/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, February 8, 2014

**** သတိထားဖွယ် ပုဗ္ဗစေတနာချို့တဲ့လျှင် ဆိုးကျိုးနှင့် ပြည့်ဝလျှင် ကောင်းကျိုး ****

 

“ဒါန” ဟူသောဝေါဟာရသည် ပါဠိဝေါဟာရဖြစ်၏။


ဤဝေါဟာရကို ဒါတဗ္ဗိန္တိ ဒါနံ ပေးလှူအပ်သောကြောင့် ဒါနမည်၏ဟု ဆိုသောကြောင့် ပေးကမ်းလှူဒါန်းအပ်သည့်ဝတ္ထုပစ္စည်းသည် ဒါနမည်၏ဟု ကျမ်းဂန်များ၌မိန့်ဆိုကြ၏။

ဤဒါနကို ဝတ္ထုဒါန ဟုခေါ်၏။
ဒီယတိ ဧတေနာတိဒါနံ တစ်ခုတစ်ခုသော ပစ္စည်းဝတ္ထုကို ပေးလှူကြောင်း၊ ဖြစ်သောကြောင့်
“မဟာကုသိုလ်စိတ်” ၌ပါသော စေတနာတရားသည် ဒါနမည်၏။ ဤဒါနမျိုးကို စေတနာဒါဟု ခေါ်သည်။
အလှူဒါနတစ်ခုဖြစ်လာရခြင်းမှာ အလိုအလျောက် ဖြစ်လာခြင်းမျိုးမဟုတ်၊ စေတနာခေါ်သည့်
စေတသိတ်တရား၏ လှုံ့ဆော်ပေးမှုကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်၏ ။

ထို့ကြောင့် စေတနာကို ပေးလှူကြောင်းဟု ဆိုရသည်။
စေတနာစေတသိတ်၏ လှုံ့ဆော်ပေးမှုကြောင့် ပေးကမ်းစွန့်ကြဲ လှူဒါန်းမှုဆိုသည့် ဒါနကုသိုလ်တရား
ဖြစ်ပွားပေါ်ပေါက်လာရ၏။ ထိုစေတနာမျိုးရှိမှ ဒါနမှုအထမြောက်သည်။

ထို့ကြောင့် လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို ပေးကမ်းလှူဒါန်းရာ၌
ထိုဝတ္ထုပစ္စည်းတို့ ဖြစ်ရာကာလမှစ၍ အလှူမီ ရှေ့အဖို့၌ဖြစ်စေ၊
လှူဒါန်းပေးကမ်းဆဲ၌ဖြစ်စေ၊ လှူဒါန်းပေးကမ်းပြီး နောက်၌ဖြစ်စေ အချိန်သုံးမျိုးလုံး၌ ဖြစ်ပေါ်လာသော စေတနာသည် ဒါနခေါ် ပုညကိရိယာဝတ္ထုမည်၏ ဟု
အဋ္ဌသာလိနီအဋ္ဌကထာတွင် ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။

ဝတ္ထုဒါန စေတနာဒါနနှစ်မျိုးတွင် စေတနာကသာ
ကံတရားဖြစ်၍ တိုက်ရိုက်အကျိုးပေးနိုင် သောကြောင့် ဝတ္ထုဒါနထက် စေတနာဒါနက ပိုအရေးကြီး၏။
စေတနာသည်လည်း ဖြစ်ပေါ်လာသည့် အချိန်ကာလအပိုင်းအခြားအရ 

♦ (၁)ပုဗ္ဗစေတနာ၊
♦ (၂) မုဉ္စစေတနာ၊            
  ♦ (၃) အပရစေတနာ   ဟူ၍     သုံးမျိုးသုံးစားရှိပါသည်

ပုဗ္ဗစေတနာဆိုသည်မှာ လှူဖွယ်ပစ္စည်းတို့ကို
မစွန့်လွှတ် မလှူဒါန်းမီ ရှေ့အဖို့တွင် ကြိုတင်၍ ဒါနနှင့်ဆက်သွယ်ပြီး
“သိန်းသန်းကုဋေမက ဖြစ်ဖြစ်သမျှ စေတနာ” များဖြစ်၏။ ရှေ့အဖို့ဆိုသော်လည်း လှူဖွယ်ဝတ္ထုပစ္စည်း ထင်ရှားရှိနေပြီးမှ ဤပစ္စည်းကို လှူဒါန်းမည် စသည်ဖြင့် ကြံစည်ရည်ရွယ်နေခြင်း
စသည်မျိုးဖြစ်၏။ ပစ္စည်းဝတ္ထုမရှိမီ လှူဒါန်းမည်ဟု အလိုအလျောက်
ကြံစည်စိတ်ကူးရာတွင် ပါဝင်သည့် စေတနာမျာကား ပုဗ္ဗစေတနာဟု ခေါ်လိုက ခေါ်နိုင်သော်လည်း
ဒါန အတွင်းသို့ မသွတ်သွင်းနိုင် ၊ သာမညကုသိုလ်မျိုးသာ ဖြစ်နိုင်၏ဟု မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီးက မိန့်ဆိုထား၏။

ဤအဆိုအမိန့်သည် ထိုထိုပစ္စည်းကို
လှူဒါန်းသူအား ထိုထိုပစ္စည်းဝတ္ထုများ ဖြစ်ပေါ်လာပြီးသည်မှစ၍ မလှူမီ
ရှေ့ အဖို့၌ဖြစ်သော စေတနာသည် ဒါနမယပုညကိရိယာဝတ္ထုမည်၏ဟူသော
အဋ္ဌသာလိနီကျမ်းအဆိုအမိန့်နှင့် ညီညွတ်၏။

ထိုပုဗ္ဗစေတနာများကား ပုဗ္ဗေဝ ဒါနာ သုမနော
(လှူဒါန်းသည်မှ ရှေ့အဖို့၌ စိတ်ကြည်လင် တက်ကြွခြင်း၊ဝမ်းသာရွှင်ပျနေခြင်း) ဘုရားဟော ဒေသနာတော်အတိုင်း လှူဖွယ်ပစ္စည်း ထင်ရှားရှိပြီး၍ မလှူဒါန်းမီရှေ့ပိုင်းမှာ
စိတ်ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျ ဖြစ်နေမှုများပင် ဖြစ်၏။ လှူဒါန်းမှုဒါနကိစ္စနှင့် မဆက်သွယ်ဘဲ
အခြားကိစ္စများအတွက်ဖြစ်သည့် စေတနာမျိုးကို ဤဒါနအရာ၌ ပုဗ္ဗစေတနာဟု မခေါ်နိုင်ပါချေ။
(ပုဗ္ဗစေတနာ- ထင်ရှားရှိနေသော လှူဖွယ်ပစ္စည်းကို မလှူဒါန်းမီ ရှေ့ပိုင်းကာလ၌
အလှူနှင့် စပ်၍ဖြစ်သော စေတနာ)။


“ပုဗ္ဗစေတနာပြည့်ဝလျှင် ရရှိနိုင်သည့်အကျိုးတရား”
••••••••••••••••••••••••••
•••••••••••••••••
စေတနာသုံးတန် ထက်သန်ပြည့်စုံသည်ကို မဆိုထားဘိ၊
မိမိ၏ ပစ္စည်းဥစ္စာကို အလှူခံလက်သို့ မပေးလှူမီ ပုဗ္ဗစေတနာထက်သန်ရုံမျှဖြင့်ပင် ကြီးမြတ်သော
အကျိုးကို ရရှိနိုင်ပေသည်။ မှန်၏။

ရှေးအခါက ရာဇဂြိုဟ်ပြည်သူ ကလေးတစ်ဦးသည်
ခါးလွန်း၍ လူအများမလိုချင်သည့် ရွှေဝါရောင်အဆင်းကဲ့သို့ ဝါဝင်းနေသော “သပွတ်ခါးပန်းလေးပွင့်”ကို
မြတ်စွာဘုရား၏ ဓာတ်တော်များ ကိန်းအောင်နေသည့် ဓာတုစေတီတော်အား ဆက်ကပ်လှူဒါန်းရန်
နံနက်စောစော အိမ်မှထွက်လာခဲ့၏။

စေတီတော်သို့ ဦးတည်၍ ဒီပန်းလေးပွင့်ကို
ဓာတုစေတီတော်မြတ်အား ငါလှူဒါန်းမယ်- ဟု ကြည်လင်သည့် စိတ်စေတနာဖြင့် လျှောက်လှမ်းလာသည့်အတွက် လမ်း၏ ဘေးပတ်ဝန်းကျင်များကို သတိမပြုမိခဲ့ချေ။
တစ်နေရာသို့အရောက်တွင် လမ်းဘေးရှိ နွားအုပ်ထဲမှ
နွားသားငယ်ရှိသော နွားမကြီးသည် ပြေးလာပြီး
ထိုမိန်းကလေးကို ဝှေ့သတ်လိုက်၏။

ထိုအမျိုးသမီးလေးမှာ စေတီတော်အား ပန်းလှူမှု
အထမမြောက်သော်လည်း ဒီပန်းလေးပွင့်ကို စေတီတော်အား ပန်းလှူမှု ဟူသော
ကြည်လင်သန့်ရှင်းသည့် ပုဗ္ဗစေတနာကြောင့် တာဝတိ`ံသာ နတ်ပြည်၌ သိကြားမင်း၏
အခြံအရံနတ်သမီး သွားဖြစ်ရသည်။

ထိုနတ်သမီး၏ ခန္ဓာကိုယ်နှင့်တကွ အသုံးအဆောင်
ပစ္စည်းအားလုံးတို့မှာ ရွှေဝါရောင်ချည်းဖြစ်နေသဖြင့် သိကြားမင်း၏ အခြံအရံနတ်သမီးများ ထဲတွင်အလွန်
ထူးခြားလျှက်ရှိ၏။

ဤရွှေဝါရောင်အဆင်း ဝါဝင်းသော ဗိမာန်ရှင်နတ်သမီး
(ပီတဝိမာန) ဝတ္ထု၌ အမျိုးသမီးကလေးမှာ ပန်းများကို စေတီတော်သို့ လှူဒါန်းရသည့် “မုဉ္စစေတနာ”
အဆင့်သို့ မရောက်ရှာသေးပေ။ ပုဗ္ဗစေတနာအဆင့်၌သာ ရှိသေး၏။
ထိုကြောင့် ထိုအမျိုးသမီးကလေးက အကယ်၍ အကျွနု်ပ်သာ စေတီတော်သို့ ရောက်၍
ကိုယ်ထိလက်ရောက် လှူဒါန်းရပါမူ ဤစည်းစိမ်ချမ်းသာထက် သာလွန်သည့် စည်းစိမ် ချမ်းသာမျိုး
ရရှိမည်ဖြစ်ပါသည်ဟု သိကြားမင်းကြီးအား ပြောကြား၏။

ထိုအခါသိကြားမင်းကြီးက မာတလိနတ်သားအား
“အံ့ဖွယ်ကောင်းလေစွ၊ ကုသိုလ်ကံ၏ အကျိုးပေးပုံကားဆန်းကြယ်လှပါတယ်။ မပြောပဖွယ် အနည်းငယ်လှူဖွယ်ပစ္စည်းပင် ဖြစ်ပေမယ့် အကျိုးတရားကား
ကြီးမားလှပါပေတယ်”ဟု မိန့်ကြားတော်မူပါတယ်။

ဤသို့ ပုဗ္ဗစေတနာသည် စေတနာအားကောင်းလျှင် နတ်သမီးဘဝရခြင်းဟူသော
ပဋိသန္ဓေအကျိုးကို ပေးနိုင်ကြောင်း ထင်ရှားတော့၏။

“ချိုတဲ့လျှင် ဆိုးကျိုး”
••••••••••••••••••

စေတနာသုံးတန်တွင် ပုဗ္ဗစေတနာချိုတဲ့ ပျက်ကွက်ပါလျှင်
ရုပ်ဆင်းအင်္ဂါမလှခြင်း၊ ပထမအရွယ်၌ ဆင်းရဲနွမ်းပါးခြင်းစသော
မကောင်းကျိုးများဖြစ်ရတတ်သည်။

ဘုရားရှင် လက်ထက်တော်က အတွေ့အထိကောင်းသည့်
ဖောဋ္ဌဗ္ဗာရုံအရာ၌ ထင်ရှားကျော်ကြား ခဲ့သည့် ဆင်းရဲသူမလေးရှိခဲ့သည်။ “ပဉ္စပါပီ” ဟု နာမည်ကြီး၏။
သူမသည် ရှေးအတိတ်ဘဝ တစ်ခု၌ ဆင်းရဲသူမကလေးဖြစ်၍ မြေညက်များကို နယ်ပြီး အိမ်နံရံများကို လိမ်းကျံရသော အလုပ်ကို လုပ်၏။ တစ်နေ့တွင် ပစ္စေကဗုဒ္ဓါတစ်ပါးသည်
လိုဏ်ဂူလိမ်းကျံရန် မြေညက်လိုသဖြင့် သပိတ်ပိုက်ကာ
ထိုဆင်းရဲသူမလေးအနီးတွင် ရပ်နေ၏။

ထိုအခါ ဆင်းရဲသူမလေးက “ဒီကိုယ်တော်ကြီးဟာ
မြေညက်ကလေးကိုတောင်မှ အလှူခံတယ်” လို့ ဒေါသစိတ်ဖြင့် ပြောကြားပြီး မျက်စောင်းထိုး၍ ကြည့်နေသည်။ ပစ္စေကဗုဒ္ဓါကြီးကား မလှုပ်မယှက် ငြိမ်သက်စွာ
ရပ်မြဲရပ်နေသည်။

ထိုအခြင်းအရာကို မြင်ရသည့်အခါ စိတ်ပြောင်းသွားကာ
ကြည်ညိုစိတ်ဖြစ်ပေါ်လာပြီး ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ သပိတ်ထဲသို့ မြေညက်ခဲကြီးကို ထည့်၍ စေတနာထက်သန်စွာဖြင့် လှူဒါန်းလိုက်လေသည်။ ထိုဆင်းရဲသူမလေးသည်
“ပဉ္စပါပီ” ဘဝရောက်သောအခါ မြေညက်ကို လှူဒါန်းခဲ့သော ထက်မြက်သည့် မုဉ္စစေတနာကြောင့်
ကိုယ်အတွေ့အထိအလွန်ကောင်းသော အမျိုးသမီးလေး ဖြစ်ရသော်လည်း မြေညက်ကို
မလှူဒါန်းမီ ရှေ့အဖို့၌ ဒေါသစိတ်ဖြင့် “မကောင်းပြောကြားမှု၊ မျက်စောင်းထိုးကြည့်မှု” တို့ကြောင့်
“ပုဗ္ဗစေတနာ” ချိုတဲ့ရကား လက်၊ခြေ၊ ပါးစပ်၊ မျက်စိ၊ နှာခေါင်း၊
အင်္ဂါငါးပါးလုံး အချိုးအစားမကျ၊ ရုပ်ဆိုးလှသည့်
အမျိုးသမီးကလေး ဖြစ်ရရှာသည်။

♦ (ပဉ္စ-အင်္ဂါငါးပါး၊ ပါပီ- မကောင်းသူ၊ အကြည့်ရဆိုးသူ အမျိုးသမီး)

■ ဘုရားအလောင်းတော်သည်လည်း“ကုသမင်း” မဖြစ်မီ
ရှေးဘဝတစ်ခု၌ ဗာရာဏသီပြည်ကြီး၏ တံခါးအနီးရွာကြီးတွင် လူပျိုကြီးတစ်ဦးဖြစ်ခဲ့သည်။

တစ်နေ့မှာ အရသာရှိလှသည့် မုန့်ကိုကြော်စား၏။
ဘုရားအလောင်းမှာ တောသို့သွားနေခိုက်ဖြစ်၍ ဘုရားအလောင်းအတွက် မုန့်ချန်ထားကြ၏။
မကြာခင်မှာပင် ပစ္စေကဗုဒ္ဓါတစ်ပါးသည် ဆွမ်းအလို့ငှာ အိမ်တံခါး၌ လာရပ်တော်မူ၏။ မရီးဖြစ်သူ အမျိုးသမီးသည် ဘုရားလောင်းအား အခြားမုန့်ကို ကြော်ကျွေးမည်ဆိုပြီး
ဘုရားအလောင်းအတွက် ချန်ထားသည့်မုန့်ကို
ပစ္စေကအရှင်အား လှူဒါန်းလိုက်၏။

ထိုအခိုက်မှာပင် ဘုရားအလောင်းသည် တောမှပြန်ရောက်လာ၏။
မရီးဖြစ်သူက ဘုရားအလောင်း ဝမ်းမြောက်ဝမ်းသာဖြစ်စေရန် ထိုအကြောင်းကို ပြောပြ၏။ ထိုအခါဘုရားအလောင်းသည် သူ့အဖို့ဝေစုကု လှူလိုက်ရမလားဟု အမျက်ထွက်ကာ
အရှင်ပစ္စေက၏ သပိတ်ထဲမှ မုန့်ကို ပြန်ယူ၏။ မရီးဖြစ်သူက ထောပတ်ကို ယူဆောင်ပြီး ပစ္စေကအရှင်၏
သပိတ်ထဲသို့ အပြည့်လောင်းလှူလိုက်၏။ ထိုထောပတ်သည် အံ့ဖွယ်အရောင်ထွက်လာ၏။ 

မရီးသည် ထောပတ်မှ အရောင်ထွက်သည်ကို မြင်သောအခါ “အရှင်ဘုရား ဤထောပတ်အလှူကြောင့်
ဖြစ်လေရာဘဝ၌ တပည့်တော်မကိုယ်မှ အရောင်ထွက်ပါစေ။ မြတ်သောအဆင်းရှိပါစေ။
ဤသူယုတ်နှင့် တစ်ရပ်တည်း အတူမနေရပါစေနဲ့ဘုရား”ဟု
ဆုတောင်းလိုက်၏။

ဘုရားလောင်းသည် ထိုအခါမှ စေတနာသဒ္ဓါတရား
ဖြစ်ပွားလာကာ မိမိပြန်ယူခဲ့သော မုန့်ကို ထိုထောပတ်အထက်၌ တင်လှူလိုက်ပြီး “အရှင်ဘုရား တပည့်တော်ရဲ့ မရီးသည် ယူဇနာတစ်ရာကွာခြားသောအရပ်၌ နေပေမယ့်
သူကိုဆောင်ပြီး တပည့်တော်ရဲ့ ခြေရင်းအလုပ်အကျွေးပြုနိုင်ပါစေ” ဟု ဆုတောင်းလိုက်၏။

ဘုရားလောင်း နောင်ဘဝတစ်ခု၌ ကုသမင်းဖြစ်လာ၏။
မုန့်ကို ပြန်မလှူမီ မရီးလှူဒါန်းပြီးသော မုန့်ကို စိတ်ဆိုးမာန်ဆိုးဖြင့် ပစ္စေကအရှင်ထံမှ ပြန်လုယူလာသည့်
ပုဗ္ဗစေတနာချို့တဲ့သော မကောင်းမှုကြောင့် မိဖုရားကြီးဖြစ်နေသည့် “ပဘာဝတီမင်းသမီး” က သူ့ကိုမြင်ရသည့်အခါ သူမတိုင်းပြည်သို့ ပြန်ထွက်ပြေးလောက်အောင် အရုပ်ဆိုးရ၏။ မရီးဖြစ်သူမှာ သူမဆုတောင်းသည့်အတိုင်း မဒ္ဒရာဇ်မင်း၏သမီးတော် ဖြစ်လာ၍ (ပဘာဝတီ)ဟု အမည်တွင်၏။

ဤကဲ့သို့ ဒါနကုသိုလ်ပြုရာ၌“ပုဗ္ဗစေတနာချို့တဲ့သူ”များသည်
နောက်ဘဝများတွင် အရုပ်ဆိုးတတ်ခြင်း၊ပထမအရွယ်၌ဆင်းရဲရခြင်းစသည့် အကျိုးများကို
ရရှိစေသည်ကို သတိပြုသင့်လှတော့၏။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
- [အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)]

Dhamma Danã Source ►
[အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)]
 
 

No comments:

Post a Comment