ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ကြီးနှစ်၁၀၀ပြည့်
အမှတ်တရထုတ်ဝေထားသော ရာပြည့်စာအုပ်တွင်
ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ(တည်တော်ဆရာတော်ကြီး)ရေးသားပူဇော်အပ်သော
“ဧရာမတရားကြီး"ဆောင်းပါးမှ
ကောက်နှုတ်ပူဇော်ပါသည်။
ကောဇာသက္ကရာဇ်၁၃၄၉ခု ကဆုန်လပြည့်နေ့သည်ကား ရန်ကုန်မြို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဝိဇ္ဇာလယသုံးထပ်ကျောင်းများ အုဌ်မြစ်ချပွဲသဘင်
ဆင်ယင်ကျင်းပသောနေ့ဖြစ်ပါသည်၊၊ ထိုနေ့တွင်မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ
ပင့်ဆောင်ထားသော သံဃနာယကဆရာတော်ကြီးများသည် နံနက်၈နာရီအချိန်မှစ၍
ကြည်ညိုဖွယ်ရာသင်္ကန်းကိုယ်စီရုံ၍ ထီးဖြူတော်များအုပ်မိုးကာ ကမ္ဘာအေးကျောင်းဆောင်များမှ ဝိဇ္ဇာလယအုဌ်မြစ်ချမဏ္ဍပ်သို့ ခြေလျင်စီတန်း၍ကြွ
တော်မူခဲ့ကြပါသည်၊၊၈နာရီခွဲတွင်ဆရာတော်ကြီးများမဏ္ဍပ်အတွင်း

ဝင်ရောက်တော်မူကြပြီးဖြစ်သည်၊၊
ဆရာတော်ကြီးများနှင့်ဧည့်ပရိသတ်တို့အားကြိုဆိုသောအားဖြင့် စည်တော်အဖွဲ့မှ
အောင်စည်သံရင့်ကျုး၍ ကြိုဆိုနေကြပါသည်၊၊ဆရာတော်ကြီးများအသီးအသီးမိမိတို့နေရာ၌

သီတင်းသုံးတော်မူမိကြလျင်
အခမ်းအနားမှုးက အုဌ်မစ်ချအခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာ၍ အစီအစဉ်ကို
ဖတ်ကြားပါသည်၊၊အစီအစဉ်အရ ဝိဇ္ဇာလယကျောင်းတော်များဖြစ်ပေါ်လာပုံသမိုင်းနှင့်
လုပ်ဆောင်ချက်များကိုသက်ဆိုင်ရာတာဝန်ခံများက ဖတ်ကြားပါသည်၊၊ထို့နောက်
ပြည်နယ်အလိုက် တိုင်းအလိုက် ပြည်နယ်နာယက တိုင်းနာယက ပြည်နယ်အကျိုးဆောင် တိုင်းအကျိုးဆောင်များက မိမိတို့နှင့်ဆိုင်ရာဝိဇ္ဇာလယ
ကျောင်းတော်များ၏အုဌ်မြစ်များကိုချတ်ေမူကြပါသည်၊၊
ဤသို့ဟောရင်းပြောရင်းအလုပ်လုပ်ရင်းဖြင့် တိပိဋကဓရနာရီလက်တံသည်
၁၀နာရီခွဲဆီသို့ညွှန်ပြနေပြီ ၊၊ ပင့်ဆောင်၍ကြွတော်မူလာကြသောဆရာတော်များအားလုံး ဆွမ်းမဘုဉ်းပေးရသေးပါ
အုဌ်မြစ်ချကိစ္စကားပြီးပါပြီ သို့သော်မင်းကွန်းတိပိဋကဆရာတော်ကြီးသြဝါဒပေးရန်နှင့်
ရေစက်ချပေးရန်တာဝန်ကျန်နေသေးသည်၊၊
ဆရာတော်ကြီးသည်နာရီကိုငုံ့ကြည့်ပြီး“အခုအချိန်မရှိတော့ဘူး ဆရာတော်များဆွမ်းကပ်ရန်ကိစ္စနီးနေပြီ၊၊ဒါ့ကြောင့်ခပ်မြန်မြန်

လုပ်ကြစို့“ဘကြီးတော်
မင်းတရားရဲ့မိဖုရားကြီးမယ်နုဟာ ညောင်ကန်ဆရာတော်ဗုဓ်

ကိုအလွန်ကြည်ညိုတယ်
ညောင်ကန်ဆရာတော်သီတင်းသုံးရန်အတွက် အင်းဝမြို့တော်မှာမဟာအောင်မြေဘုံစံ
အုဌ်ကျောင်းတော်ကြီးတည်ဆောက်တယ်၊၊

အုဌ်ကျောင်းတော်ကြီးပြီးစီးတော့
ကျောင်းတင်ပွဲတော်ကို ကြီးကျယ်ခမ်းနားစွာပြုလုပ်သတဲ့ ဒီကျောင်းတင်ပွဲတော်မှာ
ဆရာတော်ဗုဓ်ကိုရားဟောဖို့ သံဃာတော်များကတိုက်တွန်းကြတော့ ဆရာတော်ဗုဓ်
ကဝန်ခံတော်မူပြီး--
ဟေတုပစ္စယော အာရမ္မဏပစ္စယော အဓိပတိပစ္စယော အနန္တရပစ္စယောစတဲ့ပဌာန်း
ပစ္စယုဒ္ဒေသ၂၄ပစ္စည်းကိုရွတ်ပြီးရပ်နေသတဲ့ ဒီအခါ ဆရာတော်ပိုးက“ဘယ့်နှယ်ကိုဗုဓ်
ဘုရင်နဲ့မိဖရားကြီးကအလွန်သဒ္ဓါတော်မူလို့ ကျောင်းကြီးမိုးပါး

နီးအောင်ဆောက်ပြီး
အလွန်ကြီးတဲ့အလှုတော်ကြီးပေးပါတယ်ဆိုမှ ဘယ့်နှယ် တရားတိုတိုနှင့်ဖြတ်လိုက်ရ
တာလဲ"လို့ဆိုသတဲ့၊၊ ဒီတော့ဆရာတော်ဗုဓ်က“ဒါဟာ တရားတိုတိုမဟုတ်ပါဘူး
ဧရမတရားကြီးပါဘုရား"လို့လျောက်သတဲ့၊၊
ဆရာတော်ပိုးက“ဘယ်မှာဧရာမတရားကြီးဟုတ်လို့တုန်း ပစ္စယုဒ္ဒေသလေးပဲ"လို့
ပြောတော့ ဆရာတော်ဗုဓ်က----
“အရှင်ဘုရား ဒီတရားကိုပစ္စယုဒ္ဒေသကလေးပဲလို့မိန့်တော်မမူပါနဲ့ ဘုရားဟောတော်မူခဲ့တဲ့တရားတော်တွေထဲမှာ ဒီပဋ္ဌာန်းတရားဟာ အကြီးဆုံးအနက်နဲဆုံးအခက်ခဲဆုံးအသိမ်မွေဆုံး အနူးညံ့ဆုံးဖြစ်ပါတယ် ဒါကြောင့် ဘုရင်နှင့်မိဖုရားက ဧရာမအလှုကြီးလှုတဲ့အခါ အလှုနဲ့လိုက်အောင် တပည့်တော်ကဧရာမတရားတော်ကြီးကိုဟောရပါတယ်ဘုရား"

လို့လျောက်ထားသတဲ့၊၊
အေး -ဒီယနေ့ဝိဇ္ဇာလယသုံးထပ်ကျောင်းများ အလှုဟာလည်း ဧရာမအလှုကြီးဖြစ်ပါတယ်. ဧရာမအလှုကြီးဖြစ်တဲ့ဝိဇ္ဇာလယသုံးထပ်ကျောင်းများ ရေစက်ချပွဲမှာ ဧရာမတရားကြီးဖြစ်တဲ့ ပစ္စယုဒ္ဒေသပဋ္ဌာန်းတရားတော်ကြီးကိုဟောကြစို့"ဟု မိန့်တော်မူကာ ဟေတုပစ္စယော အာရမ္မဏပစ္စယော စသောပဋ္ဌာန်းပစ္စယုဒ္ဒေသကိုဟောကြားရွတ်ဆိုကာ ရေစက်ချ အမျှပေးဝေတော်မူပါသတည်း၊၊----၊၊
(မင်းကွန်းဆရာတော်ကြီး၏အချိန်နဲ့ကိုက်အောင်ဟောခဲ့သော

တရားအမှတ်တရ
အဖြစ်တပည့်ခေမိန်မှပူဇော်ကန်တော့ထပ်ဆင့်ရေးသား

အပ်ပါသည်ဘုရား)
အရှင်ခေမိန္ဒ (ဝိနယပါဠိပါရဂူ) (ဝိနယမဟာဝိဒူ)(မစိုးရိမ်တိုက်သစ်ဓမ္မာနုဂ္ဂဟဓမ္မာစရိယ) ဖေ့ဘုတ်မှ ကူးယူမျှဝေသည်။

No comments:
Post a Comment