




**** မဟာဗောဓိတစ်ထောင် ဆရာတော်အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒန္တနာရဒ ၏ထေရုပ္ပတ္တိ အကျဉ်း******
ဆရာတော်လောင်းလျာ မောင်တိုးကြွယ်ကို စစ်ကိုင်းတိုင်း
၊အရာတော်မြို့နယ်၊ ရွာကြပ်လေး ကျေးရွာမှာခမည်းတော် ဦးထွန်းမြတ် မယ်တော် ဒေါ် စောမြိုင် တို့ မှမွေးဖွား ခဲ့တာ စတုတ္ထမြောက် သားရတနာဖြစ်ပါတယ်၊၊
၁၃၀၅ ခုနှစ် ၊ အသက်(၁၃)နှစ်မျာ ရှင်သာမဏေ အဖြစ်ကိုရောက်တော်မူပြီး ၁၃၁၂ ခုနှစ် ၊ ပထမ ၀ါဆိုလဆန်း(၁၀)ရက်မှာငယ်
ဆရာတော်ဦးသုဏေယျကိုဥပစ္ဈာယ်ပြုပြီးရဟန်းအဖြစ်ကို
ရောက်ခဲ့ပါတယ်၊၊
ဆရာတော်ဟာ ဦးသုဏေယျ ၊ ဦးသုဇာတ၊ ဦးသူရိယ တို့ထံမှာအခြေခံ ပရိယတ္တိကျမ်းများကို သင်ယူခဲ့ပြီး မန်းလေးမြို့နန်းဦးကျောင်းဆရာတော်၊ မုံရွာမြို့ ပတ္တမြားတောင်ကျောင်း ဆရာတော် ၊ မာလာယွန်းကျောင်းဆရာတော် ဦမာလာ ၊ ရွာကြပ်ရွာ ဦးပညာ ၊ချောင်းဦးမြို့ ကျည်းကုန်း ဆရာတော် ၊ ပခုက္ကူ မဟာဝိသုတာရာမအလယ်တိုက်ဆရာတော် ဦးသုန္ဒရ ၊ ဦးဂန္ဓမာ ၊ဦးနန္ဒိယ၊ ဦးမာဃိန္ဒ၊
ဦးနန္ဒ၀ံသ စသော စာချ ဆရာတော်ကြီးများ ၊ မန္တလေ.မြို့ ဘုရားကြီးတိုက်အမရပူရကျောင်း ဦးဥက္ကံသ၊ ဗောဓိကုန်း ဆရာတော် ဦးမာနိတ၊အမရပူရမြို့ တူမောင်းတိုက်ဆရာတော် စတဲ့ ဆရာတော်များထံမှာ ပိဋကတ်တော် များကို ခြေခြေမြစ်မြစ် သင်ယူတော် မူခဲ့ပါတယ်၊၊
ဆရာတော်ဟာ ပရိယတ္တိကို ကုန်စင်အောင် သင်ယူတော်မူခဲ့ပြီးနောက် တောရမှီခြင်း ၊ ကမ္မဌာန်းအားထုတ်တော် မူခြင်းတို့ကို အချိန်ပြည့် ဆောင်ရွက်ခဲ့ပါတယ်၊၊
တစ်တောဝင် တစ်တောင်ထွက် နေရာမှီခိုရွှေ့ပြောင်းရင်း မုံရွာမြို့နယ်၊ ခတက္ကန်တောင်ရွာအနီးမှာ (၁၅) ဧကခန့်ရှိမြေနေရာမှာ သတ္တ၀ါများ သမ္မာ သမ္ဗောဓိဥာဏ်ကို ရည်သန်မြတ်နိုးပူဇော်တတ်စေဘို့ ဗောဓိပင် တစ်ထောင်စိုက်ပျိုးပြီး ဗောဓိပင်တိုင်းမှာရုပ်ပွားတော် ဆစ်ဆူစီ တည်ထားကိုးကွယ်တော်မူခဲ့တဲ့ အတွက်ဗောဓိတစ်ထောင် ဆရာတော် ရယ်လို့ ထင်ရှားတော်မူခဲ့ပါတယ်၊၊
ဆရာတော်ကြီးရဲ့ မေတ္တာ ကရုဏာတော်စွမ်းအားများကြောင့်ဗုဓ္ဒဓမ္မကို မလိုက်နာသေးသူမျတား လိုက်နာ ကျင့်သုံးလာခြင်း၊မယုံကြည်သေးသူများ ယုံကြည်ကိုးကွယ်လာကြခြင်း ၊ယုံကြည်ပြီးသူများ ပိုမို ခိုင်မြဲ ထက်မြက်လာခြင်းတို့ကို ဆောင်ရွက်တော်မူနိုင်ခဲ့ပါတယ်၊၊
ဆရာတော်သည် မဟာဗောဓိ တစ်ထောင်တွင် လေးကျွန်းစကြာ ရပ်တော်မူ ဘုရားကြီး၊ လျောင်းတော်မူ ဘုရား ကြီးနှင့်ရှင်ပင် ပက်လက်တော် ဘုရားကြီး ရုပ်ပွားတော် များအား တည့်ထား ခဲ့ပါသည်။
သာမန် ပုဂ္ဂိုလ်များ ဆောင်ရွက်ရန် မစဉ်းစားဝံကတဲ့အဲ့ဖွယ် အဓိက သာသနာ့အဆောက်အအုံကြီးတွေကိုလဲ သာသနာ့သမိုင်းမှာထီးထီးမားမား ခိုင်ခန့်ထွန်းပေါ်လာအောင် စွမ်းဆောင်တေယ်မူနိုင်ခဲ့လို့ပြည်တွင်းသာမက ပြည်ပနိုင်ငံများဖြစ်တဲ့ ကိုရီးယား၊ဂျပန် စတဲ့ ဒါယကာ ၊ ဒါယကာမများကပါ ဆရာတော်ကြီးကိုဓမ္မဖခင်ကြီး သဖွယ် ကိုးကွယ် ဆည်းကပ်ပူဇော်ခဲ့ကြပါတယ်၊၊
ဆရာတော်ကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ခမာဇာဝရိယဂုဏ်၊တည်ကြည်ထက်မြက်သောဂုဏ် အပေါင်းတို့ကြောင့် ၁၉၉၃ ခု ၊ဇန်န၀ါရီလမှာ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ သာသနာပြုပထမ အဆင့် ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်တာကို ခံရပါတယ်၊၊
သည်လိုaလာကဓမ္မနှစ်ဖြာသောအကျိုးကိုအရွယ်ကိုပင်
ငဲ့ညှာတော်မမူဘဲအားသွန်ခွန်စိုက် ဆောင်ရွက်တော်မူစဉ် သက်တော်(၇၆) နှစ်၊၀ါတော် (၅၆)၀ါ အရ ၁၃၆၈ ခုနှစ် နတ်တော်လဆန်း(၃)ရက် ၊၂၀၀၆ ခုနှစ် ၊နိုဝင်ဘာလ (၂၂)ရက်၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲ၁၂ နာရီ ၂၅ မိနစ်မှာ ဘ၀ နတ်နန်း စံမြန်းတော် မူခဲ့ပါတယ်၊၊
မြန်မာ တို့ ရဲ ယဉ်ကျေးမူ အမွေ့ အနှစ်များ မှ တစ်ဆင့် ကူးယူမျှဝေသည်။
No comments:
Post a Comment