာ၌ လက်ယာခြေတော်ရာ တစ်ဆူဟု (((( ခြေတော်ရာသုံးဆူ )))) သာ လူ့ လောက၌ ကျန်ရှိကြောင်း ကျမ်းဂန်များကဖော်ပြထားပါတယ်။

မှတ်ချက် ......

((((( မြတ်စွာဘုရား၏ ခြေတော်ရာတို့ကား ပါဒစေတီဟူ၍ အမည်တွင်ပါတယ် ... ဘုရားရှင်အဓိဋ္ဌာန်ဖြင့် ချတော်မူခဲ့သော ပူဇော်ဖွယ်ဝတ္ထုဖြစ်၍ ပရိဘောဂစေတီ လို့လည်း ယူထိုက်ပါတယ် .... ဘုရားရှင်၏ မူလခြေတော်ရာကို ရည်မှန်း၍ တူနိုင်သမျှ တူအောင် ထုလုပ်ပူဇော်ထားသော ခြေတော်ရာပွားများကတော့ ဥဒ္ဒိဿစေတီ ထိုက်ပါတယ်..။ )))))

ချမ်းမြေ့ကြပါစေ

No comments:

Post a Comment