မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Thursday, May 8, 2014
**** ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရား သင့်နှလုံးသားထဲမှာရှိပါသည် ******
ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရား
****************************
သင့်နှလုံးသားထဲမှာရှိပါသည်
**********************
ဂုဏ်တော်ပွားသောအားဖြင့်
ကိုယ့်နှလုံးသားမှာ
တည်လိုက်တဲ့ ဘုရားက
ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ
တန်ခိုးအကြီးဆုံးဘုရားပါပဲ။
ပြင်ပမှာ တည်ထားတဲ့
ဘုရားတွေက အလကားနေရင်း
အလိုအလျောက် ကိုယ်ကို လာပြီး
ကောင်းကျိုးမပေးနိုင်ပါဘူး။
ကိုယ့်နှလုံးသားမှာ
တည်ထားတဲ့ ဘုရားကမှ
ကိုယ့်ကို ကောင်းကျိုးပေးနိုင်တာပါ။
ပြင်ပက တန်ခိုးကြီးဘုရားတွေကို
ဖူးမြော်ပူဇော်တာဟာ
အဲဒီ ဘုရားတွေကို အာရုံပြုပြီး
ကိုယ့်နှလုံးသားမှာ
ဘုရားတည်ဖို့အတွက်ပါပဲ။
ကိုယ့်နှလုံးသားမှာ
ဘုရားပြောင်းမတည်ဘဲနဲ့တော့
ဘယ်တန်ခိုးကြီးဘုရားကမှ
ကိုယ့်ကို မ,မစနိုင်ပါဘူး။
ဂုဏ်တော်တွေကို
တစ်ကြိမ်တစ်ခါလောက် ပွားရုံ၊
အကြိမ်နည်းနည်း ပွားရုံနဲ့လည်း
တစ်သက်စာ
အားကိုးရလောက်အောင်
နှလုံးသားထဲက ဘုရားက
တန်ခိုးမကြီးသေးပါဘူး။
အကြိမ်ကြိမ် အထပ်ထပ်
ပွားမှ တန်ခိုးကြီးလာတာပါ။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
Creat Post.... ကိုလှိုင်တိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment