*********************************
ဗုဒ္ဓဘာသာဝင် အများစုသည် သဒ္ဒါတရားကတော့ ကောင်း၏။ သို့သော်ပညာပိုင်းတွင်မူ အားနည်း၏။
ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းဆိုတဲ့ ကမ္မသကာတာ သမ္မာဒိဌိအယူကိုပင် အပြည့်အ၀ မစင်ကြယ်သေး။ သူများပါးစပ်နဲ့ လမ်းဆုံး။ သူများပါးစပ်နဲ့ ဘ၀ သေနေသူကသာများ၏။ ဒါကြောင့်လည်း အမြှောက်တရားနဲ့ အခြောက်တရားတွေကြားမှာ မလူးသာ မလှုပ်သာဖြစ်နေရတယ်။
ဘာသာဝင်တွေကြားမှာ မကြာခဏကြားရတက်တဲ့ စကား ၊ အများစုကလည်း ဟုတ်မယ်လို့ ယူဆထားကြဟန်တူ၏...။ အခြားတော့ မဟုတ်ပါ...လူတိုင်းနားဝင်နေပြီး
အနည်းအငယ် စဉ်းစားကြည့်ရအောင် ......အရိယာသူတော်ကောင်းတွေ နိဗ္ဗာန်ကို ရောက်သွားကြတာ ဘယ်ဘ၀ကနေပြီး ရောက်သွားကြတာလဲ..။ သူတို့တွေ ဘယ်လိုဘ၀အခြေမျိုး မှ နေပြီး နိဗ္ဗာန်ကို တက်လှမ်းသွားပါလိမ့်....?/
နိဗ္ဗာန်ရောက်အောင်(သို့) နိဗ္ဗာန်လမ်းကြောင်းပေါ် ရောက်အောင် လျှောက်လှမ်းလို့ရတဲ့ ဘ၀ပါ။ နိဗ္ဗာန်ဆိုတာ တစ်ဘ၀တည်းနဲ့ ရတာမဟုတ်ဘူးဆိုတဲ့ ပေါ့ပျက်ပျက်စကားကို မယုံနဲ့၊ လက်မခံပါနဲ့..။ လက်ခံရင် မိမိတို့အတွက် အင်မတန်ကိုပဲ နှစ်နာပေလိမ့်မယ်.။.ယခုလို အခွင့်သာတုန်း ၊ အခွင့်သာခိုက်နဲ့ ကြုံတွေ့နေပြီဖြစ်တဲ့ မိမိတို့ရဲ့ ဒီဘ၀လေးမှာ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ပန်းတိုင် ရောက်ရေးအတွက် ဒါန ၊သီလ ၊ ဘာဝနာ တရားများကို ကျင့်ကြံအားထုတ်နိုင်ပါစေလို့ တိုက်တွန်းလျှက်......။
http://buddhismworld.ning.com/
No comments:
Post a Comment