မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Thursday, May 8, 2014
**** ပရဟိတ ဖြင့်ဘဝအဆင့်မြှင့်မယ် ****
ပရဟိတ ဖြင့်ဘဝအဆင့်မြှင့်မယ်
*****************************
ဗုဒ္ဓသာသနာ ဘယ်မှာလဲလို့
သေချာတွေးလို့ ရှာစမ်းပါ။
စိတ်ကောင်းရှိသူ ရှင်လူများရဲ့
လက်တွေထဲမှာ သာသနာရှိတာ။
ရှိသည့်သာသနာ မကွယ်ပအောင်
တစ်ကယ်လှတဲ့ စိတ်ထားပါ။
စိတ်နဲ့တန်သလို ဘဝတွေဖြစ်လို့
စိတ်ယုတ်တွေလဲ ဖယ်ထုတ်ပါ။
ဘဝမြင့်အောင် စိတ်တွေမြှင့်လို့
သာသနာနှင့်ကြုံတုန်းမှာ။
ကောင်းမှုအလီလီ ညီညီပြုလို့
သာသနာပြုလုပ်ငန်းမှာ။
သူရော ငါရော ပါဝင်နှော
သဘောညီစေရာ
အဲ့ဒါမှ
ခေမာသောင်ကမ်း နိဗ္ဗာန်နန်း
စံမြန်းရပေမှာ။
(ပဲခူးဆရာတော်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment