/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Wednesday, February 19, 2014

*** ဘုရားကျောင်းတော် စေတီပေါ်သို့ မိန်းမများ မ၀င်ကောင်း မထိကောင်း ရှိမခိုးကောင်းဘူးလား ***



“ဘုရားကျောင်းတော် စေတီပေါ်သို့ မိန်းမများ မ၀င်ကောင်း မထိကောင်း ရှိမခိုးကောင်းဘူးလား”
ဒကာ။ ။ ခုခေတ်ကာလ အချို့သော ဘုရားလူကြီးတွေက ဤစေတီတော်က တန်ခိုးကြီးသည် နတ်ကြီးသည်

ဒါကြောင့် ဤစေတီအနီးသို့ မိန်းမများ ချဉ်းကပ်ထိကိုင်လျက် ရှိခိုးဦးတိုက်ခြင်းမပြုရ၊ ပြုလုပ်လျှင် လေကြီးမိုးကြီးကျလိမ့်မည်၊ ကျားတို့ ဆင်တို့ ထလိမ့်မည်ဟု ခြိမ်းခြောက်တားမြစ်ကြပါသည်၊ ပုံပမာ ကျိုက်ထီးရိုးစေတီတို့လို ဟာမျိုး။

အချို့သော ဂေါပကလူကြီးတွေကလည်း ဤဘုရားသခင် သီတင်းသုံးနေထိုင်တော်မူရာ ဂန္ဓကုဋီကျောင်းတော်သို့ မိန်းမများ မတက်ရ၊ မဝင်ရ၊ ဆွမ်းတော်ပန်းတော်ကပ်ခြင်း တံမြက်စည်းလှည်းခြင်း ပွတ်တိုက်သန့်ရှင်းခြင်း ရှိခိုးဦးတိုက်ခြင်း မပြုရ၊ ပြုလုပ်လျှင် ပင်လယ်လှိုင်း ဝဲဂယက်ကြီးက ဆူပွက်မျိုဝါး၍ သွားလိမ့်မည်ဟု ခြိမ်းခြောက်တားမြစ်ကြသောကြောင်း အဝေးကြီးကနေပြီး ဖူးမြော်ရှိခိုးကြရပါသည်၊ ပုံပမာ ကျိုက္ခမီမြတ်ဘုရားလို ဟာမျိုး။


ဘုရားဟော ပိဋကတ်တော်မှာ သည်လိုတားမြစ်ချက်တွေများရှိပါသလား ဆရာတော်၊ မိန်းမများအတွက် သက်သက် စိတ်နှလုံး မကြည်စရာ ဖြစ်နေပါ၍ ပိဋကတ်တော် အထောက်အထားနဲ့ လူအများတို့ နားလည်အောင် တားမြစ်ပုံ ခွင့်ပြုပုံများ ရှိ မရှိ အဆုံးအဖြတ်များ ပေးသနားတော်မူပါဘုရား။

ဆရာ။ ။ အင်း….မြတ်စွာဘုရားသခင်ဟာ မဟာကရုဏာရှင်ကြီး ဖြစ်တော်မူတယ်၊ သတ္တဝါအများကို သနားကြင်နာတဲ့ နေရာမှာ ယောက်ျားရယ်၊ မိန်းမရယ်လို့ ခွဲခြားနိမ့်မြင့်မှု မပြု မထားပါဘူး၊ တသားတည်းပဲ ထားတော်မူပါတယ် ဒကာကြီးတို့ရယ်။


သာသနာတော်အတွင်းမှာ အမျိုးသားယောက်ျားတွေ ရှင်သာမဏေဘ၀ ရှင်ရဟန်းအဖြစ် ရယူကာ နိဗ္ဗာန် မဂ် ဖိုလ် တရားမြတ် ခံစားနိုင်သလို အမျိုးသမီး မိန်းမတွေလည်း သာမဏေမအဖြစ် ရဟန်းမအဖြစ် ရယူကြလျက် နိဗ္ဗာန် မဂ် ဖိုလ် တက်ရောက်နိုင်ခွင့် ရှိတာပဲဟာ ဉာဏ်ဆင်ခြင်ကြည့်ပေါ့။

ကျိုက်ထီးရိုးစေတီဘက် မိန်းမများ တက်ကောင်းသလော

ကျိုက်ထီးရိုးစေတီတော်ဘက်ကို မိန်းမများ မကူးမတက်ရတဲ့ ကိစ္စနဲ့စပ်၍ မိမိရဟန်း တဝါရသော ၁၂၈၈ ခု ပြာသိုလပြည့် (၁၇-၁-၁၉၂၇) ခုနှစ်၌ ကျိုက်ထီးရိုးတောင်တော် အုပ်ချုပ်နေသော ဆရာတော်ဦးအာဒိစ္စနဲ့ ရင်းနှီးစွာ ဆွေးနွေးမေးမြန်းဖူးပါတယ်။


 ဆရာတော်ဦးအာဒိစ္စ က…..
ကျိုက်ထီးရိုးစေတီတော်ဘက်ကို အမျိုးသမီးများ ကူးပြီး ကျောက်လုံးတော်ကြီးအား တွန်းလှုပ်ခြင်း၊ နဖူးဖြင့်တိုက်ပွတ်၍ ရှိခိုးခြင်း စသည်တို့ ပြုလုပ်ပူဇော်တာရယ်လို့တော့ မရှိဖူးသလောက်ပါဘဲတဲ့၊ ဒါ့ကြောင့် မိုးမုန်တိုင်းကြီးကျရောက်ခြင်း၊ ကျား ဆင်တို့ ထကြွခြင်း ဆိုတာလည်း တခါမှ မဖြစ်သေးပါဘူးတဲ့။


မိန်းမတွေ သံတံတားကနေပြီး စေတီဘက်ကို မကူးမတက်ရတာကတော့ စေတီယင်ပြင်က ကျဉ်းတယ်၊ အကာအရံလည်း မရှိတဲ့အတွက် အားငယ်၍ ကြောက်တတ်သော သတ္တိနည်းတဲ့ အမျိုးသမီးများနဲ့ မသင့်လျော်လို့ မူးမော်ခြင်း၊ လိမ့်ကျခြင်း၊ အန္တရာယ်များကြောင့် တားမြစ်တာပဲ ဖြစ်ပါတယ်တဲ့။
အမျိုးသမီးတွေ စေတီတော်၏ ခြေတော်ရင်းအထိ လာရောက်ရှိခိုး ပူဇော်တာကို နတ်များက မကြိုက်လို့ တားမြစ်ခြင်း မဟုတ်ပါဘူးလို့ ဖြေကြားသွားဖူးပါတယ်။


ဒကာ။ ။ ဒီလိုဆိုရင် သတ္တိရှိတဲ့ အမျိုးသမီးများ တက်ရောက် ရှိခိုးနိုင် တာပေါ့၊ ကျောက်လုံးတော်ကြီးကိုလည်း ကိုယ်တိုင်တွန်းလှုပ်ကြည့်ရှု ဖူးမြော်နိုင်တာပေါ့ ဆရာတော်။


ဆရာ။ ။ ဟုတ်တာပေါ့၊ ဘုရားစေတီ ပုထိုးတော်တို့ကို ရှိခိုးပူဇော် ဖူးမြော် ကြည်ညိုလို့ နတ်မကြိုက်ဘူး၊ ကျားကိုက်တယ်၊ ဆင်နင်းတယ်၊ မုန်တိုင်းကျတယ် ဆိုတာ တိတ္ထိတက္ကတွန်းတို့ရဲ့ စကားပဲဟာ၊ ယုတ္တိမရှိတာ မတားမြစ်ကောင်းဘူး၊ အလွန်အပြစ်ကြီးတယ်၊ ကုသိုလ်ကောင်းမှုလုပ်လျှင် ကောင်းကျိုးချမ်းသာ ရမှာပေါ့။
အမှန်ကတော့ ဘုရားရှင်ရဲ့ ဂုဏ်တော်မြတ်၌ အမျိုးသမီးတွေဟာ ယုံကြည်မှု သဒ္ဓါဓာတ် အားနည်းလို့ သူတို့ဘာသာ လန့်ကြောက်ကာ မသွားဝံ့တာသာ ဖြစ်တယ်။


 ဂေါပကလူကြီးတွေရဲ့ အပြစ်မဟုတ်ပါဘူး၊ မိန်းမတွေ ကျိုက်ထီးရိုးစေတီတော်ရဲ့ ခြေတော်ရင်းအထိ မသွားကောင်းဘူးဆိုတဲ့ ဒိဋ္ဌိဆန်ဆန် အယူသည်းတဲ့ သမိုင်းဆရာကြီးတွေရဲ့ သမိုင်းစာ အမှားကြီးက ကြာရှည်လာတော့ အဲဒီအမှားစကားကိုပဲ အမှန်ထင်နေကြလို့ပါ၊ အမှားကြာတော့ အမှန်ထင်ဆိုတာ အဲဒါမျိုးပဲ ဒကာကြီးတို့ရ။

ကျိုက္ခမီဘုရားတန်ဆောင်းပေါ် မိန်းမများ တက်ကောင်းသလော

ဒကာ။ ။ ကျိုက်ထီးရိုးစေတီတော်မြတ်အကြောင်းကိုတော့ သိရပါပြီ ဆရာတော်၊ ကျိုက္ခမီ မြတ်စွာဘုရားသခင် ဆင်းတုတော်ရှိရာ ဂန္ဓကုဋီကျောင်း တန်ဆောင်းထဲသို့ မိန်းမများ သီလရှင်များ မတက်ရ၊ မဝင်ရ၊ ဝင်တက်ဖူးမြော်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် စသည်ဖြင့် ခြိမ်းခြောက်ပြောဆို တားမြစ်ကြတာကိုကော ဂေါပကလူကြီးများနဲ့ ဆွေးနွေးဖူးပါသလား ဘုရား။


ဆရာ။ ။ အင်း…သူဌေးကြီး ဆာဦးသွင်နဲ့ ဆွေးနွေးဖူးပါတယ်၊ သူဌေးကြီး ဆာဦးသွင်က သူကတော့ သူများရဲ့ ကုသိုလ်ရရေး ကောင်းကျိုးချမ်းသာကို မတားမြစ်ဝံ့ပါဘူးတဲ့၊ သမိုင်းဆရာတွေက ရေးသားတားမြစ်ခဲ့တဲ့ အစဉ်အလာရှိနေလို့ မိန်းမတွေ မတက်ဝံ့တာပါတဲ့၊ မိန်းမတွေ တက်ရောက်ဖူးမြော်ရင် ဝဲဂယက်ကြီးတွေ ဆူပွက်မျိုဝါးသွားမယ် ဆိုတာကိုလည်း သူမယုံကြည်ပါဘူးတဲ့၊ (ပုညံဝ သုခံ ဇနေတိ) ကုသိုလ်ကောင်းမှု ပြုလုပ်သူဟာ ကောင်းကျိုးချမ်းသာကို ရလိမ့်မယ်လို့သာ သူယုံကြည်ပါတယ်တဲ့၊ မိန်းမတွေ ဘုရားတန်ဆောင်းထဲ မတက်ဝံ့ မဝင်ဝံ့ဘူးဆိုလို့ သူတို့ ဖူးမြော်ရှိခိုးနိုင်ရန် အာရုံခံတိုက်ကလေးတလုံးကိုတောင် ဒကာကြီးက သပ်သပ်သီးခြား ဆောက်လုပ်လှူဒါန်းထားပေးရပါသေးတယ်တဲ့၊ ကဲ…အဲဒါ သူဌေးကြီး ဆာဦးသွင်ရဲ့ သဘောထားပါပဲ။


သူ့ရဲ့ဆိုလိုရင်းက မိန်းမတွေ မတက်ဝံ့ မဝင်ဝံ့လို့သာပါတဲ့၊ တက်ဝံ့ ဝင်ဝံ့ရင် ကုသိုလ်ကောင်းကျိုးတရားတွေ ပိုမိုတိုးပွားပြီး လာကြမှာပဲလို့ ဆိုလိုတယ်။
ဒကာ။ ။ မိန်းမသားများက အားနည်းတဲ့ ပင်ကို ရိုးစွဲဉာဉ်က ပါနေတော့ကာ သမိုင်းဆရာတွေ ခြောက်လှန့်ရေးသားထားတဲ့အတိုင်း ကြောက်လန့်ကြတာပေါ့ ဆရာတော်။


ဘုရား တရားကို ယုံကြည်လေးစား အားထားတဲ့ အာဇာနည် အမျိုးသမီးတယောက်က စ တင်ပြီး တက်ရောက် ပူဇော်ပြလိုက်ရင် နောက်လိုက် အမျိုးသမီးတွေ အစဉ်အဆက် ချမ်းသာကြမှာပဲ၊ သာသနာတော် ကြည်ညိုလေးစားတဲ့ စံပြ အာဇာနည် အမျိုးသမီးများပေါ်ထွန်းကာ အမှန်တရားပြစွမ်းနိုင်ပါစေလို့ ပတ္ထနာပြုလိုက်ပါတယ် ဘုရား။

***သုတေသနသမ္မာမဂ္ဂင်္ဂပဥှာကျမ်း***


http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:328898

No comments:

Post a Comment