/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Thursday, April 10, 2014

"ဇမ္ဗုက၏အတိတ်ဇာတ်ကြောင်း"

Photo: "ဇမ္ဗုက၏အတိတ်ဇာတ်ကြောင်း"

ဣဿာ၊ မစ္ဆရိယ၏သတ္တိဖြင့် အရိယာပုဂ္ဂိုလ်ကို နစ်နစ်နာနာစော်ကားမိသောပုဂ္ဂိုလ်ကား ဓမ္မပဒအဋ္ဌကထာလာ အရှင်ဇမ္ဗုကထေရ်ပါတည်း။ ဘဝတစ်ခုက အရှင်ဇမ္ဗုကသည် ကျောင်းထိုင်ရဟန်းတစ်ပါးဖြစ်ခဲ့ဖူးသည်။ တစ်နေ့တွင် ဧည့်သည် အာဂန္တုရဟန်း တစ်ပါးက ခေတ္တခဏတည်းခို ခွင့်တောင်းသဖြင့် ရှောရှောရှုရှုပင် ခွင့်ပြုခဲ့သည်။ ဤသို့ ခွင့်ပြုနိုင်ခြင်းမှာ ဣဿာမစ္ဆရိယ၏ အနှိပ်အစက်ကို မခံရသေးသဖြင့် စိတ်ကြည်လင်နေသောကြောင့် ဖြစ်သည်။

သို့သော် ဧည့်သည်ရဟန်းရောက်ပြီး မကြာမီမှာပင် ကျောင်းသို့လာသော ကျောင်းဒကာမှာ ဧည့်သည်ရဟန်းကို အလွန်အကျူး အထူးကြည်ညို လေးစားသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဧည့်သည်ရဟန်းမှာ သာမန်ပုထုဇဉ် ရဟန်းတစ်ပါးမဟုတ်။ ကိလေသာ အာသဝေါကုန်ခမ်းပြီး ရဟန္တာတစ်ပါး ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့်ပင် ပုထုဇဉ်မျှသာဖြစ်သော ဇမ္ဗုကမထေရ်အလောင်း ကျောင်းထိုင်ရဟန်း၏ ဣနြေ္ဒနှင့် ဧည့်သည်ရဟန္တာ၏ အိနြေ္ဒတို့မှာ ကွာချင်တိုင်းကွာခြားနေကြသည်။ ထို့ကြောင့်လည်း ကျောင်းဒကာက ခေတ္တခဏတည်းခိုသည့် အာဂန္တုရဟန်းအား လိုလေသေးမရှိအောင် ကောင်းကောင်း မွန်မွန်ချက်ပြီး ပို့စေသည်။ အိပ်ရာ နေရာသို့လည်း ပြုပြင်စီရင်ပေးသည်။ အဝတ်သင်္ကန်းကိုလည်း သင့်လျော်အောင် လှူဒါန်းသည်။

နောက်ဆုံး ခေါင်းရိတ်သည်ကိုပင် ပို၍အဆင်ပြေစေရန် ဆတ္တာသည်ကိုလွှတ်၍ ရိတ်စေသည်။ ကျောင်းဒကာက ကျောင်းထိုင်ဘုန်းကြီးကိုယ်စား ဘာမျှလိုလေသေးမရှိအောင် ကောင်းစွာပြုစုလုပ်ကျွေးသည်။ ထိုအခါ ဣဿာမစ္ဆရိယ၏ အနှိပ်အစက်ကို ခံလာရပြီဖြစ်သော ကျောင်းထိုင်ဘုန်းကြီးက ဧည့်သည်ရဟန်းအပေါ် အကောင်းမမြင်တော့ချေ။ ကျောင်းဒကာက ဧည့်သည်ရဟန်းကို မိမိထက်ပို၍ ဂရုစိုက်သောကြောင့်လည်း မနာလိုခြင်း ဣဿဖြစ်ရလေသည်။

ကိုယ့်ဒကာက သူ့ဒကာဖြစ်သွားမှာ စိုးရိမ်ခြင်း ကုလမစ္ဆရိယ၊ ကိုယ့်လာဘ်လာဘ သူ့ဆီရောက်သွားမှာ စိုးရိမ်ခြင်း လာဿာမစ္ဆရိယက ကျောင်းထိုင်ရဟန်းကို အပြည့်အဝ နှိပ်စက်လိုက်သောအခါ ဧည့်သည်ရဟန္တာကိုဆဲရေးပြီး အရိယူပဝါဒကံကြီးကို ကျူးလွန်လိုက်မိတော့သည်။

“ငါ့ရှင်ဧည့်သည်ရဟန်း - သင်သည် ငါ့ကျောင်းဒကာ၏ ဆွမ်းကို စားခြင်းထက် မစင်စားခြင်းက မြတ်၏ ။ ကျောင်းဒကာစေခိုင်းသော ဆတ္တာသည်ဖြင့် ဆံပင်ရိတ်ခြင်းထက် ထန်းစေ့မှုတ်ခြင်းဖြင့် အနှုတ်ခံရခြင်းကမြတ်၏ ။ ကျောင်းဒကာလှူသောသင်္ကန်းကိုဝတ်ခြင်းထက် ကိုယ်လုံးတီးနေခြင်းကမြတ်၏ ။ ကျောင်းဒကာလှူသော ကုတင်တွင် အိပ်ခြင်းထက် မြေကြီးပေါ်၌အိပ်ခြင်းက မြတ်၏ ။”

ဤအရိယူပဝါဒကံကြီးကြောင့် ကျောင်းထိုင်ရဟန်း သေလွန်သောအခါ မဟာအဝီစိငရဲ၌ နှစ်ပေါင်းများစွာ ကမ္ဘာနှင့်ချီ၍ ခံရလေသည်။ အဝီစိငရဲမှ လွတ်သောအခါ ဂေါတမမြတ်စွာဘုရားလက်ထက်၌ ရာဇဂြိုလ်မြို့တွင် လူလာဖြစ်သည်။ မွေးလာကတည်းက အရိယူပဝါဒကံ၏ အကျိုးဆက်ကြောင့် အိပ်ရာပေါ်မှာ မအိပ်ဘဲ မြေကြီးပေါ်မှာသာအိပ်သည်။

ထမင်းဟင်းကိုမစားဘဲ မိမိ၏ မစင်ကိုသာ ပြန်စားသည်။ အရွယ်ရောက်လာသောအခါတွင်လည်း အဝတ်မဝတ်ဘဲ ကိုယ်လုံးတီးသာ နေသည်။ ထို့ကြောင့် မိဘများက အရှက်ရသဖြင့် သားဖြစ်သူကို အဇီဝကတက္ကတွန်းများထံ အပ်နှံလိုက်သည်။ ထိုအခါကျမှ ရဟန္တာကို သူစော်ကားဆဲရေးခဲ့သည့် အပြစ်များအတိုင်း ဆိုးကျိုးလေးမျိုးလုံး ပြည့်စုံအောင်ခံစားရတော့သည်။

အာဇီဝကတို့က သူ့ကို တွင်းနက်ထဲသို့ချထားပြီး သူ၏ ပခုံးပေါ်၌ သစ်သားပြားများ တင်ပေးကြသည်။ ထိုသစ်သားပြားပေါ်၌ အာဇီဝကတို့ကတက်ထိုင်ပြီး ဇမ္ဗုက၏ ဆံပင်ကို ထန်းစေ့မှုတ်ခြမ်းဖြင့် ကုန်အောင်နှုတ်ပစ်ကြသည်။ ပြီးမှ အာဇီဝကလို ရဟန်းပြုပေးလိုက်ကြသည်။

ဇမ္ဗုက အာဇီဝကဖြစ်လာသည့်အခါတွင်လည်း အကုသိုလ်ကံက မကုန်သေး။ ထမင်းဟင်းမစားဘဲ ဝစ္စကုဋ္ဋီထဲမှ မစင်များကိုသာဆက်၍ စားနေခဲ့သည်။ အာဇီဝကများ သိသွားကြသောအခါ သူတစ်ပါးတို့ ကဲ့ရဲ့မှာကြောက်သောကြောင့် ဇမ္ဗုကကိုကျောင်းမှ နှင်းထုတ်လိုက်ကြတော့သည်။ ဇမ္ဗုကသည် အာဇီဝကတို့ကျောင်းမှထွက်လာပြီးလျှင် လူအများတို့ မစင်စွန့်ရာ အနီးရှိ ကျောက်ဖျာကြီးတွင် နေထိုင်လေသည်။

ရိုးရိုးနေထိုင်ခြင်းမဟုတ်။ နေ့အခါတွင် လက်တစ်ဖက်က ကျောက်ဖျာကိုကိုင်လျက် ပါးစပ်ကိုဟ ခြေတစ်ဖက်ကို မြှောက်ထားပြီး ထူးဆန်းအံ့သြဖွယ်ဖြစ်အောင် နေထိုင်လေသည်။ အသိဉာဏ်နည်းသူတို့က မေးလာသောအခါတွင် -

“ငါသည် လေကိုသာစားသောက်သည်။ ငါ၏ အကျင့်သည် ပြင်းထန်လွန်းလှသဖြင့် ငါ၏ခြေနှစ်ဖက်စလုံးဖြင့် နင်းလိုက်လျှင် မြေကြီးတုန်လှုပ်၏ ။ ငါသည်ဘယ်သောအခါမှ ထိုင်ခြင်းအိပ်ခြင်းကိုမပြု” ဟု ဝါကြွားပြောဆိုလေသည်။ ဤလောက၌ အသိဉာဏ် အတွေးအခေါ်နည်းပါးသူတို့သာ များပြားလေရာ ဇမ္ဗုက၏ သတင်းကိုကြားကြသော အင်္ဂတိုင်း၊ မာဂဓတိုင်းတို့မှ လူအများသည် လစဉ်လတိုင်း သူ့ထံသို့လာ၍ ပူဇော်ခစားကြတော့သည်။

ညသန်းခေါင်းယံ လူရှင်းသည်နှင့် ဇမ္ဗုကသည် လူအများစွန့်ထားသောမစင်ကိုသာ အားရပါးရ စားသုံးနေရသည်။ ဤသို့ဖြင့် ၅၅ နှစ်တိုင်ကြာမြင့်ခဲ့ပါသည်။ သူ့အကုသိုလ် ကံကြွေးကုန်ပြီး ကျွတ်တမ်းဝင်ချိန်ရောက်မှ ဘုရားရှင်ကြွလာပြီး ချေချွတ်တော်မူသဖြင့် ရဟန္တာဖြစ်သွားရပါသည်။ ဣဿာမစ္ဆရိယကို အရင်းခံပြီး ဖြစ်ပွားခဲ့ရသော အရိယူပဝါဒကံ၏ ဆိုးကျိုးကား ကြီးမားလှပေစွတကား။ ဣဿာမစ္ဆရိယကား သတိမထားလျှင် သာမန်ပုထုဇဉ်ပုဂ္ဂိုလ်ကို မဆိုထားနှင့်၊ ယခုဘဝ၌ ဧကန်မုချရဟန္တာ အဖြစ်ဖြင့် ဘဝဇာတ်သိမ်းကြရမည့် ပစ္ဆိမဘဝိက ပုဂ္ဂိုလ်များကိုပင် အရှက်တကွဲ အကျိုးနည်းဖြစ်အောင် နှိပ်စက်တတ်ပါပေသည်။

မေတ္တာရှင်(ရွှေပြည်သာ)၏
‘အတွင်းရန်သူ’ မှမျှဝေပါတယ်။
Photo - Ko Thant Gyi

 "ဇမ္ဗုက၏အတိတ်ဇာတ်ကြောင်း"
 
ဣဿာ၊ မစ္ဆရိယ၏သတ္တိဖြင့် အရိယာပုဂ္ဂိုလ်ကို နစ်နစ်နာနာစော်ကားမိသောပုဂ္ဂိုလ်ကား ဓမ္မပဒအဋ္ဌကထာလာ အရှင်ဇမ္ဗုကထေရ်ပါတည်း။ ဘဝတစ်ခုက အရှင်ဇမ္ဗုကသည် ကျောင်းထိုင်ရဟန်းတစ်ပါးဖြစ်ခဲ့ဖူးသည်။ 



တစ်နေ့တွင် ဧည့်သည် အာဂန္တုရဟန်း တစ်ပါးက ခေတ္တခဏတည်းခို ခွင့်တောင်းသဖြင့် ရှောရှောရှုရှုပင် ခွင့်ပြုခဲ့သည်။ ဤသို့ ခွင့်ပြုနိုင်ခြင်းမှာ ဣဿာမစ္ဆရိယ၏ အနှိပ်အစက်ကို မခံရသေးသဖြင့် စိတ်ကြည်လင်နေသောကြောင့် ဖြစ်သည်။

သို့သော် ဧည့်သည်ရဟန်းရောက်ပြီး မကြာမီမှာပင် ကျောင်းသို့လာသော ကျောင်းဒကာမှာ ဧည့်သည်ရဟန်းကို အလွန်အကျူး အထူးကြည်ညို လေးစားသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဧည့်သည်ရဟန်းမှာ သာမန်ပုထုဇဉ် ရဟန်းတစ်ပါးမဟုတ်။ ကိလေသာ အာသဝေါကုန်ခမ်းပြီး ရဟန္တာတစ်ပါး ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့်ပင် ပုထုဇဉ်မျှသာဖြစ်သော ဇမ္ဗုကမထေရ်အလောင်း ကျောင်းထိုင်ရဟန်း၏ ဣနြေ္ဒနှင့် ဧည့်သည်ရဟန္တာ၏ အိနြေ္ဒတို့မှာ ကွာချင်တိုင်းကွာခြားနေကြသည်။ ထို့ကြောင့်လည်း ကျောင်းဒကာက ခေတ္တခဏတည်းခိုသည့် အာဂန္တုရဟန်းအား လိုလေသေးမရှိအောင် ကောင်းကောင်း မွန်မွန်ချက်ပြီး ပို့စေသည်။ အိပ်ရာ နေရာသို့လည်း ပြုပြင်စီရင်ပေးသည်။ အဝတ်သင်္ကန်းကိုလည်း သင့်လျော်အောင် လှူဒါန်းသည်။

နောက်ဆုံး ခေါင်းရိတ်သည်ကိုပင် ပို၍အဆင်ပြေစေရန် ဆတ္တာသည်ကိုလွှတ်၍ ရိတ်စေသည်။ ကျောင်းဒကာက ကျောင်းထိုင်ဘုန်းကြီးကိုယ်စား ဘာမျှလိုလေသေးမရှိအောင် ကောင်းစွာပြုစုလုပ်ကျွေးသည်။ 


ထိုအခါ ဣဿာမစ္ဆရိယ၏ အနှိပ်အစက်ကို ခံလာရပြီဖြစ်သော ကျောင်းထိုင်ဘုန်းကြီးက ဧည့်သည်ရဟန်းအပေါ် အကောင်းမမြင်တော့ချေ။ ကျောင်းဒကာက ဧည့်သည်ရဟန်းကို မိမိထက်ပို၍ ဂရုစိုက်သောကြောင့်လည်း မနာလိုခြင်း ဣဿဖြစ်ရလေသည်။

ကိုယ့်ဒကာက သူ့ဒကာဖြစ်သွားမှာ စိုးရိမ်ခြင်း ကုလမစ္ဆရိယ၊ ကိုယ့်လာဘ်လာဘ သူ့ဆီရောက်သွားမှာ စိုးရိမ်ခြင်း လာဿာမစ္ဆရိယက ကျောင်းထိုင်ရဟန်းကို အပြည့်အဝ နှိပ်စက်လိုက်သောအခါ ဧည့်သည်ရဟန္တာကိုဆဲရေးပြီး အရိယူပဝါဒကံကြီးကို ကျူးလွန်လိုက်မိတော့သည်။

“ငါ့ရှင်ဧည့်သည်ရဟန်း - သင်သည် ငါ့ကျောင်းဒကာ၏ ဆွမ်းကို စားခြင်းထက် မစင်စားခြင်းက မြတ်၏ ။ ကျောင်းဒကာစေခိုင်းသော ဆတ္တာသည်ဖြင့် ဆံပင်ရိတ်ခြင်းထက် ထန်းစေ့မှုတ်ခြင်းဖြင့် အနှုတ်ခံရခြင်းကမြတ်၏ ။ ကျောင်းဒကာလှူသောသင်္ကန်းကိုဝတ်ခြင်းထက် ကိုယ်လုံးတီးနေခြင်းကမြတ်၏ ။ ကျောင်းဒကာလှူသော ကုတင်တွင် အိပ်ခြင်းထက် မြေကြီးပေါ်၌အိပ်ခြင်းက မြတ်၏ ။”

ဤအရိယူပဝါဒကံကြီးကြောင့် ကျောင်းထိုင်ရဟန်း သေလွန်သောအခါ မဟာအဝီစိငရဲ၌ နှစ်ပေါင်းများစွာ ကမ္ဘာနှင့်ချီ၍ ခံရလေသည်။ အဝီစိငရဲမှ လွတ်သောအခါ ဂေါတမမြတ်စွာဘုရားလက်ထက်၌ ရာဇဂြိုလ်မြို့တွင် လူလာဖြစ်သည်။ မွေးလာကတည်းက အရိယူပဝါဒကံ၏ အကျိုးဆက်ကြောင့် အိပ်ရာပေါ်မှာ မအိပ်ဘဲ မြေကြီးပေါ်မှာသာအိပ်သည်။

ထမင်းဟင်းကိုမစားဘဲ မိမိ၏ မစင်ကိုသာ ပြန်စားသည်။ အရွယ်ရောက်လာသောအခါတွင်လည်း အဝတ်မဝတ်ဘဲ ကိုယ်လုံးတီးသာ နေသည်။ ထို့ကြောင့် မိဘများက အရှက်ရသဖြင့် သားဖြစ်သူကို အဇီဝကတက္ကတွန်းများထံ အပ်နှံလိုက်သည်။ ထိုအခါကျမှ ရဟန္တာကို သူစော်ကားဆဲရေးခဲ့သည့် အပြစ်များအတိုင်း ဆိုးကျိုးလေးမျိုးလုံး ပြည့်စုံအောင်ခံစားရတော့သည်။

အာဇီဝကတို့က သူ့ကို တွင်းနက်ထဲသို့ချထားပြီး သူ၏ ပခုံးပေါ်၌ သစ်သားပြားများ တင်ပေးကြသည်။ ထိုသစ်သားပြားပေါ်၌ အာဇီဝကတို့ကတက်ထိုင်ပြီး ဇမ္ဗုက၏ ဆံပင်ကို ထန်းစေ့မှုတ်ခြမ်းဖြင့် ကုန်အောင်နှုတ်ပစ်ကြသည်။ ပြီးမှ အာဇီဝကလို ရဟန်းပြုပေးလိုက်ကြသည်။

ဇမ္ဗုက အာဇီဝကဖြစ်လာသည့်အခါတွင်လည်း အကုသိုလ်ကံက မကုန်သေး။ ထမင်းဟင်းမစားဘဲ ဝစ္စကုဋ္ဋီထဲမှ မစင်များကိုသာဆက်၍ စားနေခဲ့သည်။ အာဇီဝကများ သိသွားကြသောအခါ သူတစ်ပါးတို့ ကဲ့ရဲ့မှာကြောက်သောကြောင့် ဇမ္ဗုကကိုကျောင်းမှ နှင်းထုတ်လိုက်ကြတော့သည်။ ဇမ္ဗုကသည် အာဇီဝကတို့ကျောင်းမှထွက်လာပြီးလျှင် လူအများတို့ မစင်စွန့်ရာ အနီးရှိ ကျောက်ဖျာကြီးတွင် နေထိုင်လေသည်။

ရိုးရိုးနေထိုင်ခြင်းမဟုတ်။ နေ့အခါတွင် လက်တစ်ဖက်က ကျောက်ဖျာကိုကိုင်လျက် ပါးစပ်ကိုဟ ခြေတစ်ဖက်ကို မြှောက်ထားပြီး ထူးဆန်းအံ့သြဖွယ်ဖြစ်အောင် နေထိုင်လေသည်။ အသိဉာဏ်နည်းသူတို့က မေးလာသောအခါတွင် -

“ငါသည် လေကိုသာစားသောက်သည်။ ငါ၏ အကျင့်သည် ပြင်းထန်လွန်းလှသဖြင့် ငါ၏ခြေနှစ်ဖက်စလုံးဖြင့် နင်းလိုက်လျှင် မြေကြီးတုန်လှုပ်၏ ။ ငါသည်ဘယ်သောအခါမှ ထိုင်ခြင်းအိပ်ခြင်းကိုမပြု” ဟု ဝါကြွားပြောဆိုလေသည်။ ဤလောက၌ အသိဉာဏ် အတွေးအခေါ်နည်းပါးသူတို့သာ များပြားလေရာ ဇမ္ဗုက၏ သတင်းကိုကြားကြသော အင်္ဂတိုင်း၊ မာဂဓတိုင်းတို့မှ လူအများသည် လစဉ်လတိုင်း သူ့ထံသို့လာ၍ ပူဇော်ခစားကြတော့သည်။

ညသန်းခေါင်းယံ လူရှင်းသည်နှင့် ဇမ္ဗုကသည် လူအများစွန့်ထားသောမစင်ကိုသာ အားရပါးရ စားသုံးနေရသည်။ ဤသို့ဖြင့် ၅၅ နှစ်တိုင်ကြာမြင့်ခဲ့ပါသည်။ သူ့အကုသိုလ် ကံကြွေးကုန်ပြီး ကျွတ်တမ်းဝင်ချိန်ရောက်မှ ဘုရားရှင်ကြွလာပြီး ချေချွတ်တော်မူသဖြင့် ရဟန္တာဖြစ်သွားရပါသည်။


 ဣဿာမစ္ဆရိယကို အရင်းခံပြီး ဖြစ်ပွားခဲ့ရသော အရိယူပဝါဒကံ၏ ဆိုးကျိုးကား ကြီးမားလှပေစွတကား။ ဣဿာမစ္ဆရိယကား သတိမထားလျှင် သာမန်ပုထုဇဉ်ပုဂ္ဂိုလ်ကို မဆိုထားနှင့်၊ ယခုဘဝ၌ ဧကန်မုချရဟန္တာ အဖြစ်ဖြင့် ဘဝဇာတ်သိမ်းကြရမည့် ပစ္ဆိမဘဝိက ပုဂ္ဂိုလ်များကိုပင် အရှက်တကွဲ အကျိုးနည်းဖြစ်အောင် နှိပ်စက်တတ်ပါပေသည်။

မေတ္တာရှင်(ရွှေပြည်သာ)၏
‘အတွင်းရန်သူ’ မှမျှဝေပါတယ်။

No comments:

Post a Comment