~~~~~~~~~~~~~~~~~~
••တရားမရကြောင်း ( ၇) ပါး••
**********************
- ကိစ္စတွေများ အလုပ်များ
စကားများများပြောတဲ့သူ။
- အဖော်မက်ဘိ မိတ်ဆိုးရှိ
အလိုဆိုးရှိတဲ့သူ။
- မိမိတရား မပြီးငြား အိမ်ကားပြန်
သွားသူ။
<> ဤ (၇) ပါး ပြည့်စုံငြား တရား
မရသူ။
••တရားရကြောင်း ( ၇) ပါး••
********************
- ကိစ္စလည်းနည်း အလုပ်နည်း
နှုတ်လည်းပိတ်ခဲ့သူ။
- အဖော်မရှိ မိတ်ကောင်းရှိ
အလိုဆိုးမရှိသူ။
- မနားမရပ် တရစပ် ရှုမှတ်မြဲတဲ့သု
<> ဤ (၇) ပါးပြည့်စုံငြား တရား
ရမည့်သူ။
==================
* ကန်း သောသူနှင့်တူစွာကျင့်
ပြုသင့်မျက်စိမှာ။
* ပင်း သောသူနှင့်တူစွာကျင့်
ပြုသင့်နားသောတာ။
* အ သောသူနှင့် တူစွာကျင့်
ပြုသင့်ပါးစပ်မှာ။
* သေ သောသူနှင့် တူစွာကျင့်
ပြုသင့်ငြိမ်သက်စွာ။
<> ညောင်းလျှင်မလှုပ် ယားမ
ကုတ် ငုတ်တုတ်သည်းခံကျင့်ကြပါ
==================
•• ဆရာတော်
ဓမ္မစွမ်းရည် မဟာစည်သာသနာ့
ရိပ်သာ။
စစ်ကိုင်းတောင်ရိုး။ စစ်ကိုင်းမြို့
ဝတ်ရွတ်စဉ် စာအုပ်မှ…
No comments:
Post a Comment