“တန်ဖိုးစစ်ကို တန်ဖိုးထားစေချင်”
================
လူလူချင်း ဆက်ဆံတဲ့အခါမှာ အကျင့်သီလ၊
စိတ်နေစိတ်ထားဆိုတဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို
တန်ဖိုးထားပြီးတော့ ဆက်ဆံတဲ့သူက
တဖြေးဖြေး နဲလာတယ်။
ပစ္စည်းဥစ္စာတို့ ရာထူးတို့ ကျော်ကြားမူတို့ကို
ပိုပြီးတော့ အထင်ကြီးပြီးတော့
ဆက်ဆံတာမျိုး တဖြေးဖြေး များလာတယ်။
အကျင့်သီလ ဘယ်လောက်ကောင်းကောင်း၊
စိတ်ထားဘယ်လောက်ကောင်းကောင်း
ဆင်းရဲတယ်ဆိုရင် အထင်သေးတယ်။
အကျင့်သီလဘယ်လောက် ညံ့ညံ့ ချမ်းသာတယ်၊
ရာထူးရှိတယ်၊ ကျော်ကြားတယ်ဆိုရင် အထင်ကြီးတယ်။
အဲဒီလို သဘောထားတွေ ဖြစ်လာတယ်။
လူ့ဂုဏ်သိက္ခာတန်ဖိုးဟာ ကျသွားတယ်။
အဲဒီလို လူ့တန်ဖိုးနဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားတဲ့
လူ့အသိုင်းအဝိုင်းမှာ လူတွေဟာ
စိတ်အေးအေးချမ်းချမ်း မနေနိုင်ဘူး။
ဟန်လုပ်ပြီး ဆက်ဆံနေရတဲ့ လူ့အသိုင်းအဝိုင်းမှာ
အဖေါ်စစ်ဆိုတာလည်း ဘယ်မှာ ရှိနိုင်တော့မလဲ။
(ဆရာတော်ဦးဇောတိက- “ဘာကို တန်ဖိုးထားရမလဲ” စာအုပ်မှ)

No comments:
Post a Comment