/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Wednesday, May 7, 2014

***** သတိထားတာ နဲ့  သတိရှိတာ *****



သတိထားတာ နဲ့  သတိရှိတာ***

သတိထားရင်းက သတိရှိလာတယ်။ သတိရှိလာရင် သက်တောင့် သက်သာရှိတယ်။ ပထမတော့ အားမရစရာလိုပဲi ပေါ့ပေါ့ပါးပါးနဲ့  သိနေရလို့  အားမရသလိုဖြစ်တယ်။

နည်းနည်းလေး စိတ်စိုက်အား ကြီးရင် တင်းကျပ် ပင်ပန်းလာတယ်။ ခေါင်းရော ကိုယ်ရော တင်းကျပ်လာတယ်။



ဒါဆိုရင် သတိထားရင်း နဲ့  သတိလွတ်နေပြီ သတိမရှိတော့ဘူး။ စိတ်ကိုလျှော့ပေးပါ။ တချို့ ယောဂီတွေ တော်ရုံနဲ့  ပြန်လျှော့လို့  မရဘူး။
စိတ်ရော ကိုယ်ရော လျှော့ပြီး အေးအေးလေး ကြည့်ပေးပါ။

ပုဂ္ဂိုလ်ရဲ့အလုပ်က သတိထားနေတာ။ သတိထားလို့  သတိရှိလာပြီဆိုရင်ဓမ္မအလုပ်ဖြစ်သွားတယ်။ ဓမ္မအလုပ် ဖြစ်သွားရင် မှန်ကန်တဲ့ အသိ မှန်ကန်တဲ့ အားထုတ်မှု အဲဒါတွေက သဘာဝဖြစ်နေတယ်။

လုပ်မရှုနဲ့  ဖော်မရှုနဲ့ ***

ပူတာလေးကိုကြည့်ရင်းနဲ ပူတာလေး လျော့သွား ပျောက်သွားလို့  ပူတာမရှိရင်အေးတာရှိ အေးတာကိုကြည့်i
  အေးတာကို ရှုရင်း ပျောက်သွားလို့  အေးတာမရှိရင် လှုပ်တာရှိi
လှုပ်တာကိုကြည့် ။လှုပ်တာရှုရင်း i လှုပ်တာပျောက်သွားရင် ငြိမ်တာရှိ iငြိမ်တာကိုပဲ ဆက်ရှု။

အဲဒီလိုသဘော မပေါက်တော့ လုပ်လုပ်ပြီး ရှုကြတယ်။ ဖော်ဖော်ပြီး ရှုကြတယ်။ကြောင့်ကြစိုက်ကြတယ်။ သူ့ သဘာဝပေါ်တဲ့ အတိုင်း သူ့ သဘာဝပဲလို့  သဘောပေါက်ပြီး ရှုသွားရမယ်။

ကြမ်းတာနုတာ အကြောင်းမဟုတ်ဘူး။
သတိဆက်စပ်ဖို့  သတိထားနိုင်ဖို့  အဓိကပဲ။

တရားစ ရှုတဲ့အခါ***

ကိုယ်ရော စိတ်ရော အေးအေးညောင်းညောင်းနဲ့  ညီညီညွတ်ညွတ်လေးထားပြီးတော့ ပေါ်တာသိတာ ထင်ရှားတာ လေးကို သတိထားပေး။

ပုံမှန်အားဖြင့်တော့ နှာသီးဖျားမှာ စိတ်ကလေးထား ထွက်လေ ဝင်လေ
သတိကပ်ဖို့ ထွက်တိုင်းသိ ဝင်တိုင်းသိ ။ နောက်တော့ ပေါ်ရာ ပေါ်ရာ ထင်ရှားရာ သတိလေးထားပေး။

ခန္ဓာမှာ ပေါ်တာသိ ဖြစ်သမျှတွေ လိုက်သိ။
သိစရာ မရှိရင် ထွက်လေ ဝင်လေ ပေါ်မှာ သတိထားနေ။

တစ်နေ့ လုံး သွားလာ လှုပ်ရှားထားတာ i ပူလောင် ပင်ပန်းထားတာ ကို
သိရုံလေး သိပေးi ပူလောင်မှု သက်သာပြီး အေးအေးသက်သာ ဖြစ်သွားမယ်။

တန်ခူး ကဆုန်နေထက် ပိုပူတယ် ***်

အားလုံးသတ္တဝါတွေ မီးဝိုင်းခံနေရတယ်။ မီး ဆယ့်တစ်ပါး ဝိုင်းဝိုင်း လည်နေတယ်။ သတိထားနေရင် မီးလွတ်နေတယ်။

ေ  လောဘ မီးi ဒေါသ မီးi မောဟ မီးi
ဘဝသစ်ဖြစ်ရတဲ့ ဇာတိ မီး i ရင့်အိုရတဲ့ ဇရာမီး စက္ကန့် တိုင်း အမြဲ လောင်နေတယ်
မရဏ မီးကလည်း ရုပ်ရော နာမ်ရော i သိစရာရော i သိတာရော အမြဲမပြတ်လောင်နေတယ်။
သောကမီး i သောကတွေက မျိုးစုံပဲ ။ ပရိဒေဝမီးi ငိုကြွေးရလို့  မျက်ရည် ပင်လယ်ဝအောင်ကျခဲ့ရပေါင်း များပြီ။

တန်ခူးကဆုန် နေပူတာ ပြင်းထန်တယ် ဆိုပေမယ့် မျက်ရည် ကျလောက်အောင်တော့ မပူပါဘူး။ သောက ပရိဒေဝမီးကြောင့် မျက်ရည်ပေါက်တွေ တောက်တောက် ကျရတယ်။

ဘယ်လောက်ပူသလဲ ကြည့်i အပူငြိမ်းတဲ့ တရားကတော့ **သတိပဲ **
ရှုရင်း ရှုရင်းနဲ့  ကိုယ့်မီးဝိုင်းတာကို အဝိုင်းခံမှန်း သိသွားရင် သိပ်တန်ဖိုးရှိတယ်။

တချို့ ယောဂီတွေ အဲဒီလို မသိဘူး။
မီး ဆိုတာ တခြားကလာတာ မဟုတ်ပါဘူး။ ကိုယ့် စိတ်ထဲက ထွက် လာတာပါ။

  ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး
ဘဒ္ဒန္တ ကောသလ္လ ၏နှုတ်တော်မြွက်ကြားသြဝါဒများ အမှတ် ၄ မှ ပူဇော်မျှဝေပါသည်။

No comments:

Post a Comment