ဗုဒ္ဓကမ္ဘာသာသနာဟိတအသင်း ( ၁၀ )ကြိမ်မြောက် အလှူ ပွဲ
ဗုဒ္ဓကမ္ဘာ သာသနာဟိတအသင်းသည်( ၄.၅ .၂၀၁၄) ရက်နေ့က ပဲခူးတိုင်းဒေသကြီး ( အနောက်ပိုင်း ) မိုးညိုမြို့ နယ် ၊ ကျွန်းညိုကျေးရွာတွင်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် ထပ်မံ မတည်ထောက်ပံ့လှူ ဒါန်းပေးနိုင်ခဲ့ပါသည်။
အသင်းမှ
နေ၍ အလှူ ပွဲများကျင်းပပေးခဲ့သည်မှာ ယခု အကြိမ်နဲ့ ဆိုရင် (၁၀)ကြိမ်
ပြည့်မြောက်ခဲ့ပါပြီ..။ ယခုအလှူ ကျင်းပပေးရာပဲခူးတိုင်းဒေသကြီး ( အနောက်ပိုင်း ) မိုးညိုမြို့ နယ် ၊ ကျွန်းညိုကျေးရွာကလေးသည် ရန်ကုန်မြို့မှ ဆိုလျှင်
အတော်အသင့်ဝေးသည့် ခရီးဟု ဆိုရပေမည်။
အလှူ ပွဲ အခမ်းအနား အချိန်မှီကျင်းပနိုင်ရေး ရောက်ရှိဖို့ အတွက် စိုင်းပြင်းရသည်ကလဲ လွယ်တော့ မလွယ်ကူလှချေ..၊ မနက် (၄) နာရီ ( ၃၀ ) မိနစ်လောက်ကတည်းက အလှူသို့ လိုက်ပါဆင်နွှဲကြမည့် ဓမ္မမိတ်ဆွေများအားလုံး ကို နိဗ္ဗာန်ဆော်ကြီး အဖြစ် အကျိုးတော်ဆော်ပေးသော ( ကိုလှိုင် ) နှင့်တကွ အလှူတစ်ခု ဖြစ်မြောက်ရေးအတွက် လိုက်ပါလာကြသော ဓမ္မမိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်အပ်ပါသည်..။
အလှူပွဲသို့ လိုက်ပါဆင်နွှဲကြမည့် မိတ်ဆွေအပေါင်းကလဲ စုရပ်ကို အချိန်မှီလာရ။ အပြင်မှာ မှောင်နေပေမယ့် ကျွန်မတိုရဲ့ နှလုံးသားထဲ မှာတော့သဒ္ဓါတရားအလင်းရောင် တပြောင်ပြောင် ထွန်းလင်းနေသည့် နှယ်..။ မည်သို့ပင် ခရီးကလှမ်းလို့ လမ်းကြမ်းပါစေဦး..ဓါတ်သန်လှသည့် ကျွန်မတို့ အသင်းသူ-သား ၊ ဓမ္မမိတ်ဆွေများ၏ သဒ္ဓါတရားကိုတော့ တားဆီးနိုင်စွမ်း မရှိခဲ့ပါ။
မနက် ( ၅ ) နာရီ ( ၃၀ ) မိနစ်မှာတော့ မိုးညိုခရီးစဉ်အတွက် စုရပ်(၁ ) မှ စတင်ထွက်ခွါနိုင်ခဲ့ပြီး။ စုရပ် (၂) မှ( ၆ )နာရီ မှာ
ဗုဒ္ဓကမ္ဘာသာသနာဟိတအသင်း ( ၁၀ )ကြိမ်မြောက် အလှူ ပွဲအတွက် စတင် ခရီးထွက်ခဲ့ပါသည်။ ကားသည် လေဟုန်ကိုခွင်း၍ တရိတ်ရိတ်ပြေးလွှားရင်း လက်ပံတန်းမြို့မှာ ခရီးတထောက် နားပြီး မိုးညိုမြို့သို့ ဆက်လက်ခရီးနှင်ခဲ့ပါသည်။ ဒီလိုနဲ့ မနက် ၁၁ နာရီ ၃၀ မိနစ် မှာတော့ ကျွန်မတို့အဖွဲ့သားတွေကို တင်ဆောင်လာသည့် မော်တော်ယာဉ်သည် သဲတထိတ်ထိတ် ရင် တဖိုဖိုဖြင့် မိုးညိုမြို့ ကျွန်းညို ကျေးရွာ မဟာသဒ္ဒမ္မဇောတိကာရုံ ကျောင်းတိုက်မုဒ်ဦးဝသို့ ဆိုက်ရောက်ခဲ့ပါသည်။
ကျွန်မတို့ အဖွဲ့သား/သူများ ကားအပေါ်မှ ဆင်းကြတယ်ဆိုရင်ပဲ မြင်တွေ့ရသည့် မြင်ကွင်းမှာ
မတ်တပ် ကိုယ်စီရပ်လျှက် လက်အုပ်ကလေးကိုချီ ** မင်္ဂလာပါ ** လို့ နုတ်ဆက်ရင်း ၀မ်းပန်းတသာ ခရီးဦးကြိုဆိုပြုနေရှာသည့်...ယဉ်းကျေးလိမ္မာသင်တန်းရောက် ခွင့်ရကြမည့် ကလေးသူငယ် ကျောင်းသားကလေးများ နှင့် ကျေးရွာဒေသခံ မိဘပြည်သူများ ကို မြင်တွေ့လိုက်ရသည့်အတွက် အသင်းသား/သူများ ရင်ထဲမှာဖော်မပြတတ်လောက်အောင် ၀မ်းသာပီတိ ဖြစ်ခဲ့ရပါသည်...။
အဖွဲ့သားအားလုံး ကျောင်းပေါ်သို့ တက်ရောက်ကြပြီး ဆွမ်းစားဆောင်မှ ဗုဒ္ဓဆင်းတုတော်နှင့် ကျောင်းတိုက်ဆရာတော်ကို ဖူးမျှော်ရင်း ခေတ္တနားပြီးနောက်.... လမ်းတစ်လျှောက် ဆာလာသမျှ ကိုအတိုးချ စားပါတော့တယ် ။ ကျွန်မတို ထမင်းစားကြသည့် မှတ်တမ်းဓါတ်ပုံများလည်း ရိုက်နိုင်ခဲ့ပါသည်..။
နေ့လည် ( ၁ ) နာရီ ၀န်းကျင်ဝန်းကျင်မှာ အခမ်းအနားအစီအစဉ် ( ၇ ) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။
အစီအစဉ် ( ၁ ) အရ နမောတဿ (၃) ကြိမ် ဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။
အစီအစဉ် ( ၂ ) အရ ယဉ်ကျေးလိမ္မာ သင်တန်းတတ်ရောက်ကြသော ကျောင်းသား/ သူများနှင့် ဆရာ / မများမှ တေးကဗျာများနှင့် ဖျော်ဖြေခဲ့ကြပါသည်..။
အစီအစဉ် ( ၃ ) အရ ကျေးရွာ ဥက္ကဌ မှ ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့ပါသည်..။
အစီအစဉ် ( ၄ ) အရ ဗုဒ္ဓကမ္ဘာသာသနာဟိတအသင်းကိုယ်စား အသင်းခေါင်းဆောင်မှ အသင်းစတင်ဖြစ်တည်လာပုံနှင့် ဆက်လက်ပြောကြားခဲ့ပါသည်.။
အစီအစဉ် ( ၅ ) အရ မဟာသဒ္ဒမ္မဇောတိကာရုံ ကျောင်း တိုက်မှ ဆရာတော် ချီးမြင့်သည့် သီလပေးတရား ၊ လှူ ဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရားကို နာယူကြပါသည်။
အစီအစဉ် ( ၆ ) အရ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
အစီအစဉ် ( ၇ ) အရ သင်တန်းတခုလုံး ဦးဆောင်တာဝန်ယူ သင်ကြားပို့ချပေးမည့် ဆရာ/ မ များနှင့်သင်တန်းတတ်ရောက်ကြသော ကျောင်းသူ/သားများကို လှူဖွယ်ဝတ္ထု အစုစု တို့ကို ဝေငှပေးပြီနောက် မပြန်ခင် လမ်းခရီးမှာ ဗိုက်အဆာပြေဖြည့်ခဲ့ပါသည်..။
ဆရာတော်အား နုတ်ဆက်ဦးချကန်တော့ပြီး ..ရန်ကုန်အပြန် ခရီးကို နေ့လည် ၃ နာရီ ၃၀ မိနစ်မှာ ပြန်လည်ထွက်ခွါ လာခဲ့ပါသည်။
အလှူ ပွဲ တစ်ပွဲ အထမြောက် အောင်မြင်စေဖို့အတွက် အဖက်ဖက်မှ
ပါဝင်ဆောင်ရွက်ကြသော မိတ်ဆွေများ ၊ အလှူ ရှင်များနှင့် ကျေးဇူးတင်ထိုက်သူ
အားလုံးကို ကျေးဇူးဥပကာယ တင်ရှိပါကြောင်း ၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြတဲ့
ဗုဒ္ဓကမ္ဘာသာသနာဟိတအသင်းသူ အသင်းသားများ၊ အလှူရှင်များအားလုံး ၀မ်းသာပီတီနှင့်အတူ
ကိုယ်စိတ်နှစ်ဖြာ ရွှင်လမ်းချမ်းမြေ့ကြပါစေ။
ဗုဒ္ဓကမ္ဘာအသင်းနှင့် အခြား အခြားသော ပရဟိတ အသင်းများထာဝရ မကွဲမကွာ ဆထက်တပိုး ပိုပြီး ဆောင်ရွက်နိုင်ကြပါစေ.. ဟု ပြောကြားရင်း နိရုံးချုပ်ကာ ဓမ္မဆွေတော်မျိုးတော် အပေါင်း ပီတိ သဒ္ဓါဝေကာ
သာဓု ခေါ်စေနိုင်ဖို့ မှတ်တမ်းဓါတ်ပုံများကို တင်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် ... လမင်းကြယ်စင်
အလှူ ပွဲ တစ်ပွဲ အထမြောက် အောင်မြင်စေဖို့အတွက် အဖက်ဖက်မှ ပါဝင်ဆောင်ရွက်ကြသော မိတ်ဆွေများ ၊ အလှူ ရှင်များနှင့် ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးဥပကာယ တင်ရှိပါကြောင်း ၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြတဲ့ ဗုဒ္ဓကမ္ဘာသာသနာဟိတအသင်းသူ အသင်းသားများ၊ အလှူရှင်များအားလုံး ၀မ်းသာပီတီနှင့်အတူ ကိုယ်စိတ်နှစ်ဖြာ ရွှင်လမ်းချမ်းမြေ့ကြပါစေ။
ဗုဒ္ဓကမ္ဘာအသင်းနှင့် အခြား အခြားသော ပရဟိတ အသင်းများထာဝရ မကွဲမကွာ ဆထက်တပိုး ပိုပြီး ဆောင်ရွက်နိုင်ကြပါစေ.. ဟု ပြောကြားရင်း နိရုံးချုပ်ကာ ဓမ္မဆွေတော်မျိုးတော် အပေါင်း ပီတိ သဒ္ဓါဝေကာ သာဓု ခေါ်စေနိုင်ဖို့ မှတ်တမ်းဓါတ်ပုံများကို တင်ပြပေးလိုက်ပါသည်။
No comments:
Post a Comment