နောင်တ(၁၀)ပါး
--------------------
(1) ငယ်စဉ်အခါ ပညာမရှာ ကြီးခါဆင်းရဲမည်။ ဆင်းရဲသောအခါ စိတ်ပြင်းစွာ ပူဆာနောင်တ ရလိမ့်မည်။
(2)ငယ်စဉ်အခါ ဥစ္စာမရှာ ကြီးခါဆင်းရဲမည်။ ဆင်းရဲသောအခါ စိတ်ပြင်းစွာ ပူဆာနောင်တ ရလိမ့်မည်။
(3)ကုန်းချောစကား ပြောဆိုငြား တစ်ပါးသူတို့ သံသယတွယ်။ အချစ်ပြယ်သို့ မိမိမှာလည်း ချစ်သူကွဲရာ ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
(4)ပါဏာတိပါတ် သူ့သက်သတ်က ချို့တဲ့အင်္ဂါ မွဲပြာရုပ်သွင် အင်အားချို့ယွင်း လျှင်ခြင်းလည်းဝေး ဘေးကိုကြောက်တတ် အသတ်ခံရာ အနာများလျက် ခြွေရံပျက်၍ အသက်တိုရာ ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
(5)မိစ္ဆာစာရ ကျူးလွန်ကမူ ရန်သူပွား၍ ရှားပါးလာဘ်တိတ် ချမ်းသာဆိတ်၏ ဣတ္ထိပဏ္ဍုက် မျိုးယုတ်ခါခါ မျက်နှာမလှ အရှက်ရလျက် လက္ခဏာဣန္ဒြ ယွင်းသွေချို့သိမ် စိုးရိမ်များစွာ ချစ်သူကွာရာ ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
(6)မလှူမတန်း မပေးကမ်းမူ ထိုသည့်သူသည် ဖြစ်ရာဘဝ ဆင်းရဲရရာ။ ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
(7)မိဘနှစ်ပါး ပစ်၍ထားက နှစ်ပါးမိဘ ကွယ်လွန်သွားရာ ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
(8)ဆုံးမစကား မနာငြားက အသက်ရရာ ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
(9)ပညာရှိမြတ် မဆည်းကပ်က အသိအလိမ္မာ မရှိပါ။ ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
(10)သူတော်တရား မကျင့်ပွားက သေခါနီးရာ ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။

(အရှင်သံဝရာလင်္ကာရ /ဓမ္မပီယဆရာတော်) မှာကြားချက်မှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment