ကုသိုလ်ကောင်းမှုကို ပြုရာ၌ သန့်စင်သောစေတနာ အရင်းခံရန်လိုပါသည်။ တစ်ဖက်သားအဆင်ပြေ အကျိုးရှိစေဟူသော စေတနာကောင်းတစ်ခုထားရန်လိုပါသည်။ ထိုကုသိုလ်ကောင်းမှု
သော ကုသိုလ်ကောင်းမှုသည် မသန့်စင်၊ လောဘအစေး ငြိတွယ်နေသောကြောင့် မွန်မြတ်ခြင်း
မရှိနိုင်ပါ။
ကုသိုလ်မှုသည် ကောင်းကျိုးပေး၏။ ဤသည်မှာ ကုသိုလ်၏စွမ်းအင်သတ္တိဖြစ်ပါ၏။သန့်စင်ပြီး စေတနာကောင်းဖြင့်ပြုသော ကုသိုလ်မှုမှန်သမျှသည် ကောင်းကျိုးပေးမည်သာ ဖြစ်ပါ၏။
ကုသိုလ်ကောင်းမှုက သူ့သဘော သူဆောင်၍ သူ့အလုပ် သူလုပ်သွားလိမ့်မည်သာ ဖြစ်ပါ၏။
ကုသိုလ်ကောင်းမှုပြုပြီး လောဘဇောဖြင့် လောကီဆု
အထွေထွေ တောင်းနေစရာ မလိုပါ။
ယင်းသို့ ဆုတောင်းနေမိလျှင် ယင်းဆုတောင်းသောအရာများ ရလိုမှုဟူသော လောဘ အရင်းခံဖြင့်လှူဒါန်းခဲ့သလားဟူ၍ မိမိနှလုံးသားကို ရိုးရိုးသားသား ပြန်လည်ဆန်းစစ် သင့်ပါ၏။
လှူတာက ခု ဆယ်၊ ဆုတောင်းတာက(ရလိုမှုက)သိန်း သန်းဆိုလျှင် မိမိသည် မည်မျှလောဘကြီးနေသလဲဆိုတာ ပြန်လည် စီစစ် သုံးသပ်သင့်ပါသည်။
နှလုံးသားထဲကသာ တကယ်
လှိုက်လှဲလေးနက်သော စေတနာသန့်သန့်ဖြင့် စွန့်လွှတ်လှူဒါန်းပါ။ မည်သည့်လောကီဆုတွေကိုမျှ တောင်းနေစရာ မလိုပါ။ ကုသိုလ်ကောင်းမှု ပြုပြီးသောအခါ ကောင်းကျိုးပေးမှုသည် ကျွဲကူး
ရေပါ ဆိုသလို ဖြစ်ထွန်းလာမည်သာ ဖြစ်ပါသည်။
ဥပမာ- ငါးကလေးများကို ဇီဝိတဒါနအဖြစ် လှူဒါန်းလိုက်သည် ဆိုပါစို့။မိမိကိုအကြောင်းပြုလျက်ငါးကလေးများ
သေမည့်ဘေးအန္တရာယ်မှ လွတ်မြောက်ပြီး ရေထဲတွင်
ပျော်ပျော်ရွှင်ရွှင်ကူးခတ်သွားသည်ကို မြင်ရလျှင် အဘယ်မျှ ရွှင်လန်းချမ်းမြေ့ဖွယ် ကောင်းပါသနည်း။
သည့်အတွက် “ နင့်အသက် တစ်ခါလွှတ်၊ ငါ့အသက် ဆယ်ခါလွှတ် ” ဟု ဆုတောင်းနေစရာ မလိုပါ။ ဆုမတောင်းစေကာမူ ကုသိုလ်နှင့် သင့်လျော်သောအကျိုးကား တစ်ချိန်ချိန်တွင် အကျိုးပေးမည်သာ ဖြစ်ပါသည်။
ဒါကြောင့် တရားချစ်ခင် သူတော်ကောင်းအပေါင်းတို့ကလည်း ဒါနမှုပြုပြု၊သီလမှုပြုပြု၊ဘာဝနာမှုပြုပြုဦးတည်
ဆုတောင်းသင့်သောအရာမှာ လောကီစည်းစိမ်ဥစ္စာ ရွှေ ငွေ ရတနာများမဟုတ်ပါ။
သံသရာတည်းဟူသော ၀ဋ်ဆင်းရဲမှ လွှတ်မြောက်စေရန်သာ ဆုတောင်းရမည်ဖြစ်ကြောင်း နားလည်သဘောပေါက်ကြပြီး နိဗ္ဗာန်ရောက်ကြောင်း အကျင့်တရားများကို ကျင့်ကြံ
အားထုတ်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
{ မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏ သြ၀ါဒများပေါင်းချုပ်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
ဓမ္မနဒီ ဆိုဒ်မှ တစ်ဆင့်ကူးယူမျှဝေသည်။
No comments:
Post a Comment