/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Friday, January 31, 2014

**** အနတ္တဝါဒ အပိုင်း(၅) ****

Photo: အနတ္တဝါဒ
-----------
အပိုင်း(၅)
----------
မြန်မာဗုဒ္ဓဝါဒီ ဝိပဿနာ ဆရာတစ်ဦး၏ကျမ်းစာအုပ်မှ ကောက်နုတ်ချက်။  ။ ဝိညာဉ်ဟူသောစိတ်သည် ပရမတ္ထအစစ်ပေတည်း။ ထိုပရမတ္ထစိတ်ဝိညာဉ်သည် နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် ဝိညာဏဋ္ဌိတိ ဝိညာဏစရိယ ပကတိပရိ သုဒ္ဓိမည်သော စိတ်ဝိညာဉ်သည် မဇ္ဈေဝိညာဉ်ဖြစ်သောကြောင့် ဒိဋ္ဌိနှင့်မယှဉ် ပကတိ သက်သက် သန့်ရှင်းစင်ကြယ်၏။ သံသရာဟူသော ပဋိစ္စသမုပ္ပာဒ်ထဲသို့ မပါဝင် အကြောင်းပစ္စယကင်းသော ဝိညာဉ်တည်း။ ထိုဝိညာဉ်သည် ဘူတရုပ်လေးပါးတည်းဟူသော နန်းတော်ရှိ၏။ ထိုဝိညာဉ်ကို ဘုရင်မင်းမြတ် ဥပမာပြု၍ ဟောတော်မူ၏။ ထိုဝိညာဉ်ကို ပဋိစ္စသမုပ္ပာဒ်ထဲသို့သွင်း၍ ခန္ဓာ အာယတန ဓာတ်သစ္စာမဖွဲ့အပ်။ ထိုဝိညာဉ်ကိုရည်၍ ဗကဗြဟ္မာအား မူလပဏ္ဏာသ ပါဠိတော်၌ ဝိညာဏံ အနိဒဿနံ အနန္တံသဗ္ဗတောပဘံ ဟူ၍လည်းကောင်း ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ ပကတိ ပရိသုဒ္ဓမိဒံ စိတ္တံ ဟူ၍လည်းကောင်း ဝိညာဏံမဇ္ဈေ ဟူ၍လည်းကောင်း ဝိညာဏဋ္ဌိတိ ဟူ၍လည်းကောင်း ဟောတော်မူ၏။ မဟာယာနဝါဒီတို့၏ သက္ကတပိဋကတ်စာပေ၌လည်း အတ္တဝါဒနှင့် ရောထွေး၍ အဓိပ္ပာယ်အယူအဆ လွဲမှားဘွယ်ဖြစ်သော သုတ္တန်ဒေသနာများရှိ၏။ ယောဂါစရိယမည်သော ရှေးမဟာယာနဂိုဏ်းသည် အာလာယဝိညာဏ ဟုဆိုအပ်သော ဝိညာဉ်ဓာတ်တစ်မျိုးကို လက်ခံယုံကြည်၏။ ထိုဓာတ်သည် အမြဲတည်ရှိ၍ အစဉ်ထာဝရ ဖြူဖွေးသန့်ရှင်းသော ဓာတ်ဖြစ်၏။ ထို့အပြင် မဟာယာနဂိုဏ်းအားလုံးသည် လူသတ္တဝါတို့၌ ဗောဓိဥာဏ်မျိုးစေ့ဓာတ်ရှိသည်ဟု ယုံကြည်ကြ၏။ထိုမျိုးစေ့ဓာတ်သည် ပကတိကြည်လင်သန့်ရှင်း၍ ထိုဓာတ်သတ္တိကြောင့် ပုဂ္ဂိုလ်သတ္တဝါ အသီးသီးသည်  တစ်နေ့သောအခါ၌ ဗုဒ္ဓဖြစ်လာနိုင်သည် ဆို၏။ ထိုဓာတ်သတ္တိကို သက္ကတပိဋကတ်လာ မဟာပရိနိဗ္ဗာနသုတ်၌ မဟတ္တမ သို့မဟုတ် တထာဂတဂဗ္ဘဟု  ခေါ်ဆိုထား၏။ သို့ဖြစ်စေကာမူ ယောဂါစရိယဂိုဏ်းသည် အာလာယဝိညာဏဓာတ်ကို ဗြာဟ္မဏတို့ ယုံကြည်သော အတ္တဖြစ်သည်ဟု မဆို။ တထာဂတဂဗ္ဘသည်လည်း ဥပနိသျှကျမ်းလာ အတ္တမဟုတ်ကြောင်း  မဟာယာနဗုဒ္ဓကျမ်းများ၌ အထင်အရှားပြဆိုထား၏။ ဗုဒ္ဓနှင့် အချို့သောဗြာဟ္မဏတို့၏ တရားဆွေးနွေးမှုကို ဖော်ပြသော သုတ္တန်များ၌ အနတ္တတရားအကြောင်း မတွေ့ရချေ။ ဤသို့ မတွေ့ရခြင်းသည် မစ္စစ်ရိုင်းစ်ဒေးဗစ် ယူဆသကဲ့သို့ အတ္တဝါဒ ဗုဒ္ဓလက်ခံသောကြောင့် မဟုတ်။ ထိုခေတ်က ဗြာဟ္မဏတို့သည် ယခုခေတ် ဗုဒ္ဓဝါဒီတို့ကဲ့သို့ပင် အများအားဖြင့် အနတ္တတရား၌ စိတ်မဝင်စားဘဲ ဗုဒ္ဓကို ကြည်ညိုလေးစားသူများ  ဖြစ်နေပေသည်။ ထို့အပြင် ဗုဒ္ဓသည် အတ္တစွဲပြင်းထန်သော ဗြာဟ္မဏတို့အား အနတ္တတရား တမင်မဟောဘဲ နေသော်နေခဲ့ပေမည်။ မည်သို့ဖြစ်စေ အနတ္တတရားကို ကောင်းစွာနားလည်  ယုံကြည်၍ ဗုဒ္ဓ၏ တပည့်ဖြစ်လာသော ဗြာဟ္မဏတို့မှာလည်း နည်းမည်မဟုတ်ချေ။  ထေရဂါထာ၌လာသော မထေရ် ၂၅၉ ပါးအနက် ၁၁၃ပါးမှာ ဗြာဟ္မဏမျိုးဖြစ်၏။ ဗုဒ္ဓ၏ သာသနာပြုလုပ်ငန်း အောင်မြင်မှုသည် လူကြိုက်နည်းသော အနတ္တတရားကြောင့် ဖြစ်နိုင်ပါမည်လော။ (ဝါ) လူအများ နားလည်လက်ခံပြီးဖြစ်သော အတ္တအယူကို ပြုပြင်ပြောင်းလဲ၍ ဟောပြောသောကြောင့်သာလျှင် ဖြစ်ရမည် မဟုတ်ပါလောဟု အချို့သော အတ္တစွဲပညာရှင်တို့က စောဒနာကြ၏။ အနတ္တတရားကို မကျေနပ်သောသူတို့က ဗုဒ္ဓအား ဝေဖန်တိုက်ခိုက်မှုကို အထက်ကပြဆိုခဲ့ပြီ။ ဗုဒ္ဓ၏ အောင်မြင်မှုကို ဆန်းစစ်ရာ၌ ဗုဒ္ဓ အခန်းတွင်ပြဆိုခဲ့သော ကျွမ်းကျင်လိမ္မာစွာ တရားဟောပြောမှုဂုဏ်တော်ကို ကျွန်ုပ်တို့ မမေ့သင့်ချေ။ မဟာဗြာဟ္မာထံသို့ ရောက်ရှိလိုသော ဝါသေဋ္ဌလုလင်အား ဟောကြားရာ၌ ထိုမဟာဗြဟ္မာမရှိဟု မဆိုဘဲ မည်သည့်ပုဂ္ဂိုလ် သတ္တဝါမျှ မမြင်ဖူးသော မဟာဗြဟ္မာကို မြော်မှန်းတမ်းတနေခြင်းသည်  အချည်းနှီးဖြစ်ကြောင်း သိမြင်စေရန် ထိရောက်သော ဥပမာအားဖြင့် ဟောကြားခဲ့၏။ ထိုနည်းအတူ အနတ္တတရားကို ဟောရာ၌ အတ္တမရှိ ဆိုသောစကားအစား အတ္တမဟုတ် ဟူသောစကားကို မယုတ်မလွန်သုံးစွဲ၍ အသိပညာရှိသော သူတို့အား စဉ်းစားဆင်ခြင်၍ အမှန်တရားမြင်အောင် ဟောတော်မူခဲ့ခြင်းကို  သတိပြုသင့်ပေ၏။

ထို့အပြင် ကျွန်ုပ်တို့ ဂရုပြုသင့်သော အခြားအချက်တစ်ခု ရှိသေး၏။ ဘီစီ ၆ ရာစုခေတ်သည် အိန္ဒိယပြည် မဇ္ဈိမဒေသ၌ ဘာသာရေးအတွေးအခေါ်များ ပြောင်းလဲလှုပ်ရှားနေသော ခေတ်ဖြစ်ကြောင်း ဖော်ပြခဲ့ပေပြီ။ ထိုအခါက လူများစုသည် အတ္တဝါဒီများ ဖြစ်ကြသည်ဆိုစေ ဗုဒ္ဓမပေါ်မီကပင် အတ္တဝါဒကို ဆန်းစစ်ဝေဖန်သော သူတို့ အနည်းအများရှိခဲ့ပေမည်။ ဤအကြောင်းကို ရုရှားပညာရှင် စချာဗက်စကီက အောက်ပါအတိုင်းရေးသားခဲ့၏။ 

ပရိုဖက်ဆာဂျကိုဗီက ရှေးအကျဆုံး ဥပနိသျှကျမ်းများ၌ပင် အတ္တဝါဒနှင့် ဆန့်ကျင်သော အယူအဆများကို တွေ့ရသည်ဆို၏။ အနတ္တဝါဒသည် ဗုဒ္ဓမပေါ်မီကပင် အိန္ဒိယပြည်၌ သန္ဓေတည်ကောင်း တည်ခဲ့ပေမည်။ မဟာဝီရသည် ဂျိန်းဝါဒကို အစဦးစွာ ဖန်တီးခဲ့သည်မဟုတ်။ သူမပေါ်မီက ရှိနှင့်ပြီးဖြစ်သော တရားကို အသစ်မွမ်းမံ၍ ဟောပြောခဲ့၏။ ဗုဒ္ဓသည်လည်း ရှေ့ကရှိပြီးဖြစ်သော တရားကို ပြုပြင်မွမ်းမံ၍ ဟောပြောခဲ့ခြင်း ဖြစ်ပေမည်။ ဗုဒ္ဓကိုယ်တိုင်က မိမိ၏တရားမှာ အသစ်အဆန်းမဟုတ်ဘဲ ရှေးဗုဒ္ဓ ဘုရားရှင်တို့၏ တရားပင်ဖြစ်သည်ဟု မိန့်ဆိုခဲ့၏။ ဤစကား၏ နောက်ကွယ်၌ အနတ္တဝါဒနှင့်စပ်၍ တိမ်မြုပ်နေသော သမိုင်းဖြစ်ရပ်တစ်ခုခု ရှိနန်ရာ၏။ ဗုဒ္ဓမပေါ်မီက ရှိနှင့်ပြီးဖြစ်သော အလွန်ရှေးကျသော ဥပနိသျှကျမ်းတစ်စောင်၌ အနတ္တဝါဒနှင့်တူသော ဝါဒတစ်ခုကို ရည်ညွန်းသည့် စကားတစ်ရပ်ပါရှိ၏။ ကထာကောပနိသျှခေါ် ထိုဥပနိသျှကျမ်း၌ အတ္တဝါဒနှင့် ဆန့်ကျင်သော ဝါဒတစ်ခုကို ဖော်ပြထား၏။ သဲကန္တာရထဲ၌ ကျရောက်သော မိုးရေသည် အချည်းနှီးဖြစ်ဘိသကဲ့သို့ ထိုဝါဒကို လက်ခံယုံကြည်သောသူသည် အချည်းနှီးသာ ဖြစ်ရချေမည်ဟု ထိုကျမ်းက ဆိုထား၏။ အထက်ပါ ထင်မြင်ချက် မှန်ပေလိမ့်မည်။ မည်သည့်နိုင်ငံ မည်သည့်ခေတ်၌မဆို လူအများ၏ ယုံကြည်ချက်ကို လက်မခံဘဲ ဝေဖန်ဆန်းစစ်သောသူတို့သည် အနည်းအများ ရှိကြစမြဲဖြစ်၏။ သို့ဖြစ်၍ လူအများ၏ ရှေးအစဉ်အလာ ယုံကြည်ချက်ကို ဆန့်ကျင်တော်လှန်မှုသည် ဤမည်သော ပုဂ္ဂိုလ်တစ်ဦးကို အစပြု၍ ဖြစ်ပေါ်လာသည်ဟု အတိအကျ ပြောဆိုရန် မဖြစ်နိုင်ချေ။   ။ ဒါဝင်သည် သတ္တဝါမျိုးစုများ အဆင့်ဆင့်ပြောင်းလဲမှု သဘာဝဖြစ်စဉ်ကို ထုတ်ဖော်ခဲ့သော သိပ္ပံပညာရှင်အဖြစ်ဖြင့် ကမ္ဘာကအသိအမှတ် ပြုထားသော်လည်း အခြားပညာရှင်တစ်ဦးသည် ဒါဝင်နှင့် မရှေးမနှောင်း ထိုသဘာဝဖြစ်စဉ်ကို သိမြင်ခဲ့၍ အချို့သော ရှေးဂရိပညာရှင်တို့သည်လည်း တစ်စွန်းတစ်စ သိရှိနားလည်ခဲ့ကြ၏။ မာတင်လူသား သည် ခရစ်ယာန်သာသနာပိုင် ရဟန်းမင်းကြီးကို လူသိထင်ရှား တော်လှန်ခဲ့သော ပုဂ္ဂိုလ်ဖြစ်သော်လည်း သူမပေါ်မီကပင် ခရစ်ယာန်သံဃာ့အဖွဲ့ကို ပြစ်တင်ဝေဖန်သောသူများ ရှိကြ၏။ ထို့အတူ ဗုဒ္ဓသည် လူအများအပြားအား အနတ္တဝါဒကို အစဦးစွာ ကျယ်ကျယ်ပြန့်ပြန့် အလေးအနက် ဟောကြားခဲ့သည် မှန်သော်လည်း လွန်လပ်စွာ ကြံစည်တွေးခေါ်လျက် ထိုဝါဒသို့ မသိမသာ ရှေးရှုနေသောသူတို့သည် ဗုဒ္ဓမပေါ်မီက ရှိခဲ့ကြပေမည်။

အချို့ကမူ အနတ္တဝါဒသည် ကမ္မဝါဒ ဘဝသံသရာ အယူစသည်တို့နှင့် ဆန့်ကျင်သောကြောင့် ဗုဒ္ဓ၏ ဝါဒ မဖြစ်နိုင်ဟု ဆိုကြ၏။ သို့ရာတွင် အနတ္တဝါဒသည် နတ္ထိကဝါဒ မဟုတ် ဗုဒ္ဓဟောသော ကမ္မနှင့် ဘဝသံသရာအယူသည်လည်း ဗြာဟ္မဏဘာသာဝါဒနှင့် တခြားစီဖြစ်ရကား ကမ္မနှင့် ဘဝသံသရာဆိုင်ရာ  ဗုဒ္ဓဒေသနာများကို အနတ္တတရားနှင့် ဆက်စပ်နားလည်ရန် မခဲယဉ်းချေ။ အချုပ်အားဖြင့် အနတ္တဝါဒကို ဗုဒ္ဓဝါဒအစစ် မဟုတ်သယောင် ပြောဆိုနေကြသူများသည် အထောက်အထား အခိုင်အမာ ပြစရာမရှိဘဲ အနတ္တတရားကို မနှစ်သက်သောကြောင့် ထိုသို့ ပြောဆိုကြခြင်းဖြစ်၏။ ဥရောပ ဗုဒ္ဓကျမ်းပြု ပညာရှင်တစ်ဦး၏ အဆိုအားဖြင့်မူ အနတ္တဝါဒကို အချို့သော ဥရောပပါဠိ ပညာရှင်များနှင့် ဗုဒ္ဓဝါဒီတို့ ပယ်ကြခြင်းသည် ယခုခေတ် ဥရောပတိုက်သားတို့၏ အတ္တစွဲကြီးမားခြင်းနှင့် ထာဝရအတ္တဝိညာဉ်ကိုဟောသော ခရစ်ယာန်ဘာသာတရား၏ အငွေ့အသက်မကင်းသေးခြင်း လက္ခဏာဖြစ်၏။ စင်စစ် သူတို့သည် အနတ္တတရားမှတစ်ပါး ဗုဒ္ဓဟောသော အခြားတရားအားလုံးကို နှစ်သက်၍ ဗုဒ္ဓကိုကြည်ညိုကြ၏။ ထို့ကြောင့် များစွာသော ပိဋကတ်ဒေသနာနှင့် အိန္ဒိယဘာသာရေး သမိုင်းအထောက်အထားများကို မျက်ကွယ်ပြု၍ အနတ္တဝါဒကို မူလဗုဒ္ဓဝါဒ အစစ်အမှန်မဟုတ်ဟု အစွဲအမြဲ ခံယူထားကြ၏။ 

ဤအချက်သည် မစ္စက်ရိုင်းစ်ဒေးဗစ်၏ စကားဖြင့် ထင်ရှား၏ သူက အကယ်၍ ဗုဒ္ဓဝါဒသည် အနတ္တဝါဒဖြစ်ခဲ့ပါက ထိုသို့ မျှော်လင့်အားထားစရာ မရှိသောဝါဒသည် အသို့လျှင် လူတို့၏ စိတ်ဓာတ်ကို ဆွဲဆောင်နိုင်ပါအံ့နည်း။ လူတို့၏ မှီခိုကိုးကွယ်ရာ ဝါဒဖြစ်နိုင်ပါအံ့နည်း။ ထိုဝါဒသည် အချို့သော အဘိဓမ္မာဆရာတို့အဖို့ ကောင်းမွန်သော် ကောင်းမွန်ပေမည်။ လူတိုင်း လက်ခံနိုင်သော ဝါဒကား ဖြစ်မည်မဟုတ်။ အတ္တမရှိဟု ဆိုခြင်းသည် ကလေးငယ်တစ်ယောက်ကို ပင်လယ်ထဲသို့ ပစါချ၍ အကူအညီမပေးဘဲ ကမ်းဘက်သို့ ကူးခိုင်းသည်နှင့်တူလှသည်။ လူသတ္တဝါသည် မိမိထက် ပိုမိုတန်ခိုးကြီးသောအရာကို ဘာသာတရား၌ ရှာစမြဲဖြစ်သည်ဟု ရေးသားခဲ့၏။ အထက်ပါရေးသားချက်မှာ အခြေအမြစ်မရှိချေ။ 

ယနေ့ကမ္ဘာပေါ်ရှိ များစွာသော အသိပညာရှင်တို့သည် အနတ္တဝါဒနည်းတူ အတ္တဝိညာဉ်ကိုပယ်သော ရုပ်ဝါဒကို လက်ခံကျင့်သုံးကြ၏။ သို့စဉ်လျက် သူတို့သည် အတ္တဝိညာဉ်ကို ယုံကြည်သော ဘာသာရေးသမား အသိပညာရှင်တို့နှင့် တန်းတူရည်တူ သိပ္ပံစာပေ အနုပညာနယ်များ၌ ထူးချွန်အောင်မြင်နေခြင်းမှာ မျက်မြင်အထင်အရှားဖြစ်၏။ စင်စစ်သူတို့သည် အခြားအားကိုးစရာမရှိဘဲ မိမိတို့ကို (ဝါ) မိမိတို့၏ ဇွဲ လုံ့လဝီရိယ အသိပညာ စသည်တို့ကို အားကိုး၍ ကြီးပွားအောင်မြင်ခဲ့ကြကြောင်း ယုံမှားစရာမရှိချေ။ မဂ်ဖိုလ်နိဗ္ဗာန်ကို ဦးတည်သော ဗုဒ္ဓဝါဒသည် ရုပ်ဝါဒကျင့်စဉ်မှာထက် များစွာပိုမိုအရေးကြီး၏။ အားကိးရမည့် သဒ္ဓါ သီလ စာဂ ပညာ ဝီရိယအစရှိသည့် နှလုံးရည်လက်နက်များမှာလည်း ထူးထွေများပြားလှ၏။ ဤအချက်ကို မစ္စက်ရိုင်းစ်ဒေးဗစ်ကဲ့သို့သော  ပါဠိပညာရှင်တစ်ဦးက လျစ်လျူပြု၍ အနတ္တဝါဒကို မျှော်လင့်အားထားစရာ မရှိသော ဝါဒဖြစ်သည်ဆိုခြင်းမှာ အကြောင်းယုတ္တိကင်းမဲ့၍ မိမိ၏ အတ္တစွဲကြီးမားမှုကို ဖော်ပြနေခြင်းမျှသာ ဖြစ်ကြောင်းထင်ရှားလှပေသည်။ 

အနတ္တဝါဒအကြောင်း ရေးသားရာ၌ အချို့သော အနောက်နိုင်ငံ ပညာရှင်တို့သည် မစ္စက်ရိုင်းစ်ဒေးဗစ်ကဲ့သို့ ပိဋကတ်စာပေ၌ ကျွမ်းကျင်နှံ့စပ်ခြင်း မရှိစေကာမူ ပွင့်လင်းရိုးသား၏။ ပြင်သစ်ပညာရှင်တစ်ဦးသည် မိမိ၏ ဗုဒ္ဓကျမ်းစာအုပ်၌ ဗုဒ္ဓ၏ သီလသမာဓိဂုဏ်ကို ချီးကျူး၍  အနတ္တဝါဒကိုမူ ပြစ်တင်ရှုတ်ချ၏။ သို့ရာတွင် ထိုဝါဒသည် ဗုဒ္ဓဟောသော ဝါဒမဟုတ်ဟူ၍မဆို ထိုဝါဒဖြင့် ဗုဒ္ဓသာသနာသည် လူသားတို့အား အကျိုးပြုခဲ့ကြောင်း အောက်ပါအတိုင်း ဝန်ခံထား၏။ ထူးဆန်းအံ့သြဖွယ် ကောင်းသည်ကား ဤအနတ္တဝါဒသည် လူတို့၏ အပြင်းထန်ဆုံး သဘာဝဆန္ဒနှင့် စိတ်ဓာတ်ကို တုန်လှုပ်ချောက်ချား စေသော်လည်း ယင်းကို လက်ခံသော လူမျိုးတို့အား ကြီးပွားတိုးတက်စေခဲ့ခြင်းဖြစ်၏။ ထိုလူမျိုးတို့သည် အနတ္တတရားကို လက်ခံကျင့်သုံးလျက် အသိဥာဏ်တိုးပွားကာ လိမ္မာယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလာကြပေသည်။ (--ဆက်ရန်) (ဦးအေးမောင်)့

အနတ္တဝါဒ  အပိုင်း(၅)
မြန်မာဗုဒ္ဓဝါဒီ ဝိပဿနာ ဆရာတစ်ဦး၏ကျမ်းစာအုပ်မှ ကောက်နုတ်ချက်။ ။ ဝိညာဉ်ဟူသောစိတ်သည် ပရမတ္ထအစစ်ပေတည်း။

ထိုပရမတ္ထစိတ်ဝိညာဉ်သည် နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် ဝိညာဏဋ္ဌိတိ ဝိညာဏစရိယ ပကတိပရိ သုဒ္ဓိမည်သော စိတ်ဝိညာဉ်သည် မဇ္ဈေဝိညာဉ်ဖြစ်သောကြောင့် ဒိဋ္ဌိနှင့်မယှဉ် ပကတိ သက်သက် သန့်ရှင်းစင်ကြယ်၏။ သံသရာဟူသော ပဋိစ္စသမုပ္ပာဒ်ထဲသို့ မပါဝင် အကြောင်းပစ္စယကင်းသော ဝိညာဉ်တည်း။ ထိုဝိညာဉ်သည် ဘူတရုပ်လေးပါးတည်းဟူသော နန်းတော်ရှိ၏။ 

ထိုဝိညာဉ်ကို ဘုရင်မင်းမြတ် ဥပမာပြု၍ ဟောတော်မူ၏။ ထိုဝိညာဉ်ကို ပဋိစ္စသမုပ္ပာဒ်ထဲသို့သွင်း၍ ခန္ဓာ အာယတန ဓာတ်သစ္စာမဖွဲ့အပ်။ ထိုဝိညာဉ်ကိုရည်၍ ဗကဗြဟ္မာအား မူလပဏ္ဏာသ ပါဠိတော်၌ ဝိညာဏံ အနိဒဿနံ အနန္တံသဗ္ဗတောပဘံ ဟူ၍လည်းကောင်း ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ ပကတိ ပရိသုဒ္ဓမိဒံ စိတ္တံ ဟူ၍လည်းကောင်း ဝိညာဏံမဇ္ဈေ ဟူ၍လည်းကောင်း ဝိညာဏဋ္ဌိတိ ဟူ၍လည်းကောင်း ဟောတော်မူ၏။

 မဟာယာနဝါဒီတို့၏ သက္ကတပိဋကတ်စာပေ၌လည်း အတ္တဝါဒနှင့် ရောထွေး၍ အဓိပ္ပာယ်အယူအဆ လွဲမှားဘွယ်ဖြစ်သော သုတ္တန်ဒေသနာများရှိ၏။ ယောဂါစရိယမည်သော 
 ရှေးမဟာယာနဂိုဏ်းသည် အာလာယဝိညာဏ ဟုဆိုအပ်သော ဝိညာဉ်ဓာတ်တစ်မျိုးကို လက်ခံယုံကြည်၏။ ထိုဓာတ်သည် အမြဲတည်ရှိ၍ အစဉ်ထာဝရ ဖြူဖွေးသန့်ရှင်းသော ဓာတ်ဖြစ်၏။ 

ထို့အပြင် မဟာယာနဂိုဏ်းအားလုံးသည် လူသတ္တဝါတို့၌ ဗောဓိဥာဏ်မျိုးစေ့ဓာတ်ရှိသည်ဟု ယုံကြည်ကြ၏။ထိုမျိုးစေ့ဓာတ်သည် ပကတိကြည်လင်သန့်ရှင်း၍ ထိုဓာတ်သတ္တိကြောင့် ပုဂ္ဂိုလ်သတ္တဝါ အသီးသီးသည် တစ်နေ့သောအခါ၌ ဗုဒ္ဓဖြစ်လာနိုင်သည် ဆို၏။ ထိုဓာတ်သတ္တိကို သက္ကတပိဋကတ်လာ မဟာပရိနိဗ္ဗာနသုတ်၌ မဟတ္တမ သို့မဟုတ် တထာဂတဂဗ္ဘဟု ခေါ်ဆိုထား၏။ 

သို့ဖြစ်စေကာမူ ယောဂါစရိယဂိုဏ်းသည် အာလာယဝိညာဏဓာတ်ကို ဗြာဟ္မဏတို့ ယုံကြည်သော အတ္တဖြစ်သည်ဟု မဆို။ တထာဂတဂဗ္ဘသည်လည်း ဥပနိသျှကျမ်းလာ အတ္တမဟုတ်ကြောင်း မဟာယာနဗုဒ္ဓကျမ်းများ၌ အထင်အရှားပြဆိုထား၏။

 ဗုဒ္ဓနှင့် အချို့သောဗြာဟ္မဏတို့၏ တရားဆွေးနွေးမှုကို ဖော်ပြသော သုတ္တန်များ၌ အနတ္တတရားအကြောင်း မတွေ့ရချေ။ ဤသို့ မတွေ့ရခြင်းသည် မစ္စစ်ရိုင်းစ်ဒေးဗစ် ယူဆသကဲ့သို့ အတ္တဝါဒ ဗုဒ္ဓလက်ခံသောကြောင့် မဟုတ်။ ထိုခေတ်က ဗြာဟ္မဏတို့သည် ယခုခေတ် ဗုဒ္ဓဝါဒီတို့ကဲ့သို့ပင် အများအားဖြင့် အနတ္တတရား၌ စိတ်မဝင်စားဘဲ ဗုဒ္ဓကို ကြည်ညိုလေးစားသူများ ဖြစ်နေပေသည်။ 

ထို့အပြင် ဗုဒ္ဓသည် အတ္တစွဲပြင်းထန်သော ဗြာဟ္မဏတို့အား အနတ္တတရား တမင်မဟောဘဲ နေသော်နေခဲ့ပေမည်။ မည်သို့ဖြစ်စေ အနတ္တတရားကို ကောင်းစွာနားလည် ယုံကြည်၍ ဗုဒ္ဓ၏ တပည့်ဖြစ်လာသော ဗြာဟ္မဏတို့မှာလည်း နည်းမည်မဟုတ်ချေ။ ထေရဂါထာ၌လာသော မထေရ် ၂၅၉ ပါးအနက် ၁၁၃ပါးမှာ ဗြာဟ္မဏမျိုးဖြစ်၏။ 

ဗုဒ္ဓ၏ သာသနာပြုလုပ်ငန်း အောင်မြင်မှုသည် လူကြိုက်နည်းသော အနတ္တတရားကြောင့် ဖြစ်နိုင်ပါမည်လော။ (ဝါ) လူအများ နားလည်လက်ခံပြီးဖြစ်သော အတ္တအယူကို ပြုပြင်ပြောင်းလဲ၍ ဟောပြောသောကြောင့်သာလျှင်
 ဖြစ်ရမည် မဟုတ်ပါလောဟု အချို့သော အတ္တစွဲပညာရှင်တို့က စောဒနာကြ၏။ အနတ္တတရားကို မကျေနပ်သောသူတို့က ဗုဒ္ဓအား ဝေဖန်တိုက်ခိုက်မှုကို အထက်ကပြဆိုခဲ့ပြီ။ ဗုဒ္ဓ၏ အောင်မြင်မှုကို ဆန်းစစ်ရာ၌ ဗုဒ္ဓ အခန်းတွင်ပြဆိုခဲ့သော ကျွမ်းကျင်လိမ္မာစွာ တရားဟောပြောမှုဂုဏ်တော်ကို ကျွန်ုပ်တို့ မမေ့သင့်ချေ။ 

မဟာဗြာဟ္မာထံသို့ ရောက်ရှိလိုသော ဝါသေဋ္ဌလုလင်အား ဟောကြားရာ၌ ထိုမဟာဗြဟ္မာမရှိဟု မဆိုဘဲ မည်သည့်ပုဂ္ဂိုလ် သတ္တဝါမျှ မမြင်ဖူးသော မဟာဗြဟ္မာကို မြော်မှန်းတမ်းတနေခြင်းသည် အချည်းနှီးဖြစ်ကြောင်း သိမြင်စေရန် ထိရောက်သော ဥပမာအားဖြင့် ဟောကြားခဲ့၏။ ထိုနည်းအတူ အနတ္တတရားကို ဟောရာ၌ အတ္တမရှိ ဆိုသောစကားအစား အတ္တမဟုတ် ဟူသောစကားကို မယုတ်မလွန်သုံးစွဲ၍ အသိပညာရှိသော သူတို့အား စဉ်းစားဆင်ခြင်၍ အမှန်တရားမြင်အောင် ဟောတော်မူခဲ့ခြင်းကို သတိပြုသင့်ပေ၏။

ထို့အပြင် ကျွန်ုပ်တို့ ဂရုပြုသင့်သော အခြားအချက်တစ်ခု ရှိသေး၏။ ဘီစီ ၆ ရာစုခေတ်သည် အိန္ဒိယပြည် မဇ္ဈိမဒေသ၌ ဘာသာရေးအတွေးအခေါ်များ ပြောင်းလဲလှုပ်ရှားနေသော

 ခေတ်ဖြစ်ကြောင်း ဖော်ပြခဲ့ပေပြီ။ ထိုအခါက လူများစုသည် အတ္တဝါဒီများ ဖြစ်ကြသည်ဆိုစေ ဗုဒ္ဓမပေါ်မီကပင် အတ္တဝါဒကို ဆန်းစစ်ဝေဖန်သော သူတို့ အနည်းအများရှိခဲ့ပေမည်။ ဤအကြောင်းကို ရုရှားပညာရှင် စချာဗက်စကီက အောက်ပါအတိုင်းရေးသားခဲ့၏။

ပရိုဖက်ဆာဂျကိုဗီက ရှေးအကျဆုံး ဥပနိသျှကျမ်းများ၌ပင် အတ္တဝါဒနှင့် ဆန့်ကျင်သော အယူအဆများကို တွေ့ရသည်ဆို၏။ အနတ္တဝါဒသည် ဗုဒ္ဓမပေါ်မီကပင် အိန္ဒိယပြည်၌ သန္ဓေတည်ကောင်း တည်ခဲ့ပေမည်။ မဟာဝီရသည် ဂျိန်းဝါဒကို အစဦးစွာ ဖန်တီးခဲ့သည်မဟုတ်။ သူမပေါ်မီက ရှိနှင့်ပြီးဖြစ်သော တရားကို အသစ်မွမ်းမံ၍ ဟောပြောခဲ့၏။ ဗုဒ္ဓသည်လည်း ရှေ့ကရှိပြီးဖြစ်သော တရားကို ပြုပြင်မွမ်းမံ၍ ဟောပြောခဲ့ခြင်း ဖြစ်ပေမည်။ ဗုဒ္ဓကိုယ်တိုင်က မိမိ၏တရားမှာ အသစ်အဆန်းမဟုတ်ဘဲ ရှေးဗုဒ္ဓ ဘုရားရှင်တို့၏ တရားပင်ဖြစ်သည်ဟု မိန့်ဆိုခဲ့၏။


 ဤစကား၏ နောက်ကွယ်၌ အနတ္တဝါဒနှင့်စပ်၍ တိမ်မြုပ်နေသော သမိုင်းဖြစ်ရပ်တစ်ခုခု ရှိနန်ရာ၏။ ဗုဒ္ဓမပေါ်မီက ရှိနှင့်ပြီးဖြစ်သော အလွန်ရှေးကျသော ဥပနိသျှကျမ်းတစ်စောင်၌ အနတ္တဝါဒနှင့်တူသော ဝါဒတစ်ခုကို ရည်ညွန်းသည့် စကားတစ်ရပ်ပါရှိ၏။ ကထာကောပနိသျှခေါ် ထိုဥပနိသျှကျမ်း၌ အတ္တဝါဒနှင့် ဆန့်ကျင်သော ဝါဒတစ်ခုကို ဖော်ပြထား၏။ 

သဲကန္တာရထဲ၌ ကျရောက်သော မိုးရေသည် အချည်းနှီးဖြစ်ဘိသကဲ့သို့ ထိုဝါဒကို လက်ခံယုံကြည်သောသူသည် အချည်းနှီးသာ ဖြစ်ရချေမည်ဟု ထိုကျမ်းက ဆိုထား၏။ အထက်ပါ ထင်မြင်ချက် မှန်ပေလိမ့်မည်။ မည်သည့်နိုင်ငံ မည်သည့်ခေတ်၌မဆို လူအများ၏ ယုံကြည်ချက်ကို လက်မခံဘဲ ဝေဖန်ဆန်းစစ်သောသူတို့သည် အနည်းအများ ရှိကြစမြဲဖြစ်၏။ 

သို့ဖြစ်၍ လူအများ၏ ရှေးအစဉ်အလာ ယုံကြည်ချက်ကို ဆန့်ကျင်တော်လှန်မှုသည် ဤမည်သော ပုဂ္ဂိုလ်တစ်ဦးကို အစပြု၍ ဖြစ်ပေါ်လာသည်ဟု အတိအကျ ပြောဆိုရန် မဖြစ်နိုင်ချေ။ ။ ဒါဝင်သည် သတ္တဝါမျိုးစုများ အဆင့်ဆင့်ပြောင်းလဲမှု သဘာဝဖြစ်စဉ်ကို ထုတ်ဖော်ခဲ့သော သိပ္ပံပညာရှင်အဖြစ်ဖြင့် ကမ္ဘာကအသိအမှတ် ပြုထားသော်လည်း အခြားပညာရှင်တစ်ဦးသည် ဒါဝင်နှင့် မရှေးမနှောင်း ထိုသဘာဝဖြစ်စဉ်ကို သိမြင်ခဲ့၍ အချို့သော ရှေးဂရိပညာရှင်တို့သည်လည်း တစ်စွန်းတစ်စ သိရှိနားလည်ခဲ့ကြ၏။

 မာတင်လူသား သည် ခရစ်ယာန်သာသနာပိုင် ရဟန်းမင်းကြီးကို လူသိထင်ရှား တော်လှန်ခဲ့သော ပုဂ္ဂိုလ်ဖြစ်သော်လည်း သူမပေါ်မီကပင် ခရစ်ယာန်သံဃာ့အဖွဲ့ကို ပြစ်တင်ဝေဖန်သောသူများ ရှိကြ၏။ ထို့အတူ ဗုဒ္ဓသည် လူအများအပြားအား အနတ္တဝါဒကို အစဦးစွာ ကျယ်ကျယ်ပြန့်ပြန့် အလေးအနက် ဟောကြားခဲ့သည် မှန်သော်လည်း လွန်လပ်စွာ ကြံစည်တွေးခေါ်လျက် ထိုဝါဒသို့ မသိမသာ ရှေးရှုနေသောသူတို့သည် ဗုဒ္ဓမပေါ်မီက ရှိခဲ့ကြပေမည်။

အချို့ကမူ အနတ္တဝါဒသည် ကမ္မဝါဒ ဘဝသံသရာ အယူစသည်တို့နှင့် ဆန့်ကျင်သောကြောင့် ဗုဒ္ဓ၏ ဝါဒ မဖြစ်နိုင်ဟု ဆိုကြ၏။ သို့ရာတွင် အနတ္တဝါဒသည် နတ္ထိကဝါဒ မဟုတ် ဗုဒ္ဓဟောသော ကမ္မနှင့် ဘဝသံသရာအယူသည်လည်း ဗြာဟ္မဏဘာသာဝါဒနှင့် တခြားစီဖြစ်ရကား ကမ္မနှင့် ဘဝသံသရာဆိုင်ရာ ဗုဒ္ဓဒေသနာများကို အနတ္တတရားနှင့် ဆက်စပ်နားလည်ရန် မခဲယဉ်းချေ။ 


အချုပ်အားဖြင့် အနတ္တဝါဒကို ဗုဒ္ဓဝါဒအစစ် မဟုတ်သယောင် ပြောဆိုနေကြသူများသည် အထောက်အထား အခိုင်အမာ ပြစရာမရှိဘဲ အနတ္တတရားကို မနှစ်သက်သောကြောင့် ထိုသို့ ပြောဆိုကြခြင်းဖြစ်၏။ ဥရောပ ဗုဒ္ဓကျမ်းပြု ပညာရှင်တစ်ဦး၏ အဆိုအားဖြင့်မူ အနတ္တဝါဒကို အချို့သော ဥရောပပါဠိ ပညာရှင်များနှင့် ဗုဒ္ဓဝါဒီတို့ ပယ်ကြခြင်းသည် ယခုခေတ် ဥရောပတိုက်သားတို့၏ အတ္တစွဲကြီးမားခြင်းနှင့် ထာဝရအတ္တဝိညာဉ်ကိုဟောသော ခရစ်ယာန်ဘာသာတရား၏ အငွေ့အသက်မကင်းသေးခြင်း လက္ခဏာဖြစ်၏။

 စင်စစ် သူတို့သည် အနတ္တတရားမှတစ်ပါး ဗုဒ္ဓဟောသော အခြားတရားအားလုံးကို နှစ်သက်၍ ဗုဒ္ဓကိုကြည်ညိုကြ၏။ ထို့ကြောင့် များစွာသော ပိဋကတ်ဒေသနာနှင့် အိန္ဒိယဘာသာရေး သမိုင်းအထောက်အထားများကို မျက်ကွယ်ပြု၍ အနတ္တဝါဒကို မူလဗုဒ္ဓဝါဒ အစစ်အမှန်မဟုတ်ဟု အစွဲအမြဲ ခံယူထားကြ၏။

ဤအချက်သည် မစ္စက်ရိုင်းစ်ဒေးဗစ်၏ စကားဖြင့် ထင်ရှား၏ သူက အကယ်၍ ဗုဒ္ဓဝါဒသည် အနတ္တဝါဒဖြစ်ခဲ့ပါက ထိုသို့ မျှော်လင့်အားထားစရာ မရှိသောဝါဒသည် အသို့လျှင် လူတို့၏ စိတ်ဓာတ်ကို ဆွဲဆောင်နိုင်ပါအံ့နည်း။ လူတို့၏ မှီခိုကိုးကွယ်ရာ ဝါဒဖြစ်နိုင်ပါအံ့နည်း။ ထိုဝါဒသည် အချို့သော အဘိဓမ္မာဆရာတို့အဖို့ ကောင်းမွန်သော် ကောင်းမွန်ပေမည်။


 လူတိုင်း လက်ခံနိုင်သော ဝါဒကား ဖြစ်မည်မဟုတ်။ အတ္တမရှိဟု ဆိုခြင်းသည် ကလေးငယ်တစ်ယောက်ကို ပင်လယ်ထဲသို့ ပစါချ၍ အကူအညီမပေးဘဲ ကမ်းဘက်သို့ ကူးခိုင်းသည်နှင့်တူလှသည်။ လူသတ္တဝါသည် မိမိထက် ပိုမိုတန်ခိုးကြီးသောအရာကို ဘာသာတရား၌ ရှာစမြဲဖြစ်သည်ဟု ရေးသားခဲ့၏။ အထက်ပါရေးသားချက်မှာ အခြေအမြစ်မရှိချေ။

ယနေ့ကမ္ဘာပေါ်ရှိ များစွာသော အသိပညာရှင်တို့သည် အနတ္တဝါဒနည်းတူ အတ္တဝိညာဉ်ကိုပယ်သော ရုပ်ဝါဒကို လက်ခံကျင့်သုံးကြ၏။ သို့စဉ်လျက် သူတို့သည် အတ္တဝိညာဉ်ကို ယုံကြည်သော ဘာသာရေးသမား အသိပညာရှင်တို့နှင့် တန်းတူရည်တူ သိပ္ပံစာပေ အနုပညာနယ်များ၌ ထူးချွန်အောင်မြင်နေခြင်းမှာ မျက်မြင်အထင်အရှားဖြစ်၏။ စင်စစ်သူတို့သည် အခြားအားကိုးစရာမရှိဘဲ မိမိတို့ကို (ဝါ) မိမိတို့၏ ဇွဲ လုံ့လဝီရိယ အသိပညာ စသည်တို့ကို အားကိုး၍ ကြီးပွားအောင်မြင်ခဲ့ကြကြောင်း ယုံမှားစရာမရှိချေ။ မဂ်ဖိုလ်နိဗ္ဗာန်ကို ဦးတည်သော ဗုဒ္ဓဝါဒသည် ရုပ်ဝါဒကျင့်စဉ်မှာထက် များစွာပိုမိုအရေးကြီး၏။ 


အားကိးရမည့် သဒ္ဓါ သီလ စာဂ ပညာ ဝီရိယအစရှိသည့် နှလုံးရည်လက်နက်များမှာလည်း ထူးထွေများပြားလှ၏။ ဤအချက်ကို မစ္စက်ရိုင်းစ်ဒေးဗစ်ကဲ့သို့သော ပါဠိပညာရှင်တစ်ဦးက လျစ်လျူပြု၍ အနတ္တဝါဒကို မျှော်လင့်အားထားစရာ မရှိသော ဝါဒဖြစ်သည်ဆိုခြင်းမှာ အကြောင်းယုတ္တိကင်းမဲ့၍ မိမိ၏ အတ္တစွဲကြီးမားမှုကို ဖော်ပြနေခြင်းမျှသာ ဖြစ်ကြောင်း
ထင်ရှားလှပေသည်။

အနတ္တဝါဒအကြောင်း ရေးသားရာ၌ အချို့သော အနောက်နိုင်ငံ ပညာရှင်တို့သည် မစ္စက်ရိုင်းစ်ဒေးဗစ်ကဲ့သို့ ပိဋကတ်စာပေ၌ ကျွမ်းကျင်နှံ့စပ်ခြင်း မရှိစေကာမူ ပွင့်လင်းရိုးသား၏။ ပြင်သစ်ပညာရှင်တစ်ဦးသည် မိမိ၏ ဗုဒ္ဓကျမ်းစာအုပ်၌ ဗုဒ္ဓ၏ သီလသမာဓိဂုဏ်ကို ချီးကျူး၍ အနတ္တဝါဒကိုမူ ပြစ်တင်ရှုတ်ချ၏။ သို့ရာတွင် ထိုဝါဒသည် ဗုဒ္ဓဟောသော ဝါဒမဟုတ်ဟူ၍မဆို ထိုဝါဒဖြင့် ဗုဒ္ဓသာသနာသည် လူသားတို့အား အကျိုးပြုခဲ့ကြောင်း အောက်ပါအတိုင်း ဝန်ခံထား၏။ 


ထူးဆန်းအံ့သြဖွယ် ကောင်းသည်ကား ဤအနတ္တဝါဒသည် လူတို့၏ အပြင်းထန်ဆုံး သဘာဝဆန္ဒနှင့် စိတ်ဓာတ်ကို တုန်လှုပ်ချောက်ချား စေသော်လည်း ယင်းကို လက်ခံသော လူမျိုးတို့အား ကြီးပွားတိုးတက်စေခဲ့ခြင်းဖြစ်၏။ ထိုလူမျိုးတို့သည် အနတ္တတရားကို လက်ခံကျင့်သုံးလျက် အသိဥာဏ်တိုးပွားကာ လိမ္မာယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလာကြပေသည်။ 

(--ဆက်ရန်) (ဦးအေးမောင်)

ko latt ဖေ့ဘုတ်မှ ကူးယူမျှဝေသည်။

No comments:

Post a Comment