/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Thursday, January 23, 2014

★ ဆင်းတုတော် မှာ အသက်ရှိပါသလား? ★



"ဦးဉာဏ် ….ဆင်းတုတော် မှာ အသက်ရှိသလား?"
"ကြံကြံဖန်ဖန်ကွယ် ၊မင့် ဘယ်သူပြောသလဲ မောင်ဇော် ရဲ့။ တို့များ လည်း သေချာရှင်းပြပါဦး။"


" ဒီလို ဦးဉာဏ်ရေ့၊ စိုးမြင့် က "ရှစ်မျက်နှာစေတီ"မုခ်ဦး ထဲမှာ "ကျောက်ဆင်းတု ရုပ်ပွားတော် ရှစ်ဆူ" ပူဇော်ဖို့ မန္တလေး က ပင့်လာခဲ့တယ်၊ ဒီကို ရောက်တော့ သူ ပူဇော် ထည့်ထားမယ့် မုခ်ပေါက် တွေထဲ မှာ အရင် က "အုတ်အင်္ဂတေ ဆင်းတုတော်" တွေ ရှိနေတယ်။

အင်္ဂတေ ဆင်းတုတော် ဆိုတော့ ကျိုးတာကျိုး၊ ပဲ့တာပဲ့ နဲ့ မပီပြင်တော့ဘူး အကုန်ပျက်စီးနေပါလေရော၊ အဲဒါ နဲ့ စေတီတော် ကို ပြင်ပေးနေတဲ့ ပန်းရန်ဆရာ ဦးသောင်းဋ္ဌေး ကို ဖျက်ပေးပါ လို့ ပြောတော့ သူ က ( မင်းတို့ ဘုရား ကို အသက်နုတ်ပေး၊ဘုန်းကြီးတွေက ရုပ်ပွားတော် ကို အနေကဇာ တင်ပြီး အသက်သွင်းထားကြတာ၊ အဲဒါ ပြန်နုတ်ပေးမှ ကျုပ် က ဖျက်ပေးနိုင်မယ်) လို့ပြောနေလို့ ဦးဉာဏ်ရဲ့။"

"ရော်..၊ ခက်ပဲ ခက်ရချည်ရဲ့ကွယ်ရို့၊ ရဟန်းသံဃာတော် တွေက "ဗုဒ္ဓါဘိသေက ဘုရားအနေကဇာ" တင်တယ် ဆိုတာ ရုပ်ပွားဆင်းတုတော် ကို သက်ရှိထင်ရှား မြတ်စွာဘုရားလို အောက်မေ့ ဆင်ခြင်ပြီးတော့ "အနေကဇတိသံသာရံ" အစချီ တဲ့ ဂါထာတော်တွေနဲ့ ပူဇော်ကြတာပါကွယ့်။

ဗုဒ္ဓမြတ်စွာဘုရားရှင် ဘုရားအဖြစ် ရောက်တော်မူလျှင် ရောက်တော်မူချင်းပဲ (တဏှာယောက်ျား လက်သမား ကို မြင်ပြီဖြစ်၍ ခန္ဓာအိမ် အသစ်တစ်ဖန် မဆောက်နိုင်အောင် တဏှာယောက်ျား လက်သမားကို အပြီးတိုင် သတ်ပြီး ပြီ) ဆိုတာကို ဥဒါန်းကျူးရင့်တော်မူတဲ့ ဂါထာတော်လေ။"

"အော် ဟုတ်ကဲ့ ဦးဉာဏ် အဲဒီတော့..။"

"အဲဒီတော့ မောင်ဇော်.ရယ်.။ "ဒီ ဂါထာတော် ကို ငါ့တပည့်သား ရဟန်းသံဃာတော်တွေ ရွတ်ဖတ်၍ ငါ၏ကိုယ်စား ရုပ်ပွားတော် အား အသက်သွင်း မန်းမှုတ်ကြ " လို့ ဘယ် ပိဋကတ်၊ဘယ် ကျမ်းဂန် တော်တွေမှာ မှ မမိန့်ကြားခဲ့ဖူးပါဘူးကွယ်။

ဒီ ဂါထာတော် နဲ့ ဘုရား ကို အနေကဇာ တင်ပြီး အသက်သွင်းထားတယ် လို့ ဘာသာရေးအခြေခံ အားနည်းသူတစ်ချို့တွေက မဟုတ်က ဟုတ်က ထင်နေကြသကိုးကွယ့်။"

"အချို့ ဘုန်းကြီးတွေက (ဒကာ တို့အိမ်က ဘုရား အနေကဇာ မတင်ရသေးဘူး၊ မကိုးကွယ်ကောင်းဘူး) လို့ ပြော၊ဟော နေတာကို ကြားဖူးတယ် ဦးဉာဏ်။"

" အလိုလေး၊ (ရုပ်ပွားတော် အား ဘုရားဖြစ်စေရန် နှင့် ဒကာ,ဒကာမ တို့ကိုးကွယ်ကောင်းရန် အနေကဇာ တင်ပေးရမည်) လို့ ဘယ်သူ က မှ အခွင့်အာဏာ ပေးမထားခဲ့ပါဘူးကွယ်။
(အသက်) ဆိုတာ နဂို ကတည်းက မရှိတာကွယ်၊ မရှိတဲ့ အသက် ကို ဘုရားရုပ်ပွားတော်ထဲ ဘယ်လိုလုပ် သွင်းနိုင်မှာလဲ လို့။ 


အနေကဇာ တင်လိုက်တာနဲ့ တစ်ပြိုင်နက်ထဲ အသက်လိပ်ပြာကောင်လေး က ဘုရားရှင် ရုပ်ပွားတော် ထဲ ၀င်သွားတယ်ထင်နေရော့ သလား။အသက်ဝင်အောင် အနေကဇာ တင်ပြီးပြီ ဆိုရင် ဘုရားရုပ်ပွားတော် ကို မရိုမသေ မလေးမစား လုပ်ရင် ငရဲကြီးတယ်၊ အနေကဇာ မတင် ရသေးဘူး ဆိုရင် ငရဲ မကြီးဘူး။ အနေကဇာ မတင်ရသေး၊ အသက် မ၀င်သေး လို့ မကိုးကွယ် ၊ မပူဇော် ကောင်းဘူး လို့ ယူဆလေရော့သလားကွယ်။"

"ဟုတ်ကဲ့..ဆက် ရှင်းပြ ပေးပါဦး ဦးဉာဏ်။ "

"ဒီလို မောင်ဇော် ရဲ့။

အမှန် က ဒကာ,ဒကာမ တွေက ရဟန်းသံဃာတော်တွေကို ပင့်ပြီး "ဘုရားအနေကဇာ" တင်ခြင်း သည် "ဗုဒ္ဓပူဇနိယ"-ဘုရားရှင် ကို ပူဇော်တာပါ။ ကြွရောက်တော်မူလာတဲ့ သံဃာတော်တွေကို ဆွမ်း စသည် ဆပ်ကပ်လှူဒါန်း တာက "သံဃပူဇေနိယ"-သံဃာတော် များကို ပူဇော် တာပါ၊ သံဃာတော် တွေ ဟောကြားတဲ့တရားတော် ကို ရိုသေစွာ နာကြားတယ် ဆိုတာက "ဓမ္မပူဇနိယ"-တရားတော် ကို ပူဇော်တာပါကွယ့်။"


"ဟုတ်ကဲ့ ၊ဒါဆို ဘယ်လို လုပ်ရမလဲ ဦးဉာဏ်။"

"အင်း..၊ "ဥပရိပဏ္ဍာသ အဋ္ဌကထာ၊ ဗဟုဓာတုက သုတ္တ၀ဏ္ဏာနာ"ရဲ့ (စာ-၇၇) "လောဟိတုပ္ပါဒ"အဖွင့် မှာဒီလို တွေ့ရသကွယ့် မောင်ဇော် ရဲ့။

"မြတ်စွာဘုရား ခန္ဓာကိုယ်တော် အား သူတစ်ပါး လုံ့လ ပယောဂ ဖြင့် အရေပြား ကို ဖောက်ခွဲ၍ သွေးထွက်အောင် မပြုနိုင်။ ဒေ၀ဒတ် ကျောက်နှာမောင်းဆင်ခြင်းကြောင့်
 မြတ်စွာဘုရား ခြေတော် သွေးခြေဥ ရသည်။ ဤသို့ သွေးခြေဥစေခြင်း သည်ပင်လျှင် ဒေ၀ဒတ် အား လောဟိတုပ္ပါဒ အာန န္တရိယကံ ထိုက်သည် " လို့ဖွင့်ပြတယ်။
ပြီးတော့..၊

"သမားတော် ဇီဝက မှာ မြတ်စွာဘုရား၏ ခြေတော် ကို ဓားငယ်ဖြင့်ခွဲ၍ သွေးပုပ်များ ကို ထွက်စေသော်လည်း မြတ်စွာဘုရား ကိုယ်တော် ချမ်းသာကို ဆောင် သဖြင့် အကုသိုလ် မဖြစ်၊ ကုသိုလ် ပင်ဖြစ်လေသည်။

ထို့အတူ ပရိနိဗ္ဗာန်စံတော်မူပြီးသော မြတ်စွာဘုရား၏ စေတီတော် ကို ဖျက်ခြင်း၊ မဟာဗောဓိပင် ကို ခုတ်ဖြတ်ခြင်း တို့သည် ကြီးလေးသော ကံ ကို ပြုသည် မည်၏။ အာန န္တရိယကံ နှင့်အတူပင် " လို့ ဖွင့်ပြတယ်။

ဆက်ပြီးတော့ ဖွင့်ဆိုပြထားသေးတာက-
"သို့သော် ဖျက်ဆီးသင့် ဖျက်ဆီးထိုက်သော တည်နေရာ နှင့်တကွ "ထူပ"(စေတီ)၊"ပဋိမာ"(ဆင်းတုတော်)၊ တားမြစ်သင့်သော ဗောဓိ အကိုင်းအခက်များ ကိုဖျက်ဆီး လျှင် အပ်သည်။
စေတီပေါ်မှာ ငှက် နားသဖြင့် မစင်စွန့် ချသောအခါ မစင် ကို ဖယ်ရှားသုတ်သင်ရင်း ဖျက်ဆီးမိသလိုဖြစ်သွားပါကလည်း အပြစ် မရှိ။ 

ပရိဘောဂ စေတီတော် မှ သရီရစေတီတော် ထပ်မံ တည်ထားပါက ယခင် စေတီတော် ထက် ကြီးပေးရမည်" လို့ ဖော်ပြထားပါတယ် မောင်ဇော်ရဲ့။ ကိုင်း…၊ သဘောပါ သလား၊"

"သာဓု၊သာဓု၊သာဓု ပါဗျာ။ "

ချမ်းသာကြပါစေ..၊အေးငြိမ်းကြပါစေ..၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။

ဘ၀တုသဗ္ဗမင်္ဂလံ 

ဦးဉာဏ်လင်းမြို့ ရေးသားသောပို့မှ ပြန်လည်မျှဝေသည်။

No comments:

Post a Comment