ကောင်းတဲ့လောကဓံ ဆိုးတဲ့ လောကဓံ အခက်အခဲတွေအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ နေရသည့် ကြားမှ မိမိတို့ ဘ၀တစ်ခုကို လှပ သင့်တယ်အောင် အလှဆင် ပြုပြင်နေထိုင်နိင်ဖို့ သည် မိမိနှင့်သာ အသက်ဆိုင်ဆုံးပင်ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်ဘ၀တိုးတက်ဖို့ က ကိုယ်ပေါ်မှာသာ မူတည်ပါတယ်။
မိဘ ဆရာသမား မိတ်ကောင်းဆွေကောင်းတွေဆီကနေ လမ်းညွန်ဆုံးမမူတွေ လုပ်နည်းကိုင်နည်း တတ်မြောက် နားလည်ရန်အတွက် သင်ယူရမယ်။ လေ့လာမှတ်သားရမယ်။
လေ့ကျင့်ရမယ်။ မိမိတို့ လူ့ ဘ၀ရပြီး မကြာခင်မှာပဲ စာသင်ကျောင်းတွေ ပို့ တယ်။ လူ့ ဘ၀ရောက်တတည်းက သင်ကြရတယ်။ ဘာကြောင့်သင်ကြားရလဲဆိုတော့ ဘ၀မှာ မလှမပပဲ ရှင်သန်ရမှာစိုးလို့ ။
ကလေးတွေလည်း ကလေးတွေအလျောက် လူလတ် တွေ လည်း လူလတ်အလျောက် လူကြီးတွေလည်း လူကြီးအလျှောက် ဘ၀တစ်ခုမှာ သင့်တယ်အောင် နေထိုင်ဖို့ လေ့ကျင့်ကြတယ် လှပစွာရပ်တည်နိင်ရေး အတွက် ကြိုးပမ်းအားထုတ်ကြရတယ်။ အဲလိုကြိုးပမ်းအားထုတ်မှအောင်မြင်မူကိုရရှိနိင်တယ်။
အဲလို ကြိုးစားအားထုတ်တဲ့ချိန်မှာ မိမိရဲ့ မိဘ ဆွေမျိုးသားချင်း ဆရာ ဆရာမ များက နည်းလမ်းညွန်ပြရုံသက်သက်သာ ပါဝင်ပတ်သက်ပါတယ်။ တခြားအောင်မြင်မူမှန်သမျှက ကိုယ်နဲ့ သာသက်ဆိုင်တယ်။
ဘယ်အရာပဲဖြစ်ဖြစ်မိဘကပိုက်ဆံတတ်နိင်လို့ ဘယ်လောက်ပဲ
သင်ကြားမူကောင်းတွေ ကျောင်းကောင်းတွေထားထား သားသမီး ကိုယ်တိုင်က မကြိုးစားရင် အောင်မြင်မူ မရတာက ထင်ရှားပါတယ်။ ကောင်းတဲ့အခွင့်အလမ်းဘယ်လောက်ရှိရှိ ကိုယ်ကိုယ်တိုင်အားမထုတ်ရင် မအောင်မြင်ဘူး အကျိုးနည်းတယ်။
ဘ၀ကို ဆုတ်ယုတ်စေတယ်။
နတ်ဘ၀ဆိုတာ ကံတရားကိုအမှီပြုပြီး အသက်မွေးတယ်။ ဒါကြောင့် လူ့ ပြည်မှာ ကုသိုလ်အထူးအများပြုလို့ ရတဲ့ လူ့ ဘုံ လူ့ တန်ဖိုး တွေကို နတ်တွေက ပိုသိကြတယ်။
သို့ သော် တို့ လူ့ ဘ၀က တက်တက်ကြွကြွနဲ့ လုံ့ လ၀ိရိယ ဥာဏ်အား စိတ်စွမ်းအားတို့ ပေါ်မှာမူတည်ပြီး ကြိုးစားရတယ်။ ကံကိုချည်းပဲပုံအပ်ပြီး ဘ၀တစ်ခုလုံးကို အပ်နှံထားရမှာမဟုတ်သလို ဖန်ဆင်းရှင် ကိုလည်း အပ်နှံထားရမှာမဟုတ်ဘူး။
လူတွေလုပ်လို့ ရှိရင် ရတယ်လို့ ယနေ့ ခေတ်မှာသိပ်ထင်ရှားတယ်။ လူသားတွေဆိုတာ ကာယဗလအနေနဲ ယှဉ်ရင် ဆင်နဲ့ ယှဉ်ပြိုင်နိင်စွမ်းမရှိ။ တိရိစ္စာန်ဖြစ်တဲ့ဆင်ထက် ခွန် အားနိမ့်ကျတယ်။ သမင်တွေ ယုန်တွေ လျင်မြန်မူနှုန်းကို မလိုက်နိင်ဘူး ယှဉ်ပြိုင်ပြေးရင် မနိင်လောက်ပါဘူး။
ရေထဲမှာ ငါးနဲ့ ပြိုင် ရေကူးရင် လူပဲရှူံးဖွယ်ရာရှိတယ်။ ငှက်နဲ့ ယှဉ်ပြိုင်ပြီးကောင်းကင်မှာပျံသန်းလည်း မရနိင်ဘူး ။ စွမ်းအားဗလမှာ ဆင်က သာတယ် လျှင်မြန်မူနှုန်းက အပြေးသန်တဲ့တိရစ္ဆာန်တွေက သာတယ်။
ရေကူးတာ ငါးက သာတယ်။ ပျံသန်းရာမှာငှက်တွေက သာတယ်။
သို့ ပေမယ့်လည်း လူတွေက တိရစ္ဆာန်တွေထက် ဘယ်မှာအသာရလဲဆိုတော့ အသိဥာဏ်ပါပဲ။ ဦးနှောက်အသိဥာဏ်ဆိုတာ ပညာကိုပြောတာ။
ပညာကို အဓိက ထားပြီးပြောရပေမယ့် လူတွေမှာ ဆန္ဒဆိုတာရှိတယ် အင်မတန်ထက်တဲ့စွမ်းရည်ဆိုတာရှိတယ်။ တိရစ္ဆာန်ထက်စာရင် ၀ိရိယ လည်း ကြီးမားတယ် ။စိတ်စွမ်းရည် ဆိုတဲ့ သတ္တိကောင်းတဲ့နေရာမှာ သာလွန်လှတယ်။ နောက်တစ်ခုက စူးစမ်းဆင်ခြင်တတ်တဲ့အသိဥာဏ် တွေဖြစ်ပါတယ်။
ဘယ်တိရစ္ဆာန်မှ မှီအောင် မလိုက်နိင်ဘူး။
ကိုယ့်လူ မှာ သာလွန်စွာ ရှိထားတဲ့စွမ်းရည်ကို သိထားဖို့ လိုအပ်တယ်။ မသိထားရင် သိမ်ငယ်သလိုထင်မယ်။ အဲဒီစွမ်းရည်သတ္တိ အများရှိပါတယ်။ အဲဒီစွမ်းရည်သတ္တိတွေ အသုံးပြုပြီး တိုးတက်လာအောင်လုပ်ဆောင်ရမယ်။
စွမ်းရည်သတ္တိက ကိုယ့်ထက် အင်အားကြီးတဲ့ ဆင် ရေထဲလျှင်မြန်ကူးခတ်တဲ့ငါးတွေ၊ ကောင်းကင်ပြန်ငှက်တွေ၊ အပြေးမြန်လှတဲ့သတ္တ၀ါတွေ ကိုတောင် အသိဥာဏ်နဲ့ ထိန်းချုပ်နိင်တယ်။
လူ့ စွမ်းရည်နဲ့ အကုန်လုပ်နိင်တယ် ဖြစ်နိင်တယ် ၊ မဖြစ်နိင်တာမရှိဘူး။
လူ့ တွေရဲ့ သဏ္ဍန်မှာ စွမ်းရည်သတ္တိတွေရှိသလို အဖျက်သဘောလေးတွေလည်းရှိတယ်။
အပြင်က အဖျက်တွေလည်းရှိသလို အတွင်းက အဖျက်တွေလည်းရှိတယ်။
ပြင်ပက လာတဲ့အခက်အခဲတွေကို အတွင်းအားနဲ့ ကျော်ဖြတ်ရမယ်။ ဘ၀တစ်ခုရလာရင် အဆင်ပြေတာ လေးခု နဲ့ အဆင်မပြေတာ လေးခု ဆိုတဲ့ လောကမှာရှိတဲ့ သတ္တ၀ါတွေ ကြုံတွေ့ ရမယ့် လောကဓံ ၈ ပါးပင်ဖြစ်ပါတယ်။
လောကသဘာဝ ကိုကြံကြံခိုင်နိင်တဲ့စိတ်ဓာတ် လူတွေရဲ့ သဏ္ဍန်မှာရှိတယ် စိတ်အားနှိမ်ချနေလို့ လောကဓံကိုမယှဉ်နိင်ရင် ဘ၀ကိုဆုံးရှုံးဖို့ အခွင့်အလမ်းပိုများတယ်။
လောကမှာရှိတဲ့ လူတွေက အကောင်းနဲ့ လည်းတွေ့ သလို အဆိုးနဲ့ လည်းတွေ့ ရတယ် အကောင်းချည်းပဲ အမြဲတွေ့ နေတဲ့ပုဂ္ဂိုလ်ဆိုတာမရှိသလို အဆိုးချည်းတွေ့ တဲ့ပုဂ္ဂိုလ်ဆိုတာလည်းမရှိပါဘူး။
လာဘ နှင့် အလာဘ
လာဘ စီးပွားရေးအဆင်ပြေလို့ ကြီးပွားချမ်းသာလာသောခါ
ကောင်းတဲ့လောကဓံတွေ ရိုက်ခတ်ခံရတတ်တယ်။ အောင်မြင်ကြီးပွားလာလို့ ဂုဏ်တွေကို
မောက်မာ ၀င့်ကြွားတာမျိုး သုံးနိင် ဖြုန်းနိင်တော့ ဘ၀မြင့်လာတယ် မာနတက်လာတယ် အောက်ချေလွတ်လာတတ်ကြတယ်။ ဒါတွေက ကောင်းတဲ့ လောကဓံကိုမခံနိင်တာပဲ။
ကြီးပွားတိုးတက်လာလို့ အဲလိုဖြစ်လာတာက
အောင်မြင်မူလို့ ထင်တတ်ကြ ပေမယ့် တကယ်တော့ ဒါဟာ ကောင်းတဲ့လောကဓံကို ခုခံတုန့် ပြန်မူ စိတ်ဓာတ်ကြံ့ခိုင်မူအားနည်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အလောဘဆိုတဲ့ ဆိုးတဲ့လောကဓံနဲ့ ကြုံလာခဲ့ရင်
အောင်မြင်မူမရပါကစိတ်ဓာတ်တွေတစ်ခါတည်းကျသွားတတ်ကြတယ်။ စိတ်ပျက်လာတယ်။
မျှော်လင့်ချက်တွေမရှိသလိုဖြစ်ပြီး ဘ၀တစ်ခုကိုအဆုံးသတ်လိုက်ချင်တဲ့ စိတ်ဖြစ်ပေါ်လာတယ်။
ကြီးပွားရင်လည်း ပျက်စီးတတ်တယ်။ ဆုတ်ယုတ်လို့ ရှိရင်လည်း ပျက်စီးတတ်တယ်။ ဘ၀မှာ မလှမပ ဖြစ်ရခြင်းက စိတ်ဓာတ်ကြံခိုင်မူအားနည်းခြင်းကြောင့်ပင်ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဆိုတာက ဗုဒ္ဓ ကို ကိုးကွယ်ရာလို့ အသိအမှတ်ပြုတာပဲ။ တရားတော်တွေကို လိုက်နာဆည်းပူးကျင့်ကြံတယ်။
ဘုရားသားတော်ဖြစ်တဲ့ သံဃာတော်များကို ကိုးကွယ်ဆည်းကပ်ရာဟုအသိဥာဏ်နဲ့ ယုံကြည်ကြတယ်။ စီးပွားတိုးတက်ချင်လို့ ကိုးကွယ်တာက အဆင့်သိပ်မမြင့်ဘူး။ အနှစ်သာရအားဖြင့် လောက သဘာဝအမှန်တရားကို သိဖို့ ကိုးကွယ်တာဖြစ်မှ မွန်မြတ်လှတယ်။
ဗုဒ္ဓဆုံးမတဲ့အတိုင်း လျှောက်ပါ့မယ်။ လမ်းညွန်ချက်အတိုင်း ယုံကြည်တယ် မြတ်နိးတယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ကိုးကွယ်မှ ပိုပြီးထိရောက်တယ်။
လာဘနဲ တွေ့ ရင်လည်း မောက်မာတက်ကြွတာမျိုးမဖြစ်စေနဲ့ ။
မတွေ့ ရင်လည်း စိတ်ဓာတ်ကျဆင်းတာလည်းမဖြစ်နဲ့  စိတ်ဓာတ်မကျနဲ့ တုန်လှုပ်မူမဖြစ်နဲ့ ။ ဒီလိုမဖြစ်အောင်ဘယ်လိုနှလုံးသွင်း ဆင်ခြင်တတ်ရမယ်။ ဘယ်လိုလဲဆိုတော့ အောင်မြင်မူရတာလည်း ထာဝရမဟုတ်၊ မအောင်မြင်တာလည်း ထာဝရမဟုတ် လောကက သင်္ခါရပဲ မမြဲဘူး။
အဲဒီအတွေးနဲ့ တွေးရင်ဆိုးရွားမူဖြစ်မသွားတာသေချာပါတယ်။
သာမာန်ကြည့်ရင် မထူးဆန်းဘူးဆိုပေမယ့် ဆိုးဆိုးရွားရွားမဖြစ်သွားစေနိင်တာက သေချာပါတယ်။ အဆင်ပြေတဲ့ခါရှိမယ် မရှိတဲ့ခါရှိမယ်ဆိုတဲ့အတွေးက စိတ်ကို သက်သာရာရစေတယ်။
တည်ငြိမ်သောအတွေးနဲ့ မှန်ကန်တဲ့အတွေး အပြစ်မဖြစ်အောင် နှလုံးသွင်းခြင်း၊ အကုသိုလ်မဖြစ်အောင် နှလုံးသွင်းခြင်း ယောနိသောမနသိကာရ ဖြင့် စိတ်ဓာတ်ကြံ့ခိုင်အောင်လေ့ကျင့်ပေးရမယ်။
ယသ အခြံအရံရှိတာနဲ့ အယသအခြံအရံမရှိတာ
အခြံအရံရှိတဲ့အခါလည်းရှိတယ် အခြံအရံ မရှိတဲ့အခါလည်းရှိတယ်
အခြံအရံများလာရင်လူတွေဟာ နောက်လိုက်နောက်ပါတွေနဲ့ 
အကျော်အဇောများလာတော့ ဘ၀မြင့်ပြီးအောက်ခြေလွတ်တတ်ကြတယ်။
အခြံအရံမရှိတော့လည်း တစ်ယောက်တည်းအထီးကျန်ပြီး စိတ်ဓာတ်တွေကျလာတတ်တယ်။ ဒါကြောင့် အခြံအရံ ရှိတာ မရှိတာက အဓိကမဟုတ်ဘူး ဘယ်အရာမှမမြဲဘူး ကိုယ်စိတ်လေး ဖြူစင်ဖို့ ကသာ အဓိက ကျတယ်။ စိတ်ဓာတ်ကိုကြံခိုင်အောင် လေ့ကျင့်ပြီး မှန်ကန်တဲ့အတွေးနဲ့ တွေးပြီးခုခံကာကွယ်ထားရမယ်။
နိန္ဒာကဲ့ရဲ့ ခံရတာ နဲ့  ပသံသာ ချီးမွမ်းခံရတာ
လောကမှာနေတဲ့ပုဂ္ဂိုလ်ဆိုတာ ကဲ့ရဲ့ ခံရတာနဲ့ ချီးမွမ်းခံရတာ ရှိတယ်။
ကဲ့ရဲ့ ခံရရင် စိတ်ဆိုးတယ်၊ ချီးမွမ်းခံပြန်တော့ ကျေနပ်တယ် ၀မ်းသာတယ် ရွင်ပြတယ်။
လောကဓံမုန်တိုင်းမခံနိင်လို့ စိတ်ဓာတ်လှုပ်ရှားယိမ်းယိုင်ခြင်း၊ စိတ်ဓာတ်မတည်ငြိမ်မူပဲ သဘောပင်ဖြစ်တယ်။ ဒါကြောင့် ချီးမွမ်းခံရင်လည်း ဘာလုပ်ရမလဲဆိုတော့ ဟုတ်တယ် သူ့ ပြောတဲ့အတိုင်း ချီးမွမ်းတဲ့အတိုင်း ချီးမွမ်းထိုက်တဲ့အကြောင်းရှိတယ်။
ကဲ့ရဲ့ လာရင် စိတ်မဆိုးပဲ ကဲ့ရဲ့ ထိုက်တဲ့အကြောင်းရှိတယ်ဆိုပြီး အသိအမှတ်ပြုလိုက်ပြီး တုန့် ပြန်လိုက်ရုံသာ။
ဗုဒ္ဓကဆုံးမထားတဲ့ အကယ်၍ လူတစ်ယောက် ကိုယ်ကိုလာပြီးကဲ့ရဲ့ ရင် စိတ်မဆိုးအောင်လုပ်ပါ။
ဒါပေမယ့် စိတ်မဆိုးအောင်လုပ်ဖို့ က နှလုံးသွင်းတရားမရှိရင် ခက်လှတယ်။ လုပ်နည်းကတော့ စိတ်လေးကို ပြင်လိုက်ရုံပါ။ သူပြောတာကို လက်မခံတာ အသိအမှတ်မပြုတာ။ ပုဏ္ဏားတစ်ယောက် ဗုဒ္ဓကိုဆဲတာမှာ ဗုဒ္ဓက လက်မခံဘူး တုန့် ပြန်မူမပြု။
ဧည့်သည်တွေလာရင် ဧည့်သည် စားမသွား ပဲ ကျန်ထားခဲ့တဲ့ အစားသောက်သည် အိမ်ရှင်သာအပိုင် ဖြစ်သလို။ သူတစ်ပါး ဆဲရေးတာမှန်သမျှကို ကိုယ်နဲ့ မဆိုင် ကိုယ့်အသိအမှတ်မပြုရင် ဆဲရေးဆိုသူဆီသာ ရှိတယ်။ ဆဲတဲ့လူကိုပြန်ဆဲရင် သူစကားကိုလက်ခံရာရောက်တယ်။
ပြန်မဆဲရင် လက်မခံရာရောက်တယ်။
ကဲ့ရဲ့ ခံရလို့ လို့ စိတ်ဆိုးနေရင် ဖြစ်စေ ချီးမွမ်းခံရလို့ ဖြစ်စေ ၀မ်းမနည်းလိုက်နဲ့  စိတ်မပျက်လိုက်နဲ့  ၀မ်းမသာလိုက်နဲ့ ဘ၀င်မမြင့်လိုက်နဲ့ ။
အဲဒါတွေကို စိတ်ပျက်နေလိုက်လို့ ရှိရင်ဖြစ်စေ ကျေနပ်နေလိုက်ရင် ဘ၀င်မြင့်လိုက်ရင် ဖြစ်စေ ကိုယ့်တိုးတက်မူအတွက် အန္တာရယ်ဖြစ်စေတယ် ။ အသိဥာဏ်ပါ တုံးသွားတတ်တယ်။
နောက်ပြီး ကဲ့ရဲ့ လည်းခံရသေး အကောင်းအဆိုး အကြောင်းအကျိုးသိတတ်တဲ့ ခွဲခြားနိင်တဲ့ အသိပညာလည်းမဖြစ်စေတော့ ကိုယ့်ပဲဆုံးရှုံးရတယ်။မှားယွင်းတာတွေလုပ်မိလာတယ်။
ဒါပေမယ့် ဗုဒ္ဓက စွပ်စွဲလာရင်တော့ ဖြေရှင်းပါ တဲ့။ ကဲ့ရဲ့ လာတာသမျှကို ငုံ့ ခံရမှာလဲမဟုတ်ပါဘူး။
တုန့် ပြန်မူတော့ပေးရမယ် ၊ မဟုတ်တဲ့အကြောင်း ပြန်ချေပရမယ်။ ရင်ထဲက ဒေါသနဲ့ တော့မဟုတ်ရဘူး။ မဟုတ်ဘူးဆိုတဲ့ အကျိုးအကြောင်းနဲ့ တုန့် ပြန်ပါ။ ဆဲရေးလာရင်တော့ သည်းခံပါ။ တုန့် ပြန်မူမလိုပါဘူး။
ခန္ဓီ ရဲ့ သဘာဝတရားဟာ ပုဂ္ဂိုလ်တစ်ယောက်ယောက်ပြောလာတာကို စိတ်ဆိုးခြင်းမပြု ဆဲတာကို အသိအမှတ်မပြု ပဲ အပြုံးမပျက် ကိုယ့်ရဲ့ မူလပင်ကိုယ်စိတ်အခြေအနေကို ပျက်မသွားနိင်အောင် ထိန်းချုပ်ထားနိင်ပြီး တုန့် ပြန်လိုက်ခြင်းပင်။ မနိင်လို့ ငုံ့ ခံနေတယ် စိတ်ထဲတော့မကျေနပ်တာက ခန္ဓီမဟုတ်ပါ။
ခန္ဓီဆိုတာ မြင့်မြတ်သူတို့ ရဲ့ ကျင့်စဉ်။ နှစ်ဦးနှစ်ဝ ကိုအကျိုးရှိစေတယ်။ သည်းခံမူစွမ်းအားက ကြမ်းတမ်းတဲ့ပုဂ္ဂိုလ် စိတ်ဓာတ်ကိုပြောင်းလဲစေနိင်ပြီး အနိင်ရတယ်။ သည်းခံနေသည့်တိုင်အောင် ကိုယ့်က ရှူံးလိုက်ပေမယ့် အရှူံးမဟုတ်ပါဘူး။ ကိုယ့်ရဲ့ သဏ္ဍန်မှာ အကုသိုလ်ဖြစ်သွားမှ ရှုံးတာပါ။
ဂုဏ်သိက္ခာတွေ ပစ္စည်းဥစ္စာဆုံးရှုံး တာတွေ တစ်စုံတစ်ခုဆုံးရှူံးသွားမှ ဆုံးရှူံးတယ်ထင်ကြတယ်။ ကိုယ့်ရဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်ကလေး ဆုံးရှုံးသွားတာ ကမှသာ အနှစ်သာရ ထိုစိတ်ဓာတ်လေးမဆုံးရူံးဖို့ အရေးကြီးတယ်။
ပစ္စည်းဥစ္စာ ဂုဏ်သိက္ခာဆုံးရှူံးတာက အပယ်ငရဲမရောက်ဘူး ။ သည်းခံလိုက်တဲ့အတွက်ကြောင့်။ တုန့် ပြန်လိုက်တဲ့ဒေါသကတော့ အနည်းဆုံးတော့ အကျဉ်းတန်တဲ့ဘ၀ကိုပို့ ပေးလိုက်တယ်။
အပယ်ထိလည်းရောက်စေနိင်တယ်။
ဒုက္ခ ဆင်းရဲခြင်း နဲ့  သုခ ချမ်းသာ
ဆင်းရဲဒုက္ခ ကြုံရင်စိတ်ဓာတ်မကျဖို့  စိတ်သက်သာရာရတဲ့နည်းလမ်းနဲ့ တွေးရမယ်။
ဘယ်အရာမှ မမြဲဘူးဆိုတာကိုတွေးရမယ်။ ခုခံနိင်ရင်စိတ်ဓာတ်မနိမ့်ကျသွားဘူး။
ချမ်းသာရင်လည်း လောကဓံကိုကြုံကြိုက်နေတာပါပဲ။
ကောင်းဆိုးလောကဓံ ကြံကြံခံ ဘ၀ကို လှပအောင် တည်ဆောက်ချင်ရင်လောကဓံကို ခံနိင်အောင်ကျင့်ရမယ်။ ဘယ်ဘာသာကိုးကွယ်ကိုးကွယ် ဘယ်လူမျိုးဖြစ်ဖြစ်ဒီလောကဓံတရား၈ ပါးကို ကြုံရမှာပဲ ။
ဒါက လောက ရဲ့ ဓမ္မသဘာဝတရားတွေပါပဲ။
စိတ်ဓာတ်ရေးရာမတုန် လှုပ်ဖို့  ကြံခိုင်လာဖို့ ဆိုတာ သူဘာသာသူ ကြံခိုင်လာတာမဟုတ်ဘူး ၊
လေ့ကျင့်ပေးရတယ်။
တို့ လူတွေက ကိုယ့်ခန္ဓာကျန်းမာဖို့  ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့  အားကစားလေ့ကျင့်မူ လေ့ကျင့်ခန်းတွေကိုတော့ ပြုလုပ်တတ်ပြီး။ စိတ်ပိုင်းဆိုင်ရာ စိတ်ကို ကြံခိုင်အောင် ပြုလုပ်တာတော့ အားပျော့နေတတ်ကြတယ်။ ဒါကြောင့် လောကဓံနဲ့ ကြုံရင် ယိမ်းယိုင်သွားတတ်ကြတယ် ။
ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ ကျန်းမာရေး လေ့ကျင့်ရသလို စိတ်ဓာတ်ကြံ့ခိုင်အောင် တရားထိုင်တာတို့ စိတ်တည်ငြိမ်အောင်လုပ်ပြီး မှန်ကန်တဲ့အတွေးတွေတွေးပေးရမယ်။ဆိုပါတော
့လောဘစိတ်များနေတယ် ဒေါသ စိတ်များနေတယ်ဆိုရင် တွယ်တာစိတ်များနေတယ်ဆိုရင် တကယ့်တော့ လူဆိုတာ တစ်နေ့ ခွဲရဦးမယ် မခွဲခင်တို့ ဘာတွေလုပ်မလဲ။
နုပျို ငယ်ရွယ်တဲ့ပုဂ္ဂိုလ်မှာဆိုရင် အိုခြင်းသဘောရှိတယ် အိုရဦးမယ်။ အိုခြင်းကို မလွတ်မြောက်နိင်သေးဘူး တစ်ချို့ က ဒါတွေက စိတ်ပျက်စရာကိုတွေးတာလို့ ထင်တယ်။
သေရမယ်ဆိုတော့ ဘာမှလုပ်ချင်စိတ်မရှိတော့အောင် စိတ်ပျက်စရာတွေကို တွေးပေးနေတာမဟုတ်ဘူး။ အိုခြင်းသဘော နာခြင်းသဘော သေခြင်းသဘောတွေ မလွတ်မြောက်နိင်သေးပါလား စသည့် အနိစ္စ ဒုက္ခ အနတ္တ တရားသဘောတွေ သဘာဝအမှန်ကို သိအောင်ကြိုးစားတာ။
စိတ်ဓာတ်ဆိုတာ သဘာဝအမှန်တရားကိုသိမှလည်း ပိုပြီး တည်တံတယ် ပိုပြီး ရင့်ကျက်လာတယ်။ မှန်ကန်စွာတွေးခေါ်တတ်မူဥာဏ်လည်း တိုးပွားစေတယ်။ စိတ်ထားလည်းမွန်မြတ်လာတယ်။
အာရုံနဲ့ စိတ်ကိုလေ့ကျင့်ရတယ်။
ကောင်းတဲ့အာရုံနဲ့ စိတ်ကိုလေ့ကျင့်တယ်ခေါ်တယ်။
လေ့ကျင့်ပေးတဲ့အတွက်ကြောင့် သံယောဇဉ်တွေ လျော့ပါးလာတယ်၊ အတွယ်အတာလျော့ပါးသွားလို့ ရှိရင် တစ်ဦးနဲ့ တစ်ဦးကွဲသွားလိမ့်မယ်ထင်တာ။ မဟုတ်ပါဘူး၊ သံယောဇဉ်နဲ့ တွယ်တာဟာ မေတ္တာနဲ့ တွယ်တာ တာနဲ့  မတူပါဘူး ။ မေတ္တာနဲ့ ကူညီစောင့်ရှောက်တာက ပိုခိုင်တာ။
သံယောဇဉ်က မခိုင်ဘူး ကိုယ်အလိုအတိုင်းကျနေမှ တွယ်တာ ကိုယ့်ဘဘောအတိုင်းမဟုတ်ရင် မတွယ်တော့ဘူး။ ဒါက တဏှာသဘောပါပဲ။ သံယောဇဉ် တဏှာဆိုတာကိုယ်ကောင်းစားဖို့ ပဲ စဉ်းစားတယ်။
ကိုယ်ဘ၀ကို ထိပါးလာရင် ထိခိုက်လာရင် ကိုယ့်ပျော်ရွင်မူကိုပျက်စီးလာရင် သည်းမခံနိင်ကြတော့ဘူး။ အမှန်တော့ ကိုယ့် ပျော်ရွင်မူဆုံးရူးလိုက်တာကိုမကြိုက်တာ။ ကိုယ့်အတွက်ဖြစ်နေရင်ကျေနပ်တယ်။ သံယောဇဉ် တဏှာက ရယူလိုတယ် ခံစားလိုတယ်။
သူ နောက်ကွယ်မှာ ပူလောင်သောကဆိုတာရှိတယ်။
မေတ္တာချစ်ဆိုတာတော့ ပေးဆပ်ခြင်းဖြစ်တယ်။ သူ့ အတွက်စဉ်းစားတယ် သူ့ အတွက်လုပ်တာက ပိုပြီးခိုင်မြဲတယ်။ ကိုယ့်အတွက်မစဉ်းစားဘူး။
သူ့ အတွက် အဆင်ပြေနေရင် ပိုပြီးတော့တောင် မကွဲမကွာဖြစ်ပြီး လက်တွဲလို့ ရတာပေါ့။ သူ့ နောက်ကွယ်မှာ အေးချမ်းတယ် ပိုပြီးခိုင်မြဲတယ်။ မေတ္တာနှလုံးသားနဲ့ ချစ်တတ်အောင် စိတ်ဓာတ်ကိုလေ့ကျင့်ပေးရမယ်။
လောကဓံနဲ့ ကြုံလာရင် သမထကျင့်စဉ်တစ်ခုကိုကျင့်တာလည်း လေ့ကျင့်တာပဲ ။ ၀ိပဿနာကျင့်စဉ်တစ်ခုကို ကျင့်တာလည်း လေ့ကျင့်တာပဲ။ အဓိက တော့ မှန်မှန်ကန်ကန်စဉ်းစားမူပင်ဖြစ်တယ်။
ယောနိယောမနကာရ အဆိုးဘက်ကမကြည့်ဘူး အကောင်းဘက်က ကြည့်တာ။ အကုသိုလ်ဖြစ်အောင်မကြည့်ဘူး ကုသိုလ်ဖြစ်အောင်ကြည့်တာ။ အရာရာအကုန်လုံး အကောင်းဘက်ကပဲ တွေး ကြည့်မှာလားဆိုတာတော့ ဒီလိုလည်းမဟုတ်ပါဘူး။
မှန်ကန်တဲ့ဘက်က အကောင်းဘက်က စဉ်းစားနိင်တတ်ရမယ်။အဆိုးဘက်ချည်း ကြည့်ရင် အဆိုးဆိုတာက အပြစ်ကိုကြည့်တာ။ အရာရာမှာအမှန်ကိုကြည့်တတ်ဖို့ လိုအပ်လှတယ်။
ဆိုပါတော့ လူတစ်ယောက်အပေါ်မှာ ဒေါသဖြစ်တယ် ဘာအတွေးနဲ့ ဒေါသဖြစ်လဲဆိုရင် ကိုယ်ကို သက်သက်စော်ကားတာပဲဆိုတဲ့ အဲဒီအတွေးတွေးရင် ဒေါသဖြစ်လာမှာပဲ။
အကယ်ပေါ့ သူဆိုးတာ ငါနဲ့ မဆိုင်ဘူး။ သူဆိုးတာ သူခံမယ်။ အတွေးလေးက ဒီနားလေးတင် ကပ်ပြီး ပြောင်းလဲသွားတာ။ ခွင့်လွတ်တတ်တဲ့အတွေးထားပြီး သူ့ ပေါ်ဒေါသမထွက်ပြန်ဘူး။
လောကလူတွေက ကိုယ်ကိုယ်တော့ခွင့်လွတ်တယ် သူများတော့မခွင့်လွတ်ဘူး။ ထင်ရှားတယ်။ နောက်ပြီး သူတစ်ပါးကို အပြစ်ပုံချတတ်ကြတယ် အပြစ်တင်တတ်ကြတယ် ကိုယ့်အမှားကို ၀န်မခံရဲဘဲ တစ်ပါးအင်အားနည်းတဲ့လူကို အပြစ်တင်ပုံချလိုက်တတ်ကြတယ်။ ဒါက နှစ်ဦး နှစ်ဘက် အကျိုး ဆုတ်စေတယ်။
ကိုယ်က အပြစ်တင်လိုက်လို့ တခဏတာ အေးချမ်းသလိုလို လွတ်မြောက်သွားသ်လိုလို ရှိပေမယ့်လည်း ပူလောင်ခြင်းနောင်တ ကတော့ တစ်နေ့ တုန့် ပြန်ခံရမှာပါ။ သူများကို အပြစ်မြင်နေတဲ့ ကာလပတ်လုံး မေတ္တာသက်ဝင်မှာလည်းမဟုတ်ပါဘူး။
အကောင်းဘက်က ကြည့်တာက ကိုယ့်စိတ်ဆင်းရဲမူကိုကာကွယ်ပေးနိင်တာတော့ သေချာလှတယ်။
တစ်စုံတစ်ခုကိုစိတ်ဆင်းရဲနေမယ့်အစား အကောင်းဘက်တွေးပြီး လုပ်သင့်လုပ်ထိုက်တာကိုလုပ်တတ်ရမယ်။
ဘာလုပ်ရမှန်းမသိပဲ စိတ်ဆင်းရဲနေတယ်။ စိတ်ပူပန်တာနဲ့ လုပ်သင့်လုပ်ထိုက်တာက တစ်ခြားစီ။ စိတ်ပူပန်နေမယ့်အစား ပူပန်မူကိုလျှော့ချပြီး ဘာလုပ်သင့်လဲဆိုတာ စဉ်းစားဖို့ လိုအပ်တယ်။ ပူပန်တယ်ဆိုတာက ဖြေရှင်းနိင်တဲ့ အဖြေမဟုတ်ဘူး။
စိတ်ဓာတ်ကြံခိုင်ခံနိင်ပြီဆိုရင်လည်း ဒီလောက်နဲ့ မကျေနပ်သင့်သေးဘူး။ အားမာန် စိတ်စွမ်းအားကို မွေးမြူရမည်။ လူ့ တွေရဲ့ စိတ်စွမ်းအားက ဘယ်လောက်ထက်မြက်လဲဆိုတာ တိရိစ္စာန်ကိုတောင်ပညာသာနေတဲ့အတွက် ချုပ်ကိုင်ထားနိင်တယ်။
လူတွေမှာ တိုးမြင့်ပေးဖို့ ပြီးစီးမူအကြောင်းတရားတွေဖြစ်တဲ့ ဖြစ်ချင်တဲ့ဆန္ဒ အဲဒီ ဆန္ဒက ကြီးစိုးထားတဲ့အတွက် မငြီးမညူလုပ်လာကြတယ်။ ဆန္ဒ ဆိုတာ အောင်မြင်မူရဲ့ အကြောင်းတရားတစ်ခုပါ။ ဆန္ဒရှိတဲ့ပုဂ္ဂိုလ် မှာမအောင်မြင်နိင်တာမရှိဘူ။
အကုန်လုံးကို ပြီးစီးနိင်တယ်။ ဗုဒ္ဓ ဖြစ်တော်မူလာရခြင်းသည်လည်း ဆန္ဒက ကြီးစိုးထားသောကြောင့်ပင်။ ဘုရားဘ၀နဲ့ သတ္တ၀ါတွေကိုချေခွတ်မယ်ဆိုတဲ့ ဒီဆန္ဒကြောင့် ဘုရားဆုပန်တဲ့အရာမှာ အောင်မြင်တယ်။
ဆန္ဒက စိတ်ပိုင်းဆိုင်ရာအားလုံးကို လွမ်းမိုးကြီးစိုးထားတယ်။ စိတ်ကို လွမ်းမိုးနိင်ရင် ရုပ်ပါပါလာတယ်။ ထိုစိတ်ဓာတ်က ထုတ်လုပ်လိုက်တဲ့ရုပ်တွေပေါ်ကြီးစိုးတယ်။
လျော့ရဲရဲ ဆန္ဒမဟုတ်ရင် အောင်မြင်အောင်လုပ်နိင်တယ်။ ဆန္ဒနောက်မှာ ၀ိရိယ လိုက်ပြန်တယ် ဆန္ဒရှိပြီး ၀ိရိယ မရှိရင် မရပြန်ဘူး။ အောင်မြင်ပြီးစီးမူမှာ ကြိုးစားမူ လုံလဇွဲ ၀ိရိယ အားထုတ်မူလိုအပ်ပြန်တယ်။
ကြိုးပမ်းအားထုတ်လို့ ရှိရင်လည်း ဥာဏ်လိုသေးတယ်။ ဘယ်လောက်ပဲ သန်စွမ်းနေ ပါသော်လည်း လေ့ကျင့်မူမရှိရင် စွမ်းအားမထက်ပါဘူး။ အခြေအနေနဲ့ လေ့ကျင့်ပြီး မယူရင်အားပျော့မြဲပျော့နေမယ်။
စိတ်စွမ်းအား ထက်သန်လာသည့်ရှိသော် ထိုစိတ်စွမ်းအားနဲ့ လည်း
ရောဂါတွေကိုထိန်းချုပ်ထားနိင်တယ်။ ပျောက်ကင်းစေနိင်တယ်။
စိတ်စွမ်းအားကကိုယ်ထဲမှာပဲရှိတယ်။ လောကီကိစ္စမပြောနှင့်
လောကုတ္တရာထိပါ ပေါက်ရောက်နိင်ပါတယ်။
ဥစ္စာပစ္စည်းလိုချင်တယ် တပ်မက်တယ် ရအောင် ကြိုးစားအားထုတ်ကြတာက လောကီဘက်တော့ ထိုက်သင့်တဲ့ ကြီးပွားပါတယ် တရားဘက်မှာဆန္ဒ မရှိရင်မရသေးဘူး။
ဆန္ဒရှိပေမယ့် လုံလောက်တဲ့ဝိရိယ လည်း လိုအပ်နေသေးတယ် စိတ်ဓာတ်ကြံ့ခိုင်မူလည်းအထူးလိုအပ်တယ်။
ဘယ်လောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ် အဆင်ပြေလို့ ရတာရှိသလို မရတာလည်းရှိတတ်တယ်။ လူတွေ စိတ်ဓာတ်က လောကသဘာဝနဲ့ တွေ့ ရင်ယိမ်းယိုင်သွားတတ်တယ်။
လောကဓံကိုမုန်တိုင်းနဲ့ ဥပမာပေးတယ်။ မုန်တိုင်းဖြစ်ပေါ်လာရင် ကြံခိုင်မူအားနည်းတဲ့သစ်ပင်တွေ အမြစ်ပါ ထောင်လဲသွားတယ် ဘယ်လောက်တိုက်တိုက် လဲပြိုမသွားတာက တောင်ကြီးတွေပဲ။ ဒါက ကြံ့ခိုင်မူမတူနေလို့ ပဲ။
လောကမှာလူဖြစ်လာတဲ့ပုဂ္ဂိုလ် ကောင်းတဲ့လောကဓံဖြစ်စေ ဆိုးတဲ့လောကဓံ တို့ နဲ့ တွေ့ ရင် စိတ်ဓာတ်ပျက်ပြားလာတတ်ကြတယ်။
စိတ်စွမ်းအားနည်းတဲ့လူက သစ်ပင်လဲသွားသည်နှင့်တူ မုန်တိုင်းတို့ ကြုံတော့ မလှမပ ဖြစ်သွားရတယ်။ စိတ်ဓာတ်ကြံ့ခိုင်သူအတွက်တော့ စိတ်ဓာတ်ရင့်ကျက်မူ အတွေ့ အကြုံ ပိုဖြစ်ပြီး ခွန်းအားအဖြစ် သို့ ပြောင်းလဲစေတယ်။
တောင်ကြီးတွေ ကြံ့ခိုင်သလို ကိုယ့်စိတ်ဓာတ်ကို ခိုင်မာအောင် လေ့ကျင့်ဖို့ လိုတယ်။
ကောင်းတဲ့ လောကဓံဖြစ်စေ ဆိုးတဲ့လောကဓံဖြစ်စေ အမြဲထာဝရမဟုတ်ဘူး။ သင်္ခါရသဘောတွေပဲ။ မမြဲဘူး။ စိတ်ကို အာရုံနဲ့ လေ့ကျင့်ပေးပြီး သဘာဝတရားအမှန်ကို သိအောင် လေ့ကျင့်ပေးရမယ်။
ဇာတိရလာတော့ သေခြင်းတရားဆိုတာကို မလွဲမသွေ ဘယ်နေ့ ဘယ်ခါ ဘယ်နေရာ ဘယ်ကြောင့် မရဏ သေမင်းရောက်လာမည်ကို မသိနိင်သော်လည်း တို့ လူတွေအသက်ရှင်စဉ် မှာ ကြုံနေတဲ့လောကဓံ တရားတွေအပေါ်မှာ အကုသိုလ် မဖြစ်အောင် ကုသိုလ်စိတ်သာ တစ်ဖွားဖွားပေါက်ဖွားလာအောင် ကြိုးစားသင့်ပါတယ်။
မိမိတို့ သဏ္ဍန်မှာ ဖြစ်ပေါ်နေတဲ့ သဘာဝတရား ကို အမှန်အတိုင်း သိရှိအောင် လေ့ကျင့်ပြီး ကြံ့ခိုင်တဲ့စိတ်ထားဖြင့် ဆန္ဒနှင့်ဘ၀တစ်ထပ်တည်းကျ၍ အလှဆင်နိင်ကြပါစေသော်။
ကောင်းဆိုးလောကဓံ ကြံကြံခံလျှက် အားမာန်အပြည့် သတိမကွာ။
ပညာမြော်မြင် အလုပ်ဝင် အလှဆင်ကြ တို့ ဘ၀။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
မှတ်ချက်။ ။ ပါချုပ်ဆရာတော် ဟောကြားတော်မူသော ဘ၀တစ်ခုအလှဆင်နည်း တရားတော် နာကြားရာမှ မှတ်သားမိသည့် အကြောင်းအရာများကို ရေးသားပူဇော်ခြင်းပင်ဖြစ်ပါသည်။
အင်ကြင်းကဗျာ ရေးသားသောပို့မှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment