မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Monday, May 19, 2014
သာသနာတော်ကျင့်ထုံး မဟုတ်သော သက်သတ်လွတ်စားခြင်း။
ယခုအခါ လွဲမှားသော ကိုးကွယ်ရာများကို ရှေ့တန်းတင်ထားသော သက်သတ်လွတ် စားသောဝါဒ၊အသွေးလွတ် အသားလွတ် စားသောဝါဒ၊မီးလွတ်စားသောဝါဒ၊တို့ ကိုတွင်ကျယ်အောင်
ဖြန့် ဖြူးနေသောအင်အားစုများ ရှိနေပါသည်။
ထေရ၀ါဒ ရှုထောင့်မှကြည့်သော် အထွက်တင်ရမည့် သာသနကျင့်စဉ် မဟုတ်ပါ။ အဓိဌာန်ဟုဆိုကာ ၉ ရက် ၁၈ ရက် စသည်ဖြင့် ၉ န၀င်း ၉ အလီ တင်ပြီး သက်သတ်လွတ်စား
ကြသည်။ လွှဲမှားသော ကိုးကွယ်ရာများဖြင့် ညှစ်ထေးစေကြသည်။
သာသနာပြင်ပ ကိုးကွယ်မှုများဖြင့်
ဆောင်ကြဉ်းကြသည်။ သက်သတ်လွတ်စားခြင်း၊ မီးလွတ်စားခြင်းတို့ ဖြင့် ဂုဏ်တစ်ခု၊ မြင့်မြတ်ကျင့်စဉ်
တစ်ခုအဖြစ် အမွှမ်းတင် ဗန်းတင်မှုကား ထေရ၀ါဒ သာသနာတော် ရှုထောင့်မှကြည့်လျှင် အထွတ်တင်
ရမည့် "သာသနကျင့်စဉ်မဟုတ် " ပါ။
သက်သတ်လွတ် စားမှုကို ၀ါဒဖြန့် ချိရင်း "သာသနထိတ်ခေါင်" စသည်ဖြင့် ဘိုးတော်ဝါဒဖြန့် ချိရေး
ဆောင်းပါးများ မဂ္ဂဇင်းတွေမှာ တွေ့ နေရပါသည်။ လွဲမှားသော ကိုးကွယ်မှုဖြင့် "သာသနာတော်ကို "
ညှစ်ထေးစေခြင်းမှာ မလျော်ကန်ပါ။ ဖြူစင်ပြီး ရိုးသားသန့် စင် သူများအား စည်းရုံးကာ၊ သာသနာပြင်ပ
ကိုးကွယ်မှုသို့  တွန်းပို့ ခြင်းမှာ မလုပ်သင့် မလုပ်အပ်ပါ။
သက်သတ်လွတ်စားခြင်း၊ မီးလွတ်စားခြင်းများကို အကြောင်းပြု၍ ကျေးဇူးတော်ရှင်၊ပထမ လယ်တီ
ဆရာတော်ကြီး ၏ ဩ၀ါဒတော်မှာ==="သက်သတ်လွတ်၊ မီးလွတ်စားတဲ့ အကျင့်လည်း သာသနာတော်
ကျင့်ထုံးမဟုတ်။ သီလကအစ၊ သမာဓိအဆုံး ဒါတွေအားလုံးဟာ စရဏပဲ။
ဒီစရဏမမှန်ရင်၊ ၀ိဇ္ဇာဥာဏ်
မရနိုင်ဘူး။ ဒီစရဏ ပါရမီမှန်မှန်နဲ့  သက်စွန့် ကြိုးပမ်း ကမ္မဌာန်း အားထုတ်သူများပင်လျှင် နိဗ္ဗာန်ကို
လိုချင်မည် ကာမတ္တ နှင့် မရနိုင်ဘူး။ နိဗ္ဗာန်ကို စေလွှတ်အပ်သောစိတ် အမြဲရှိနေရမယ်လို့  ဟောတော်မူတာ ဒီဘ၀ရဲ့  အလုပ်ပဲလို့  တခါတည်း ငုတ်စိုက်ထားတာကို ပဟိတ္ထ ခေါ်တာပဲ။"
{မင်းနန်(မော်ကျွန်း) ပထမလယ်တီဆရာတော်ဘုရားကြီး၏ ဩ၀ါဒတော်များကို ကိုးကားရေးသားပူဇော်
ပါသည်။}
http://www.damanady.tk/2014/05/blog-post_4954.html
Subscribe to:
Post Comments (Atom)
No comments:
Post a Comment