
*သေနည်းပြင် ဆင်ခြင်း*
~~~~~~~~~~~~~
မည်သူမဆိုတစ်နေ့မှာမုချသေရမည်ဖြစ်သည်။
နေတတ်ဖို့ လိုသလိုသေတတ်ဖို့ လည်းအ ရေး
ကြီးပါသည်။သေတတ်အောင် အချိန်တိုင်းကြို
တင်ပြင် ဆင် ထားဖို့ လိုသည်။
ကုသိုလ်ကောင်း
မှုတွေဘယ်လောက်များများသေခါနီးအချိန်တွင်
စိတ်မထားတတ်၍ဘဝကူးမ ကောင်းသူတွေများ
လှ၏။သေပုံသေနည်းမတတ်လို့ပြိတ္တာ၊တိရစ္ဆာန်
ငရဲကျသူတွေအများအပြားရှိ၏။
မည်သူမဆိုသတ္တဝါတို့ မည်သည်ရေနစ်တဲ့သူဟာ
အားကိုးတကြီးတွေ့ ရာဆွဲယူတတ်သလိုသေခါနီး
ချိန်တွင် စွဲမိစွဲရာစွဲတတ်ကြသည်။မခွဲမခွာရက်
တပ်မက်စွဲလမ်းနေတတ်ကြသည်။သံယောဇဉ်
တွေကိုကြိုတင်ဖြတ်ထားဖို့ လိုသည်။
ခင် ပွန်းဇနီး၊သား၊သမီး၊ဆွေမျိုးဉာတကာဆိုသည်မှာ
ဒီဘဝတွင် ခဏလာပြီးဆုံဆည်းကြခြင်းဖြစ်သည်
ကံစီမံရာအတိုင်းသူ့ လမ်းသူသွားကြရမှာဖြစ်
သည်။အိုးအိမ်၊တိုက်တာ၊စည်းစိမ်ချမ်းသာ၊
အ ဆောင် အ ယောင် နှင့်ရာထူးတွေလည်း
သေလျှင် ဘာမျှပါသွားမှာမဟုတ်ဘူး။
တယ်တာဖို့ မလိုဘူး။စိတ်ကိုရှင်းရှင်းထား၍အား
လုံးသံယောဇဉ်ဖြတ်ထားရမည်ဖြစ်သည်။
သေခါနီးအချိန်တွင် ကပ်ပြီးပြုသောကောင်းမှု
ကံသည်သေပြီးနောက်တစ်ဘဝအတွက်အကျိုး
ပေးသဖြင့်ဘဝကူးအတွက်အလွန်အ ရေးကြီး
သည်။သေခါနီးအချိန်ကာလဆိုတာကိုယ်အား
နှုတ်အားတွေလျော့ပါးနေတဲ့အတွက်ကာယကံ
မှု၊ဝစီကံမှုထက်မ နောကံကိုသာအများဆုံးလုပ်
နိုင် ခွင့်ရှိတော့သည်ကိုသတိပြုရမည်။
မ နောကံအလုပ်၊စိတ်ထဲကနှလုံးသွင်းဆင်ခြင်
မှုကိုသာအများဆုံးအားထားမှီခိုကြရမည်ဖြစ်
သည်။သေခါနီးအချိန်တွင်အလုပ်များများမလုပ်
နိုင်တော့ဘူး။လုပ်သ လောက်အလုပ်သည်တိတိ
ကျကျထိထိမိမိရှိဖို့ အ ရေးကြီးသည်။
ဒီဘဝမ သေခင် အချိန်တွင် ဘယ်တရားကို
အာရုံပြုပြီးပိုင် ပိုင်နိုင်နိုင်ကြီးဆွဲကိုင်ပြီးဘယ်
လိုဘဝကူးမယ်ဆိုတဲ့အချက်ကိုကြိုတင်ရွေး
ချယ်သတ်မှတ်ထားရမည်။ဘယ်ပုံဝိဉာဉ်ချုပ်စေရမယ်ဆိုတဲ့
အထိဘဝနိဂုံးချုပ်မယ်ပုံစံကိုတိတိ
ကျကျရေးဆွဲထားရမည်။ဘယ်အသက်ဘယ်အရွယ်မှာ၊
ဘယ်အနာရောဂါနှင့်ဘယ်နေ့ ဘယ်အချိန်၊ဘယ်နေရာ
မှာသေရမည်ဆိုတာဘယ်သူမှကြိုတင်နသိနိုင် တဲ့အတွက်သေနည်းကိုကြိုတင်လေ့ကျင့်ထားဖို့ လိုသည်။
ညစဉ်အိပ်ယာဝင် တိုင်းတကယ်သေခါနီးပြီလို့ 
သ ဘောထားပြီးအစမ်းလေ့ကျင့်ထားဖို့ လိုသည်
အ လေ့အထဖြစ်အောင် ၊ခိုင် မာအောင် မကြာ
ခဏအာရုံပြုလေ့ကျင့်ထားရမည်။မိမိစိတ်အာရုံ
တွင် နှစ်သက်ကြညိလင် မှုရှိတဲ့နည်းတစ်မျိုး
မျိုးကိုထပ်ကာထပ်ကာမီးထိုးပေးနေရမည်။
အဖန်တလဲလဲလေ့ကျင့်နေရမည်။အာရုံပြုလိုက် လျှင်အချိန်မ ရွေးထင်မြင် လာအောင်
လုပ်ထားရမည်။သေနည်းငါးမျိုးအနက်ကြိုက်နှစ်သက် ရာတစ်မျိုးကိုရွေးချယ်ပြီးသေမင်းကိုမ ကြောက်မရွံ့ ရင် ဆိုင် နိုင်အောင်အဆင် သင့်ပြင် ဆင် ထားရမည်ဖြစ်သည်။
<<< သေနည်းငါးမျိုး>>>
~~~~~~~~~~~~
၁။သရဏဂုံနှင့်ဘဝကူနည်း။
၂။ဒါနနှင့်ဘဝကူနည်း။
၃။သီလနှင့်ဘဝကူနည်း။
၎။သမထနှင့်ဘဝကူနည်း။
၅။ဝိပဿနာနှင့်ဘဝကူနည်း။ဆက်လက်တင်ပြ ပေးဦးမည်။
ဓမ္မမိတ်ဆွေများအားလုံး"လူတိုင်းသိသင့်သော
သုဂတိဘုံသို့ ဘဝကူနည်း"စာစုမှကူးယူပူဇော်မျှဝေအပ်ပါသည်။
ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာနိုင်ကြပါစေ။
No comments:
Post a Comment