/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, January 11, 2014

"မဟာပထဝီမြေကြီးနှင့်တူညီတဲ့ စိတ်ဓာတ်၊ မီးနှင့်တူညီတဲ့စိတ်ဓာတ်"

 Photo: "မဟာပထဝီမြေကြီးနှင့်တူညီတဲ့ စိတ်ဓာတ်၊ မီးနှင့်တူညီတဲ့စိတ်ဓာတ်"
*******************************************************
မဇ္ဈိမပဏ္ဏာပပါဠိတော် မဟာရာဟုလောဝါဒသုတ္တန်မှာလာရှိတဲ့ မြတ်စွာဘုရားရှင်ကမှ သားတော်ရာဟုလာကိုစံထားကာ ဆုံးမတော်မူခဲ့တဲ့ အဆုံးအမဖြစ်ပါတယ်။ ရဟန်းများပါမက လူများလည်း ကျင့်ကြံမည်ဆိုပါလျှင် အကျိုးများစေမည့် အဆုံးအမပင်ဖြစ်ချေသည်။

ချစ်သားရာဟုလာ… မဟာပထဝီမြေကြီးနှင့်တူညီတဲ့ စိတ်ထားရှိအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်စမ်းပါ။ ချစ်သားရာဟုလာ မဟာပထဝီမြေကြီးနှင့်တူညီတဲ့ စိတ်ထားမျိုးရှိအောင် စိတ်ကို ပွားများအားထုတ်နေတဲ့ သင့်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာအတွေ့အထိအာရုံတွေ၊ မမြတ်နိုးဖွယ်ရာ အတွေ့အထိအာရုံတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။ ချစ်သားရာဟုလာ… ဥပမာတစ်ခုပြောမယ်။ မဟာပထဝီမြေကြီးပေါ်မှာ စင်ကြယ်တဲ့ အရာဝတ္ထုတွေကိုလည်း ပစ်ချကြတယ်။ မစင်ကြယ်တဲ့ အရာဝတ္ထုတွေကိုလည်း ပစ်ချကြတယ်။ ကျင်ကြီးကိုလည်း ပစ်ချကြတယ်။ ကျင်ငယ်ကိုလည်းပစ်ချကြတယ်။ တံတွေးကိုလည်း ပစ်ချကြတယ်။ ပြည်ကိုလည်းပစ်ချကြတယ်။ သွေးကိုလည်းပစ်ချကြတယ်။ ဒါပေမယ့်လို့ ဒီလိုပစ်ချတဲ့အတွက် မဟာပထဝီမြေကြီးဟာ နာကြည်းမှုလည်းမဖြစ်ဘူး၊ ရှက်နိုးမှုလည်းမဖြစ်ဘူး။ ရွံရှာစက်ဆုပ်မှုလည်း မဖြစ်ဘူး။ ချစ်သား ရာဟုလာ ဒီဥပမာအတိုင်းပဲ သင်ချစ်သားဟာ မဟာပထဝီမြေကြီးနှင့်တူညီနေတဲ့ စိတ်ဓာတ်ရှိအောင် ပွားများအားထုတ်စမ်းပါ။ ချစ်သားရာဟုလာ မဟာပထဝီမြေကြီးနှင့်တူညီတဲ့ စိတ်ဓာတ်မျိုးရှိအောင် ပွားများအားထုတ်နေတဲ့ သင်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာ အတွေ့အထိအာရုံတွေ၊ မမြတ်နိုးဖွယ်ရာ အတွေ့အထိအာရုံတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။

မီးနှင့်တူညီတဲ့စိတ်ဓာတ်
ချစ်သားရာဟုလာ… မီးနှင့်တူညီတဲ့ စိတ်ထားရှိအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်စမ်းပါ။ မီးနှင့်တူညီတဲ့ စိတ်ထားမျိုးရှိအောင် စိတ်ထားမျိုးရှိအောင် စိတ်ကိုအားထုတ်နေတဲ့ သင်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာ၊ အတွေ့အထိအာရုံ၊ မမြတ်နိုးဖွယ်ရာအတွေ့အထိအာရုံတွေတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။ ချစ်သားရာဟုလာ ဥပမာတစ်ခုပြောမည်။ မီးဟာ စင်ကြယ်တဲ့ အရာဝတ္ထုကိုလည်း လောင်ကျွမ်းပစ်တယ်။ မစင်ကြယ်တဲ့ အရာဝတ္ထုကိုလည်းလောင်ကျွမ်းပစ်တယ်။ မစင်ကိုလည်း လောင်ကျွမ်းပစ်တယ်။ ကျင်ငယ်ကိုလည်း လောင်ကျွမ်းပစ်တယ်။ တံတွေးကိုလည်း လောင်ကျွမ်းပစ်တယ်။ ပြည်ကိုလည်းလောင်ကျွမ်းပစ်တယ်။ သွေးကိုလည်း လောင်ကျွမ်းပစ်တယ်။ ဒါပေမယ့်လို့ ဒီလိုလောင်ကျွမ်းရတဲ့အတွက် မီးဟာ နာကြည်းမှုလည်းမဖြစ်ဘူး၊ ရှက်နိုးမှုလည်းမဖြစ်ဘူး၊ စက်ဆုပ်ရွံရှာမှုလည်းမဖြစ်ဘူး၊ ချစ်သား ရာဟုလာ… ဒီဥပမာအတိုင်းပဲ မီးနှင့်တူညီတဲ့ စိတ်ထားရှိအောင်၊ သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်စမ်းပါ။ မီးနှင့်တူညီတဲ့ စိတ်ထားမျိုးရှိအောင် စိတ်ကိုပွားများ အားထုတ်နေတဲ့ သင်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေ၊ မမြတ်နိုးဖွယ်ရာ အတွေ့အထိအာရုံတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
 
"မဟာပထဝီမြေကြီးနှင့်တူညီတဲ့ စိတ်ဓာတ်၊ မီးနှင့်တူညီတဲ့စိတ်ဓာတ်"
*************************************************
မဇ္ဈိမပဏ္ဏာပပါဠိတော် မဟာရာဟုလောဝါဒသုတ္တန်မှာလာရှိတဲ့ မြတ်စွာဘုရားရှင်ကမှ သားတော်ရာဟုလာကိုစံထားကာ ဆုံးမတော်မူခဲ့တဲ့ အဆုံးအမဖြစ်ပါတယ်။ ရဟန်းများပါမက လူများလည်း ကျင့်ကြံမည်ဆိုပါလျှင် အကျိုးများစေမည့် အဆုံးအမပင်ဖြစ်ချေသည်။

ချစ်သားရာဟုလာ… မဟာပထဝီမြေကြီးနှင့်တူညီတဲ့ စိတ်ထားရှိအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်စမ်းပါ။ ချစ်သားရာဟုလာ မဟာပထဝီမြေကြီးနှင့်တူညီတဲ့ စိတ်ထားမျိုးရှိအောင် စိတ်ကို ပွားများအားထုတ်နေတဲ့ သင့်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာအတွေ့အထိအာရုံတွေ၊ မမြတ်နိုးဖွယ်ရာ အတွေ့အထိအာရုံတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။ 
 
ချစ်သားရာဟုလာ… ဥပမာတစ်ခုပြောမယ်။ မဟာပထဝီမြေကြီးပေါ်မှာ စင်ကြယ်တဲ့ အရာဝတ္ထုတွေကိုလည်း ပစ်ချကြတယ်။ မစင်ကြယ်တဲ့ အရာဝတ္ထုတွေကိုလည်း ပစ်ချကြတယ်။ ကျင်ကြီးကိုလည်း ပစ်ချကြတယ်။ ကျင်ငယ်ကိုလည်းပစ်ချကြတယ်။ တံတွေးကိုလည်း ပစ်ချကြတယ်။ ပြည်ကိုလည်းပစ်ချကြတယ်။
 
 သွေးကိုလည်းပစ်ချကြတယ်။ ဒါပေမယ့်လို့ ဒီလိုပစ်ချတဲ့အတွက် မဟာပထဝီမြေကြီးဟာ နာကြည်းမှုလည်းမဖြစ်ဘူး၊ ရှက်နိုးမှုလည်းမဖြစ်ဘူး။ ရွံရှာစက်ဆုပ်မှုလည်း မဖြစ်ဘူး။ ချစ်သား ရာဟုလာ ဒီဥပမာအတိုင်းပဲ သင်ချစ်သားဟာ မဟာပထဝီမြေကြီးနှင့်တူညီနေတဲ့ စိတ်ဓာတ်ရှိအောင် ပွားများအားထုတ်စမ်းပါ။ 
 
ချစ်သားရာဟုလာ မဟာပထဝီမြေကြီးနှင့်တူညီတဲ့ စိတ်ဓာတ်မျိုးရှိအောင် ပွားများအားထုတ်နေတဲ့ သင်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာ အတွေ့အထိအာရုံတွေ၊ မမြတ်နိုးဖွယ်ရာ အတွေ့အထိအာရုံတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။

မီးနှင့်တူညီတဲ့စိတ်ဓာတ်
ချစ်သားရာဟုလာ… မီးနှင့်တူညီတဲ့ စိတ်ထားရှိအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်စမ်းပါ။
 
 မီးနှင့်တူညီတဲ့ စိတ်ထားမျိုးရှိအောင် စိတ်ထားမျိုးရှိအောင် စိတ်ကိုအားထုတ်နေတဲ့ သင်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာ၊ အတွေ့အထိအာရုံ၊ မမြတ်နိုးဖွယ်ရာအတွေ့အထိအာရုံတွေတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။ ချစ်သားရာဟုလာ ဥပမာတစ်ခုပြောမည်။ မီးဟာ စင်ကြယ်တဲ့ အရာဝတ္ထုကိုလည်း လောင်ကျွမ်းပစ်တယ်။
 
 မစင်ကြယ်တဲ့ အရာဝတ္ထုကိုလည်းလောင်ကျွမ်းပစ်တယ်။ မစင်ကိုလည်း လောင်ကျွမ်းပစ်တယ်။ ကျင်ငယ်ကိုလည်း လောင်ကျွမ်းပစ်တယ်။ တံတွေးကိုလည်း လောင်ကျွမ်းပစ်တယ်။
 
 ပြည်ကိုလည်းလောင်ကျွမ်းပစ်တယ်။ သွေးကိုလည်း
 လောင်ကျွမ်းပစ်တယ်။ ဒါပေမယ့်လို့ ဒီလိုလောင်ကျွမ်းရတဲ့အတွက် မီးဟာ နာကြည်းမှုလည်းမဖြစ်ဘူး၊ ရှက်နိုးမှုလည်းမဖြစ်ဘူး၊ စက်ဆုပ်ရွံရှာမှုလည်းမဖြစ်ဘူး၊ ချစ်သား ရာဟုလာ… ဒီဥပမာအတိုင်းပဲ မီးနှင့်တူညီတဲ့ စိတ်ထားရှိအောင်၊ သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်စမ်းပါ။
 
 မီးနှင့်တူညီတဲ့ စိတ်ထားမျိုးရှိအောင် စိတ်ကိုပွားများ အားထုတ်နေတဲ့ သင်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေ၊ မမြတ်နိုးဖွယ်ရာ အတွေ့အထိအာရုံတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။

ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
ကူးယူမျှဝေသည်။
 

No comments:

Post a Comment