
ပရိယတ်ကို အခြေခံရန် ကျေးဇူးတော်ရှင် အရှင်ဇနကာဘိဝံသဆရာတော်ကြီး၏ အဆုံး
အမတော်မှာ == “မြန်မာပြည်သာသနာ ခိုင်မာနေတယ်ဆိုတာ ပရိယတ်ကို မလွတ်တမ်းကိုင်
ထားလို့ပေါ့။ ပရိယတ်ကို အခြေခံပြီးလာခဲ့တာ။ ပဋိပတ်ဟာ တစ်ဦးချင်းအတွက် လိုအပ်တယ်
ဆိုပေမယ့် သာသနာကြီး အရှည်တည်တံ့ရေးအတွက်တော့ သူချည်း မပြီးသေးဘူး။ ပရိယတ်
လည်း လိုအပ်သေးတယ်။
တကယ့် သာသနာတော်ရဲ့ အခြေခံက ကမ္မဌာန်း မဟုတ်ပါဘူး။ ပရိယတ်စာပေတွေပါ။
စာပေတွေကို မသင်ဘဲ ကမ္မဌာန်းချည်း အားထုတ်နေစမ်းပါလား ?။ အနှစ် ၅၀၊ ၁၀၀ ဆိုလျှင်
သာသနာ ပျောက်သွားမယ်။
ပြီးတော့ စာပေမပါဘဲနဲ့ ဘယ့်နှယ်လုပ်ပြီး ကမ္မဌာန်းခွင်မှာ အမှန်တရား ရနိုင်မှာလဲ။
စဉ်းစားကြပါ။ ယနေ့ သာသနာတော်ကြီးကို တွေ့နေကြရတာဟာ ကမ္မဌာန်းကြောင့် မဟုတ်
ဘူး။ ပရိယတ်စာပေတွေ မကွယ်ပျောက်အောင် စာသင်စာချ ပရိယတ်ကိုယ်တော်တွေကြောင့်။
ဒါကို မြင်တော်မူလို့ အရှင်မဟာကဿပကိုယ်တော်ကြီးတို့က သင်္ဂါယနာတင်တော်မူ
ခဲ့ကြတာ။ ဘုရား ပရိနိဗ္ဗာန်ပြုအပြီး ဒေသနာတွေကို မစုစည်းဘဲ၊ သင်္ဂါယနာမတင်ဘဲ ထားခဲ့
လျှင် ယနေ့အချိန် ဒီ သာသနာတော်ကြီးကို မတွေ့နိုင်တော့ဘူး။
ဒါကြောင့် သာသနာတော်ကြီး တည်တံ့ဖို့အတွက်က ပရိယတ်၊ အဲဒီကမှတဆင့်တက်
ဘ၀သံသရာ လွတ်မြောက်ဖို့အတွက်ကကျတော့ ပဋိပတ်၊ အဲဒီလို နားလည်ထားကြပါ။ အဲဒါ
ကြောင့်လည်း ဆရာသမားတွေ အဆက်ဆက်က ပရိယတ်ကို လေးစားခဲ့ကြတာပဲ။ စနစ်တကျ
နဲ့ တကယ်လုပ်နေတဲ့ ကမ္မဌာန်းကို အထင်မသေးပါဘူး။ အားပေးပါတယ်။
ဒါလည်း သူ့အချိန်နဲ့၊ သူ့အရွယ်နဲ့ လုပ်ရမှာပဲ။ သာသနာမှာ ပရိယတ်၊ ပဋိပတ်နှစ်မျိုး
လုံး ထွန်းကားနေမှ ပြည့်စုံတယ် ဆိုရမှာပါ ” ။ ။
ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း ပရိယတ်စာပေကို လေ့လာ
သင်ယူကာ ထိုမှတစ်ဆင့်တက် ဘ၀သံသရာလွတ်မြောက်ကြောင်း ကျင့်ကြံအားထုတ်နိုင်ကြပြီး
မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း ။ ။
{ မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏သြ၀ါဒတော်များပေါင်းချုပ်မှ ကောက်နုတ်ရေး
သားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment