မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Monday, May 19, 2014
ဗြဟ္မာအစားအစာ။
ဗြဟ္မာတို့ကား ရုပ် ၀တ္ထု အဟာရ တစုံတရာကို စားသုံးခြင်းမရှိ၊ ပီတိခေါ် စိတ်၏ နှစ်သက်ငြိမ်းချမ်းမှုဖြင့်သာ တည်နေကြလေသည်။ စားသုံးသော အဟာရက နူးညံ့သောကြောင့်
ဗြဟ္မာတို့၏ ကိုယ်ကာယသည် လွန်စွာ နူးညံ့ သိမ်မွေ့ကြသည်။
ဗြဟ္မာတို့ အစာမစားဘဲ ပီတိဖြင့်သာ နေသည်ဆိုသဖြင့် “ ယုံရခက်ခက် ” ဟု ထင်တတ်ကြ၏။ တရားရှုမှတ်သော ယောကီအချို့သည် တစ်ရက်တွင် ထမင်း လေး ငါးလုပ်မျှသာ စားသော်လည်း ဆာလောင်မွတ်သိပ်မှု မရှိခြင်း၊ နှစ်ည၊ သုံးည မအိပ်စက်ရသော်လည်းကြည်ကြည်လင်လင် ရှိနေခြင်းတို့ကို ကြုံတွေ့ရတတ်သည်။ ယင်းတို့ကို ထောက်ဆပြီး ဗြဟ္မာ
တို့၏ အဖြစ်ကို ယုံကြည်နိုင်ကြပေသည်။
အကယ်၍ ယုံကြည်ရန် အခက်အခဲရှိပါက မြတ်ဗုဒ္ဓ၏
ဝိပဿနာတရားကို သမာဓိထူး အာရုံနမိတ်ထူး ဉာဏ်အထူးပေါ်သည်အထိ အားထုတ်ကြည့်
သင့်ကြပေသည်။ သို့မှသာ မြတ်ဗုဒ္ဓ၀ါဒဆိုင်ရာ အချို့အချက်များကို လက်ခံယုံကြည်နိုင်ကြမည် ဖြစ်သည်။
နတ်ပြည်တွင် နတ်သား နတ်သမီး လိင်ကွဲပြားချက် ရှိ၏။ လူများကဲ့သို့ ချစ်ကြိုက်မှုပြုကြ၏။ ဗြဟ္မာ့ပြည်၌မူ ဗြဟ္မာထီး ဗြဟ္မာမ မရှိချေ။ အားလုံး ယောက်ျားသဏ္ဍန်များသာ ဖြစ်
ကြသည်။ ကာမဂုဏ်စိတ်ဓာတ်လည်း လုံးဝ မရှိကြပေ။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
တစ်ယောက်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
http://www.damanady.tk/2014/05/blog-post_4662.html
Subscribe to:
Post Comments (Atom)
No comments:
Post a Comment