မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Sunday, May 18, 2014
“အပြစ်မဆို အချစ်မပိုပါစေနဲ့”
“အပြစ်မဆို အချစ်မပိုပါစေနဲ့”
••••••••••••••••••••••••••••••••••
သူများရဲ့ အားနည်းချက်ကို ကြည့်ပြီး
အပြစ်မြင်နေ၊ အပြစ်တင်နေမယ့်အစား၊
ကိုယ့်အားနည်းချက်ကို သတိပြု ဆင်ခြင်ပြီး
အပြစ်မဖြစ်အောင် ပြုပြင်နေထိုင်ခြင်းကသာ
အကောင်းဆုံးပါပဲ။
“အပြစ်”ရှာရင် “အနှစ်ကို အကာထင်ပြီး”၊
မချစ်တာတွေပဲ မြင်တတ်သလို ၊
“အပြစ်” မသိပြန်ရင်လည်း “အချစ်”တွေနဲ့ပဲ ကြည့်နေမိတော့
အနှစ်ရှိတာလည်း မသိဘဲ ဖြစ်နေတတ်တာပေါ့။
အကောင်းဆုံးကတော့ အပြစ်လည်းမကြည့်၊
အချစ်ချည်းပဲလည်း မကြည့်ဘဲ ကိုယ့်အသိနဲ့ကိုယ်
အပြစ်လည်းမဆို အချစ်လည်းမပိုအောင်
နေထိုင်ကျင့်သုံးတာဟာ အကောင်းဆုံးပါပဲ။
“အပြစ်” ဆိုရင် “ဒေါသ” ၊
“အချစ်” ပိုရင် “လောဘ” နှစ်ခုလုံးက
ကိလေသာတွေပဲဆိုတော့၊ဒါတွေဖြစ်ရင် ပူနေမှာပါပဲလေ။
မေတ္တာဖြင့်
-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm https://m.facebook.com/profile.php?id=274623192696748
Subscribe to:
Post Comments (Atom)
No comments:
Post a Comment