မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Saturday, January 11, 2014
*** ဘာသာတရား ဆိုသည်မှာ ***
ဘာသာတရား ဆိုသည်မှာ
************************
ဘာသာတရားဆိုတာ အခြေခံမှုအားဖြင့် အမျိုးသား၊ အမျိုးသမီးများ ယဉ်ကျေးလိမ္မာစွာဖြင့် ပြောတတ် ဆိုတတ်၊ လုပ်တတ်ကိုင်တတ်၊ နေတတ်ထိုင်တတ်၊
စိတ်နေစိတ်ထားထားတတ်အောင် ဘောင်ချပေးတာပဲ။
ဘာသာတရားဟာ ယုံကြည်မှုသဒ္ဓါနဲ့ အစပျိုးရတယ်၊ မေတ္တာကရုဏာနဲ့ ခရီးဆက်ရတယ်၊ ပညာနဲ့ လမ်းပြရတယ်၊ ပညာနဲ့ပဲ လမ်းဆုံးတယ်။
မေတ္တာကရုဏာမပါတဲ့ ဘာသာတရားဟာ ဘာသာတရားအစစ်အမှန် မဟုတ်ဘူး၊ ပညာနဲ့ အကဲခတ်မခံ၊ အဆုံးအဖြတ်မခံတဲ့ ဘာသာတရားဟာ ဘာသာတရားအစစ်အမှန် မဟုတ်ဘူး၊ ဘာသာတရားရဲ့ အသက်ဟာ မေတ္တာကရုဏာ ပညာပါပဲ။
ရှင်တော်ဗုဒ္ဓက `` မဂ္ဂင်ရှစ်ပါးပါဝင်တဲ့ ကျင့်စဉ်ရှိသော ဘာသာတရားသာ အစစ်အမှန် ´´လို့ မိန့်တော်မူတယ်။
မဂ္ဂင်ရှစ်ပါးဆိုတာ မှန်ကန်တဲ့ အယူအဆအတွေးအမြင်၊ မှန်ကန်တဲ့ တွေးခေါ်ကြံစည်သုံးသပ်မှု၊ မှန်ကန်တဲ့ အပြောအဆို၊ မှန်ကန်တဲ့ အလုပ်အကိုင် ဆောင်ရွက်မှု၊ မှန်ကန်တဲ့ အသက်မွေးမှု၊ မှန်ကန်တဲ့ ကြောင့်ကြစိုက်မှု၊ မှန်ကန်တဲ့ သတိရမှု၊ မှန်ကန်တဲ့ သမာဓိရမှုတို့ ဖြစ်တယ်၊ မှန်ကန်တဲ့ လမ်းစဉ်၊ မှန်ကန်တဲ့ လမ်းကြောင်းပဲ၊ ဘာသာတရားရဲ့ မိန်းလမ်းမကြီးလည်း ဖြစ်တယ်။
ဘာသာတရားဆိုတာ အားလုံး ယဉ်ယဉ်ကျေးကျေး လိမ်လိမ်မာမာ၊ မျှမျှတတရှိစေဖို့ပဲ၊ ချမ်းသာသုခမှန်သမျှရဲ့ အကြောင်းဟာလည်း ယဉ်ကျေးခြင်း၊ လိမ္မာခြင်း၊ မျှတခြင်းပဲ၊ ယဉ်ကျေးရင် ယဉ်ကျေးကြသလောက်၊ လိမ္မာရင် လိမ္မာကြသလောက်၊ မျှတရင် မျှတကြသလောက် ချမ်းသာကြတာပဲ၊ မယဉ်ကျေးကြ၊ မလိမ္မာကြ၊ မမျှတကြလို့ ဒုက္ခရောက်နေကြတာ၊ ချမ်းသာဖို့အတွက် ယဉ်ကျေးရမယ်၊ လိမ္မာရမယ်၊ မျှတရမယ်။ ။
အရှင်သံဝရာလင်္ကာရ
(ဓမ္မပိယဆရာတော်)
ဖေ့စ်ဘွတ်မှ ကိုလှိုင်တိုးဆီမှ ကူးယူဖော်ပြပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment