/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Friday, January 24, 2014

**** အထက်ပစ္စယာနှင့် အမျိုးသမီး ****

 

 ရိုသေ လေးစားစွာ လျှောက်ထားအပ်ပါသည် ဘုရား။
သမီး ၆ တန်းနှစ်က မိသားးစုနှင့်အတူ ရွှေတိဂုံဘုရားကို သွားတော့ ဖေဖေနှင့် ကိုကိုက အထက်ပစ္စယာကို တက်သွားကြပါသည်။

မေမေနှင့်သမီးက အောက်မှာ ကျန်ခဲ့ရပါသည်။ အပေါ်ကို လိုက်ဖို့ ပူဆာတော့ သမီးက မိန်းကလေးဖြစ်လို့ အပေါ်ကိုတက်လို့ မရဘူး၊ ငရဲ ကြီးလိမ့်မယ်လို့ မေမေက ပြောပါသည်။ ကျိုက်ထီးရိုးဘုရားကို သွားတုန်းကလည်း ထူးဆန်းမြင့်မြတ်တဲ့ ကျောက်တုံးကြီးကို ကိုင်ပြီး အဓိဋ္ဌာန်ချင်တာ မိန်းကလေးဖြစ်နေလို့ မ၀င်ခဲ့ရပါ။ စိတ်ထဲက အားမလို အားမရ ဖြစ်မိပါသည်။

တပည့်တော်အနေနဲ့ ရွှေတိဂုံဘုရား အထက်ပစ္စယာကို တက်ပြီး ပုတီးစိပ်လိုစိတ် အလွန်ပြင်းးပြစွာ ဖြစ်ခဲ့ဖူးပါသည်။ အဘယ်ကြောင့် ဗုဒ္ဓဘာသာမှာ အမျိုးသမီး တွေကို အဲဒီလို ခွဲခြား ဆက်ဆံရပါသနည်း။ မြင့်မြတ်တဲ့ နေရာတွေကို အမျိုးသမီးတွေ တက်ရင် ငရဲကြီးတယ်လို့ မြတ်စွာဘုရား ဟောတော်မူတာ ရှိပါသလား။ ရှင်းပြပေးစေ လိုပါသည် အရှင်ဘုရားး။

 
ငလျင်လှုပ်ရတဲ့ ဗုဒ္ဓသင်္ကန်း
ငရဲကြီးဖို့ ကျားမ မခွဲခြားပါဘူး။ စိတ်ထားသာ အဓိကပါ။ ဘုရားပေါ်ကို တက်ရုံနဲ့ ငရဲကြီးတယ် ဆိုရင် ယောက်ျားတွေ တက်လည်း ငရဲကြီးရမှာပေါ့။ အထက်ပစ္စယာပေါ်မှာ ရည်းစားနဲ့ ချိန်းတွေ့ပြီး ဘုရားဖူးတွေ မျက်စိကျိန်းအောင် လုပ်ရင်တော့ ဘယ်သူမဆို ငရဲကြီးမှာ ပေါ့။ 

အမျိုးသမီးတွေကို ရဟန်းပြုခွင့်ပေးတာ၊ ရဟန်းမိန်းမတွေကိုလည်း အဂ္ဂသာဝိကာ အမြတ်ဆုံး ဧတဒဂ်ပေးတာ၊ အမျိုးသမီး ရဟန္တာဖြစ်ရင် အမျိုးသား ရဟန္တာနဲ့တန်းတူ လောကရဲ့ပူဇော်အထူးကို ခံထိုက်တာတွေဟာ ဘာသာရေးမှာ မိန်းမ ယောက်ျား မခွဲခြားလို့ပေါ့။ ဗုဒ္ဓဒေသနာအရ အယုတ် အမြတ်ဆိုတာ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အသားရောင် ဇာတ်ဆိုတာတွေနဲ့ မပတ်သက်ဘူး။

 မြတ်စွာ ဘုရားက သေပြီး ပုပ်ဆွေးနေပြီဖြစ်တဲ့ ပုဏ္ဏာအမည်ရှိတဲ့ ကျွန်မရဲ့ အလောင်းကို ပတ်ထားတဲ့ ပိတ်စကို ကိုယ်တိုင် ခွာယူ၊ မြစ်ထဲမှာ ကိုယ်တိုင် လျှော်ဖွပ်ပြီး ကိုယ်တိုင် သင်္ကန်းချုပ် ဆိုး ၀တ်ရုံတော်မူပါတယ်။ ပိတ်စကို အလောင်းကောင်က ခွာစဉ်မှာ မြေကြီးက အံ့ချီးပြုတဲ့အနေနဲ့ ငလျင်တောင် လှုပ်သတဲ့။ 

အဲဒီ သင်္ကန်းဟာ အမွန်မြတ်ဆုံးလည်း ဖြစ်ပါသတဲ့။
ပုဏ္ဏဟာ ကျွန်လည်း ဖြစ်တယ်၊ မိန်းမလည်း ဟုတ်တာပဲ။ ဗုဒ္ဓက သကျမျိုး၊ မင်းသား၊ တစ်လောက လုံးရဲ့ အမြတ်ဆုံးပုဂ္ဂိုလ်။ ဗုဒ္ဓဟာ ပရမတ္တ၀ါဒီ (အရှိကို အရှိအတိုင်းမြင်တဲ့ ပုဂ္ဂိုလ်) အစစ်ပါ။ 

ဒါကို သတိပြုမိရင် အမျိုးသမီးးတွေ ဘုရားငြမ်းပေါ် မတက်ရဆိုရင် ဆီလျော်တဲ့ ယုတ္တိရှိပေမယ့် အမျိုးသမီး ရွှေတိဂုံဘုရား အထက်ပစ္စယာကို မတက်ရ ဆိုတာမျိုးအတွက်တော့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိနိုင်ပါဘူး။

ခြားနားချက်တော့ ရှိမယ်
ယောက်ျား မိန်းမလို့ ကွဲပြားနေရတာကိုက ခြားနားတဲ့ သဘာဝကြောင့်ပဲ မဟုတ်လား။ ကမ္ဘာအေးမှာ နေတုန်းက ညနေ လမ်းလျှောက်တော့ခွန်ရှစ်အရွယ် ကောင်လေးနဲ့
 ကောင်မလေး နှစ်ယောက်(မောင်နှမ ဖြစ်နိုင်တယ်) ဂေါက်ကွင်းဖက်က ဘဲဥကန်ဖက်ကို ပြေးလာတယ်။

 ကောင်လေးက ခါးလောက်မြင့်တဲ့ သံဇကာခြံစည်းရိုးးကို ခုန်တက်ပြီး ဒီဖက်ကိုလွှားခနဲ ကျော်ချလိုက်တယ်။ ကောင်မလေးကလည်း 
 ကောင်လေးကိုတုပြီး အားကျမခံ ခုန်တက်တယ်။ ဒါပေမယ့် သံတိုင်နဲ့ ဂါဝန်စွန်း ချိတ်မိလို့ ဂါဝန် ပြဲပြီး မှောက်လျက် ကျတယ်။

ပင်လယ်ကွေ့ စစ်ပွဲတုန်းက အမေရိကန် လေတပ်က ဗုံးကြဲ လေထီးမယ်တွေ ရန်သူ့လက်ထဲ ရောက်သွားတော့ မိန်းမဟာ မိန်းမပဲ။ ကြောင်ထီးဟာ ပြိုင်ဖက် အခြား ကြောင်ထီးတွေနဲ့ တိုက်ခိုက်တဲ့အခါ သူသေကိုယ်သေပဲ။ ဒါပေမယ့် ချစ်သူကြောင်မ ကုတ်ဖဲ့တာကိုတော့ ဘာမှ မတုံ့ပြန်ဘူး။ 

ဒီသဘာဝကို မြင်နိုင်ရင် ပရမတ္တတရားရဲ့ အခြားတစ်ဖက်မှာ အဖိုနဲ့အမ နက်နဲတဲ့ ခြားနားချက်တွေ ရှိနေတာ သေချာတယ်။
အမျိုးသားတွေနဲ့ ရင်ဘောင်တန်းဖြစ်ဖို့ ဘယ်လောက်ပဲ အရေးဆိုစေ အားလုံးထပ်တူတော့ မဖြစ်နိုင်ဘူး။ 

အမျိုးသမီးတွေအားလုံး အမျိုးသားတွေရဲ့ အကျင့်စရိုက်လို ဖြစ်ကုန်ပြီဆိုရင်လည်း လောကကြီးဟာ ကမ္ဘာဦးခေတ်ကို ပြန်ရောက်သွားနိုင်တယ်။ အမျိုးသမီးတစ်ယောက် လမ်းပေါ်မှာ ၀တ်လစ်စလစ် အိပ်နေလို့သင့်နိုင်ပါ့မလား။

 ယောက်ျားက တစ်ပြိုင်နက် မိန်းမနှစ်ယောက် ယူတာ၊ မိန်းမက တစ်ပြိုင်နက် ယောက်ျား နှစ်ယောက်ယူတာ ဘယ်ဟာက အခြေအနေ ပိုဆိုးမလဲ။

ဒီခြားနားချက်တွေကို မြတ်ဗုဒ္ဓ မသိကျိုးကျွံ ပြုတော်မမူဘူး။ မြတ်ဗုဒ္ဓဟာ အဲဒီလောကအထာနဲ့ ကိုက်ညီမယ့် ဘိက္ခုနီ (ရဟန်းမိန်းမ) တွေ အတွက် သီးခြား စည်းကမ်းလေးတွေ ထားပေးပါတယ်။ 

ရဟန်းမတွေ ရဟန်းမပြုခင် အထူးလိုက်နာရမယ့် စည်းကမ်း ၈ ခုထဲမှာ ရဟန်းမိန်းမတွေ သိက္ခာ ဘယ်နှစ်ဝါ ရရ (၀ါဘယ်လောက် ကြီးကြီး) ယနေ့ပြုတဲ့ ရဟန်းပေါက်စကို ရှိခိုးရမယ်လို့ ပါတယ်။ ဒါလည်း အမျိုးသမီးတွေကို နှိမ့်ချတဲ့ သဘောမျိုး မဟုတ်နိုင်ဘူး။

ဂုဏ်ရည်တူနေရင် ယောက်ျားတွေထက် ဘ၀င်မြင့်တတ်တဲ့ အမျိုးသမီး (အထူးသဖြင့် မိထွေးတော် ဂေါတမီလို မာန်ကြွတဲ့ သကျမျိုး မိန်းမတွေ) ရဲ့ သဘာဝကြောင့် မဂ်ဖိုလ်ကို တကယ်ရချင်တဲ့ အမျိုးသမီးတွေကို ဦးစွာ မာန်မာန ချိုးနှိမ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်နိုင်တယ်။ 

သကျ မင်းသားတွေက ဆံသလုလင်ကို အရင် ရဟန်းပြုခိုင်းတာလည်း ကိုယ့်ရဲ့ အမျိုးမာန် ပညာမာန် ရာဇမာန်တွေကို ချိုးနှိမ်ဖို့ ရည်ရွယ်ခဲ့တာပဲ။

ခြားနားတဲ့ ယဉ်ကျေးမှုတွေ
သီရိလင်္ကာဘုန်းကြီးနဲ့အတူ သီရိလင်္ကာအိမ်ကို ဆွမ်းစား လိုက်သွားဖူးတယ်။ ဆွမ်းစားပြီးလို့ ပရိတ်ရွတ်မယ်လုပ်တော့ အိမ်ရှင် မိန်းကလေးက ဖတ်ကနဲဆို ဘုန်းကြီးတွေဖက် ခြေဆင်းပြီး ထိုင်ချလိုက်တယ်။ ၀တ်ထားတဲ့ ဂါဝန်က ဒူးခေါင်း ဖုံးရုံလေး။ 

လက်အုပ်တော့ ချီထားးပါတယ်။ ဒါ သူတို့ ယဉ်ကျေးမှုပဲ။ မြန်မာမိန်းကလေး ဘုန်းကြီးရှေ့ ဒါမျိုးလုပ်ရင် ရိုင်းတယ် ဆိုမှာပေါ့။ လူနာရှင်ဟာ ဆေးကို လက်ခလယ်နဲ့ ဖျော်ရင် လူနာလပ်ကီး၊ ဆေးထိမယ်ဆိုတဲ့သဘောလို့ မြန်မာ ဗိန္ဓောဆရာတွေက ယူဆတယ်။

 အမေရိကမှာတော့ လူတစ်ယောက်ကို ကျန် လက်ချောင်း တွေကို စုကွေးပြီးလယ်ခလယ်တစ်ချောင်းတည်းကို ထောင်ပြရင် ပြတဲ့သူ
 သေနတ်နဲ့တောင် ပစ်သတ်ခံရနိုင်တယ်။ အဲဒီလို လုပ်ပြတာဟာ ယောက်ျားအင်္ဂါပုံကို လုပ်ပြပြီး ဆဲတာနဲ့ တူပါသတဲ့။

Phonenix (ဖိနစ်စ်) မြို့ ရုက္ခဗေဒဥယျာဉ်ကို သွားတုန်းက ဗုဒ္ဓဘာသာ ကိုရီးယားအဖိုးကြီး တစ်ယောက်နဲ့ တွေ့တယ်။ ဘာသာရေး တော်တော် ကိုင်းရှိုင်းပုံပဲ။ သူက ဘုန်းကြီးကို သစ်ပင်တွေကို ခြေထောက်နဲ့ ထိုးထိုး ပြတယ်။ စပ်ဖျင်းဖျင်းတော့ ခံစားမိရဲ့။ မြန်မာရှုထောင့်နဲ့ဆို အဲဒီလူ ငရဲကြီးမှာပဲ။

 ဒါကြောင့် စိတ်ထားကိုပဲ ဘုန်းကြီး ညွှန်းတာပေါ့။ အဲဒီလို ခြားနားတဲ့ ရှေးရိုး ယုံကြည် စွဲလမ်းမှုတွေကို အခြေပြုတဲ့ ကျားမ ခွဲခြားမှုတွေ ရှိရာကနေ ဘာသာတရားနဲ့ ရောထွေးသွားပြီး ဘုရားပေါ် မိန်းမ မတက်ရ ဆိုတာမျိုးတွေ ဖြစ်လာပုံရတယ်။

အယူအဆ ပြောင်းလဲခြင်း
ဝိနည်း မသင်ဖူးတဲ့ တောထွက် ကိုယ်တော်တစ်ပါးနဲ့ အတူနေဖူးပါတယ်။ ဆွမ်းစားနေတုန်း အကပ်ခံပြီးသား ဆွမ်းဟင်းခွက်ကို လူတွေက မီအောင်လို့ ဘုန်းကြီးနားကို တိုးပေးရင် ငယ်ပါကို သံစူးသလောက်နီးပါး စိတ်ဆိုးတာပဲ။ 

သူက ဆရာကြီးဆိုတော့ သိပေမယ့် ကြည့်နေရတာပေါ့။ ပတ်သက်သူ ဒကာဒကာမတွေလည်း ကပ်ပြီးသားကို မကိုင်ကောင်းဘူးးလို့ပဲ နားလည်နေကြပြီ။ ကြာရင် အဲဒီ ၀ိနည်း မဟုတ်တဲ့ ၀ိနည်းဟာ ၀ိနည်းအစစ်လို ဖြစ်သွားနိုင်တယ်။ ( စွန့် ချ ပေး လု မစ္စု လိင်ပြန် ဤခြောက်တန် ကပ်ခံပျက်ကြောင်းတည်း တဲ့။

တော်ပြီလို့ စွန့် လိုက်ရင်၊ လူထွက်ရင်၊ စားနေဆဲ လူသာမဏေကို ပေးလိုက်ရင်၊ အလု ခံရရင်၊ ဘုန်းကြီး သေရင်၊ ဘိက္ခုကနေ ဘိက္ခုနီ ပြောင်းသွားရင် ဒီ ၆ မျိုးကြောင့်ပဲ အကပ် ပျက်တာပါ။)

ယိုးဒယားမှာ အမျိုးသမီး လက်ထဲက အလှုပစ္စည်းကို ဘုန်းကြီးက လက်နဲ့ထိပြီး အလှုမခံဘူး။ သင်္ကန်းရောင် ပိတ်စရှည်လေးနဲ့ ထိပြီး ခံယူရတယ်။ ဒါပေမယ့် ၀ိနည်းအမှန်မှာ အဲလို လုပ်စရာမလိုဘူး။ ဒါလည်း ခုနက တောထွက်လို ဟန်လုပ်ပြီး ၀ိနည်းကို လေးစားပြရာ ကနေ ပြောင်းလဲသွားတဲ့ အယူအဆ ဖြစ်နိုင်တယ်။ 


(ဆက်ကပ်သူဟာ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဘုန်းကြီးအနေနဲ့ ခန္ဓာကိုယ်နဲ့ ဒါမှမဟုတ် ကိုယ်နဲ့ ထိစပ်နေတဲ့ ပစ္စည်းနဲ့ ခံယူကောင်းပါတယ်။)
တစ်ခုတော့ ရှိတယ်၊ လေးစားလွန်းလို့ ဆရာတော်ကြီးတွေ ဘုဉ်းပေးနေတုန်း ဆွမ်းခွက်ကို ဟိုကိုင်ဒီရွှေ့ မလုပ်ဘူး။ ဘုန်းကြီးကို ကြည်ညိုလွန်းလို့ ဒကာမတွေက ဘုန်းကြီးလက်ထဲကို အလှုပစ္စည်းကို မထည့်ဘူး ဆိုရင်တော့ ကိုယ့်သဘောပဲ။ 

ဝိနည်းနဲ့တော့ မဆိုင်ဘူး။ ရတနာသုံးပါးကို အထွတ်အမြတ် ထားလွန်းရာကနေ တည်ရှိပြီး ရိုးရာ ယုံကြည်မှုတွေနဲ့ ရောပြီး ဒီအထွတ်အမြတ် နေရာတွေကို မိန်းမ မတက်ရ မ၀င်ရ ဆိုတဲ့အထိ ယုံကြည်မှု ဆင့်ကဲ ပြောင်းလဲသွားခဲ့တာလည်း ဖြစ်နိုင်တယ်။

အ၀ိရောဓိအမြင်
ဗုဒ္ဓ၀ါဒ ရှုထောင့်အရ ယောက်ျား တက်ခွင့်ရတဲ့ ဘုရားပေါ်ကို မိန်းမတက်လို့ ငရဲမကြီးဘူးလို့ မှတ်ဖို့ပါ။ မိန်းမ မတက်ရ ကန့်သတ်ချက်ဟာ ရိုးရားစွဲကို အခြေခံနိုင်သလို၊ ရတနာသုံးပါးကို လေးစားလွန်းရာကနေ ပြောင်းလဲသွားတဲ့ အယူအဆလည်း ဖြစ်နိုင်တယ်။

 စေတီဘုရားစတဲ့ နေရာအချို့မှာ မိန်းမ မတက်ရ၊ မ၀င်ရ ဆိုတာဟာ ယုံကြည်စွဲလမ်းမှု အခြေခံနဲ့ ရာစုနှစ်တွေချီပြီး ကြာနေပြီဖြစ်တဲ့ တားမြစ်ချက် ဖြစ်ပါတယ်။ မိန်းမတွေ တက်လို့ ၀င်လို့ မရှေးမနှောင်းမှာ တိုက်ဆိုင်မှု ဆိုးကျိုး တစ်ခုခု ဖြစ်ရင် ဒါကြောင့်ပဲလို့ ယိုးမယ် စွဲကြမှာပဲ။

ဒါကြောင့် မိန်းမတွေ တက်ခွင့်ပြုဖို့ အရေးဆိုမယ် ဆိုရင်တောင် လူတွေ နားလည်လက်ခံအောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရပါလိမ့်ဦးမယ်။ ကျားမ မခွဲပါဘူးဆိုတဲ့ အမေရိကမှာတောင် အမျိုးသမီး သမ္မတ ဖြစ်ဖို့ မလွယ်သေးဘူးး။ 

အမေရိကန် ပြည်တွင်းလေယာဉ်တွေကို ဘုန်းကြီးတို့ စီးရင် များသောအားဖြင့် အထူးစစ်ခန်းကို သွားရတယ်။ ခြားနားတဲ့ ယဉ်ကျေးမှုကြောင့် အမြင်မူလို့ ယောကျာ်းဖြစ်ရက်နဲ့ အဲဒီလို ခွဲခြားဆက်ဆံ ခံရသေးတာပဲ။

(မှတ်ချက်။ ။ ဒီနေရာလေးမှာဗျာ။ ကျားမ မခွဲပါဘူးဆိုတဲ့ အမေရိကမှာတောင် အမျိုးသမီး သမ္မတ ဖြစ်ဖို့ မလွယ်သေးဘူး။ ဆိုတာလေးနဲ့ဆက်စပ်ပြီး ကျွန်တော်စဉ်းစားမိတာလေး တစ်ခုကို ဖော်ပြချင်ပါတယ်။ 

 နိုင်ငံရေးများနည်းနည်းပါသွားမလားမသိဘူး။ ဒီလိုပါ၊ သီတဂူဆရာတော်ကြီးက ဒေါ်စုကို မှ ခေါင်းဆောင်မတင်ယင် ဘယ့်သူ့ကို ခေါင်းဆောင်တင်ရမလဲဆိုတဲ့ သီတဂူ ဆရာတော် ကြီးရဲ့မိန့်ဆိုချက်လေးကို သဘောကျမိလို့ပါ။

ဘုရားသားတော်ဖြစ်တဲ့ သီတဂူ ဆရာတော်ကြီးလို ပုဂ္ဂိုလ်မျိုးကပင် အမျိုးသမီး တစ်ယောက်ရဲ့တန်ဖိုးကို ဘယ်လောက်အလေးထား အရေးပေးပြီး ပြောကြားသွားသလဲဆိုတာ သတိပြုမိယင် ဆင်ခြင်နိုင်ပါတယ်။ ဒါဆိုယင် အမျိုးသမီးတို့ရဲ့ အခွင့်အရေးကို ဘယ်သူက ပိုတန်ဖိုးထားသလဲဆိုတာပါ သိမြင်နိုင်မှာ ဖြစ်ပါတယ်။ 

အဲဒါကြောင့်လည်း သီတဂူဆရာတော်ကြီးကို အရမ်းပဲ လေးစားမြတ်နိုးစွာချစ်ခင်မိပါတယ်။ ယခု FB မှာ ဘေးထိုင် ဘုပြော နေကြတဲ့ သူတွေအတွက် ဆင်ခြင်ဖို့အလွန်ကောင်းပါတယ်။ ဒေါ်စုကို အမေခေါ် ပြန်ယင်လည်း အမေလို့ပဲ အခေါ်ခံချင်နေတယ် ထင်တယ်လို့ ပြောကြတယ်။ မမ လို့ ခေါ်ပြန်တော့လည်း မမ လို့ အခေါ်ခံချင်နေတယ် လို့ ပြောပြန်တယ်။ စဉ်းစားကြည့်ပါ။

 အဒေါ် အမ အမေ မမ ဘယ်လိုပဲ ခေါ်ခေါ် ဒါဟာ ပညတ်တွေပါပဲ။ ပညတ်ဆိုပါသော်လည်း ပညတ်မှာလည်း သူ့တန်ဖိုးနဲ့ သူရှိပါတယ်။ ပညတ်မပါပဲ ပရမတ္တတရားကိုနားလည်အောင် ရှင်းပြနိုင်စွမ်း မရှိပါဘူး။
ဒါကြောင့်လည်း မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက သမုတိသစ္စာလို့ ဟောတော်မူတာပါ။ 

အရာရာတိုင်းမှာ တန်ဖိုးကိုယ်စီ ရှိကြပါတယ်။ တန်ဖိုးရှိတဲ့ အရာတိုင်းကို ရယူဖို့ အတွက် ဓမ္မာဘေရီဆရာတော်ရဲ့ စကားနဲ့ပြောရယင် ကိုယ်စွမ်းရာက စဖို့လိုပါတယ်။ ကိုယ်စွမ်းရာက စယင် အစွမ်းရှိသလောက် အစွမ်းပြနိုင်ကြမှာပါ။ ကိုယ်စွမ်းနိုင်သလောက် အစွမ်းပြနိုင်ဖို့ အတွက်တော့ ဗလ ၅ တန် နဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်။

 ဒီလိုမှ မဟုတ်ပဲ ပတ်မကြီးထိုးဖောက်လိုတဲ့ အကြံ၊ ဘေးထိုင် ဘုပြော လုပ်နေကြယုံ ဖြင့်တော့ ကိုယ်လိုချင်တာ ရနိုင်ကြမယ်မဟုတ်ဘူးလို့ ကြုံတုန်းလေးမှာ ကျွန်တော့်ရဲ့ ဓမ္မမိတ်ဆွေများအတွက် စကားလက်ဆောင်လေး ပေးချင်ပါတယ်ခင်ဗျာ။

 သြော် နောက်တစ်ခုဗျာ။ ပြဿနာတစ်ခုနဲ့ ကြုံတွေ့လာယင် ရှုထောင့် တစ်မျိုးထဲကနေ မကြည့်စေချင်ပါဘူး။

အဲဒါကို ဆရာတော် အရှင်ဦးဇောတိက က … A Map of the journey မှာ ဒီလို ပြောထားပါတယ်။ 
( I have met many people who are always blaming others for their unhappiness, but they don’t try to learn anything that will help them to become more happy and peaceful. Try always to think about wholesome thoughts although it is very difficult to do. Most of our thoughts are unwholesome: greed, anger, pride, envy, jealousy. During the day try to be aware of what you are thinking about without wanting to control it. Whenever you catch yourself thinking about something unwholesome about someone or about something, try to look at it from a different angle and see if you can learn something from that situation and become positive as much as possible. All this is just preparation for meditation. If you think unwholesome thoughts all day and then sit and meditate and expect to be peaceful and happy, it is not possible because you have not prepared your mind. Thinking in a positive and wholesome way is reflecting and thinking properly. ) ပါတဲ့ ။

အဲဒီလို ရှုထောင်စုံနဲ့ကြည့်ဖို့ကို ဆရာတော် နန္ဒမာလာဘိဝံသရဲ့ ပဋ္ဌာန်းတရားတော် အာသေ၀န ပစ္စည်းမှာ၊ ရှုထောင့်စုံကနေ ပစ္စည်းပြိုင်တွေ၊ အကြောင်းတရားတွေ ပြိုင်ဆိုင်ပြီးတော့ ဖြစ်ကြတာကို aspect လို့ ပြန်ပါတယ်။ ရှုထောင့်ခြင်းမတူကြဘူး။ 

အဲဒီလို မတူညီတဲ့ ရှုထောင့်ကနေ ကြည့်နိုင်အောင် ကြိုးစားဖို့တော့လိုပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ TNO )

ခြားနားချက်
ယုတ်မြတ်ဟူက ဤလောက၌
မိန်းမယောက်ျား သဘောအားဖြင့်
ခြားနားမရှိ သားချစ်သိလော့
သတိပညာ အရင်းသာတည်း။

(မဃဒေ၀၊ ပိုဒ် ၃၁၄)
အရှင်ကေလာသ ဓမ္မာစရိယ၊ B.A (Philo) M.A (Buddhism) ဖြေဆိုသည်။
Thein Naing Ohn

 
http://yatanavasatemple.ning.com/
မှမူရင်းတိုင်းတင်ပြသည်။

No comments:

Post a Comment