အာရုံ ဆိုသည်မှာ
••••••••••••••••••
(အာရုံဆိုတာ ဘာလဲ အမေးခံရရင်
သိပေမယ့် မဖြေတတ်ကြဘူး။
ဖြေတတ်အောင် မှတ်ထားကြဖို့ပါ။)
အာရုံဆိုသည်မှာ စိတ် စေတသိက်တို့၏
ကျက်စားရာကို ခေါ်ပါသည်။
အဆင်း အသံ အနံ့ အရသာ အထိ
သဘောတရား စသည်တို့သည် သဘာဝသာ
ဖြင်ကြသည်။
၎င်းတို့ကို စိတ် စေတသိက် တို့ဖြင့်
သိသောအခါမှ အာရုံတို့ ဖြစ်လာကြသည်။
ထိုအခါ...
အဆင်းသည် ရူပါရုံ
အသံသည် သဒ္ဒါရုံ
အနံ့သည် ဂန္ဓာရုံ
အရသာသည် ရသာရုံ
အထိသည် ဖောဋ္ဌဗ္ဗာရုံ
သဘောတရားသည် ဓမ္မာရုံ ဖြစ်လေသည်။
(၁)အာရုံသည် သိရရုံ(သဘောမျှ)
သက်သက်သာ ဖြစ်၏။
(၂)ပုဂ္ဂိုလ် သတ္တဝါ ဒြပ် ဝတ္ထု အစိုင်အခဲ
သဘောမျိုးမရှိ။ (ဒြပ်မဲ့ ဝတ္ထုမဲ့) ဖြစ်၏။
(၃)မှန်မှာ ပုံရိပ်ပေါ်သလို
အကြောင်းတိုက်ဆိုင်မှသာ ဖြစ်ပေါ်၍
အကြောင်းကင်းလျှင် ချုပ်ပျောက်၏။
(အမြဲမရှိ)သော သဘောဖြစ်၏။
(၄)အခိုင်အမာမရှိ၊ အနှစ်သာရမရှိ၊
အမာခံ သဘောမျိုးမရှိ။
(၅)ငါ ငါ့ဥစ္စာ အဖြစ်မှ သုဉ်းဆိတ်သော
(သုညတ) သဘောရှိ၏။
ဒေါက်တာစိုးလွင် (မန္တလေး) ၏
ဝိပဿနာအရုဏ်ဦး စာအုပ်မှ။
အာရုံ၏ သဘောအမှန်ကို နားလည်
သဘောပေါက်နိုင်ကြပါစေ။
(အာရုံကိုသိ မကပ်ငြိ
လွတ်၏ သံသရာ။)
ကျေးဇူးတော်ရှင် ဓမ္မာနုပဿနာ
ပခုက္ကူဆရာတော်ဘုရားကြီး။
ချမ်းမြေ့သာယာခြင်း အစဉ်ရှိကြပါစေ။
လေးနက်သော မေတ္တာများဖြင့်...
ကျက်စားရာကို ခေါ်ပါသည်။
အဆင်း အသံ အနံ့ အရသာ အထိ
သဘောတရား စသည်တို့သည် သဘာဝသာ
ဖြင်ကြသည်။
၎င်းတို့ကို စိတ် စေတသိက် တို့ဖြင့်
သိသောအခါမှ အာရုံတို့ ဖြစ်လာကြသည်။
ထိုအခါ...
အဆင်းသည် ရူပါရုံ
အသံသည် သဒ္ဒါရုံ
အနံ့သည် ဂန္ဓာရုံ
အရသာသည် ရသာရုံ
အထိသည် ဖောဋ္ဌဗ္ဗာရုံ
သဘောတရားသည် ဓမ္မာရုံ ဖြစ်လေသည်။
(၁)အာရုံသည် သိရရုံ(သဘောမျှ)
သက်သက်သာ ဖြစ်၏။
(၂)ပုဂ္ဂိုလ် သတ္တဝါ ဒြပ် ဝတ္ထု အစိုင်အခဲ
သဘောမျိုးမရှိ။ (ဒြပ်မဲ့ ဝတ္ထုမဲ့) ဖြစ်၏။
(၃)မှန်မှာ ပုံရိပ်ပေါ်သလို
အကြောင်းတိုက်ဆိုင်မှသာ ဖြစ်ပေါ်၍
အကြောင်းကင်းလျှင် ချုပ်ပျောက်၏။
(အမြဲမရှိ)သော သဘောဖြစ်၏။
(၄)အခိုင်အမာမရှိ၊ အနှစ်သာရမရှိ၊
အမာခံ သဘောမျိုးမရှိ။
(၅)ငါ ငါ့ဥစ္စာ အဖြစ်မှ သုဉ်းဆိတ်သော
(သုညတ) သဘောရှိ၏။
ဒေါက်တာစိုးလွင် (မန္တလေး) ၏
ဝိပဿနာအရုဏ်ဦး စာအုပ်မှ။
အာရုံ၏ သဘောအမှန်ကို နားလည်
သဘောပေါက်နိုင်ကြပါစေ။
(အာရုံကိုသိ မကပ်ငြိ
လွတ်၏ သံသရာ။)
ကျေးဇူးတော်ရှင် ဓမ္မာနုပဿနာ
ပခုက္ကူဆရာတော်ဘုရားကြီး။
ချမ်းမြေ့သာယာခြင်း အစဉ်ရှိကြပါစေ။
လေးနက်သော မေတ္တာများဖြင့်...
No comments:
Post a Comment