မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Monday, May 19, 2014
သညာသိမျှဖြင့် ထူးခြားတဲ့အသိ မဖြစ်နိုင်။
ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်ပြီး တကယ်သိတဲ့ ပညာသိဖြင့်သာ ထူးခြားတဲ့ အသိဉာဏ်ကိုဖြစ်စေနိုင်ကြောင်း၊ ကျက်မှတ်ပြီးသိတဲ့ သညာသိမျှဖြင့် အဖန်ဖန် ဆင်ခြင်နေပေမယ်လို့ ထူး
ခြားသော အသိဉာဏ်ကို မဖြစ်စေနိုင်ကြောင်းကိုလည်း လက်တွေ့စမ်းသပ်ကြည့်ရန် အောက်ပါ
အတိုင်း ပြဆို ထားပါသည်။
“ အဘိဓမ္မာဆိုင်ရာ ကျမ်းဂန်များက ပြထားတဲ့အတိုင်း သရုပ်ခွဲပုံကို ကျက်မှတ်ပြီး ဆင်
ခြင်နေရုံမျှဖြင့် ဒီလို ထူးခြားတဲ့ဉာဏ်အမြင် ဖြစ်ပါမည်လား ?။
မူလက ကျက်မှတ်ထားပြီးထက်
ထူးခြားတဲ့ အသိအမြင် ဖြစ်ပါမည်လား ?။ မစဉ်းစား မဆင်ခြင်ဘဲ ပစ်ထားရင်ကျက်မှတ်ပြီးသားတွေတောင် မေ့ပျောက်မသွားပေဘူးလား၊ အဲဒါ ဘာကြောင့်လဲဆိုရင် ကိုယ်တိုင်တွေ့ပြီး
သိတဲ့ ပညာသိ မဟုတ်ဘဲ ကျက်မှတ်ထားတဲ့ သညာသိမျှ ဖြစ်လို့ပဲ ဆိုတာ ထင်ရှားပါတယ်။ ။
{ ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်
မူသော ဓမ္မစကြာတရား တော်မှ ကူးယူရေးသားပူဇော်ပါသည်။ }
ဒီနေရာမှ ပြန်လည်မျှဝေသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment