လူတစ်ယော်ရဲ့ တန်ဖိုးကို ရာထူး၊ ဂုဏ်၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံ၊ တွေနဲ့  တိုင်းတာကြသလို
သီလ၊ သမာဓိ၊ ပညာ၊ ဆိုတဲ့ သိက္ခာသုံးပါးနဲ့ လဲ တိုင်းတာကြပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့ ၏ နောက်ဆုံး
ပန်းတိုင် နိဗ္ဗာန်ဆီသို့  သီလ၊ သမာဓိ၊ ပညာ၊ ဖြင့်သာ ရောက်နိုင်ပါသည်။ သီလ၊ သမာဓိ၊ ပညာ၊ ဆိုတဲ့ သိက္ခာသုံးပါးနဲ့ လဲ တိုင်းတာကြပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့ ၏ နောက်ဆုံး
လူ့ ဘ၀ သက်တမ်းကို ယခုအချိန်တွင် ယေဘူယျ အားဖြင့် ၇၅ နှစ် သပ်မှတ်သည်ဆိုလျှင် အသက် ၆၀ ရှိတဲ့သူဆိုလျှင်
၁၅ နှစ်ဘဲ နေခွင့်ရတော့မှာပါ။ ကျန်နေတဲ့အချိန်ဟာ ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။ ဒီအချိန်ဟာ သူတစ်ပါး
ကောင်းတာမကောင်းကို ဝေဖန်နေရမဲ့ အချိန်အရွယ် မဟုတ်တော့ပါဘူး။
ကိုယ်ကောင်းအောင်ဘဲ နေရမဲ့ အချိန်အရွယ်
ဖြစ်နေပါပြီ။ ဆိုလိုတာက သူတစ်ပါး ကောင်းတာ မကောင်းတာထက်၊ နေရမဲ့ အချိန်လေးမှာ ကိုယ်ကောင်းအောင် နေဖို့ အဓိ
ကပါ။ ဘ၀အတွက် အကျိုးရှိမဲ့ အပြစ်ကင်းတဲ့ ပြုမှူ၊ ပြောဆို၊ နေထိုင်၊ ကြံစဉ်၊ စဉ်းစား၊ တွေးတော၊ စားသောက်၊ ရပါမယ်။

သံဝေဂဖြစ်ဖွယ် ဥဒယဘဒ္ဒ ဇတ်ကို ပြောရရင်=တစ်ခုသော ညတစ်ညမှာ ဥဒယဘဒ္ဒ မင်းသမီးဟာ ပြသာဒ်ထက် တိုက်
ခန်းမှာ နေနေပါတယ်။ အဲဒီအချိန်မှာ လုလင်ပျိုတစ်ယောက်ဟာ ရွှေခွက်နဲ့  ရွှေအပြည့်ထည့်ပြီး ရောက်လာပြီး မင်းသမီးကို
လူပျိုစကား စပြောပါတယ်။
"ငါကနတ်သားတစ်ယောက်ပါ ၊ သင်က ငါ့ကို ချစ်တယ်ဆိုရင် ပါလာတဲ့ ရွှေခွက်နဲ့  ရွှေအပြည့်
ပေးပါ့မယ်။" ဒီတော့ မင်းသမီးက "သင်ဟာ နတ်သားမကလို့  ဘာဘဲ ဖြစ်နေဖြစ်နေ ကွယ်လွန်သွားတဲ့ ကျမခင်ပွန်းဟောင်း
မင်းသားမှတစ်ပါး ဘယ်သူ့ ကိုမှ မမြတ်နိုးဘူး။ သင်ပြန်ပါတော့" လို့  နှင်လွှတ်လိုက်ပါတယ်။
ပေးပါ့မယ်။" ဒီတော့ မင်းသမီးက "သင်ဟာ နတ်သားမကလို့  ဘာဘဲ ဖြစ်နေဖြစ်နေ ကွယ်လွန်သွားတဲ့ ကျမခင်ပွန်းဟောင်း
မင်းသားမှတစ်ပါး ဘယ်သူ့ ကိုမှ မမြတ်နိုးဘူး။ သင်ပြန်ပါတော့" လို့  နှင်လွှတ်လိုက်ပါတယ်။
ဒုတိယ ညကျတော့ လုလင်ပျို နတ်သားက ငွေခွက်နဲ့  ရောက်လာပြန်ပါတယ်။ ဒါပေမဲ့ မင်းသမီးက ချက်ချင်းဘဲ ပြန်
လွှတ်ပါတယ်။ တတိယ ညကျတော့ ကြေးခွက်နဲ့  ချစ်ရေးဆိုလာ ပြန်ပါတယ်။
ဒီမှာတင် မင်းသမီးက စဉ်းစားပြီး လုလင်ကို
ပြန်မေးကြည့်ပါတယ်။ "အသင်ယောက်ျား...ယောက်ျားတွေဟာ မိန်းမကို ချစ်ရေးဆိုရင် ပစ္စည်းဥစ္စာကို တိုးပြီးတိုးပြီး
ပေးကြတယ်။ သင်က ဘာဖြစ်လို့  တစ်နေ့ ထက်တစ်နေ့  လျှော့ လျှော့ပေးရတာလဲ။" လို့ မေးပါတယ်။
ပြန်မေးကြည့်ပါတယ်။ "အသင်ယောက်ျား...ယောက်ျားတွေဟာ မိန်းမကို ချစ်ရေးဆိုရင် ပစ္စည်းဥစ္စာကို တိုးပြီးတိုးပြီး
ပေးကြတယ်။ သင်က ဘာဖြစ်လို့  တစ်နေ့ ထက်တစ်နေ့  လျှော့ လျှော့ပေးရတာလဲ။" လို့ မေးပါတယ်။
ဒီတော့ လုလင်ပျိုကလည်း ပြန်ဖြေပါတယ်။" မင်းသမီးရဲ့  အသက်နဲ့  ရုပ်ရည်အဆင်းက တစ်နေ့ ထက်တစ်နေ့  လျှော့
လျှော့ အိုလာတာဘဲ။
လျှော့ အိုလာတာဘဲ။
ဒါကြောင့် ငါကပစ္စည်းကို လျှော့ လျှော့ပေးတာပါ။ မင်းသမီးရယ်၊ တစ်ရက်တစ်ည ကုန်လွန်တာကို
ထားပါဦး။ အသင့်ကို ငါကြည့်နေဆဲ မှာပဲ သင့်ရဲ့ ရုပ်ရည် အဆင်းတွေက တစ်ဖြုတ်ဖြုတ်နဲ့  အို အို လာနေပြီ၊ တစ်နေ့ ထက်
တစ်နေ့  ပျို ပျို လာတာမှ မဟုတ်တာ။" လို့ ရှင်းပြလိုက် ပါတယ်။
ထားပါဦး။ အသင့်ကို ငါကြည့်နေဆဲ မှာပဲ သင့်ရဲ့ ရုပ်ရည် အဆင်းတွေက တစ်ဖြုတ်ဖြုတ်နဲ့  အို အို လာနေပြီ၊ တစ်နေ့ ထက်
တစ်နေ့  ပျို ပျို လာတာမှ မဟုတ်တာ။" လို့ ရှင်းပြလိုက် ပါတယ်။
လူတစ်ယောက်ဟာ တစ်ရက်ကုန်သွားတာနဲ့  သေဖို့ တစ်ရက် နီး နီး သွားတာပါ။ သေဖို့ တစ်ရက် နီးသွားတာနဲ့  ကု
သိုလ်ပြုဖို့  အခွင့်အရေး တစ်ရက်လျှော့သွား တာပါ။ တစ်ရက်ကုန်သွားတာနဲ့  အို အို သွားတာပါ။
ဒီတရားသဘောကို အခြေ
ခံပြီး ဆရာတော်ကြီးတွေက "တစ်ရက်ကုန်ပြန်၊ ငါ့ရုပ်နာမ်၊ သေရန်တစ်ရက် နီးလာပြီ။" လို့ သတိပေးထား ကြပါတယ်။
ဒါကို အမြဲတမ်း သတိရနေရင် တစ်နေ့ တာ ကုသိုလ်ပြုဖို့ ကိုပဲ ကြံစဉ် အားထုတ်တော့မှာပါ။ ဘယ်အသက်အရွယ်ပဲ ရောက်
နေရောက်နေ ကျန်ရှိနေတဲ့ သက်တမ်းကို အကျိုးရှိအောင် ဘယ်လိုနေမှာလဲ။ ?

မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင် ကြိုးစားပြီး၊ ဖြစ်ပြီးသား အကုသိုလ်တွေ ချက်ချင်းရပ်ပြီး ပယ်ထုတ်နိုင်ရ
မယ်။ ကိုယ် သတိအားကောင်းရင် သတိပဌာန် နည်းနဲ့ အားထုတ်ပါ။ ကိုယ် ၀ိရိယအားကောင်ရင် သမပဌာန် နည်းနဲ့ အား
ထုတ်ပါ။ သဒ္ဓါအားကောင်းရင် အနုဿတိနည်းနဲ့  အားထုတ်ပါ။
သီလယူ၊ ဂုဏ်တော်ပွား၊ မေတ္တာပို့ ၊ တာကအစ ကုသိုလ်
ဖြစ်နေတာပါဘဲ။ ဘုရားရှိခိုး၊ ဆွမ်းတော်ကပ်၊ ပန်း၊ ဆီမီး၊ ရေချမ်း၊ ကပ်လှူခြင်းတွေလဲ၊ ကုသိုလ်ရနေတာပါ။ အချိန်ကိုအ
ကျိုးစေခြင်းဖြင့် ဘ၀သက်တမ်း တစ်ခုအောင်မြင်နိုင်စေလို့  တိုက်တွန်းလိုက်လိုက်ရပါတယ်။ ။ ။
ဖြစ်နေတာပါဘဲ။ ဘုရားရှိခိုး၊ ဆွမ်းတော်ကပ်၊ ပန်း၊ ဆီမီး၊ ရေချမ်း၊ ကပ်လှူခြင်းတွေလဲ၊ ကုသိုလ်ရနေတာပါ။ အချိန်ကိုအ
ကျိုးစေခြင်းဖြင့် ဘ၀သက်တမ်း တစ်ခုအောင်မြင်နိုင်စေလို့  တိုက်တွန်းလိုက်လိုက်ရပါတယ်။ ။ ။
{၁၃၇၀-ခုနှစ် ၀ါဆိုလပြည့်ကျော် ၁၃ ရက်၊ မှော်ဘီမြို့၌ အရှင်ဆေကိန္ဒ ဟောကြားသော"နေစဉ်အလုပ်-နေ့ စဉ်လုပ်" /
ရဝေနွယ်(အင်းဝ)၏"ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမှာလဲ" တို့ မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။}
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
“ဆုတောင်း၍ မရ”
===========
ဆုတောင်းမရ၊ ကျင့်ကြံက
ရမည် ဧကန်သာ။
ကျမ်းကိုမချင့်၊ ရမ်း၍ကျင့်
အခွင့် မရောက်ပါ။
နည်းလမ်းသိမှ၊ ကျင့်လိုက်က
ခဏ မဂ်ဆိုက်မှာ။ ။
{ဓမ္မစေတီ ဆရာတော် }
No comments:
Post a Comment