နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်မှာ အဘယ်နည်း
နှစ်ကျိပ်ရှစ် (၂၈) ဆူကုန်သော ဘုရားရှင်တို့အား အကျွန်ုပ်သည် ဦးခေါင်း ရတနာဖြင့် ရှိခိုးပါ၏ ဟု သမ္ဗုဒ္ဓေဂါထာတော်တွင် ရွတ်ဆိုလေ့ရှိသည် …
နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်မှာ အဘယ်နည်း ….
ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော
ဘုရားရှင်များ မှ “ဂေါတမ” ဘုရားရှင်အထိ ပွင့်လေခဲ့ပြီးသော ဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။
၁။ ဘုရားရှင် ၁ ဆူ ပွင့်သော ကမ္ဘာ ကို “သာရ ကမ္ဘာ “
၂။ ဘုရားရှင် ၂ ဆူ ပွင့်သော ကမ္ဘာ ကို “မဏ္ဍ ကမ္ဘာ”
၃။ ဘုရားရှင် ၃ ဆူ ပွင့်သော ကမ္ဘာ ကို “၀ရ ကမ္ဘာ”
၎။ ဘုရားရှင် ၄ ဆူ ပွင့်သော ကမ္ဘာ ကို “သာရမဏ္ဍ ကမ္ဘာ”
၅။ ဘုရားရှင် ၅ ဆူ ပွင့်သော ကမ္ဘာ ကို “ဘဒ္ဒ ကမ္ဘာ”
- ဟု ခေါ် ဝေါ်ကြသည်။
(၂၈) ဆူသော ဘုရားများရေတွက်ပုံ
” သာရ ကမ္ဘာ” (၄) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၄) ဆူ
” မဏ္ဍ ကမ္ဘာ” (၃) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၆) ဆူ
” ၀ရ ကမ္ဘာ” (၂) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၆) ဆူ
” သာရမဏ္ဍကမ္ဘာ” (၂) ကမ္ဘာ ပါဝင်သောကြောင့် – ဘုရား (၈) ဆူ
” ဘဒ္ဒ ကမ္ဘာ ” (၁) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၅) ဆူ
သို့သော် “ဘဒ္ဒ ကမ္ဘာ” တွင် “အရိမေတ္တေယျ” ဘုရားရှင် ပွင့်ရန် ကျန်သေးသောကြောင့် ပထမ ” သာရ ကမ္ဘာ ” တွင် ပွင့်သော ” တဏှင်္ကရာ ” ဘုရားရှင် မှ “ဘဒ္ဒ ကမ္ဘာ” မှ (၄) ဆူမြောက် ဂေါတမ ဘုရားရှင် အထိ (၂၈)ဆူ ရှိလေသည်။
ဂေါတမမြတ်စွာဘုရား အပါအဝင် ပွင့်တော်မူပြီးသော ဘုရားရှင် (၂၈) ဆူ
( ၁ ) တဏှင်္ကရာ ဘုရားရှင်
(၂ ) မေဓင်္ဂရာ ဘုရားရှင်
( ၃ ) သရဏှင်္ဂရာ ဘုရားရှင်
( ၄ ) ဒီပင်္ကရာ ဘုရားရှင်
( ၅ ) ကောဏ္ဍည ဘုရားရှင်
( ၆ ) မင်္ဂလ ဘုရားရှင်
( ၇ ) သုမန ဘုရားရှင်
( ၈ ) ရေ၀တ ဘုရားရှင်
( ၉ ) သောဘိတ ဘုရားရှင်
( ၁၀ ) အနောမဒဿီ ဘုရားရှင်
( ၁၁ ) ပဒုမ ဘုရားရှင်
( ၁၂ ) နာရဒ ဘုရားရှင်
( ၁၃ ) ပဒုမုတ္တရ ဘုရားရှင်
( ၁၄ ) သုမေဓာ ဘုရားရှင်
( ၁၅ ) သုဇာတာ ဘုရားရှင်
( ၁၆ ) ပိယဒဿီ ဘုရားရှင်
( ၁၇ ) အတ္ထဒဿီ ဘုရားရှင်
( ၁၈ ) ဓမ္မဒဿီဘုရားရှင်
( ၁၉ ) သိဒ္ဓတ္ထ ဘုရားရှင်
( ၂၀ ) တိဿ ဘုရားရှင်
( ၂၁ ) ဖုဿ ဘုရားရှင်
( ၂၂ ) ၀ိပဿီ ဘုရားရှင်
( ၂၃ ) သိခီ ဘုရားရှင်
( ၂၄ ) ဝေဿဘူ ဘုရားရှင်
( ၂၅ ) ကကုသန် ဘုရားရှင်
( ၂၆ ) ကောဏဂုံ ဘုရားရှင်
( ၂၇ ) ကဿပ ဘုရားရှင်
( ၂၈ ) ဂေါတမ ဘုရားရှင်
http://yatanavasatemple.ning.com/profiles/blogs/3860373:BlogPost:56944မှ ကူးယူမျှဝေသည်။
No comments:
Post a Comment