/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg
Thursday, January 23, 2014
**** အသေမြတ်ချင် သေနည်းသင် ****
ရုတ်တရက် ဘိုင်းခနဲ လဲသေသွားတဲ့သူအတွက်တော့ အကြောင်းမဟုတ်ပေမယ့် မသေခင် ခံစားရတဲ့ဝေဒနာ ဆိုးကြီးတွေကို  ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့  သင်ကြား လေ့ကျင့်ထားသင့်ပါတယ်။
စဉ်းစားကြည့်ပါ။ နေမကောင်းဖြစ်လို့  အိပ်ယာမှာလှဲနေရတဲ့အခါ တော်တော် နေရခက်ပါတယ်။
သွားမယ်ဆိုလည်း နေမကောင်းတာနဲ့ သွားလို့ မဖြစ် ။ ကိုယ်တိုင်ကလည်း အားနည်းသလို ဖြစ်နေတော့
သွားရင်းလာရင်း မူးမှာစိုးရ။ ရောဂါ ပိုဆိုးလာမှာစိုးရနဲ့ မသွားဖြစ်ရင် အဲ့ဒီ တရက် နှစ်ရက်လောက်ကို
တော်တော် ငြီးငွေ့ တာပါ။တချို့ ဆိုနေမကောင်းရဲ့ နဲ့ အိမ်မှာနေရတာ ပျင်းလို့ ဆိုပြီ ထွက်လည်ကြတာရှိ
ပါသေးတယ်။
ဒီတော့ အိပ်ယာဖျာကပ် လဲ တဲ့ အခြေအနေ ထိ ဖြစ်လို့  ရက်ရှည်လများ ရောဂါဝေဒနာ ခံစားနေရတဲ့သူတွေ
ဆိုရင် ဘယ်လို ခံစားနေရမလဲဆိုတာ တွေးကြည့်သင့်ပါတယ်။ ကိုယ်ဖြစ်လာရင် ဘယ်လိုရင်ဆိုင်မလဲဆို
တာလေးပါ တွေးထားသင့်ပါတယ်။ ကိုယ်တော့ မဖြစ်ဘူးလို့  ဘယ်သူမှ မပြောနိုင်ပါဘူး။ ကံကြမ္မာဆိုတာ
မြင်ရတာမှ မဟုတ်တာနော်။
ဝေဒနာ ခံစားရလို့ အော်နေ  ညီးနေ တဲ့ လူနာကို မြင်ရင် သိတ်ပြီးစိတ်ပျက်စရာကောင်းပါတယ်။ သနားစရာ
လည်း ကောင်းပါတယ်။ အဲ့လိုအဖြစ်မျိုးဖြစ်နေတဲ့သူတွေမှာလည်း ရောဂါ ဝေဒနာ သက်သာချင်တယ်
ဆိုတဲ လောဘစိတ်တွေ။ ဒီရောဂါဆိုးကြီးနှိပ်စက်လို့ ခံစားနေရတဲ့ အတွက် မကျေမနပ် စိတ်တွေ ဖြစ်ပေါ်
နေမှာ အမှန်ပါပဲ။ မကျေ မနပ် စိတ်ဆိုတာ ဒေါသ စိတ်ပါ။အဲ့လို လောဘ စိတ်တွေ ဒေါသ စိတ်တွေကို
ဘယ်လို ဆင်ခြင်ပြီး ကိုယ့် ခန္ဓာ ဒုက္ခ ကို သည်းခံ မလဲ။ ကိုယ်တိုင် မခံစားဖူးတော့ မဖြစ်ဘူး ဆိုတဲ့အတွေးနဲ့
လူတွေက ပေါ့ပေါ့လေးနေတတ်ကြပါတယ်။ ဘိုင်းခနဲ့ လဲ သေတဲ့ မသာ  က လွဲရင် လူတိုင်းဟာ အိုခြင်း
နာခြင်းတွေ ခံစားရတာပါပဲ။ အိုခြင်း သဘောကို နားလည် လက်ခံပြီးသည်းခံနိုင်ရင်ကောင်းရဲ့။ သည်းမခံနိုင်
ရင် ကိုယ်တိုင်လည်း အနေခက်သလို ကိုယ့်ပတ်ဝန်းကျင်ကလည်း တော်တော်ကို ဒုက္ခ များပါတယ်။
သမီးတော် တို့ အဖေ ဆိုတာ သမီးတော်တို့  အားလုံး တရားတော်ကို စိတ်ဝင်စားအောင် ပြောပြ ခဲ့ပေးလို့ 
သမီးတော်တို့  ခုလောက်ထိ တရားတော်နဲ ရင်းနှီးခဲ့ရတာပါ။ သိတ်ကျေးဇူးတင်စရာကောင်းတဲ့အဖေပါ။
သို့ သော် အဖေက တရားတော်တွေကို ဇာတ်တော်တွေပြောပြလို့  အရိယာပုဂ္ဂိုလ်တွေအကြောင်း ကြားသိ
ခဲ့ရလို့  တရားအားထုတ်ချင်ခဲ့လို့  တရားစခန်းဝင်ပြီး လေ့လာမှတ်သားခဲ့လို့  သမီးတော်တို့  သိခွင့်ရ
အားထုတ်ခွင့်ရခဲ့တယ်။ အဖေ ကတော့ ဗုဒ္ဓ၀င် ဇာတ်တော်တွေကို တအိမ်လုံး သိအောင်ပြောပြခဲ့ပေမယ့်
တကယ်တမ်းကျတော့ တရားကိုဘယ်လိုအားထုတ်ရမယ်။ ရှူမှတ်ရမယ်ဆိုတာ သင်မထားတော့ မလေ့လာ
ထားတော့ ခုဆို အဖေဟာ သူ့ ခန္ဓာ ရဲ့ ဒုက္ခကို သူသည်းမခံနိုင်ပါဘူး။သည်းမခံတတ်ပါဘူး။ ခန္ဓာရှိလို့ 
နာခြင်း အိုခြင်း နှိပ်စက်ခြင်းခံရပါလားလို့  သူ နားမလည်ပါဘူး။ ကျန်းကျန်းမာမာ ရှိစဉ် အခါက အဖေ့ ကို
တရားစခန်းလေးသွားပြီး တရားအားထုတ်ပါ တရားတော်တွေကိုလေ့လာမှတ်သားပါလို့ တိုက်တွန်းခဲ့ပေမယ့်
အဖေ က ရီပါတယ်။ တရားစခန်းသွားမှ တရားသိမှာလားတဲ့ ။သမီးတော်တို့  တရားအကြောင်း ဘယ်လိုပဲ
ပြောပြော အဖေ က နားထောင်တဲ့အကျင့် မရှိပါဘူး။တရား အကြောင်းကို ဒီအိမ်မှာ သူ က သိလို့  ပြောပြလို့ 
ကြားဖူးကြတာ။သူ့ ကို ဘယ်သူမှ ဆရာလုပ်ပြီးပြောစရာမလိုဘူးဆိုတဲ့ မာန် ကလေးရှိနေတော့ ဘယ်လို
ပြောပြော နားမထောင်ခဲ့ပါဘူး။ခန္ဓာ ဆိုတာ နှိပ်စက်တတ်တဲ့ သဘောရှိတယ်ဆိုတာကိုလည်း အဖေ က
လက်ခံ နားလည်မှူ မရှိအောင်ကို ဖြစ်နေတာပါ။
ဘယ်လောက်ထိ ဆိုးလဲ ဆိုရင်  အဖွားကိုတပြီး ငိုပါတယ်။  အမေ   အမေ က သားကိုမွေးပြီးထားခဲ့တာ
သား အခု ဒုက္ခ ရောက်တယ်။အမေ သားကို ဘာလို့ မွေးခဲ့တာလဲ ဆိုပြီးငိုတယ်။ လေး ငါး ရက်လောက်ဆက်
တိုက် ငိုနေတာ တအိမ်လုံးစိတ်မချမ်းမသာဖြစ်ရတယ်။ အဲ့တော့ သမီးတော်မှာ အဖေ ငိုတာ တိတ်အောင်
ဘယ်လို မှ မလုပ်နိုင်တဲ့အဆုံး။ အဖေ  အဖေ တို့  သမီးတို့ ကို မွေးခဲ့လို ခု သမီးတို့ မှာ ရှာဖွေစားသောက်ရတဲ့
ဒုက္ခ ခံစားနေရတယ်။ အဲ့ဒါ အဖေတို့ ကြောင့် ဆိုပြီး ပြောမှပဲ။ အဖွားကို  တ  ပြီး ငိုတဲ့ အဖြစ် က ရပ်သွား
တော့တယ်။
တကယ်တော့ တရားကို လေ့လာတယ် ဆိုတာ ၀ိပဿနာ ကို တကယ်လေ့လာမိသူမှ အားထုတ်မိသူမှ
လေး ဖြစ်လာရင် တောက်လျှောက်ကြီးနာနေတာမဟုတ်ဘူး။ နာလိုက် ပျောက်လိုက် နာလိုက် ပျောက်လိုက်
ဒီလို ဖြစ်နေတာပါ။ ဥာဏ်အားကိုးပြီးတကယ် ရှုမှတ်ဆင်ခြင်မှသာ တကယ် အကျိုးရှိပါတယ်။
သာမာန်အားဖြင့်တော့ သမီးတော်က အဖေ့ အကြောင်းပြောတယ်လို့  မြင်စရာရှိပါတယ်။ သမီးတော်ပြော
တာ ခန္ဓာ အကြောင်းဖြစ်ပါတယ်။ ခန္ဓာ ရှိတဲ့သူတိုင်း အထူးသဖြင့် ၀ဋ်းကြွေးရှိတဲ့သူတိုင်း ဒီလို ပဲ ခံစားကြရ
မှာ ဖြစ်ပါတယ်။ ကိုယ့်မှာ ပါတဲ့ ၀ဋ်ကြွေးကို ကိုယ်တိုင်မြင်ရတာ မဟုတ်လေတော့  ဝေဒနာ ခံစားရတဲ့အခါ
ရှူမှတ်ဆင်ခြင်တတ်ဖို့ လေ့လာသင်ကြား မှတ်သားပြီး လေ့ကျင့်ထားဖို့ လိုပါတယ်။  သိတ်ကြောက်စရာ
ကောင်းလွန်းလို့ ပါ။အနည်းဆုံးသမထ သဘောလေးကိုနှလုံးသွင်းတတ်ရင်တော့ သက်သက်သာသာနေနိုင်
မှာပေါ့။ သမထ နည်းလေးမှ အားမကိုးတတ်ရင်တော့ ကိုယ်လည်းမသက်သာ သလို ကိုယ့်ပတ်ဝန်းကျင်က
လူတွေလည်း မသက်သာနိုင်ပါဘူး။ကိုယ့် မိဘ ကို ကျေးဇူးဆပ်ချင်ရင် သေနည်းသင်တန်းလေးတက်ဖို့ 
တိုက်တွန်းသင့်ပါတယ်။ ဒါမှ သူ့ အတွက် တန်ဖိုးရှိပြီး ကောင်းကျိုးချမ်းသာရမှာပါ။စားဝတ်နေရေးလေး
ဖြည့်ဆည်းပေးရုံနဲ့ သားသမီးတာဝန်ကျေပြီးလို့ မယူဆ ကြပါနဲ့ ။ သံသရာမှာ ကျင်လည်နေရအုံးမယ်ဆိုရင်
ခန္ဓာ ဒုက္ခ ကိုခံစားကြရအုံးမှာဖြစ်လို့  သံသရာလွတ်ကြောင်းလေးကိုသိသွားအောင် လေ့လာအားထုတ်ဖို့ 
တိုက်တွန်းခြင်း စည်းရုံးခြင်းလေး ပြုလုပ်ကြစေချင်ပါတယ်။ ကိုယ်ကိုတိုင်လည်းကျန်းမာပြီး မှတ်ဥာဏ်
လေးကောင်းနေတဲ့အချိန်မှာ ၀ိပဿနာ တရားပွားများအားထုတ်ခြင်းဖြင့် လူဖြစ်ကျိုးနပ်အောင် တန်ဖိုးရှိ
အောင် နေထိုင်သွားစေချင်ပါတယ်။
သောတာပန် တည်ပြီးမှ စီးပွားရှာချင်ရှာပါတဲ့ ။ အိမ်ထောင်ပြုချင်ပြုပါတဲ့။ ကာမဂုံ အာရုံတွေ ခံစားပါတဲ့ ။
စီးပွားရှာခြင်း။ အိမ်ထောင်ပြုခြင်း။ကာမဂုံအာရုံတွေခံစားခြင်းနဲ့ပဲ အချိန်ကို မကုန်ပါစေနဲ့ ။ ၀ိပဿနာ တရား
လေးမှ အားမထုတ်ရသေးရင် လူဖြစ်ရှုံးလွန်းလို့ တိုက်တွန်းနေခြင်းပဲ ဖြစ်ပါတယ် ဆိုတာ အလေးထားလို့ 
ဆင်ခြင်ကြစေချင်ပါတယ်။
(အသေမြတ်ချင်သေနည်းသင်) ဆိုတဲ့  ခေါင်းစဉ်လေးဟာ ဆရာတော်   တော်တော်များများ သုံးတဲ့ ခေါင်းစဉ်
လေးပါ အားလုံးသတိထား ဆင်ခြင်းပြီ ကိုယ်မဖြစ်မနေ လုပ်ရမယ့် အလုပ်ကို အချိန်မဆိုင်းပဲ ကြိုးစား
မယုတ် ပွားများအားထုတ်ကြစေချင်ပါတယ်။တကယ်ပဲ ကြိုးစားအားထုတ်ထားမယ်ဆိုရင်တော့ သေခြင်း
တရားရဲ့ ဟိုမှာဘက် အတွက် ပူပန် စရာမလို ပဲ စိတ်ချရမှာလည်းဖြစ်ပါတယ်။ မြတ်သော သေခြင်းနဲ့ သေရ
မှာဖြစ်သလို မသေခင် ခံစားရတဲ့ဝေဒနာဆိုးကြီးတွေကိုလည်း သည်းခံနိုင်မယ် ဆိုတာလေး မှတ်သား
ဆင်ခြင်ကြစေချင်ပါတယ်။
ခဏတာလောက် နေမကောင်းထိုင်မသာ ဖြစ်တာလေးကို ချိန်ထိုးပြီးဆင်ခြင်ကြည့်ရင် တကယ်လို့ များ
အိပ်ယာ ဖျာကပ် လဲခဲ့ရသည်ရှိသော်ဆိုတာကို ဆင်ခြင် သတိ အသိနဲ့  ကြောက်တတ်စေချင်ပါတယ်။
ခန္ဓာ ၏ ဒုက္ခ အပေါင်းမှ ကင်းဝေးကြပါစေခြင်း အကျိုးငှာရေးသားဖေါ်ပြခြင်းပါ။
သဗ္ဗေ သင်္ခါရာ  အနိစ္စာတိ= အလုံးစုံသော သင်္ခါရ တရားတို့ သည် မမြဲပေ။
 တတိယမြောက်သမီးတော် ဆိုဒ်မှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment