ငါ ရင်ဆိုင်တွေ့ လိုက်သောသေခြင်းတရား
အချိန် က နောက်ကျနေပြီ
အလင်းရောင်တွေ မှိန်ဖျော့နေပြီ
မသဲမကွဲ အလင်းရောင်နဲ့
ဖုထစ် ချိုင့်ခွက်လို့ 
စမ်းတ၀ါးဝါး
ကြိုးစားပြီးလျှောက်လာ
လမ်းက လည်း တောင်တက်လမ်း
အကွေ့ အကောက်တွေ နဲ့
တက်ရင်းနဲ့မောနေပြီ
ဟောဟိုမှာရောက်ပြီ
အိမ်တစ်လုံး
ကိုယ့်အိမ် လည်းမဟုတ်
ဒါပေမယ့် မတတ်နိုင်
ပင်ပန်းလွန်းလို့ 
ခဏတော့ဖြစ်ဖြစ် အမောဖြေမယ်
အိမ်ကလေးထဲကိုဝင်သွား
ကလေးတွေပါလား
ဟေ့  ကလေးတွေ
ဒီကသာခေါ်တာ သူတို့ က မကြား
နောက်တစ်ခေါက်ထပ်ခေါ်
ဟေ့ ဟေ့  ကလေးတွေ
အသံမြှင့်ပြီးခေါ်လည်းမကြား
ကြိုးစားပြီးထပ်ခေါ်
ဟေ့ ကလေးတွေ
လှည့်တောင်မကြည့်ပါလား
အော် …
ဟိုမှာ
ကောင်မလေးတစ်ယောက်
ဘာတွေ အလုပ်ရှုပ်နေမှန်းမသိ
သူ့ တစ်ယောက်ထဲ
တကုတ်ကုတ်
ဟေ့ ..ကောင်မလေး
သူလည်းမကြားဘူး
ထပ်ခေါ်မယ်
ဟေ့ ကောင်မလေး
ဒါလည်းမကြားဘူးတဲ့......
ဘေး ကနံရံ ကို လက်နဲ့ပုတ်ပြီးခေါ်တယ်....
တုတ်တုတ်တောင်မလှုပ်ဘူး
ဘယ်လိုဖြစ်တာလဲ
ခေါ်လို့ သာခေါ်နေတယ်
ငါ့အသံ တောင် ငါ မကြားဘူး
ဘယ်လိုဖြစ်ပါလိမ့်
နံရံကို ပုတ်ပေမယ့်
ငါ့ လက် က ထိတွေ့ မှူမဖြစ်ဘူး
အဲ့ဒါဘာကြောင့်လဲ
ဘယ်လိုလုပ်ရ ပါ့..
စဉ်းစားစမ်း
ခေါ်မကြား အော် မကြား
နံရံပုတ် တော့လည်း ဘာမှမထူးခြား
သေချာစဉ်းစားစမ်း
ဒါဘာကြောင့်ဖြစ်တာလဲ
ဟမ်…………..
ဒါဟာ
သေခြင်းတရားလား
ငါသေသွားပြီလား
ဒါကြောင့်ငါခေါ်သမျှသူတို့မကြားတာလား
ဟုတ်တယ်
ဒါဆို
ငါသေပြီ ပဲ…
+++++++
ရုတ်တရက် လန့်နိုးလား
ဘေးက နာရီကိုကြည်တော့့ မနက် ၄ နာရီ
အော်..
ငါ အိမ်မက်မက်နေတာပါလား…………
No comments:
Post a Comment