/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Monday, January 6, 2014

*** လူသားတို့အတွက် အားပေးစကား အလိုအပ်ဆုံးအချိန်။ ***

     
    မြတ်စွာဘုရားက မဟာနာမကို အဆုံးအမပေးပုံက “အမျိုးသား ဥပသကာ တစ်ယောက်ဖြစ်စေ၊ အမျိုးသမီး ဥပသကာမ တစ်ယောက်ဖြစ်စေ စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ စဉ်းစား

ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် နေမကောင်းထိုင်မသာဖြစ်လို့ အသက်အန္တရာယ် စိုးရိမ်ရလောက်
တဲ့ အချိန်အခါမျိုးမှာ အားပေးစကားပြောရမယ်။ ဆုံးမစကားပြောရမယ်” လို့ ပြောခဲ့ပါတယ်။


         အဲဒီအချိန်မှာ စိတ်ဓာတ်အကျဆုံး၊ အားအငယ်ဆုံး ဖြစ်တတ်သည့်အတွက် အားပေးစ
ကား ပြောဖို့လိုတယ်။ ဒါကို လူတိုင်းလူတိုင်း တစ်နေ့မကြုံ တစ်နေ့တော့ ကြုံတွေ့ကြရမှာပါပဲ။


         လူတိုင်းလူတိုင်း မွေးလာတဲ့ အချိန်ကနေစပြီး တစ်နေ့တစ်နေ့ အိုခြင်းဆီသွားနေကြတာ၊
အိုခြင်းကနေ နာခြင်းဆီ သွားနေကြတာ၊ နာခြင်းကနေ သေခြင်းဆီ သွားနေကြတာ၊ ဒါ ကြောက်
စရာစကား မဟုတ်ဘူး။


         ကိုယ် ဘယ်ဆီသွားနေတယ်ဆိုတာ သိကြရမယ်၊ လူတွေက ပြောကြတယ် “ဘယ်မှ မ
သွားဘူး အိမ်မှာနေတာ”။ သို့သော် အိမ်နေရင်း အသက်က ကြီးကြီးသွားနေတော့ အိုတဲ့ဆီ သွား
နေတာ၊ အိုတဲ့ဆီကနေ နာတဲ့ဆီ၊ အေး ..နာတဲ့ဆီကနေ သေတဲ့ဆီ။


         အဲဒီ သေခြင်းဆင်းရဲနဲ့ လူ့ဘ၀ဟာ အဆုံးသတ်ကြရတယ်၊ မြတ်စွာဘုရားလည်း ဒီလိုပဲ
အဆုံးသတ်တယ်၊ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့လည်း ဒီလိုပဲ အဆုံးသတ်တယ်။


         သို့သော်  အဆုံးသတ်ကလေးကောင်းအောင် လုပ်ပေးလို့ ရပါတယ်။ လူတွေဟာ အဆုံး
သတ်ကောင်းဖို့အတွက်၊ အသေကောင်းဖို့အတွက် အနေကောင်းဖို့ လိုအပ်ပါတယ်။ လူတွေရဲ့
စိတ်ဓာတ် ဆိုတာက နောက်ဆုံးအချိန်ရောက်လို့ရှိရင် အားငယ်တတ်တယ်။ ဒီလို အားငယ်လာ
လို့ရှိရင် အားပေးစကား ပြောကြရပါမယ်။


         တချို့ တိုးတက်တဲ့နိုင်ငံကြီးတွေရှိ ဆေးရုံတွေမှာ ဘာသာရေးဆိုင်ရာ အားပေးစကား
ပြောမယ့် ပုဂ္ဂိုလ်တွေကို ခန့်ထားလေ့ရှိတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက် ဘုန်းကြီးတစ်ပါး၊
ခရစ်ယာန်ဘာသာဝင်တွေအတွက် ခရစ်ယာန်တရားဟောဆရာ၊ အစ္စလာမ်ဘာသာဝင်တွေအ
တွက် အစ္စလာမ်တရားဟောဆရာ ခန့်ထားတယ်။ ဒီလို ဆိုင်ရာဆိုင်ရာဘာသာတရားအရ အား
ပေးစကားပြောဖို့ ခန့်ထားတယ်။ လူတိုင်း လူတိုင်း သေခါနီးရောက်တဲ့အခါ သက်သက်သာသာ
နဲ့ ကိုယ့်ဘာသာတရားကို အာရုံပြုပြီး သေနိုင်အောင်လို့ပါ။


         ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့မှာဆိုရင်  အရွတ်အဖတ်ကောင်းကောင်းနှင့် ဓမ္မစကြာစသော
တရားစာကို ရွတ်ဖတ်ရမယ်။  ထိုသို့ပူဇော်ရွတ်ဖတ်မှုကို စုတေခါနီး မိနစ်အနည်းငယ်အချိန်ကျမှ
မဟုတ်ဘဲ ရက်အတော်ကြာကပင် ကြိုတင်၍ ပြုရမည်။ မကျန်းမာသူ(ဂိလာန)ကလည်း အားမ
ငယ်ရ၊ ပြုစုသူ ဆွေမျိုးများကလည်းဝမ်းမနည်းရ။ ထိုကဲ့သို့ ပြုပြင်ခံနေရသူမှာ ထို ပန်း၊ ဆီမီး၊
အမွှေးနံ့၊ တရားသံကိုလည်းကောင်း၊ ဘုရားသံကိုလည်းကောင်း၊ အာရုံပြုကာ ရက်အတော်ကြာ
အောင် ကုသိုလ်တွေ အထုံရနေပါလိမ့်မည်။


         ထို့နောက် စုတေချိန် နီးကပ်လာသောအခါ ပန်း၊ ဆီမီး၊ အမွှေး၊ တရားသံတို့ကလည်း
ရှိတုန်း မျက်စိ၊ နား ကလည်းမြင်တုန်း၊ ကြားတုန်းဖြစ်လျှင် ထိုအာရုံ တစ်ခုခု မပျောက်ခင်မှာပင်
စုတေစိတ်ကျရောက်တတ်၏။ ထိုအခါ ထို ပန်း၊ ဆီမီးစသည်တို့ကို ပူဇော်သော ကုသိုလ်ကံက
ဧကန် အကျိုးပေးတော့မည်။ သုဂတိဘ၀သို့ ဧကန်မုချ  ရောက်ရတော့မည်။ ဤသို့ အာရုံတိုက်
ရိုက်ရှိတုန်း စုတေနိုင်အောင် ဆိုင်ရာဆွေမျိုးများမှာ ပြုပြင်ဖို့ တာဝန်ရှိသည်ကို လူတိုင်း သတိပြု
သင့်သည်။ အရှင်သောဏ၏ ဖခင်မှာ အရှင်သောဏတည်းဟူသော သားကောင်းရတနာက
 ပြုပြင်ပေးမှုကြောင့် ငရဲနိမိတ်များ ကွယ်ပျောက်၍ နတ်ပြည်နိမိတ်များ ထင်လာရသည်။


          ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း စုတေခါနီး ပြုပြင်ပေးတတ်ကြ
 ပြီး မိမိကိုယ်တိုင်ကလည်း အသေမဦးခင် “ဉာဏ်” ဦးအောင်လုပ်နိုင်ကာ မြတိနိဗ္ဗာန်ကိုရရောက်
နိုင်ကြပါစေ ကုန်သတည်း။


  { ၁၃၇၀ ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ ဓမ္မသဘင်အခမ်း
    အနား၌ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားသော အားပေးစကားတရားတော်နှင့်
     မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ တို့မှ ကောက်နုတ်
      ရေးသား ပူဇော်ပါသည်။ }

No comments:

Post a Comment