/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Tuesday, February 18, 2014

“မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မဒဿနသြ၀ါဒများ (၅)”


 
“မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မဒဿနသြ၀ါဒများ (၅)”
♦ သတ္တ၀ါအစ ဘယ်လောက်ရှည်ခဲ့တယ်ဆိုတာ
ပြေးကိုပြေးလို့ မဆုံးဘူးဆိုတဲ့ အသေထပ်၊
အနေထပ်တွေကို ပြောတာ။

♦ သံသရာရှည်ကြောင်းကို ကြိုးစားနေကြဦးမယ်ဆိုလျှင်
ကိုယ့်အသား၊ အရိုးကဖြစ်တဲ့ မြေပေါ်မှာ
ကိုယ်စားကောင်းတဲ့ သစ်ပင်စိုက်စားနေရုံရှိတော့တာပဲ။

♦ “လူ့ပြည်အကြိမ်ကြိမ် ခံစားရပါလို၏” ဆိုတာနဲ့
“မြေကြီး ကြီးပွားရေး ဖြစ်ပါလို၏” နဲ့ အတူတူပါပဲ။

♦ “နတ်ပြည် အကြိမ်ကြိမ် ဖြစ်ရပါလို၏” လို့ ဆုတောင်းတဲ့
ပုဂ္ဂိုလ်ကျတော့ “နတ်ပြည်မှာ အကြိမ်ကြိမ် သေချင်းဆိုးနဲ့
သေရပါလို၏” လို့ ဆုတောင်းတာ။

♦ “ဗြဟ္မာပြည် ဖြစ်ရပါလို၏” လို့ ဆုတောင်းတော့လည်း
“ဗြဟ္မာ့ပြည်မှာ သေခြင်းအမျိုးမျိုးနဲ့ ပုံပြောင်းပြီး
မသာကြီးချအဖြစ်နဲ့ သေရပါလို၏” လို့ ဆုတောင်းတာနဲ့ မထူးပါ။

♦ လူ့ပြည် ဆုတောင်းလည်း “မြေကြီး ကြီးပွားရေး”ပဲ။
နတ်ပြည် ဆုတောင်းတော့ “အသေထပ်”ဖို့။
ဗြဟ္မာ့ပြည် ဆုတောင်းတော့ “မသာကြီးချ” ချဖို့။

♦ မရဏမ္ပိ ဒုက္ခသစ္စံလို့ သိရင် နောက်ထပ် ဒုက္ခ မရောက်ချင်ပါနဲ့တော့။

♦ ခန္ဓာကိုယ်ကြီးကို ပုဂ္ဂိုလ်သတ္တ၀ါက
တည်ထောင်တာ မဟုတ်၊ “ဓမ္မ”က တည်ထောင်တာ။

♦ အတိတ်အကြောင်း ငါးပါးဆိုတာ
အဲဒီအကြောင်းငါးပါးက ခန္ဓာကို ဖြစ်စေတယ်လို့ မှတ်ပါ။

♦ သင်္ခါရဆိုတာ စေတနာပဲ။

♦ အ၀ိဇ္ဇာက မသိတာ၊ သင်္ခါရက ပြုပြင်တာ၊
တဏှာက ဆုတောင်းတာ၊
ဘ၀က ကမ္မဘ၀ ဆိုသောကြောင့် ကာယကံ ၀စီကံ။

♦ ကုသိုလ်သည် နိဗ္ဗာန်ကို ဆုမတောင်းဘဲနဲ့
နိဗ္ဗာန်ကိုလည်း ပေးနိုင်တယ်။
လူ့ဘ၀ နတ်ဘ၀ကိုလည်း ပေးနိုင်တယ်။
သို့သော် လူတွေမှာ သင်္ခါရ အုပ်ချုပ်နေတော့
လူ့ဘ၀ နတ်ဘ၀ပဲ တောင်းတယ်။

♦ အ၀ိဇ္ဇာက မသိတာ၊ သင်္ခါရက နတ်ပြည်ရောက်ကြောင်း၊
ဗြဟ္မာ့ပြည် ရောက်ကြောင်း ကုသိုလ် လုပ်တာ။
တဏှာက မပြည့် ပြည့်အောင် တောင်းတာ၊
ဥပါဒါန်က မရ ရအောင် စွဲလန်းတာ။

♦ အတိတ်အကြောင်းငါးပါးသည် သမုဒယသစ္စာ၊
သမုဒယက အကြောင်း၊ သစ္စာက အမှန်။

♦ လှူတာ တန်းတာ၊ ပေးတာ ကမ်းတာသည်
နိဗ္ဗာန်ကို မသိ၊ နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်ကြီးကို
မလုပ်တတ်တဲ့အတွက် “သမုဒယသစ္စာ” ဖြစ်သွားတယ်။

♦ သမုဒယသစ္စာလုပ်ရင် ဒုက္ခသစ္စာပဲရမယ်။

♦ သမုဒယလုပ်ရင် ဒုက္ခရောက်မှာပဲ။

♦ အ၀ိဇ္ဇာနဲ့ တဏှာ အုပ်ချုပ်လျှင် “ကံကောင်း” လို့ မဆိုနိုင်ပါ။

♦ သမုဒယ လုပ်ထားတဲ့ပုဂ္ဂိုလ် ဒုက္ခရှောင်ချင်လို့ မဖြစ်ပါ။

♦ ကုသိုလ်လုပ်တာ ဘုံဘ၀ကို တောင့်တလုပ်တဲ့
ကုသိုလ်ကို “သာဓု” ခေါ်တော့ သူများ
ဒုက္ခရောက်မှာကို သာဓုခေါ်တာပဲ။

♦ ယခုဘ၀ အသင့်အတင့်နေနိုင်ပြီး ဟိုဘဝ
ဒီထက် အသင့်အတင့် နေနိုင်အောင် လုပ်ဦးမယ်
ဆိုလျှင် ဒီဘ၀ ဒုက္ခနည်းတာနဲ့ နောင်ဘဝ
ဒုက္ခကြီးကြီးရအောင် လုပ်တာနဲ့ အတူတူပဲ။

♦ ဒုက္ခလွတ်ရာကို ကြိုက်လို့ လှူပါတယ်
ဆိုလျှင် ခန္ဓာကိုယ် ပေါင်လှူပါ။

♦ “လူ့ဘ၀ ရ-ရပါလို၏” လို့ ရည်မှန်းလှူဒါန်းတဲ့
ကုသိုလ်က ဒုက္ခသစ္စာ အကျိုးပေးတယ်။

♦ အကြောင်းသင်္ခါရ မှားမှုကြောင့်
အကျိုးမှားမှု ဒုက္ခသစ္စာ ရလာတယ်။

♦ ရှေးဘ၀က ကုသိုလ်မလုပ်တတ်တာနဲ့ အခု ဒုက္ခရောက်နေတာ။

♦ ဒုက္ခသစ္စာက သမုဒယသစ္စာ အသီးအပွင့်တွေ ထပ်ပြီး
သီးပွင့်ကြဦးမယ်ဆိုလျှင် ငါလို အရုပ်ဆိုးတဲ့ပုဂ္ဂိုလ်
မရှိတော့ဘူးလို့ သဘောပိုက်ပါ။

♦ သတ္တ၀ါအစ အ၀ိဇ္ဇာတဏှာလို့ မှတ်လိုက်စမ်းပါ။

♦ အတိတ်က အ၀ိဇ္ဇာကြောင့် ပစ္စုပ္ပန်ခန္ဓာဖြစ်တယ်၊
ပစ္စုပ္ပန်တဏှာကြောင့် အနာဂတ်ခန္ဓာ ဖြစ်တယ်။

♦ အ၀ိဇ္ဇာသည် ကျုပ်တို့၏ ပစ္စုပ္ပန်ဘ၀ ခန္ဓာငါးပါး၏ ရေသောက်မြစ်မူလ။

♦ အ၀ိဇ္ဇာ၊ တဏှာ မချုပ်သ၍ကာလပတ်လုံး
ရေသောက်မြစ် မပြတ်ပါ။

【ကိုရင်ဒိုးကလေး စုစည်းပူဇော်သော
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မဒဿနသြ၀ါဒ
ဟောစဉ် မှတ်စုများမှ -】

Dhamma Danã Source ► အေးအေးမိုးမိကူး &
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment