/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Monday, January 20, 2014

**ဗုဒ္ဓ** အပိုင်း(၆)

Photo: **ဗုဒ္ဓ**
******
အပိုင်း(၆)
----------
(ဃ)ဗုဒ္ဓနှင့် လောကီလူသား…
------------------------------
ဗုဒ္ဓထင်ရှားရှိစဉ်က ဗုဒ္ဓကို အလွန်ကြည်ညို၍ ဆည်းကပ်ကိုးကွယ်သော်လည်း ဗုဒ္ဓတရားကို ကောင်းစွာ မသိနားမလည်သောသူ အတော်များများရှိခဲ့ပေမည်။ တစ်ခါသော် ပရိဗိုဇ်တို့က အနာထပိဏ်သူဋ္ဌေးအား ဗုဒ္ဓဓမ္မအကြောင်း မေးမြန်းရာ သူဋ္ဌေးကြီးက ဘုရားရှင်၏ အလုံးစုံသောအယူကို မိမိမသိပါဟု ဝန်ခံ၏ (အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် ကိံ ဒိဋ္ဌိကသုတ်)။ စင်စစ်သူဋ္ဌေးကြီးသည် သေခါနီး မကျန်းမမာ ဖြစ်သောအခါကျမှ မဂ်ဖိုလ် နိဗ္ဗာန်တရားကို အရှင်သာရိပုတ္တရာထံမှ ကြားနာရ၏။ တရားနာပြီးသော် သူဋ္ဌေးကြီးက မိမိသည် ထိုသိုသောတရားစကားကို ရှေးကမကြားနာခဲ့ရသဖြင့် ဝမ်းနည်းမိပါကြောင်း လျှောက်၏။ အရှင်သာရိပုတ္တရာက ထိုတရားမျိုးကို ရဟန်းတို့သာလျှင် နားလည်နိုင်ကြောင်း မိန့်ကြားရာ သူဋ္ဌေးကြီးက ပညာဥာဏ်ရင့်ကျက်သော လူပုဂ္ဂိုလ်တို့အားလည်း ဟောကြားသင့်ပါကြောင်း ပြန်လည်လျှောက်ထား၏။ (မဇ္ဈိမနိကာယ် အနာထပိဏ္ဍိကောဝါဒသုတ်)။ ဗုဒ္ဓ၏ အမြင်အားဖြင့် ကျွတ်ထိုက်သော (ဝါ) ကိလေသာမြူနည်းပါး၍ အသိဥာဏ်ရင့်ကျက်သော သူများတွင် ရဟန်းတို့အပြင် လူပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း ယုံမှားစရာ မရှိချေ။ တစ်နည်းဆိုသော် ဗုဒ္ဓ၏ အရိယာကျင့်စဉ်၌ အဝတ်တန်ဆာ အသွင်အပြင်နှင့် အမည်ဝေါဟာရတို့မှာ အရေးမပါလှဘဲ သီလ ပညာ ဝီရိယ စသည်တို့သာလျှင် ပဓာနဖြစ်၏။ လူဖြစ်စေ ရဟန်းဖြစ်စေ ကောင်းမြတ်သော အကျင့်ရှိမှသာ ငါဘုရားချီးမွမ်း၏။ (အင်္ဂုတ္တရနိကာယ် ဒုကနိပါတ် မိစ္ဆာပဋိပတ္တိသုတ်)။ ရဟန်းဘဝနှင့် လူ့ဘဝတွင် မည်သည့်ဘဝက ပိုမိုကောင်းမွန်ပါသနည်းဟု ဗြာဟ္မဏတစ်ဦးကမေးသောအခါ ဗုဒ္ဓက တစ်ဖက်သတ် လှေနံဓားထစ် မိမိမပြောလိုကြောင်း လူပင်ဖြစ်စေ ကုသိုလ်တရား ပွားများအားထုတ်ပါက ဘဝမြင့်မြတ်ကြောင်း မိန့်ကြား၏။ (မဇ္ဈိမနိကာယ် သုဘသုတ်)။ သမဏဗြာဟ္မဏ ဘိက္ခုစသည်တို့မှာ စင်စစ် ဝေါဟာရပညတ်များသာ ဖြစ်ကြောင်း ရှင်းလင်းပြတ်သားသော  မိန့်ကြားချက်မှာ ဓမ္မပဒ ပါဠိတော်တစ်ပုဒ်ဖြစ်၏။ အကြင်သူသည် ကိလေသာငြိမ်း၏။ ဣနြေ္ဒကို ဆုံးမပြီးဖြစ်၏။ မဂ်လေးပါးဖြင့် မြဲ၏။ အလုံးစုံသော သတ္တဝါတို့၌ လက်နက်ပယ်ချထားပြီးဖြစ်၍ မေတ္တာဖြင့် အညီအမျှကျင့်၏။ ထိုသူသည် အဝတ်တန်ဆာ ဆင်စေကာမူ မကောင်းမှုမှအပ ပြုသူဗြာဟ္မဏမည်၏။ ကိလေသာငြိမ်းပြီးသူ သမဏမည်၏။ ကိလေသာ ဖျက်ဆီးသူ ဘိက္ခုမည်၏။ (ဓမ္မပဒ ဂါထာ ၁၄၂)။ ဤပါဠိတော်ကို ကိုးကားလျက် ဥတ္တရာပါထကမည်သော ရှေးဗုဒ္ဓဝါဒီဂိုဏ်းက လူပုဂ္ဂိုလ်အဖြစ်ဖြင့် နိဗ္ဗာန်ရရှိနိုင်သည်ဟု ယူဆကြောင်း ကထာဝတ္ထုအဋ္ဌကထာ၌ ပြဆိုထား၏။ ဗုဒ္ဓလက်ထက်က ရဟန်းမပြုဘဲ နိဗ္ဗာန်မျက်မှောက် ပြုခဲ့သော  လူပုဂ္ဂိုလ်များအကြောင်း ပိဋကတ် အထောက်အထားကို နိဗ္ဗာန် အခန်း၌ ဖော်ပြပါအံ့။ မည်သို့ဖြစ်စေ ဗုဒ္ဓလက်ထက်က လူတို့သည် အားလုံး ဒါန သီလ တရားများဖြင့်သာ ကျေနပ်၍ နတ်ပြည် ဗြဟ္မာပြည်ကို မြော်မှန်းနေကြသူများ မဟုတ်ချေ။ ဘိက္ခဝေရဟန်းတို့ဟု အစချီသော သုတ္တန်ဒေသနာများကို ကြားနာသော ပရိတ်သတ်တွင် လူတို့ အတော်များများပါရှိမည် အမှန်ဖြစ်၏။ ထို့ကြောင့် အကယ်၍ ဥပါသကာတစ်ဦးသည် အရေးပါထင်ရှားသော သုတ္တန်များကို ရွတ်အံ့နေသောအခါ မိမိတို့အား ပင့်ဖိတ်ပါက ရဟန်းတို့သည် ဝါတွင်းပင်ဖြစ်စေ သွားရောက်ကြားနာရမည်ဟု ဝိနည်းမဟာဝါ ပါဠိတော်၌လာ၏။ ထိုခေတ်က စိတ္တသူကြွယ် မဟာနာမ်မင်းသား မလ္လိကာမိဖုရား အစရှိသော အချို့ဥပါသကာ ဥပါသိကာမတို့သည် အချို့ရဟန်းတို့ထက် ပို၍ ဗုဒ္ဓတရားကို ကောင်းစွာ သိမြင်နားလည်ကြ၏။ ဝိသာခါနှင့် ဓမ္မဒိန္နာထေရီတို့ ဆွေးနွေးသောတရားများ မဟာနာမ်မင်းသားအား ဗုဒ္ဓဟောကြားသော တရားများမှာ အထူးလေးနက်၍ ပိဋကတ်၌ ပြဆိုထား၏။ ပရိဗိုဇ်တစ်ဦးက ဗုဒ္ဓအား လူဖြစ်သော ဖြူသောအဝတ်ကို ဝတ်ကုန်သော မြတ်သောအကျင့်ကို ကျင့်ကုန်သော သူတို့တွင် အောက်ကာမဘုံအဖို့ဖြစ်သော သံယောဇဉ်ငါးပါးကို  အကြွင်းမဲ့ ပယ်ဖြတ်ခြင်းကြောင့်  ဗြဟ္မာ့ပြည်၌ ပရိနိဗ္ဗာန်ပြုလတ္တံ့သော တစ်ယောက်သော ဥပါသကာ ဥပါသိကာမသည် ရှိပါသလော ဟုမေးရာ ဗုဒ္ဓက ငါ၏တပည့် ယောက်ျားမိန်းမများတွင် ထိုကဲ့သို့သောသူမျိုးမှာ တစ်ရာမက ငါးရာလည်းမက မြောက်များစွာ ရှိကြပေသည် ဟုမိန့်ကြား၏။ (မဇ္ဈိမနိကာယ် မဟာဝစ္ဆဂေါတ္တသုတ်)။ ဤစကားဖြင့် ဗုဒ္ဓလက်ထက်က သောတပန် သကဒါဂါမ် အနာဂါမ် ယောက်ျားမိန်းမ အမြောက်အများရှိကြောင်း ထင်ရှား၏။ ဗုဒ္ဓသည် ဒါနသီလတရားများနှင့် တမလွန်ဘဝ ကောင်းစားရေး၌သာလျှင် စိတ်ဝင်စားသောလူတို့၏ အကျိုးစီးပွားကို လျစ်လျူမပြုခဲ့ချေ။ မင်္ဂလသုတ် သင်္ဂါလောဝါဒသုတ် ကဲ့သို့ လောကီကြီးပွား ချမ်းသာရေးအတွက် လူတို့အား ဟောကြားထားသော သုတ္တန်ဒေသနာမှာ အတော်များများရှိ၏။ ဗုဒ္ဓဟောသော လူ့ကျင့်ဝတ်များ၏ ဝိသေသလက္ခဏများမှာ ပုဂ္ဂလိက လွတ်လပ်ရေးကို လေးစားမှု အချင်းကူညီမှု ကျေးဇူးသိတတ်မှု စသည်တို့၏ဖြစ်၏။ ဗုဒ္ဓ၏ လူနေမှုစနစ်သည် မိဘ သို့မဟုတ် လင်ယောက်ျား သို့မဟုတ် ဆရာဖြစ်သူက ဆိုင်ရာ သားသမီး ဇနီးမယားနှင့် တပည့်များအား ဖိနှိပ်ချုပ်ချယ်မှုများမှ ကင်း၏။ ပါဠိပိဋကတ်ကို နှ့နှံ့စပ်စပ် လေ့လာခဲ့သော အချို့နောက်နိုင်ငံ ပညာရှင်တို့၏ အဆိုအားဖြင့်မူ မျက်စိမှိတ် အမိန့်နာခံမှု အနက်အဓိပ္ပာယ်ဆောင်သော ပါဠိစကား မရှိချေ။ 

အင်္ဂုတ္တရနိကာယ်၌ လက်နက် လူသတ္တဝါ အမဲတိရစ္ဆာန် သေအရက်နှင့် အဆိပ်ကို ဥပါသကာတို့ ရောင်းဝယ်ကုန်သွယ်ခြင်း မပြုအပ်ကြောင်း ဗုဒ္ဓဟောကြားထား၏။ (အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ် ဝါဏိဇ္ဇသုတ်)။ ဤဒေသနာမှာ လက်နက်နှင့် မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်ရောင်းဝယ်မှုကြောင့် စိုးရိမ်ပူပန်နေကြရသော ယနေ့ ကမ္ဘာ့လူသားတို့နှင့် အထူးသက်ဆိုင်သော ဒေသနာဖြစ်၏။ ဤဒေသနာအရ ဗုဒ္ဓသည် ကမ္ဘာ့သမိုင်း၌ ငွေဝယ်ကျွန်စနစ်ကို ရှေးဦးပထမ ဆန့်ကျင်ခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်ဟု ယူဆဖွယ်ရှိ၏။ ဗုဒ္ဓနှင့် ခေတ်ကာလနီးစပ်သော နာမည်ကျော် ဂရိပညာရှိကြီး ပလေတိုသည် ငွေဝယ်ကျွန်စနစ်ကို အပြစ်မမြင်ခဲ့ချေ။ လူသိနည်းသော်လည်း ဥပါသကာများအတွက် ဗုဒ္ဓ အထူးဟောခဲ့သော ဒေသနာတစ်ခုကို အင်္ဂုတ္တရနိကာယ်၌ တွေ့ရ၏။ တရားငါးမျိုးနှင့် ပြည့်စုံသော ဥပါသကာသည် ဥပါသကာ ဒွန်းစဏ္ဍားမည်၏။ ဥပါသကာညစ် ဥပါသကာညံ့ လည်းမည်၏။ ထိုတရားငါးမျိုးကား သဒ္ဓါတရားမရှိ သီလမရှိ ကောတုဟလမင်္ဂလာကို ယုံကြည်၏။ ကံကိုမယုံကြည်။ သာသနာတော်၏အပ၌ အလှူခံပုဂ္ဂိုလ်ကို ရှာမှီးခြင်း။ (အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ် စဏ္ဍာလသုတ်)။ ကောတူဟလ ကိုမြန်မာပါဠိဆရာတို့က အုတ်အုတ်ကျက်ကျက်မင်္ဂလာ အမင်္ဂလာ အတိတ်နိမိတ်တို့ကို အနှစ်သာရအားဖြင့် စွဲယူကုန်ဦးအံ့လော ((မဇ္ဈိမနိကာယ် မဟာတဏှာသင်္ခယသုတ်)။ ဤဒေသနာ၌ ကမ္မဝါဒ (ဝါ) အားထုတ်ပြုလုပ်မှုနှင့် ဆန့်ကျင်သော လောကီအယူအစွဲ ဥပါဒါန်များကို ဆိုလိုခြင်းဖြစ်ကြောင်း သတိပြုသင့်၏။ ဗုဒ္ဓသည် လူတို့၏ အစဉ်အလာ ယုံကြည်မှုအားလုံးကို ပယ်သည်မဟုတ်ချေ။ လူတို့၏ အပြစ်ကင်းသော ယုံကြည်မှုများကို လေးစားသောအားဖြင့် ရဟန်းတို့ စောင့်ထိန်းရန် လိုအပသော သိက္ခာပုဒ်များကို ပညတ်တော်မူခဲ့၏။ ဗုဒ္ဓ၏ အလိုအားဖြင့် အယူတစ်ခုကို အကောင်းအဆိုး ဆုံးဖြတ်ရာ၌ ၎င်း၏ အကျိုးသက်ရောက်မှုကို ကြည့်၍ ဆုံးဖြတ်ရမည်ဖြစ်၏။ ဗြာဟ္မဏတစ်ဦးက ခတ္တိယတို့သည် ဗြာဟ္မဏတို့ကို။ သူကြွယ်တို့သည် ခတ္တိယတို့ကို။ ဆင်းရဲသားတို့သည် သူကြွယ်မျိုးကို လုပ်ကျွေးသင့်သည်ဟု ဗြာဟ္မဏတို့ကဆိုပါသည်။ ရဟန်းဂေါတမက မည်သို့ ထင်ပါသနည်းဟု မေး၏။ ဗုဒ္ဓက မည်သူသည် မည်သူအား လုပ်ကျွေးသင့်သည်ဟု မိမိမပြောလိုကြောင်း လူတစ်ဦးတစ်ယောက်ကို လုပ်ကျွေးခြင်းဖြင့် မိမိ၌ အကျိုးရှိမည်ဖြစ်ပါက လုပ်ကျွေးသင့်၍ အကျိုးယုတ်မည်ဖြစ်ပါက မလုပ်ကျွေးသင့်ကြောင်း မိန့်တော်မူ၏။ (မဇ္ဈိမနိကာယ် ဧသုကာရီသုတ်)။ 
သီလ သမာဓိ ပညာ ဝီရိယ စသည်တို့ကိုလျှင် အဓိကထားသော ဗုဒ္ဓကျင့်စဉ်၌ ရဟန်းနှင့်လူ ဗြာဟ္မဏနှင့် အခြားဇာတ်ခွဲခြားမှု မရှိသည့်နည်းတူ ယောက်ျားနှင့်မိန်းမ ခွဲခြားမှုလည်း မရှိချေ။ ဗုဒ္ဓသည် မိန်းမမှာ ဇာတိအားဖြင့် ယောက်ျားထက် ယုတ်ညံ့သည်ဟု မယူဆချေ။ မိန်းမများအား ဖိနှိပ်ရေးသားထားချက်များကို ပါဠိပိဋကတ်၌ မတွေ့ရဘဲ အဋ္ဌကထာနှင့် ဇာတ်နိပါတ်များ၌ တွေ့ရသည်ကများ၏။ ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်ခါနီး၌ အရှင်အာနန္ဒာက အရှင်ဘုရား ကျွန်ုပ်တို့သည် မာတုဂါမနှင့် စပ်လျဉ်း၍ အဘယ်သို့ ကျင့်သုံးရပါမည်နည်း ဟုမေးလျှောက်၏။ အာနန္ဒာ မတွေ့မမြင်အောင် ကျင့်သုံးရမည်။ အရှင်ဘုရား မလွဲသာ၍ တွေ့မြင်ခဲ့သော် အဘယ်သို့ ကျင့်သုံးရမည်နည်း။ အာနန္ဒာ စကားမပြောဘဲနေရမည်။ အရှင်ဘုရား မလွဲသာ၍ တွေ့မြင်ခဲ့သော် အဘယ်သို့ ကျင့်သုံးရမည်နည်း။ အာနန္ဒာ အမိရင်းစသည်တို့ကဲ့သို့ အမှတ်ထား၍ ပြောဆိုရမည်။ ဤသို့ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်မှ တိုက်ရိုက်ပြန်ဆိုထားသော ဗုဒ္ဓမိန့်ကြားချက်၌ မိန်းမများကို ကဲ့ရဲ့ပုတ်ခတ်သောစကား တစ်လုံးတစ်ပါဒမျှ မပါရှိချေ။ သို့ရာတွင် ဇိနတ္ထပကာသနီကျမ်း၌မူ မိန်းမများအား စကားမပြောဘဲနေရမည် ဟူသောစကားကို အာနန္ဒာ ထက်စွာသော သန်လျက်ကိုကိုင်၍ ငါနှင့်စကားဆိုမူကား သင်၏ဦးခေါင်းကို  ဖြတ်အံ့ဟုဆိုသော ယောက်ျားနှင့် စကားပြောခြင်းသည် မြတ်သေး၏ မာတုဂါမတို့အား စကားပြောဆိုခြင်းသည် မမြတ်။ ငါ့ကိုခေါ်မူကား သင်၏အသားကို ထွင်း၍ စားအံ့ဟုဆိုသောဘီလူးမအား စကားပြောခြင်းသည် မြတ်သေး၏။ မာတုဂါမတို့အား စကားပြောခြင်းသည် မမြတ်။ စသည်ဖြင့် ချဲ့ထွင်ရေးသားထား၏။ ဇိနတ္ထပကာသနီ ကျမ်းပြုဆရာသည် စင်စစ် မိန်းမများကို ပုတ်ခတ်သည်ကားမဟုတ်။ သို့ရာတွင် ကျမ်းဆရာ၏ စကားကို ထောက်ချင့်၍ ဗုဒ္ဓစာပေထဲသို့ မိန်းမများကို ဖိနှိပ်သောစကားများ မည်သို့ရောက်ရှိလာသည်ကို ကျွန်ုပ်တို့ရိပ်စားမိနိုင်၏ မိန်းမများကို အထူးရှောင်ကြဉ်ရသော ရဟန်းဘုန်းကြီးတို့၏ စာပေ၌ ထိုစကားမျိုး အနည်းအများ တွေ့ရှိရခြင်းမှာ အံ့သြဖွယ်ရာ မရှိချေ။ ဗုဒ္ဓ၏အလိုအားဖြင့် မိန်းမများသည်  ကြိုးစားအားထုတ်ပါက ယောက်ျားနည်းတူ  မဂ်ဖိုလ်နိဗ္ဗာန် မုချရရှိမည်ဖြစ်၏။ မာရ်နတ်သည် သောမာထေရီအား မိန်းမဖြစ်သော သင်သည် ဘုရားရဟန္တာတို့သာ ရောက်အပ်သော နိဗ္ဗာန်ကို ရောက်နိုင်မည်မဟုတ် ဟုဆို၏။ ထိုအခါထေရီမက အိုမာရ်နတ် သင်၏စကားသည် တဏှာ မာန ဒိဋ္ဌိ ဖုံးလွမ်းသော ယောက်ျားမိန်းမအဖို့ မှန်၏။ ဖလသမာပတ္တိဥာဏ်ဖြင့် သစ္စာလေးပါးတရားကို ကောင်းစွာမြင်သောသူအား မိန်းမအဖြစ်သည် အဘယ်သို့ ပြုရတော့အပ်နည်း ဟုပြန်ပြော၏။ (ထေရီဂါထာနှင့် ဘိက္ခုနီသံယုတ် သောမာဘိက္ခုနီသုတ်)။ အမှန်ဆိုသော် ဇာတ်အဋ္ဌကထာများ၌ပင် မိန်းမများကို ချီးကျူးသောစကားများကို တစ်ခါတစ်ရံ တွေ့ရ၏။ ခပ်သိမ်းသော အရာတို့၌ ယောက်ျားသည်သာလျှင် ပညာရှိသည်မဟုတ် မိန်းမများသည်လည်း ပညာရှိ၏။ ထိုထိုအရာတို့၌ အထူးသဖြင့် မြင်တတ်၏။ လျင်မြန်စွာကြံတတ်၏။ (အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ် သုလဇာတ်) သမီးမိန်းမ အလိုမရှိသော ကောသလမင်းအား ဗုဒ္ဓမိန့်ကြားသော စကားသည် မှတ်သားဖွယ်ကောင်း၏။ မင်းကြီး ပညာသီလနှင့် ပြည့်စုံ၍ လင်ကိုရိုသေစွာ ပြုစုလုပ်ကျွေးသော အချို့သောသမီးမိန်းမများသည် ပညာနုံသော သားယောက်ျားထက်မြတ်၏။ ထိုမိန်းမ၏သားသည် တိုင်းပြည်ကို ကောင်းစွာအုပ်ချုပ်နိုင်၏။ (ကောသလသံယုတ် မလ္လိကာဓိတရဝိဇာတသုတ်)။ ဗုဒ္ဓသည် အမရာ ကိန္နရီ မဒ္ဒီ သမ္ဘူလတို့ကိုသာ ချီးမွမ်းသည်ဆိုသော စကားမှာ အခြေအမြစ်မရှိချေ။ အိုသူကြွယ် သင့်အား နကုလ၏ အမိသူကြွယ်မသည် အစဉ်စောင့်ရှောက်ပေ၏။ အကျိုးစီးပွားကို အလိုရှိ၏။ ဆုံးမတတ်၏။ သင့်အား အရတော်လေစွတကား။ သင့်အား လူ၏အဖြစ်ကို ကောင်းစွာရအပ်လေစွတကား။  သီလနှင့်ပြည့်စုံ၍ ကိုယ်တွင်းသန္တာန်၌ စိတ်ငြိမ်းအေးသော ငါဘုရား၏ တပည့်ဥပါသိကာမတို့တွင် နကုလမာတာသည် တစ်ယောက်အပါဝင်ဖြစ်ပေ၏။ (အင်္ဂုတတ္တရနိကာယ် အဋ္ဌကနိပါတ် နကုလပိတာသုတ်) ဟူသောစကားဖြင့် ဗုဒ္ဓချီးမွမ်းတော်မူသော မိန်းမ အမြောက်အများရှိကြာင်း ထင်ရှား၏။ ဗုဒ္ဓသည် လူတို့အိမ်ထောင်ပြုရာ၌ မိန်းမများကို ကုန်ပစ္စည်းကဲ့သို့ သဘောမထားဘဲ မေတ္တာသက်ဝင် ချစ်ခင်၍ ရွေးချယ်ပေါင်းဖက်ခြင်းကို  ချီးမွမ်း၏ (သုတ္တနိပါတ် ဗြာဟ္မဏ ဓမ္မိကသုတ်)။ သက်ကြီးယောက်ျားသည် မိန်းမငယ်ကိုယူမိပါက ပူကန်သောကဖြစ်၍ စိတ်ဆင်းရဲရတတ်၏။ (သုတ္တနိပါတ် ပရာဘဝသုတ်)သိင်္ဂါလသုတ်လာ လင်ကျင့်ဝတ် ငါးပါးအရ တစ်လင်တစ်မယား စနစ်သည်သာလျှင် ဗုဒ္ဓသြဝါဒနှင့် ကိုက်ညီကြောင်း မိန်းမများအား ယောက်ျားများနှင့် တန်းတူအခွင့်အရေး ပေးထားကြောင်း ထင်ရှား၏။ ဗုဒ္ဓလက်ထက်က မိန်းမများ၏ အခြေအနေကို လေ့လာခဲ့သော အင်္ဂလိပ်ပါဠိပညာရှင် တစ်ဦး၏ အဆိုအားဖြင့် ထိုခေတ်က ဗုဒ္ဓဝါဒီ အမျိုးသမီးတို့သည် ဗုဒ္ဓမပေါ်မီကထက် ပို၍ ဂုဏ်သိက္ခာ ရှိလာကြ၏။ သမီးမိန်းမနှင့် မုဆိုးမများမှာ စိတ်ပျက်စက်ဆုပ်ဖွယ်ရာ ပုဂ္ဂိုလ်သတ္တဝါများ မဟုတ်တော့ချေ။ သူတို့နှင့်တကွ ဇနီးမိန်းမများသည် ပိုမိုလွတ်လပ်၍ လေးစားခြင်း ခံလာကြရ၏။ ဗုဒ္ဓသည် မိဘများကို ပြုစုစောင့်ရှောက်မှု ဆွေမျိုးသားချင်းများကို ကူညီထောက်ပံ့မှုနှင့် သားမယားလုပ်ကျွေးမှုကို ချီးမွမ်း၍ လူ့လောက၌ မိသားစုစိတ်ဓာတ် ထွန်းကားသည်ကို မြင်တော်မူလို၏။ အိမ်ရာထောင်သော လူ့ဘောင်၌ မိန်းမများ၏ အရေးပါမှုကို အသိအမှတ် ပြုတော်မူကြောင်း ဗုဒ္ဓဝင်မှ ဖြစ်ရပ်တစ်ခုဖြင့် ထင်ရှား၏။ 

ဘုရားရှင်သည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်၌ ဆွမ်းဘုဉ်းပေးပြီးသောအခါ အလုံးစုံသော မောင်းမမိဿံ ခြွေရံတို့သည် အနီးသို့ချဉ်းကပ်၍ ဘုရားရှင်အား ရှိခိုးဖူးမျှော်ကြ၏။ ယသော်ဓရာမင်းသမီးသည်ကား အဆောင်ထဲမှ ထွက်မလာချေ။ နန်းသူနန်းသားတို့က သခင်မ မောင်တော်ဘုရားကို ထွက်၍ ပူဇော်ဖူးမြော်ပါလော ဟုတိုက်တွန်း ကြသော်လည်း ယသော်ဓရာမင်းသမီးသည် အကယ်၍ ဘုရားရှင်သည် အကျွန်ုပ်၏ ကျေးဇူးကိုထောက်မျှော်၍ သနားတော်မူပါလျှင် အကျွန်ုပ်ထံသို့ ကြွလာပါလိမ့်မည်။ ထိုအခါမှ ပူဇော်ပါတော့မည် ဟုဆို၍ ထွက်မလာဘဲနေ၏။ ထိုအကြောင်းကို ဘုရားရှင်ကြားသိသော် မင်းကြီးအား သပိတ်ကမ်း၍ အဂ္ဂသာဝကနှစ်ဦးနှင့်အတူ ယသော်ဓရာ၏ နေရာတိုက်ခန်းသို့ ဝင်တော်မူပြီးလျှင် ယနေ့ ယသော်ဓရာမင်းသမီးသည် ငါဘုရားကို အလိုရှိတိုင်း ဖူးမြော်ပါစေ။ မည်သူကမျှ တစ်ခွန်းစကား မတားဆိုကြလင့် ဟုမိန့်တော်မူ၏။ ထိုအခါ ယသော်ဓရာမင်းသမီးသည် ဘုရားရှင်ထံသို့လာ၍ ခြေဖဝါးကို ဆံပင်ဖြင့်ပွတ်သပ်လျက် အထပ်ထပ်ရှိခိုးလေသည်။ အထက်ပါအကြောင်းမှာ ပိဋကတ်၌ မလာဘဲ ဇာတ်အဋ္ဌကထာ၌သာ တွေ့ရသော်လည်း ဗုဒ္ဓ၏ ကြင်နာမှု စိတ်နှလုံးမြင့်မြတ်မှု မိသားစုစိတ်ဓာတ် တန်ဖိုးကိုနားလည်မှု စသည်တို့ကို စဉ်းစားဆင်ခြင်ပါက ဗုဒ္ဓဝင်မှ အကြောင်းယုတ္တိ ခိုင်မာသော ဖြစ်ရပ်တစ်ခု ဖြစ်သည်ဟု မှတ်ယူရပေမည်။ အချုပ်အားဖြင့် ဗုဒ္ဓ၏ သာသနာ၌ ကာမဂုဏ်ခံစားသော်လည်း အကျင့်သီလရှိသော လူတို့အတွက် နေရာကဏ္ဍ အထင်အရှားရှိ၏။ ထိုသူတို့ကို ဗုဒ္ဓချီးမွမ်းတော်မူကြောင်း သေချာခိုင်မာသော အထောက်အထားမှာ။  ။ အို ရဟန်းတို့ နတ်တို့ကို အစိုးရသော သိကြားမင်းသည် ဝေဇယန္တာပြာသာဒ်ထက်မှ ဆင်းသက်၍ များစွာသော အရပ်မျက်နှာတို့ကို လက်အုပ်ချီလျက် ရှိခိုး၏။ ထိုအခါ မာတလိနတ်သားက အကျိုးအကြောင်းမေးမြန်းရာ  သိကြားမင်းက ဤသို့ဆို၏။ အို မာတလိ ခပ်သိမ်းကုန်သော လူတို့သည် လည်းကောင်း နတ်မင်းကြီးနှင့် တာဝတိံသာနတ်တို့သည် လည်းကောင်း ငါ့ကိုရှိခိုးကြကုန်၏။ ငါသည်ကား သီလသမာဓိနှင့် မြတ်သောအကျင့်ကို ကျင့်သုံးသော ရဟန်းတို့ကို ကောင်းစွာရှိခိုး၏။ အိမ်၌နေသော လူဖြစ်ကုန်သော ကောင်းမှုကုသိုလ်ကို ပြုလေ့ရှိကုန်သော သီလရှိကုန်သော အကြင်ဥပါသကာတို့သည် တရားနှင့်အညီ ရှာမှီး၍ သားမယားကို မွေးမြူကြကုန်၏။ ထိုဥပါသကာတို့ကိုလည်း ငါသည်ရှိခိုး၏။ (သံယုတ္တနိကာယ် သက္ကသံယုတ် သက္ကနမဿသုတ်)။ 
ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်၍ နောက်ကာလ၌ ဗုဒ္ဓ၏အမည်သည် ဒဏ္ဍာရီများအကြားတွင် မှုန်ရီဝိုးတဝါး ဖြစ်ခဲ့သော်လည်း ဗုဒ္ဓ၏ဂုဏ်သည် နောက်မှပေါ်လာသော များစွာသော ဘာသာရေးခေါင်းဆောင်များ၏ ဂုဏ်ထက် ပိုမိုထင်ရှား၏။ ဤအချက်သည် ဗုဒ္ဓ၏ ထူးခြားသော သီလ သမာဓိဂုဏ်ကို အထင်အရှား သက်သေခံလျက်ရှိ၏။ ဤသို့ဖြင့် အင်္ဂလိပ် ဗုဒ္ဓစာပေပညာရှင် ဆာချားစ်အဲလိယော့သည် ဗုဒ္ဓကိုချီးကျုးခဲ့၏။ မှန်လှ၏။ အိန္ဒိယ ဘာသာဝါဒသမိုင်းတွင် မြောက်မြားလှစွာသော ဘာသာရေးခေါင်းဆောင်များထက် ပိုမိုထင်ပေါ်နေခြင်းသည် ဗုဒ္ဓ၏ထူးခြားသောဂုဏ်ဖြစ်၏။ ဗုဒ္ဓကိုမီလိုက်သော သူတို့ကသော်လည်းကောင်း မမီလိုက်သော်လည်း ရှေးအစဉ်ဆက် စကားများကို ကြားဖူးသောသူတို့က သော်လည်းကောင်း ဗုဒ္ဓကို ကြည်ညိုကြခြင်းမှာ စင်စစ် အံ့သြစရာမရှိချေ။ အဘယ်ကြောင့်ဆိုသော် ပိဋကတ်ကျမ်းစာများမှ ဗုဒ္ဓအကြောင်းအရာများကို ယနေ့ဖတ်ရှု့လေ့လာကြကုန်သော အနောက်နိုင်ငံပညာရှင်တို့သည်ပင် ဗုဒ္ဓကိုကြည်ညိုကြရ၏။ ဤနေရာ၌ ဗုဒ္ဓ၏ တရားကို ကြိုက်နှစ်သက်သော ပညာရှင်များကို ကျွန်ုပ်တို့ မညွန်ပြလိုချေ။ ဗုဒ္ဓလက်ထက်က သစ္စကပရိဗိုဇ်ကဲ့သို့ ဗုဒ္ဓဝါဒကို မနှစ်သက်သော်လည်း ဗုဒ္ဓကို ကြည်ညိုလေးစားသော အချို့ပညာရှင်တို့၏။ ထင်မြင်ချက်များကိုသာ ဖော်ပြအံ့။
အင်္ဂလိပ်ပညာရှင် ဆာဗာရီဒေးကိသည် ဗုဒ္ဓဝါဒကို လက်မခံချေ။ သို့ရာတွင် ဗုဒ္ဓဝါဒသည် ချွတ်ယွင်းချက်များ ရှေ့နောက်မညီညွတ်မှုများ ရှိသော်လည်း ဗုဒ္ဓသည် အာရှတိုက်မှ ထွက်ပေါ်ခဲ့သော ခေါင်းဆောင်များအနက် ကြည်ညိုဖွယ်အကောင်းဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်ပါပေသည် ဟုရေးသားခဲ့၏။ ပြင်သစ်ပညာရှင် ဗာသီလီမိ စိန့် ဟီလာရီသည် ဗုဒ္ဓဝါဒကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်သောသူ ဖြစ်၏။ သို့ရာတွင် သူက ဗုဒ္ဓ၏ ဘဝဖြစ်စဉ်သည် အပြစ်အနာကင်း၏ ဗုဒ္ဓသည် အာဇာနည်စိတ်ဓာတ်ရှိမှု ကိုယ်ကျိုးမငဲ့ကွက်မှု မေတ္တာဓာတ်ကြီးမားမှုနှင့် စိတ်နှလုံး နူးညံ့သိမ်မွေ့မှုတွင် စံပြပုဂ္ဂိုလ်ဖြစ်ပေသည်။ ပရိုဖက်ဆာ မက်စ်မူလာသည် ရှေးအိန္ဒိယ ဘာသာဝါဒများကို နှိုက်ချွတ်လေ့လာခဲ့သော ဂျာမန်ပညာရှင်ဖြစ်၏။ ဗုဒ္ဓဝါဒမှာ သူနှစ်သက်သောဝါဒမဟုတ်။ သို့ရာတွင် သူသည် ဗုဒ္ဓကိုကြည်ညိုလေးစား၏။ သူက ဗုဒ္ဓကို အပြိုင်အဆိုင် ချီးကျုးကြသော ခရစ်ယာန်သာသနာပြု ဆရာတို့၏ ရေးသားချက်များကို ဖတ်ရှု့ရသောအခါ ကျွန်ုပ်တို့မှာ ကိုယ့်မျက်စိကိုပင် ယုံနိုင်စရာမရှိပါ ဟု ဆိုလေသည်။ အဒေါ့ထောမတ်သည် ဂျာမန်ခရစ်ယာန်ဘုန်းကြီး တစ်ပါးဖြစ်၏။ သူသည် တစ်ခါက အမေရိကန်မြို့ ကြီးများသို့ လှညါ့လည်၍ ဗုဒ္ဓဝါဒအကြောင်းကို ဟောပြောဖူး၏။ သူသည် ဗုဒ္ဓဝါဒကိုကဲ့ရဲ့ရှုတ်ချ၏။ သို့ရာတွင် ဗုဒ္ဓကိုကား ချီးကျူးဟောပြောခဲ့ပေသည်။ ဗုဒ္ဓသည် စိတ်နှလုံးမြင့်မြတ်၍ သိမ်မွေ့နူးညံ့၏။ မိမိ၏ ယုံကြည်ချက်အတွက် ဘာမဆို စွန့်ရဲသော ယောက်ျားအာဇာနည်တို့၏ နှလုံးရည်နှင့် ပြည့်စုံ၏။ သီလ သမာဓိနှင့် ဥာဏ်ပညာအရာ၌ အခြားသူများထက် မြင့်မြတ်၏။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၅၀၀ ကျော်က ပေါ်ထွက်ခဲ့သော ဗုဒ္ဓသည် ၁၉ ရာစုခေတ် သိပ္ပံပညာရှင်တို့ တွေ့ရှိသော အချက်များကို ကြိုတင်သိမြင်ခဲ့၏။ လွတ်လပ်စွာတွေးခေါ်မှုကို လိုလား၍ ယခုကာလ သိပ္ပံပညာရှင်တို့ကဲ့သို့ လွတ်လပ်စွာ ဆင်ခြင်သုံးသပ်၏။ 

ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်သည်မှာ နှစ်ပေါင်း ၂၀၀၀ ကျော်ပြီ ဖြစ်သော်လည်း ဗုဒ္ဓကို လူတို့မမေ့ကြသေးချေ။ ဗုဒ္ဓ၏အမည်သတင်းသည် ဥရောပနှင့် အမေရိကတိုက်များသို့ပင် ပျံ့နှံ့ထင်ရှား၏။ အာရှတိုက်၌ လူသန်းပေါင်း ၃၇၀ တို့၏ ကိုးကွယ်ခြင်းခံရသော ဗုဒ္ဓသည် ဥရောပနိုင်ငံများ၌လည်း  ပညာရှင်အတော်များများ၏ စိတ်ဓာတ်ကို ဆွဲဆောင်နိုင်ခဲ့၏။ ရိုဟင်ဟွာနှင့် ကင်ကယ် အစရှိသော ဂျာမန်အဘိဓမ္မာဆရာနှင့် ကဗျာစာဆိုတို့သည် ဗုဒ္ဓကိုရှိခိုးပူဇော်ကြ၏။ {ဦးအေးမောင်} မိတ်ဆွေများ၏ နှလုံးသားမှာ (ဗုဒ္ဓ)ထာဝရကိန်းအောင်း နိုင်ကြပါစေ။  


**ဗုဒ္ဓ**
******
အပိုင်း(၆)
----------
(ဃ)ဗုဒ္ဓနှင့် လောကီလူသား…
------------------------------

ဗုဒ္ဓထင်ရှားရှိစဉ်က ဗုဒ္ဓကို အလွန်ကြည်ညို၍ ဆည်းကပ်ကိုးကွယ်သော်လည်း ဗုဒ္ဓတရားကို ကောင်းစွာ မသိနားမလည်သောသူ အတော်များများရှိခဲ့ပေမည်။ 
 
 တစ်ခါသော် ပရိဗိုဇ်တို့က အနာထပိဏ်သူဋ္ဌေးအား ဗုဒ္ဓဓမ္မအကြောင်း မေးမြန်းရာ သူဋ္ဌေးကြီးက ဘုရားရှင်၏ အလုံးစုံသောအယူကို မိမိမသိပါဟု ဝန်ခံ၏ (အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် ကိံ ဒိဋ္ဌိကသုတ်)။ 
 
စင်စစ်သူဋ္ဌေးကြီးသည် သေခါနီး မကျန်းမမာ ဖြစ်သောအခါကျမှ မဂ်ဖိုလ် နိဗ္ဗာန်တရားကို အရှင်သာရိပုတ္တရာထံမှ ကြားနာရ၏။ တရားနာပြီးသော် သူဋ္ဌေးကြီးက မိမိသည် ထိုသိုသောတရားစကားကို ရှေးကမကြားနာခဲ့ရသဖြင့် ဝမ်းနည်းမိပါကြောင်း လျှောက်၏။ 
 
အရှင်သာရိပုတ္တရာက ထိုတရားမျိုးကို ရဟန်းတို့သာလျှင် နားလည်နိုင်ကြောင်း မိန့်ကြားရာ သူဋ္ဌေးကြီးက ပညာဥာဏ်ရင့်ကျက်သော လူပုဂ္ဂိုလ်တို့အားလည်း ဟောကြားသင့်ပါကြောင်း
 ပြန်လည်လျှောက်ထား၏။
 
 (မဇ္ဈိမနိကာယ် အနာထပိဏ္ဍိကောဝါဒသုတ်)။ ဗုဒ္ဓ၏ အမြင်အားဖြင့် ကျွတ်ထိုက်သော (ဝါ) ကိလေသာမြူနည်းပါး၍ အသိဥာဏ်ရင့်ကျက်သော သူများတွင် ရဟန်းတို့အပြင် လူပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း ယုံမှားစရာ မရှိချေ။ 
 
တစ်နည်းဆိုသော် ဗုဒ္ဓ၏ အရိယာကျင့်စဉ်၌ အဝတ်တန်ဆာ အသွင်အပြင်နှင့် အမည်ဝေါဟာရတို့မှာ အရေးမပါလှဘဲ သီလ ပညာ ဝီရိယ စသည်တို့သာလျှင် ပဓာနဖြစ်၏။ လူဖြစ်စေ ရဟန်းဖြစ်စေ ကောင်းမြတ်သော အကျင့်ရှိမှသာ ငါဘုရားချီးမွမ်း၏။ (အင်္ဂုတ္တရနိကာယ် ဒုကနိပါတ် မိစ္ဆာပဋိပတ္တိသုတ်)။
 
 ရဟန်းဘဝနှင့် လူ့ဘဝတွင် မည်သည့်ဘဝက ပိုမိုကောင်းမွန်ပါသနည်းဟု ဗြာဟ္မဏတစ်ဦးကမေးသောအခါ ဗုဒ္ဓက တစ်ဖက်သတ် လှေနံဓားထစ် မိမိမပြောလိုကြောင်း လူပင်ဖြစ်စေ ကုသိုလ်တရား ပွားများအားထုတ်ပါက ဘဝမြင့်မြတ်ကြောင်း မိန့်ကြား၏။ (မဇ္ဈိမနိကာယ် သုဘသုတ်)။
 
 သမဏဗြာဟ္မဏ ဘိက္ခုစသည်တို့မှာ စင်စစ် ဝေါဟာရပညတ်များသာ ဖြစ်ကြောင်း ရှင်းလင်းပြတ်သားသော မိန့်ကြားချက်မှာ ဓမ္မပဒ ပါဠိတော်တစ်ပုဒ်ဖြစ်၏။ အကြင်သူသည် ကိလေသာငြိမ်း၏။
 
 ဣနြေ္ဒကို ဆုံးမပြီးဖြစ်၏။ မဂ်လေးပါးဖြင့် မြဲ၏။ အလုံးစုံသော သတ္တဝါတို့၌ လက်နက်ပယ်ချထားပြီးဖြစ်၍ မေတ္တာဖြင့် အညီအမျှကျင့်၏။ ထိုသူသည် အဝတ်တန်ဆာ ဆင်စေကာမူ မကောင်းမှုမှအပ ပြုသူဗြာဟ္မဏမည်၏။ 
 
 ကိလေသာငြိမ်းပြီးသူ သမဏမည်၏။ ကိလေသာ ဖျက်ဆီးသူ ဘိက္ခုမည်၏။ (ဓမ္မပဒ ဂါထာ ၁၄၂)။ ဤပါဠိတော်ကို ကိုးကားလျက် ဥတ္တရာပါထကမည်သော ရှေးဗုဒ္ဓဝါဒီဂိုဏ်းက လူပုဂ္ဂိုလ်အဖြစ်ဖြင့် နိဗ္ဗာန်ရရှိနိုင်သည်ဟု ယူဆကြောင်း ကထာဝတ္ထုအဋ္ဌကထာ၌ ပြဆိုထား၏။ 
 
ဗုဒ္ဓလက်ထက်က ရဟန်းမပြုဘဲ နိဗ္ဗာန်မျက်မှောက် ပြုခဲ့သော လူပုဂ္ဂိုလ်များအကြောင်း ပိဋကတ် အထောက်အထားကို နိဗ္ဗာန် အခန်း၌ ဖော်ပြပါအံ့။ မည်သို့ဖြစ်စေ ဗုဒ္ဓလက်ထက်က လူတို့သည် အားလုံး ဒါန သီလ တရားများဖြင့်သာ ကျေနပ်၍ နတ်ပြည် ဗြဟ္မာပြည်ကို မြော်မှန်းနေကြသူများ မဟုတ်ချေ။ ဘိက္ခဝေရဟန်းတို့ဟု အစချီသော သုတ္တန်ဒေသနာများကို ကြားနာသော ပရိတ်သတ်တွင် လူတို့ အတော်များများပါရှိမည် အမှန်ဖြစ်၏။ ထို့ကြောင့် အကယ်၍ ဥပါသကာတစ်ဦးသည် အရေးပါထင်ရှားသော သုတ္တန်များကို ရွတ်အံ့နေသောအခါ မိမိတို့အား ပင့်ဖိတ်ပါက ရဟန်းတို့သည် ဝါတွင်းပင်ဖြစ်စေ သွားရောက်ကြားနာရမည်ဟု ဝိနည်းမဟာဝါ ပါဠိတော်၌လာ၏။ 
 
ထိုခေတ်က စိတ္တသူကြွယ် မဟာနာမ်မင်းသား မလ္လိကာမိဖုရား အစရှိသော အချို့ဥပါသကာ ဥပါသိကာမတို့သည် အချို့ရဟန်းတို့ထက် ပို၍ ဗုဒ္ဓတရားကို ကောင်းစွာ သိမြင်နားလည်ကြ၏။
 
 ဝိသာခါနှင့် ဓမ္မဒိန္နာထေရီတို့ ဆွေးနွေးသောတရားများ မဟာနာမ်မင်းသားအား ဗုဒ္ဓဟောကြားသော တရားများမှာ အထူးလေးနက်၍ ပိဋကတ်၌ ပြဆိုထား၏။ 
 
ပရိဗိုဇ်တစ်ဦးက ဗုဒ္ဓအား လူဖြစ်သော ဖြူသောအဝတ်ကို ဝတ်ကုန်သော မြတ်သောအကျင့်ကို ကျင့်ကုန်သော သူတို့တွင် အောက်ကာမဘုံအဖို့ဖြစ်သော သံယောဇဉ်ငါးပါးကို အကြွင်းမဲ့ ပယ်ဖြတ်ခြင်းကြောင့် ဗြဟ္မာ့ပြည်၌ ပရိနိဗ္ဗာန်ပြုလတ္တံ့သော တစ်ယောက်သော ဥပါသကာ ဥပါသိကာမသည် ရှိပါသလော ဟုမေးရာ ဗုဒ္ဓက ငါ၏တပည့် ယောက်ျားမိန်းမများတွင် ထိုကဲ့သို့သောသူမျိုးမှာ တစ်ရာမက ငါးရာလည်းမက မြောက်များစွာ ရှိကြပေသည် ဟုမိန့်ကြား၏။ 
 
(မဇ္ဈိမနိကာယ် မဟာဝစ္ဆဂေါတ္တသုတ်)။ ဤစကားဖြင့် ဗုဒ္ဓလက်ထက်က သောတပန် သကဒါဂါမ် အနာဂါမ် ယောက်ျားမိန်းမ အမြောက်အများရှိကြောင်း ထင်ရှား၏။ ဗုဒ္ဓသည် ဒါနသီလတရားများနှင့် တမလွန်ဘဝ ကောင်းစားရေး၌သာလျှင် စိတ်ဝင်စားသောလူတို့၏ အကျိုးစီးပွားကို လျစ်လျူမပြုခဲ့ချေ။ 
 
မင်္ဂလသုတ် သင်္ဂါလောဝါဒသုတ် ကဲ့သို့ လောကီကြီးပွား ချမ်းသာရေးအတွက် လူတို့အား ဟောကြားထားသော သုတ္တန်ဒေသနာမှာ အတော်များများရှိ၏။ ဗုဒ္ဓဟောသော လူ့ကျင့်ဝတ်များ၏ ဝိသေသလက္ခဏများမှာ ပုဂ္ဂလိက လွတ်လပ်ရေးကို လေးစားမှု အချင်းကူညီမှု ကျေးဇူးသိတတ်မှု စသည်တို့၏ဖြစ်၏။
 
 ဗုဒ္ဓ၏ လူနေမှုစနစ်သည် မိဘ သို့မဟုတ် လင်ယောက်ျား သို့မဟုတ် ဆရာဖြစ်သူက ဆိုင်ရာ သားသမီး ဇနီးမယားနှင့် တပည့်များအား ဖိနှိပ်ချုပ်ချယ်မှုများမှ ကင်း၏။ ပါဠိပိဋကတ်ကို နှ့နှံ့စပ်စပ် လေ့လာခဲ့သော အချို့နောက်နိုင်ငံ ပညာရှင်တို့၏ အဆိုအားဖြင့်မူ မျက်စိမှိတ် အမိန့်နာခံမှု အနက်အဓိပ္ပာယ်ဆောင်သော ပါဠိစကား မရှိချေ။

အင်္ဂုတ္တရနိကာယ်၌ လက်နက် လူသတ္တဝါ အမဲတိရစ္ဆာန် သေအရက်နှင့် အဆိပ်ကို ဥပါသကာတို့ ရောင်းဝယ်ကုန်သွယ်ခြင်း မပြုအပ်ကြောင်း ဗုဒ္ဓဟောကြားထား၏။ 
 
(အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ် ဝါဏိဇ္ဇသုတ်)။ ဤဒေသနာမှာ လက်နက်နှင့် မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်ရောင်းဝယ်မှုကြောင့် စိုးရိမ်ပူပန်နေကြရသော ယနေ့ ကမ္ဘာ့လူသားတို့နှင့် အထူးသက်ဆိုင်သော ဒေသနာဖြစ်၏။ 
 
ဤဒေသနာအရ ဗုဒ္ဓသည် ကမ္ဘာ့သမိုင်း၌ ငွေဝယ်ကျွန်စနစ်ကို ရှေးဦးပထမ ဆန့်ကျင်ခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်ဟု ယူဆဖွယ်ရှိ၏။ 
 
ဗုဒ္ဓနှင့် ခေတ်ကာလနီးစပ်သော နာမည်ကျော် ဂရိပညာရှိကြီး ပလေတိုသည် ငွေဝယ်ကျွန်စနစ်ကို အပြစ်မမြင်ခဲ့ချေ။ လူသိနည်းသော်လည်း ဥပါသကာများအတွက် ဗုဒ္ဓ အထူးဟောခဲ့သော ဒေသနာတစ်ခုကို အင်္ဂုတ္တရနိကာယ်၌ တွေ့ရ၏။
 
 တရားငါးမျိုးနှင့် ပြည့်စုံသော ဥပါသကာသည် ဥပါသကာ ဒွန်းစဏ္ဍားမည်၏။ ဥပါသကာညစ် ဥပါသကာညံ့ လည်းမည်၏။ ထိုတရားငါးမျိုးကား သဒ္ဓါတရားမရှိ သီလမရှိ ကောတုဟလမင်္ဂလာကို ယုံကြည်၏။ ကံကိုမယုံကြည်။ သာသနာတော်၏အပ၌ အလှူခံပုဂ္ဂိုလ်ကို ရှာမှီးခြင်း။ 
 
(အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ် စဏ္ဍာလသုတ်)။ ကောတူဟလ ကိုမြန်မာပါဠိဆရာတို့က အုတ်အုတ်ကျက်ကျက်မင်္ဂလာ အမင်္ဂလာ အတိတ်နိမိတ်တို့ကို အနှစ်သာရအားဖြင့် စွဲယူကုန်ဦးအံ့လော ((မဇ္ဈိမနိကာယ် မဟာတဏှာသင်္ခယသုတ်)။
 
 ဤဒေသနာ၌ ကမ္မဝါဒ (ဝါ) အားထုတ်ပြုလုပ်မှုနှင့် ဆန့်ကျင်သော လောကီအယူအစွဲ ဥပါဒါန်များကို ဆိုလိုခြင်းဖြစ်ကြောင်း သတိပြုသင့်၏။ ဗုဒ္ဓသည် လူတို့၏ အစဉ်အလာ ယုံကြည်မှုအားလုံးကို ပယ်သည်မဟုတ်ချေ။ 
 
လူတို့၏ အပြစ်ကင်းသော ယုံကြည်မှုများကို လေးစားသောအားဖြင့် ရဟန်းတို့ စောင့်ထိန်းရန် လိုအပသော သိက္ခာပုဒ်များကို ပညတ်တော်မူခဲ့၏။ ဗုဒ္ဓ၏ အလိုအားဖြင့် အယူတစ်ခုကို အကောင်းအဆိုး ဆုံးဖြတ်ရာ၌ ၎င်း၏ အကျိုးသက်ရောက်မှုကို ကြည့်၍ ဆုံးဖြတ်ရမည်ဖြစ်၏။ ဗြာဟ္မဏတစ်ဦးက ခတ္တိယတို့သည် ဗြာဟ္မဏတို့ကို။ 
 
သူကြွယ်တို့သည် ခတ္တိယတို့ကို။ ဆင်းရဲသားတို့သည် သူကြွယ်မျိုးကို လုပ်ကျွေးသင့်သည်ဟု ဗြာဟ္မဏတို့ကဆိုပါသည်။ ရဟန်းဂေါတမက မည်သို့ ထင်ပါသနည်းဟု မေး၏။ 
 
ဗုဒ္ဓက မည်သူသည် မည်သူအား လုပ်ကျွေးသင့်သည်ဟု မိမိမပြောလိုကြောင်း လူတစ်ဦးတစ်ယောက်ကို လုပ်ကျွေးခြင်းဖြင့် မိမိ၌ အကျိုးရှိမည်ဖြစ်ပါက လုပ်ကျွေးသင့်၍ အကျိုးယုတ်မည်ဖြစ်ပါက မလုပ်ကျွေးသင့်ကြောင်း မိန့်တော်မူ၏။ (မဇ္ဈိမနိကာယ် ဧသုကာရီသုတ်)။ 

သီလ သမာဓိ ပညာ ဝီရိယ စသည်တို့ကိုလျှင် အဓိကထားသော ဗုဒ္ဓကျင့်စဉ်၌ ရဟန်းနှင့်လူ ဗြာဟ္မဏနှင့် အခြားဇာတ်ခွဲခြားမှု မရှိသည့်နည်းတူ ယောက်ျားနှင့်မိန်းမ ခွဲခြားမှုလည်း မရှိချေ။ 
 
ဗုဒ္ဓသည် မိန်းမမှာ ဇာတိအားဖြင့် ယောက်ျားထက် ယုတ်ညံ့သည်ဟု မယူဆချေ။ မိန်းမများအား ဖိနှိပ်ရေးသားထားချက်များကို ပါဠိပိဋကတ်၌ မတွေ့ရဘဲ အဋ္ဌကထာနှင့် ဇာတ်နိပါတ်များ၌ တွေ့ရသည်ကများ၏။ 
 
 ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်ခါနီး၌ အရှင်အာနန္ဒာက အရှင်ဘုရား ကျွန်ုပ်တို့သည် မာတုဂါမနှင့် စပ်လျဉ်း၍ အဘယ်သို့ ကျင့်သုံးရပါမည်နည်း ဟုမေးလျှောက်၏။ အာနန္ဒာ မတွေ့မမြင်အောင် ကျင့်သုံးရမည်။ အရှင်ဘုရား မလွဲသာ၍ တွေ့မြင်ခဲ့သော် အဘယ်သို့ ကျင့်သုံးရမည်နည်း။ အာနန္ဒာ စကားမပြောဘဲနေရမည်။ 
 
အရှင်ဘုရား မလွဲသာ၍ တွေ့မြင်ခဲ့သော် အဘယ်သို့ ကျင့်သုံးရမည်နည်း။ အာနန္ဒာ အမိရင်းစသည်တို့ကဲ့သို့ အမှတ်ထား၍ ပြောဆိုရမည်။ ဤသို့ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်မှ တိုက်ရိုက်ပြန်ဆိုထားသော ဗုဒ္ဓမိန့်ကြားချက်၌ မိန်းမများကို ကဲ့ရဲ့ပုတ်ခတ်သောစကား တစ်လုံးတစ်ပါဒမျှ မပါရှိချေ။ 
 
သို့ရာတွင် ဇိနတ္ထပကာသနီကျမ်း၌မူ မိန်းမများအား စကားမပြောဘဲနေရမည် ဟူသောစကားကို အာနန္ဒာ ထက်စွာသော သန်လျက်ကိုကိုင်၍ ငါနှင့်စကားဆိုမူကား သင်၏ဦးခေါင်းကို ဖြတ်အံ့ဟုဆိုသော ယောက်ျားနှင့် စကားပြောခြင်းသည် မြတ်သေး၏ မာတုဂါမတို့အား စကားပြောဆိုခြင်းသည် မမြတ်။
 
 ငါ့ကိုခေါ်မူကား သင်၏အသားကို ထွင်း၍ စားအံ့ဟုဆိုသောဘီလူးမအား စကားပြောခြင်းသည် မြတ်သေး၏။ မာတုဂါမတို့အား စကားပြောခြင်းသည် မမြတ်။ စသည်ဖြင့် ချဲ့ထွင်ရေးသားထား၏။ ဇိနတ္ထပကာသနီ ကျမ်းပြုဆရာသည် စင်စစ် မိန်းမများကို ပုတ်ခတ်သည်ကားမဟုတ်။ 
 
သို့ရာတွင် ကျမ်းဆရာ၏ စကားကို ထောက်ချင့်၍ ဗုဒ္ဓစာပေထဲသို့ မိန်းမများကို ဖိနှိပ်သောစကားများ မည်သို့ရောက်ရှိလာသည်ကို ကျွန်ုပ်တို့ရိပ်စားမိနိုင်၏ မိန်းမများကို အထူးရှောင်ကြဉ်ရသော ရဟန်းဘုန်းကြီးတို့၏ စာပေ၌ ထိုစကားမျိုး အနည်းအများ တွေ့ရှိရခြင်းမှာ အံ့သြဖွယ်ရာ မရှိချေ။ 
 
ဗုဒ္ဓ၏အလိုအားဖြင့် မိန်းမများသည် ကြိုးစားအားထုတ်ပါက ယောက်ျားနည်းတူ မဂ်ဖိုလ်နိဗ္ဗာန် မုချရရှိမည်ဖြစ်၏။ 
 
မာရ်နတ်သည် သောမာထေရီအား မိန်းမဖြစ်သော သင်သည် ဘုရားရဟန္တာတို့သာ ရောက်အပ်သော နိဗ္ဗာန်ကို ရောက်နိုင်မည်မဟုတ် ဟုဆို၏။ ထိုအခါထေရီမက အိုမာရ်နတ် သင်၏စကားသည် တဏှာ မာန ဒိဋ္ဌိ ဖုံးလွမ်းသော ယောက်ျားမိန်းမအဖို့ မှန်၏။
 
 ဖလသမာပတ္တိဥာဏ်ဖြင့် သစ္စာလေးပါးတရားကို ကောင်းစွာမြင်သောသူအား မိန်းမအဖြစ်သည် အဘယ်သို့ ပြုရတော့အပ်နည်း ဟုပြန်ပြော၏။ (ထေရီဂါထာနှင့် ဘိက္ခုနီသံယုတ် သောမာဘိက္ခုနီသုတ်)။ အမှန်ဆိုသော် ဇာတ်အဋ္ဌကထာများ၌ပင် မိန်းမများကို ချီးကျူးသောစကားများကို တစ်ခါတစ်ရံ တွေ့ရ၏။ 
 
ခပ်သိမ်းသော အရာတို့၌ ယောက်ျားသည်သာလျှင် ပညာရှိသည်မဟုတ် မိန်းမများသည်လည်း ပညာရှိ၏။ ထိုထိုအရာတို့၌ အထူးသဖြင့် မြင်တတ်၏။ လျင်မြန်စွာကြံတတ်၏။ (အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ် သုလဇာတ်) သမီးမိန်းမ အလိုမရှိသော ကောသလမင်းအား ဗုဒ္ဓမိန့်ကြားသော စကားသည် မှတ်သားဖွယ်ကောင်း၏။ 
 
မင်းကြီး ပညာသီလနှင့် ပြည့်စုံ၍ လင်ကိုရိုသေစွာ ပြုစုလုပ်ကျွေးသော အချို့သောသမီးမိန်းမများသည် ပညာနုံသော သားယောက်ျားထက်မြတ်၏။ ထိုမိန်းမ၏သားသည် တိုင်းပြည်ကို ကောင်းစွာအုပ်ချုပ်နိုင်၏။ (ကောသလသံယုတ် မလ္လိကာဓိတရဝိဇာတသုတ်)။ 
 
ဗုဒ္ဓသည် အမရာ ကိန္နရီ မဒ္ဒီ သမ္ဘူလတို့ကိုသာ ချီးမွမ်းသည်ဆိုသော စကားမှာ အခြေအမြစ်မရှိချေ။ အိုသူကြွယ် သင့်အား နကုလ၏ အမိသူကြွယ်မသည် အစဉ်စောင့်ရှောက်ပေ၏။ အကျိုးစီးပွားကို အလိုရှိ၏။ ဆုံးမတတ်၏။ သင့်အား အရတော်လေစွတကား။ သင့်အား လူ၏အဖြစ်ကို ကောင်းစွာရအပ်လေစွတကား။ 
 
သီလနှင့်ပြည့်စုံ၍ ကိုယ်တွင်းသန္တာန်၌ စိတ်ငြိမ်းအေးသော ငါဘုရား၏ တပည့်ဥပါသိကာမတို့တွင် နကုလမာတာသည် တစ်ယောက်အပါဝင်ဖြစ်ပေ၏။ (အင်္ဂုတတ္တရနိကာယ် အဋ္ဌကနိပါတ် နကုလပိတာသုတ်) ဟူသောစကားဖြင့် ဗုဒ္ဓချီးမွမ်းတော်မူသော မိန်းမ အမြောက်အများရှိကြာင်း ထင်ရှား၏။ 
 
ဗုဒ္ဓသည် လူတို့အိမ်ထောင်ပြုရာ၌ မိန်းမများကို ကုန်ပစ္စည်းကဲ့သို့ သဘောမထားဘဲ မေတ္တာသက်ဝင် ချစ်ခင်၍ ရွေးချယ်ပေါင်းဖက်ခြင်းကို ချီးမွမ်း၏ (သုတ္တနိပါတ် ဗြာဟ္မဏ ဓမ္မိကသုတ်)။ 
 
 သက်ကြီးယောက်ျားသည် မိန်းမငယ်ကိုယူမိပါက ပူကန်သောကဖြစ်၍ စိတ်ဆင်းရဲရတတ်၏။ (သုတ္တနိပါတ် ပရာဘဝသုတ်)သိင်္ဂါလသုတ်လာ လင်ကျင့်ဝတ် ငါးပါးအရ တစ်လင်တစ်မယား စနစ်သည်သာလျှင် ဗုဒ္ဓသြဝါဒနှင့် ကိုက်ညီကြောင်း မိန်းမများအား ယောက်ျားများနှင့် တန်းတူအခွင့်အရေး ပေးထားကြောင်း ထင်ရှား၏။
 
 ဗုဒ္ဓလက်ထက်က မိန်းမများ၏ အခြေအနေကို လေ့လာခဲ့သော အင်္ဂလိပ်ပါဠိပညာရှင် တစ်ဦး၏ အဆိုအားဖြင့် ထိုခေတ်က ဗုဒ္ဓဝါဒီ အမျိုးသမီးတို့သည် ဗုဒ္ဓမပေါ်မီကထက် ပို၍ ဂုဏ်သိက္ခာ ရှိလာကြ၏။ 
 
သမီးမိန်းမနှင့် မုဆိုးမများမှာ စိတ်ပျက်စက်ဆုပ်ဖွယ်ရာ ပုဂ္ဂိုလ်သတ္တဝါများ မဟုတ်တော့ချေ။ သူတို့နှင့်တကွ ဇနီးမိန်းမများသည် ပိုမိုလွတ်လပ်၍ လေးစားခြင်း ခံလာကြရ၏။ 
 
ဗုဒ္ဓသည် မိဘများကို ပြုစုစောင့်ရှောက်မှု ဆွေမျိုးသားချင်းများကို ကူညီထောက်ပံ့မှုနှင့် သားမယားလုပ်ကျွေးမှုကို ချီးမွမ်း၍ လူ့လောက၌ မိသားစုစိတ်ဓာတ် ထွန်းကားသည်ကို မြင်တော်မူလို၏။ အိမ်ရာထောင်သော လူ့ဘောင်၌ မိန်းမများ၏ အရေးပါမှုကို အသိအမှတ် ပြုတော်မူကြောင်း ဗုဒ္ဓဝင်မှ ဖြစ်ရပ်တစ်ခုဖြင့် ထင်ရှား၏။

ဘုရားရှင်သည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်၌ ဆွမ်းဘုဉ်းပေးပြီးသောအခါ အလုံးစုံသော မောင်းမမိဿံ ခြွေရံတို့သည် အနီးသို့ချဉ်းကပ်၍ ဘုရားရှင်အား ရှိခိုးဖူးမျှော်ကြ၏။ ယသော်ဓရာမင်းသမီးသည်ကား အဆောင်ထဲမှ ထွက်မလာချေ။ 
 
နန်းသူနန်းသားတို့က သခင်မ မောင်တော်ဘုရားကို ထွက်၍ ပူဇော်ဖူးမြော်ပါလော ဟုတိုက်တွန်း ကြသော်လည်း ယသော်ဓရာမင်းသမီးသည် အကယ်၍ ဘုရားရှင်သည် အကျွန်ုပ်၏ ကျေးဇူးကိုထောက်မျှော်၍ သနားတော်မူပါလျှင် အကျွန်ုပ်ထံသို့ ကြွလာပါလိမ့်မည်။
 
 ထိုအခါမှ ပူဇော်ပါတော့မည် ဟုဆို၍ ထွက်မလာဘဲနေ၏။ ထိုအကြောင်းကို ဘုရားရှင်ကြားသိသော် မင်းကြီးအား သပိတ်ကမ်း၍ အဂ္ဂသာဝကနှစ်ဦးနှင့်အတူ ယသော်ဓရာ၏ နေရာတိုက်ခန်းသို့ ဝင်တော်မူပြီးလျှင် ယနေ့ ယသော်ဓရာမင်းသမီးသည် ငါဘုရားကို အလိုရှိတိုင်း ဖူးမြော်ပါစေ။ 
 
မည်သူကမျှ တစ်ခွန်းစကား မတားဆိုကြလင့် ဟုမိန့်တော်မူ၏။ ထိုအခါ ယသော်ဓရာမင်းသမီးသည် ဘုရားရှင်ထံသို့လာ၍ ခြေဖဝါးကို ဆံပင်ဖြင့်ပွတ်သပ်လျက် အထပ်ထပ်ရှိခိုးလေသည်။ 
 
အထက်ပါအကြောင်းမှာ ပိဋကတ်၌ မလာဘဲ ဇာတ်အဋ္ဌကထာ၌သာ တွေ့ရသော်လည်း ဗုဒ္ဓ၏ ကြင်နာမှု စိတ်နှလုံးမြင့်မြတ်မှု မိသားစုစိတ်ဓာတ် တန်ဖိုးကိုနားလည်မှု စသည်တို့ကို စဉ်းစားဆင်ခြင်ပါက ဗုဒ္ဓဝင်မှ အကြောင်းယုတ္တိ ခိုင်မာသော ဖြစ်ရပ်တစ်ခု ဖြစ်သည်ဟု မှတ်ယူရပေမည်။ အချုပ်အားဖြင့် ဗုဒ္ဓ၏ သာသနာ၌ ကာမဂုဏ်ခံစားသော်လည်း အကျင့်သီလရှိသော လူတို့အတွက် နေရာကဏ္ဍ အထင်အရှားရှိ၏။ 
 
ထိုသူတို့ကို ဗုဒ္ဓချီးမွမ်းတော်မူကြောင်း သေချာခိုင်မာသော အထောက်အထားမှာ။ ။ အို ရဟန်းတို့ နတ်တို့ကို အစိုးရသော သိကြားမင်းသည် ဝေဇယန္တာပြာသာဒ်ထက်မှ ဆင်းသက်၍ များစွာသော အရပ်မျက်နှာတို့ကို လက်အုပ်ချီလျက် ရှိခိုး၏။ 
 
ထိုအခါ မာတလိနတ်သားက အကျိုးအကြောင်းမေးမြန်းရာ သိကြားမင်းက ဤသို့ဆို၏။ အို မာတလိ ခပ်သိမ်းကုန်သော လူတို့သည် လည်းကောင်း နတ်မင်းကြီးနှင့် တာဝတိံသာနတ်တို့သည် လည်းကောင်း ငါ့ကိုရှိခိုးကြကုန်၏။ ငါသည်ကား သီလသမာဓိနှင့် မြတ်သောအကျင့်ကို ကျင့်သုံးသော ရဟန်းတို့ကို ကောင်းစွာရှိခိုး၏။ 
 
အိမ်၌နေသော လူဖြစ်ကုန်သော ကောင်းမှုကုသိုလ်ကို ပြုလေ့ရှိကုန်သော သီလရှိကုန်သော အကြင်ဥပါသကာတို့သည် တရားနှင့်အညီ ရှာမှီး၍ သားမယားကို မွေးမြူကြကုန်၏။ ထိုဥပါသကာတို့ကိုလည်း ငါသည်ရှိခိုး၏။
 
 (သံယုတ္တနိကာယ် သက္ကသံယုတ် သက္ကနမဿသုတ်)။
ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်၍ နောက်ကာလ၌ ဗုဒ္ဓ၏အမည်သည် ဒဏ္ဍာရီများအကြားတွင် မှုန်ရီဝိုးတဝါး ဖြစ်ခဲ့သော်လည်း ဗုဒ္ဓ၏ဂုဏ်သည် နောက်မှပေါ်လာသော များစွာသော ဘာသာရေးခေါင်းဆောင်များ၏ ဂုဏ်ထက် ပိုမိုထင်ရှား၏။ ဤအချက်သည် ဗုဒ္ဓ၏ ထူးခြားသော သီလ သမာဓိဂုဏ်ကို အထင်အရှား သက်သေခံလျက်ရှိ၏။ 
 
ဤသို့ဖြင့် အင်္ဂလိပ် ဗုဒ္ဓစာပေပညာရှင် ဆာချားစ်အဲလိယော့သည် ဗုဒ္ဓကိုချီးကျုးခဲ့၏။ မှန်လှ၏။ အိန္ဒိယ ဘာသာဝါဒသမိုင်းတွင် မြောက်မြားလှစွာသော ဘာသာရေးခေါင်းဆောင်များထက် ပိုမိုထင်ပေါ်နေခြင်းသည် ဗုဒ္ဓ၏ထူးခြားသောဂုဏ်ဖြစ်၏။ 
 
ဗုဒ္ဓကိုမီလိုက်သော သူတို့ကသော်လည်းကောင်း မမီလိုက်သော်လည်း ရှေးအစဉ်ဆက် စကားများကို ကြားဖူးသောသူတို့က သော်လည်းကောင်း ဗုဒ္ဓကို ကြည်ညိုကြခြင်းမှာ စင်စစ် အံ့သြစရာမရှိချေ။ 
 
 အဘယ်ကြောင့်ဆိုသော် ပိဋကတ်ကျမ်းစာများမှ ဗုဒ္ဓအကြောင်းအရာများကို ယနေ့ဖတ်ရှု့လေ့လာကြကုန်သော အနောက်နိုင်ငံပညာရှင်တို့သည်ပင် ဗုဒ္ဓကိုကြည်ညိုကြရ၏။ ဤနေရာ၌ ဗုဒ္ဓ၏ တရားကို ကြိုက်နှစ်သက်သော ပညာရှင်များကို ကျွန်ုပ်တို့ မညွန်ပြလိုချေ။ 
 
ဗုဒ္ဓလက်ထက်က သစ္စကပရိဗိုဇ်ကဲ့သို့ ဗုဒ္ဓဝါဒကို မနှစ်သက်သော်လည်း ဗုဒ္ဓကို ကြည်ညိုလေးစားသော အချို့ပညာရှင်တို့၏။ ထင်မြင်ချက်များကိုသာ ဖော်ပြအံ့။
အင်္ဂလိပ်ပညာရှင် ဆာဗာရီဒေးကိသည် ဗုဒ္ဓဝါဒကို လက်မခံချေ။ 
 
သို့ရာတွင် ဗုဒ္ဓဝါဒသည် ချွတ်ယွင်းချက်များ ရှေ့နောက်မညီညွတ်မှုများ ရှိသော်လည်း ဗုဒ္ဓသည် အာရှတိုက်မှ ထွက်ပေါ်ခဲ့သော ခေါင်းဆောင်များအနက် ကြည်ညိုဖွယ်အကောင်းဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်ပါပေသည် ဟုရေးသားခဲ့၏။ ပြင်သစ်ပညာရှင် ဗာသီလီမိ စိန့် ဟီလာရီသည် ဗုဒ္ဓဝါဒကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်သောသူ ဖြစ်၏။ 
 
သို့ရာတွင် သူက ဗုဒ္ဓ၏ ဘဝဖြစ်စဉ်သည် အပြစ်အနာကင်း၏ ဗုဒ္ဓသည် အာဇာနည်စိတ်ဓာတ်ရှိမှု ကိုယ်ကျိုးမငဲ့ကွက်မှု မေတ္တာဓာတ်ကြီးမားမှုနှင့် စိတ်နှလုံး နူးညံ့သိမ်မွေ့မှုတွင် စံပြပုဂ္ဂိုလ်ဖြစ်ပေသည်။
 
 ပရိုဖက်ဆာ မက်စ်မူလာသည် ရှေးအိန္ဒိယ ဘာသာဝါဒများကို နှိုက်ချွတ်လေ့လာခဲ့သော ဂျာမန်ပညာရှင်ဖြစ်၏။ ဗုဒ္ဓဝါဒမှာ သူနှစ်သက်သောဝါဒမဟုတ်။ သို့ရာတွင် သူသည် ဗုဒ္ဓကိုကြည်ညိုလေးစား၏။
 
 သူက ဗုဒ္ဓကို အပြိုင်အဆိုင် ချီးကျုးကြသော ခရစ်ယာန်သာသနာပြု ဆရာတို့၏ ရေးသားချက်များကို ဖတ်ရှု့ရသောအခါ ကျွန်ုပ်တို့မှာ ကိုယ့်မျက်စိကိုပင် ယုံနိုင်စရာမရှိပါ ဟု ဆိုလေသည်။ အဒေါ့ထောမတ်သည် ဂျာမန်ခရစ်ယာန်ဘုန်းကြီး တစ်ပါးဖြစ်၏။ သူသည် တစ်ခါက အမေရိကန်မြို့ ကြီးများသို့ လှညါ့လည်၍ ဗုဒ္ဓဝါဒအကြောင်းကို ဟောပြောဖူး၏။ 
 
သူသည် ဗုဒ္ဓဝါဒကိုကဲ့ရဲ့ရှုတ်ချ၏။ သို့ရာတွင် ဗုဒ္ဓကိုကား ချီးကျူးဟောပြောခဲ့ပေသည်။ ဗုဒ္ဓသည် စိတ်နှလုံးမြင့်မြတ်၍ သိမ်မွေ့နူးညံ့၏။ မိမိ၏ ယုံကြည်ချက်အတွက် ဘာမဆို စွန့်ရဲသော ယောက်ျားအာဇာနည်တို့၏ နှလုံးရည်နှင့် ပြည့်စုံ၏။ သီလ သမာဓိနှင့် ဥာဏ်ပညာအရာ၌ အခြားသူများထက် မြင့်မြတ်၏။ 
 
ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၅၀၀ ကျော်က ပေါ်ထွက်ခဲ့သော ဗုဒ္ဓသည် ၁၉ ရာစုခေတ် သိပ္ပံပညာရှင်တို့ တွေ့ရှိသော အချက်များကို ကြိုတင်သိမြင်ခဲ့၏။ လွတ်လပ်စွာတွေးခေါ်မှုကို လိုလား၍ ယခုကာလ သိပ္ပံပညာရှင်တို့ကဲ့သို့ လွတ်လပ်စွာ ဆင်ခြင်သုံးသပ်၏။

ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်သည်မှာ နှစ်ပေါင်း ၂၀၀၀ ကျော်ပြီ ဖြစ်သော်လည်း ဗုဒ္ဓကို လူတို့မမေ့ကြသေးချေ။ ဗုဒ္ဓ၏အမည်သတင်းသည် ဥရောပနှင့် အမေရိကတိုက်များသို့ပင် ပျံ့နှံ့ထင်ရှား၏။ 
 
အာရှတိုက်၌ လူသန်းပေါင်း ၃၇၀ တို့၏ ကိုးကွယ်ခြင်းခံရသော ဗုဒ္ဓသည် ဥရောပနိုင်ငံများ၌လည်း ပညာရှင်အတော်များများ၏ စိတ်ဓာတ်ကို ဆွဲဆောင်နိုင်ခဲ့၏။ ရိုဟင်ဟွာနှင့် ကင်ကယ် အစရှိသော ဂျာမန်အဘိဓမ္မာဆရာနှင့် ကဗျာစာဆိုတို့သည် ဗုဒ္ဓကိုရှိခိုးပူဇော်ကြ၏။ 
 
{ဦးအေးမောင်} မိတ်ဆွေများ၏ နှလုံးသားမှာ (ဗုဒ္ဓ)ထာဝရကိန်းအောင်း နိုင်ကြပါစေ။
 
 

No comments:

Post a Comment