မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Wednesday, May 21, 2014
နန်းဦးဆရာတော် ဘုရားကြီး၏ အဆုံးအမ တစ်ခွန်း။
ဆရာတော်ရဲ့ ဆရာ(အဖေ ဆရာ)က တောင်စွန်း ဓမ္မဒူတဆရာတော်၊ ဓမ္မဒူတဆရာတော်ရဲ့  ဆရာ(အဘိုး ဆရာ)က စစ်ကိုင်းနန်းဦး ဆရာတော်ကြီး ဖြစ်တယ်။ ဓမ္မဒူတ ဆရာတော် ဘုရားကြီး စစ်ကိုင်းမှာ စာကျက်တုံးက နန်းဦးကျောင်း အဲဒီဆရာတော်ကြီးဆီ
မှာ စာကျက်တယ်။ ဆရာတော်ကြီးရဲ့  တပည့်ရင်းပဲ၊ ပိဋကတ် ၃ ပုံကို စဖြေတယ်၊ ၁ ပုံအောင်တယ်၊ ကျေးဇူးရှင် မင်းကွန်းဆရာတော်ကြီးလို စာအဖြေထောက် လွတ်တယ်။
အထူးအောင်ပေါ့၊ ကိုယ့်ဟာကိုယ် တန်းပြန်တာပေါ့၊ စာထောက်ပေးရတယ် ဆိုတာမရှိ
ဘူး။ ထူးခြားတယ် ခေါ်တယ်။ နောက် ၁ ပုံ ဆက်ဖြေတယ်၊စာထောက်ဆရာက ထောက်
တယ်၊ ဓမ္မဒူတ ဆရာတော်က ဆရာတော် မထောက်ပါနဲ့  တပည့်တော် ရပါတယ် ဘုရားတောက်လျှောက် တစ်ငုံတစ်ငုံ ဆိုလို့  ခဏရပ်တာက မောလို့ ပါ၊ ဒါပေမဲ့ ဟိုဆရာတော်က သူထောက်နေကျအတိုင်း ထောက်တာ။ ဆိုပါစို့  (၁၀) ခါထောက်ရင် အထူးအောင်၊ထူးထူးခြားခြားအောင် မရတော့ဘူးဆိုရင် သွားပြီ။ အဲဒါနဲ့  ဆရာတော် မထောက်ပါနဲ့ ဘုရား၊ ဆရာတော် မထောက်ပါနဲ့  ဘုရားလို့  ပြောလဲ မရဘူး၊ ထောက် ထောက်နေ
တော့ တော်ပြီ မဖြေတော့ဘူး ဆိုပြီးတော့ ပြန်လာတယ်။ ပိဋကတ်(၃) ပုံကတော့ နုတ်
ငုံ ဆောင်ပြီးသားပဲ။ သူ့ အလှည့်ကျနဲ့ သူ ဖြေတာပေါ့လေ။
နောက်....ရွှေဥမင် ဆရာတော်ကြီးနဲ့ တွေ့ တယ်။ အဲဒီက နေပြီးတော့ တောထဲ
တောင်ထဲ သွားလိုက်တာ။ ဟိုတောဝင် ဟိုတောထွက်၊ ဒီတောဝင် ဒီတောထွက်၊ ဟိုတောင်တက် ဒီတောင်တက်နဲ့ ပဲ နေလိုက်တာ၊ တစ်နေ့ ကျတော့ နန်းဦးဆရာတော်ဘု
ရားကြီးကလဲ အဲဒီမှာ တရားရှာနေတာ ဆရာ တပည့်(၂)ပါး ဆုံကြတယ်။ ဦးဇင်းအတွက်ကတော့ အဖေဆရာနဲ့  အဘိုးဆရာပေါ့၊ သွားဆုံကြတော့မှ နန်းဦးဆရာတော်ဘုရားကြီး
က ဓမ္မဒူတဆရာတော်ကြီးရဲ့  ဘွဲ့ နာမည်ကိုခေါ်တာပေါ့ အဲဒီအချိန်တုံးက သက်တော်
(၄၀)လောက်ပဲ ရှိသေးတယ်၊ ဦးဇင်း ဘယ်သူပေါ့၊ မင်းကွာ...သာသနာတော်မှာ သစ်ဥ၊
သစ်ဖုတွေကို ပြုတ်စား နေတာပါလား။ ဓမ္မဒူတ ဆရာတော်က==ဆရာတော် တပည့်
တော် နားမလည်လို့ ပါဘုရား၊ မိန့် တော်မူပါ ဘုရား။ အမှန်က သစ်ဥ၊ သစ်ဖုဆိုတာ အပင် ပြန်စိုက်ရင် အပင်ပေါက်ပြီး မတိုးပွားဘူးလား?။ တိုးပွားပါတယ် ဘုရား၊ ကျန်တဲ့သူ
တွေအတွက် ဒို့ မပြော လိုပါဘူးကွာ၊ မောင်မင်းတို့ လို အစွန်းရှိတဲ့(ပိဋကတ် ၃ ပုံအာဂုံ
ဆောင်) သူတွေက ကိုယ့်တစ်ကိုယ်ကောင်း အတွက် တောထဲ၊ တောင်ထဲသွား တရား
အားထုတ်နေရင် နောက်ထပ် သာသနာ အဖူးအပွင့်တွေ မရှိနိုင်တော့ဘူး၊ အပင်တွေ
ထွက်မလာနိုင်တော့ဘူး။ အဲဒါကြောင့်မို့ ”သာသနာ သစ်ဥ၊ သစ်ဖု” တွေကို ပြုတ်စားနေ
တာကွလို့  ပြောတာ။ အဲဒီကျမှ ”ဆရာတော်ဘုရား တပည့်တော် သဘောပေါက်ပါပြီ ဘုရား” ဦးချ ကန်တော့ပြီး။ နောက်...ဓမ္မဒူတ တောရဆိုပြီးတော့ တောင်စွန်းမှာ
တောရ ကျောင်းတိုက်ထောင်တယ်။
ကျောင်းတိုက်ထောင်တော့မှ ဦးဇင်းတို့ လို တောင်စွန်းဓမ္မဒူတ ဆရာတော်ရဲ့  လက်ထောက် နာယက အကြီးပိုင်းက (၁၁) ပါး ရှိတယ်၊ အငယ်တွေက အများကြီး ဟောနိုင်၊ပြောနိုင်၊ ရေးနိုင်၊ စာချနိုင်ကလဲ အများကြီး။ ဆရာတော်ဘုရားတွေရဲ့  စကားတစ်ခွန်းကြောင့် သာသနာတော်မှာ ကျေးဇူးအလွန် ကြီးမားများလွန်းပါတယ်။ အဲဒီ အဆုံးအမတွေ ရထားကတည်းကိုက ဒါမျိုးကျောင်း မထောင်သင့်ဘူးလား။သာသနာတော် ပြန့်ပွား
တိုးတက် အောင်မြင်စေရန် သာသနာ့ သစ်ဥ၊ သစ်ဖုများကို ပြုတ်မစား ပါနဲ့ လို့  တိုက်တွန်း လိုက်ရပါသည်။
{၁၃၆၉-ခုနှစ် သီတင်းကျွတ်လဆန်း (၁၀) ရက် မှော်ဘီ တရားစခန်း၌ ဓမ္မဒူတ ဒေါက်တာ
အရှင်ဆေကိန္ဒ ဟောကြားတော်မူသော ငြိမ်းအေးလိုသူ တရားတော်မှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။}
http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A428219
Subscribe to:
Post Comments (Atom)
No comments:
Post a Comment