/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Tuesday, February 18, 2014

**** ကိုရင်လေးများ၏ သနားစရာ ဘဝ *****

Photo: ကိုရင်လေးများ၏ သနားစရာ ဘဝ"
****************************
နုနုနယ်နယ် အရွယ်လေးတွေမှာ ကြီးလေးတဲ့ တာဝန်(ပရိယတ္တိ)ကိုယူထားကြရတဲ့ ကိုရင်လေးတွေ၊ မိခင်ရင်ခွင်၊ ဖခင်ရင်ခွင်မှာ ဆိုးလိုက် နွဲ့လိုက်လုပ်နေရမည့်အချိန်မှာ ပိဋကတ်တော်များကို ကျက်နေ၊ ရေးနေ၊ ဖြေနေရတဲ့ကိုရင်လေးတွေ၊ ဝတ်ကောင်းစားလှတွေဝတ်ဆင်ပြီး ဟိုသွား ဒီလာလုပ်နေရမယ့်အချိန်မှာ ဖန်ရည်ဆိုးသော၊ ငါးပိုင်း-ပိုင်းပြီး သစ်ခေါက်ရည်ဆိုးသော သင်္ကန်းလေးများကို ဝတ်ရုံလျှက် နေပူမရှောင် မိုးရွာမရှောင် ဆွမ်းခံထွက်ရင်း သာသနာပြုနေရတဲ့ကိုရင်လေးတွေ၊ လူတွေမှာ မိမိသားငယ် သမီးငယ်လေးများ၏ ဆံပင်ကို အမျိုးမျိုး ပုံစံသွင်းကာ အလှဆင်နေချိန်မှာ ခေါင်းရိတ်ကာဖြင့် သာသနာ့အလုပ်လုပ်ကို ကျရာနေရာက ထမ်းဆောင်နေရတဲ့ကိုရင်လေးတွေ၊ လူတွေမှာ သားငယ် သမီးငယ်လေးတွေ အရွယ်မရောက်ခင်မှာ ရင်အုပ်မကွာ တမြတ်တနိုး စောင့်ရှောက်နေတဲ့အချိန်မှာ မိခင်ရင်ခွင် ဖခင်ရင်ခွင်နဲ့ဝေးပြီး ပရိယတ္တိသာသနာအတွက် အလုပ်လုပ်နေတဲ့ကိုရင်လေးတွေ၊ လူတွေမှာ မိမိ၏ သားငယ် သမီးငယ်လေးများအတွက် အဟာရဖြစ်စေမည့် ဆေးဝါး၊ အစားအစားများကို ဈေးကြီးကြီးပေးပြီး ဝယ်ယူတိုက်ကျွေးချိန်မှာ ဝမ်းစာအတွက်ကိုယ်တိုင်ရှာပြီး ရသမျှလေးနှင့် ရောင့်ရဲတင်းတိမ်နေရတဲ့ကိုရင်လေးတွေ၊ သူတို့လေးတွေအဖြစ်ကို စာနာစေချင်လှပါတယ်။ သူတို့လေးတွေ ကစားတယ်၊ စားတယ်ဆိုတာလေးလောက်တော့ ခွင့်လွှတ်သင့်တယ်လို့ ထင်မိပါတယ်။

သီတဂူဆရာတော်ဘုရားကြီးဟောထားတဲ့ ရဟန်းတစ်ပါး၏တန်ဘိုးကိုလေ့လာကြည့်ပါ။ ပုထုဇဉ်ကိုရင်လေးကို အိမ်နေသူ သောတာပန် သကဒါဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ်များကပင် ရှိခိုးထိုက်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ခေါင်းရိတ်ထားခြင်း၊ ငါးပိုင်းပိုင်းပြီး သစ်ခေါက်ဆိုးထားတဲ့ သင်္ကန်းဝတ်တာလေးနဲ့တင် ရှိခိုးထိုက်လို့တဲ့။ အိမ်နေသူ ဒကာကြီးအနာဂါမ်ပုဆိုးနဲ့၊ အိမ်နေသူ ဒကာမကြီး အနာဂါမ် ထမီနဲ့ ခေါင်းမှာ ရှုပ်ရှုပ်ပွေပွေဆံပင်နဲ့ အသွင်အပြင်က ပူဇနိယဝတ္ထုမဖြစ်လို့ပါတဲ့။ ဘာတရားမှရှိ-မရှိ၊ ခေါင်းရိတ်ခြင်း၊ သင်္ကန်းဝတ်ထားခြင်းဆိုတဲ့ အသွင်အပြင်နဲ့တင် ပုထုဇဉ်ကိုရင်လေးတွေကို ရှိခိုးထိုက်နေပြီတဲ့။ ဒီခေါင်းရိတ်ခြင်း၊ ဖန်ရည်ဆိုးသော သင်္ကန်းကိုဝတ်ထားခြင်းဟာ ဘုရားအလိုကျတယ်တဲ့။ ဒါကြောင့် ဒီအသွင်အပြင်မရှိသေးတဲ့ အိမ်နေသူ ဒကာကြီးအနာဂါမ်၊ ဒကာမကြီးအနာဂါမ်တွေက မြတ်စွာဘုရား အလိုကျ အသွင်အပြင်မှာတည်နေတဲ့ ပုထုဇဉ်ကိုရင်လေးတွေကို ရှိခိုးထိုက်တာတဲ့။ ဆရာတော်ကြီးက မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေန အမေး အဖြေကျမ်းကို ကိုးကားပြီး ဟောတော်မူခဲ့တာပါ။ ပြီးတော့ တစ်ခုထပ်ပြောသေးတယ်။ ဒီကိုရင်လေးတွေရဲ့ ခေါင်းရိတ်ခြင်း၊ သင်္ကန်းဝတ်ခြင်း အသွင်အပြင်ဟာ ရဟန္တာအရှင်မြတ်များကြီးနှင့်လည်း အသွင်တူပါတယ်တဲ့။ ရဟန္တာအရှင်မြတ်ကြီးများလည်း ဒီလိုခေါင်းရိတ်၊ ဒီလိုသင်္ကန်းဝတ်တာတဲ့။ တန်းစီသံဃာတွေထိုင်ကြစို့ ဆိုလို့ရှိရင် ပုထုဇဉ်ကိုရင်လေးတွေဟာ ခေါင်းရိတ် သင်္ကန်းဝတ်ထားတဲ့ အသွင်အပြင်ရှိနေတာကြောင့် တစ်တန်းတည်းထိုင်လို့ရတယ်တဲ့။ အနာဂါမ်ဒကာကြီး၊ အနာဂါမ်ဒကာမကြီး ပုဆိုးနဲ့ထမီနဲ့ အကျီကြောင်ကြောင်ကျားကျားနှင့် သံဃာတော်များနှင့် တစ်တန်းတည်း ဝင်ထိုင်လို့မဖြစ်ပါဘူးတဲ့။ ရဟန်းတစ်ပါး၏ တန်ဘိုးမှာ လေ့လာနာကြားကြည့်ပါ။

အချုပ်အားဖြင့်ပြောလိုတာက ပုထုဇဉ်ကိုရင်လေးတွေ ဦးဇင်းလေးတွေဟာ အနာဂါမ် ဒကာကြီး ဒကာမကြီးများထက် ဂုဏ်အရည်အချင်း(၂၀) အသွင်အပြင်နှစ်ပါးက သာနေသောကြောင့် ဘာတရားမှရှိ=မရှိ ရှိခိုးထိုက်တယ်တဲ့။ အကျယ်ဆက်လက်ရေးပါဦးမယ်။ ဒါကအကျဉ်းလောက်ပါပဲ။ ဦးဇင်းတော့ ကိုရင်လေးတွေကို ကြည်ညိုတယ်။ လေးစားတယ်။ သနားတယ်။ ညစာစားတာလည်း ခွင့်လွှတ်နိုင်တယ်။ ကစားတာလည်း ခွင့်လွှတ်နိုင်တယ်။ သူတို့အရွယ်လေးတွေက ကလေးအရွယ်လေးတွေ ဆိုကောင်း စားကောင်း အိပ်ကောင်း၊ ဆော့ကောင်းတဲ့ အချိန်မှာ ကြီးမားတဲ့ တာဝန်ကြီးတွေကို ယူထားရလို့ရယ်၊ အပေါ်က ပြောခဲ့တဲ့ အသွင်အပြင်နှစ်ပါးရယ်ကြောင့် သူတို့မှာ ဘာတရားမှ ရှိ-မရှိ ကြည်ညိုမဆုံး ဖြစ်နေတော့တာပါ။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)  

 ကိုရင်လေးများ၏ သနားစရာ ဘဝ"
****************************
နုနုနယ်နယ် အရွယ်လေးတွေမှာ ကြီးလေးတဲ့ တာဝန်(ပရိယတ္တိ)ကိုယူထားကြရတဲ့ ကိုရင်လေးတွေ၊ မိခင်ရင်ခွင်၊ ဖခင်ရင်ခွင်မှာ ဆိုးလိုက် နွဲ့လိုက်လုပ်နေရမည့်အချိန်

မှာ ပိဋကတ်တော်များကို ကျက်နေ၊ ရေးနေ၊ ဖြေနေရတဲ့ကိုရင်လေးတွေ၊ ဝတ်ကောင်းစားလှတွေဝတ်ဆင်ပြီး ဟိုသွား ဒီလာလုပ်နေရမယ့်အချိန်မှာ ဖန်ရည်ဆိုးသော၊ ငါးပိုင်း-ပိုင်းပြီး သစ်ခေါက်ရည်ဆိုးသော သင်္ကန်းလေးများကို ဝတ်ရုံလျှက် နေပူမရှောင် မိုးရွာမရှောင် ဆွမ်းခံထွက်ရင်း သာသနာပြုနေရတဲ့ကိုရင်လေးတွေ၊ လူတွေမှာ မိမိသားငယ် သမီးငယ်လေးများ၏ ဆံပင်ကို အမျိုးမျိုး ပုံစံသွင်းကာ အလှဆင်နေချိန်မှာ ခေါင်းရိတ်ကာဖြင့် သာသနာ့အလုပ်လုပ်ကို ကျရာနေရာက ထမ်းဆောင်နေရတဲ့ကိုရင်လေးတွေ၊ လူတွေမှာ သားငယ် သမီးငယ်လေးတွေ အရွယ်မရောက်ခင်မှာ ရင်အုပ်မကွာ တမြတ်တနိုး စောင့်ရှောက်နေတဲ့အချိန်မှာ မိခင်ရင်ခွင် ဖခင်ရင်ခွင်နဲ့ဝေးပြီး ပရိယတ္တိသာသနာအတွက် အလုပ်လုပ်နေတဲ့ကိုရင်လေးတွေ၊ လူတွေမှာ မိမိ၏ သားငယ် သမီးငယ်လေးများအတွက် အဟာရဖြစ်စေမည့် ဆေးဝါး၊ အစားအစားများကို ဈေးကြီးကြီးပေးပြီး ဝယ်ယူတိုက်ကျွေးချိန်မှာ ဝမ်းစာအတွက်ကိုယ်တိုင်ရှာပြီး ရသမျှလေးနှင့် ရောင့်ရဲတင်းတိမ်နေရတဲ့ကိုရင်လေးတွေ၊ သူတို့လေးတွေအဖြစ်ကို စာနာစေချင်လှပါတယ်။ သူတို့လေးတွေ ကစားတယ်၊ စားတယ်ဆိုတာလေးလောက်တော့ ခွင့်လွှတ်သင့်တယ်လို့ ထင်မိပါတယ်။

သီတဂူဆရာတော်ဘုရားကြီးဟောထားတဲ့ ရဟန်းတစ်ပါး၏တန်ဘိုးကိုလေ့လာကြည့်ပါ။ ပုထုဇဉ်ကိုရင်လေးကို အိမ်နေသူ သောတာပန် သကဒါဂါမ်၊ အနာဂါမ်ပုဂ္ဂိုလ်များကပင် ရှိခိုးထိုက်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ခေါင်းရိတ်ထားခြင်း၊ ငါးပိုင်းပိုင်းပြီး သစ်ခေါက်ဆိုးထားတဲ့ သင်္ကန်းဝတ်တာလေးနဲ့တင် ရှိခိုးထိုက်လို့တဲ့။ 


အိမ်နေသူ ဒကာကြီးအနာဂါမ်ပုဆိုးနဲ့၊ အိမ်နေသူ ဒကာမကြီး အနာဂါမ် ထမီနဲ့ ခေါင်းမှာ ရှုပ်ရှုပ်ပွေပွေဆံပင်နဲ့ အသွင်အပြင်က ပူဇနိယဝတ္ထုမဖြစ်လို့ပါတဲ့။ ဘာတရားမှရှိ-မရှိ၊ ခေါင်းရိတ်ခြင်း၊ သင်္ကန်းဝတ်ထားခြင်းဆိုတဲ့ အသွင်အပြင်နဲ့တင် ပုထုဇဉ်ကိုရင်လေးတွေကို ရှိခိုးထိုက်နေပြီတဲ့။ ဒီခေါင်းရိတ်ခြင်း၊ ဖန်ရည်ဆိုးသော သင်္ကန်းကိုဝတ်ထားခြင်းဟာ ဘုရားအလိုကျတယ်တဲ့။

 ဒါကြောင့် ဒီအသွင်အပြင်မရှိသေးတဲ့ အိမ်နေသူ ဒကာကြီးအနာဂါမ်၊ ဒကာမကြီးအနာဂါမ်တွေက မြတ်စွာဘုရား အလိုကျ အသွင်အပြင်မှာတည်နေတဲ့ ပုထုဇဉ်ကိုရင်လေးတွေကို ရှိခိုးထိုက်တာတဲ့။ ဆရာတော်ကြီးက မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေန အမေး အဖြေကျမ်းကို ကိုးကားပြီး ဟောတော်မူခဲ့တာပါ။ ပြီးတော့ တစ်ခုထပ်ပြောသေးတယ်။ ဒီကိုရင်လေးတွေရဲ့ ခေါင်းရိတ်ခြင်း၊ သင်္ကန်းဝတ်ခြင်း အသွင်အပြင်ဟာ ရဟန္တာအရှင်မြတ်များကြီးနှင့်လည်း အသွင်တူပါတယ်တဲ့။ 

ရဟန္တာအရှင်မြတ်ကြီးများလည်း ဒီလိုခေါင်းရိတ်၊ ဒီလိုသင်္ကန်းဝတ်တာတဲ့။ တန်းစီသံဃာတွေထိုင်ကြစို့ ဆိုလို့ရှိရင် ပုထုဇဉ်ကိုရင်လေးတွေဟာ ခေါင်းရိတ် သင်္ကန်းဝတ်ထားတဲ့ အသွင်အပြင်ရှိနေတာကြောင့် တစ်တန်းတည်းထိုင်လို့ရတယ်တဲ့။ အနာဂါမ်ဒကာကြီး၊ အနာဂါမ်ဒကာမကြီး ပုဆိုးနဲ့ထမီနဲ့ အကျီကြောင်ကြောင်ကျားကျားနှင့် သံဃာတော်များနှင့် တစ်တန်းတည်း ဝင်ထိုင်လို့မဖြစ်ပါဘူးတဲ့။ ရဟန်းတစ်ပါး၏ တန်ဘိုးမှာ လေ့လာနာကြားကြည့်ပါ။

အချုပ်အားဖြင့်ပြောလိုတာက ပုထုဇဉ်ကိုရင်လေးတွေ ဦးဇင်းလေးတွေဟာ အနာဂါမ် ဒကာကြီး ဒကာမကြီးများထက် ဂုဏ်အရည်အချင်း(၂၀) အသွင်အပြင်နှစ်ပါးက သာနေသောကြောင့် ဘာတရားမှရှိ=မရှိ ရှိခိုးထိုက်တယ်တဲ့။ အကျယ်ဆက်လက်ရေးပါဦးမယ်။ ဒါကအကျဉ်းလောက်ပါပဲ။ ဦးဇင်းတော့ ကိုရင်လေးတွေကို ကြည်ညိုတယ်။ လေးစားတယ်။ သနားတယ်။


 ညစာစားတာလည်း ခွင့်လွှတ်နိုင်တယ်။ ကစားတာလည်း ခွင့်လွှတ်နိုင်တယ်။ သူတို့အရွယ်လေးတွေက ကလေးအရွယ်လေးတွေ ဆိုကောင်း စားကောင်း အိပ်ကောင်း၊ ဆော့ကောင်းတဲ့ အချိန်မှာ ကြီးမားတဲ့ တာဝန်ကြီးတွေကို ယူထားရလို့ရယ်၊ အပေါ်က ပြောခဲ့တဲ့ အသွင်အပြင်နှစ်ပါးရယ်ကြောင့် သူတို့မှာ ဘာတရားမှ ရှိ-မရှိ ကြည်ညိုမဆုံး ဖြစ်နေတော့တာပါ။

ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment