
“ဈေးရောင်းသူရှိရမည့်် အင်္ဂင်္ါ”
••••••••••••••••••••••
ဈေးရောင်းသူသည်-
၁။ ပညာမျက်စေ့ ရှိရမည်။
(မည်သည့် ကုန်သည်၊ မည်သည့်အချိန် ဈေးကျပြီး၊
မည်သည့်အချိန်ဈေးတက်သည် စသည်ကို သိသောပညာ)။
၂။ လုံ့လဝီရိယ ရှိရမည်။
(ဥပမာ- ငါးပိကောင်း ရောင်းလိုသူသည်
ဧရာဝတီတိုင်းမှလည်း ဝယ်နိုင်သလို၊
တနင်္သာရီတိုင်း မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်တို့မှလည်း
ဝယ်ယူနိုင်သည်။
မြိတ်ငါးပိကို ဝယ်ရောင်း နိုင်လျှင် ပို၍တွင် ကျယ်နိုင်သည်၊
သယ်ယူပို့ဆောင်မှု ဝေးသော်လည်း အပင်ပန်းခံ၍
သယ်ယူ ခြင်းမျိုးကို လုံ့လဝီရိယရှိခြင်း ဟုဆိုနိုင်၏)။
၃။ အမှီသဟဲ မိတ်ဆွေကောင်း ရှိရမည်။
၎။ နံနက် စောစောထ၍ ရောင်းရမည်။
(စောစော ဈေးဝယ်လိုသူများ သည် စောစောထွက်သော
ဆိုင်တွင်သာ ဝယ်တတ်၍ ဤအချက်ကို ဟောခြင်း ဖြစ်၏)။
၅။ နေ့လည်ခင်းတွင်လည်း ဂရုတစိုက်ရောင်းရမည်။
(ပျင်းရိသောဈေး သည်များသည် နေ့လည်နေ့ခင်းတွင်
တော်ရာသို့ လျှောက်လည်နေတတ်သည်။
ထိုအချိန်မျိုး ဝယ်သူများသည် ရောင်းသူအသင့်
ရှိသောဆိုင်တွင်သာ ဝယ်တတ်၍ ဤအချက်ကို
ထည့်ဟောခြင်း ဖြစ်၏။)
၆။ ညမိုးချုပ်သည်အထိ ရောင်းခြင်း။
(နောက်ကျမှ အလုပ်ပြန်ရသော သူများသည် မိုးချုပ်မှ
ဈေးဝယ်တတ်ကြ၏။ ထိုအခါမျိုးတွင် မိုးချုပ်သည်အထိ
ဖွင့်ထားသောဆိုင်တွင်သာ ဝယ်ကြ၍ ဤအချက်ကို
ထည့်ဟောခြင်း ဖြစ်၏။)
- (အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်၊
ပဌမပါပဏိကသုတ်နှင့် ဒုတိယပါပဏိကသုတ်)
“ဥဋ္ဌာနသမ္ပဒါ အင်္ဂါ” ငါးချက်အနက် နောက်ဆုံးနှစ်ချက်မှာလည်း
ကြီးပွားချမ်းသာရေးတွင် အရေးကြီးဆုံးနေရာမှ ပါဝင်၏။
ထိုနှစ်ချက်မှာ “ကိုယ်တိုင် ကိုယ်ကျ ဦးစီးဦးဆောင်၍ ပြုလုပ်ခြင်း၊
ကိုယ်တိုင် စီမံညွှန်ကြား ပေးခြင်း” ဖြစ်၏။
【အရှင်ဇဝန-မေတ္တာရှင်(ရွှေပြည်သာ)၏
“မေတ္တာဖြင့်စီးပွါးရှာခြင်း” မှ-】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment