/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Thursday, January 30, 2014

*** မှတ်သားသင့်သော နီတိများ ***


ယောကျာင်္းတို့ ဓမ္မတာနှင့်အညီ ပျော်ရာမှာမနေ ၊ တော်ရာမှာနေပြီး ဥစ္စာပစ္စည်းများ ကိုရှာဖွေရာ၏။ ရပြီးသော ဥစ္စာကို ခြများ တောင်ပို့ဖို့ပုံ ၊ ပျားများ ပျားလဘို့ လုပ်ပုံတို့ကိုနည်းယူကာ ပို၍ကြီးပွားချမ်းသာအောင် ကြိုးစားပါလော့။
ထို့ပြင် လောက၌ မရှိမဖြစ် တတ်မြောက်ထားသင့်သော ပညာဗဟုသုတ ၊ ဥစ္စာပစ္စည်း ရှာဖွေစုဆောင်းနည်းများကို စံထားအသုံးပြု၍ ရယူရှာဖွေပါလော့။


ရပြီးသောစည်းစိမ်ဥစ္စာ မတည်မြဲသူ ၆ ယောက်ရှိ၏။ ထို ၆ ယောက်မှာ ....
၁ ။ မိုးသောက်ပြီး နေထွက်သည်အထိ အအိပ်ကျူးသူ ၊

၂ ။ ပျင်းရိသူ ။

၃ ။ကြမ်းကြုတ်သူ ။

 ၄ ။ သောက်စားမူးရစ်သူ ။

 ၅ ။ ဝေးရပ်မြေသို့ တစ်ကိုယ်တည်း သွားလာတတ်သူ ၊

 ၆ ။ သူတစ်ပါး အိမ်ယာကို ကျူးကျော်သူ တို့ ဖြစ်၏။

လူ့လောက၌ လူတို့သည် မိမိလက်ထဲသို့ မရောက်သေးသော အသပြာတစ်ထောင်ကိုသာ အလေးမှု ဂရုစိုက်ပြီး မိမိလက်ထဲရှိ ငွေတစ်ပဲကို မလေးစား ဂရုမပြုဘဲ နေကြ၏။ အမှန်စင်စစ်မူ မိမိလက်ထဲ မရောက်သေးသော ငွေတစ်ထောင်ထက် ယခု လက်တွင်းရှိ ငွေတစ်ပဲသည် မိမိကို ချမ်းသာအောင် ဧကန်မုချ ဆောင်ကြဉ်းပေးနိုင်၏။



အရာရာကို သတိပညာများဖြင့် ဆင်ခြင်နှိုင်းယှဉ်၍ ပြုရာ၏။ သူတော်ကောင်းအကျင့်ကို ကြိုးစားပြီး ကျင့်ကြံပါလော့။ မကောင်းမှု အကုသိုလ် တရားများကို မရှောင်နိုင်သဖြင့် ကျင့်မိပြီးသော်လည်း နောက်ထပ်တစ်ဖန် မပြုလုပ်မိစေရန် ကြိုးစားသင့်ကြ၏။ မဖြစ်ရသေးသော အကုသိုလ်ကို ရှောင်ရှားပြီး မဖြစ်ရသေးသည့်ကုသိုလ်တရားများကိုမူ မဖြစ်ဖြစ်အောင် ကြိုးစားကျင့်ဆောင်ပါလော့။

အိမ်ရာထောင်သော လူတို့သည် ကောင်းမှုကောင်းကံကို အရင်းခံ၍သာလျှင် အသက်ရှင်နေထိုင်ကြရ၏။ မှန်ကန်ဖြောင့်မတ်ခြင်း ၊ လုံ့လရှီခြင်း ၊ စွန့်ကြဲပေးကမ်းတတ်ခြင်း ၊ စိတ်နှလုံးသား တည်ကြည် ဖြောင့်မတ်ခြင်း ဟူသော တရားလေးပါးကို ကျင့်သုံးပါလော့ ၊ ထိုအခါအပယ်မှလွတ်ပြီး နတ်လူချမ်းသာကို ရနိုင်ကြမည် ဖြစ်၏။

ပညာရှိ ပုဂ္ဂိုလ်တို့သည် ကိုယ့်ကို နှိမ့်ချ၍ တရားသဖြင့် ဥစ္စာပစ္စည်းတို့ကို ရအောင်ရှာဖွေကြ၏။ ရလာသော စီးပွားဥစ္စာကိုချမ်းသာစွာစားသုံးကြပြီးလျှင် ကောင်းမှုကုသိုလ်ရရေးကို
 ရှေးရှု၍ အလှူဒါန ပြုကြ၏။ မိမိနှင့်အနီးကပ်နေထိုင်သူကို ၀မ်းမြောက်ဝမ်းသာစွာ မချီးမွမ်း  မမြှောက်စားတတ်ကြချေ။ တစ်ရပ်တစ်ပါးမှ လာသူကိုသာဝမ်းမြောက်စွာ ချီးမွမ်းမြောက်စားတတ်ကြ၏။ ထိုသို့သော လူမျိုးကား နွားဆိုးကြီးနှင့် တူပြီး ။ အကျိုးအပြစ် ၊ အယုတ်အမြတ်ကို မသိတတ်ကြချေ။



သံကိုသံထဲကဖြစ်လာသောသံချေးကဖျက်သကဲ့သို့ လူကိုလည်း သူ၏အတွင်းရင်ထဲမှဖြစ်လာသည့်လောဘရမ္မက်ဖျက်ဆီး၍
မိမိပင်ပျက်စီးရမည်မှာအမှန်မလွဲဖြစ်၏။ လူပျင်းတို့၏ ကြိုးစားအားထုတ်မှု လုံ့လသည် တစ်ခဏမျှသာဖြစ်၏။အလုပ်ကိုလေးစားမှုမရှိ အပင်ပန်းမခံ အပေါ်ယံဟန်မျှသာဖြစ်၍ လုပ်တတ်ကြ၏။ လုပ်သာလုပ်သော်လည်း ကိစ္စကားမပြီးပဲ အချည်းနှီးဖြစ်ရ၏။

 ထိုမှ တစ်ဖန်အလုပ်တစ်ခုကို အကြံကုန်ဂဠုန်ဆားချက်ဟူသကဲ့သို့ ပြောင်းပြီး လုပ်ပြန်သော်လည်း မဖြစ်မြောက်ဘဲ ရှီပြန်သဖြင့် ကြက်များ ၊မြေကြီးကို ယက်သလို ချွေးချောင်းစီးအောင် လုပ်ရသော်လည်း ထမင်းမ၀ အခက်အခဲများနှင့် ကြုံတွေ့ရပြန်၏။ လူပျင်းတို့၏ အလုပ်ကား ဤသို့ပင် အကျိုးမဲ့ဖြစ်ရချေ၏။ ဥာဏ်နှင့် မယှဉ်သော လုံ့လ ၀ီရိယသည် မည်သည့်အကျိုးကိုမျှ မပေးစွမ်းနိုင်သည့်သာမက တစ်ခါတစ်ရံ ဆိုးကျိုးကိုသာ ပေးတတ်သည်။

1 comment:

  1. ကြိုက် လို့  copy ကူးပါရစေ။

    လေးစားစွာဖြင့်။
    စည်သူ။

    ReplyDelete