အသက်(23)နှစ်အတွင်း ချည်းကပ်လာတာနဲ့အမျှ သေခြင်းတရားအကြောင်း စဉ်းစားတွေးတောမိလာတယ်။
သေချာတာကတော့
သေခြင်းတရားဆိုတာ ပစ္စပ္ပန် သုခ,ဒုက္ခတွေကို အပြီးပိုင်ဆိတ်သုံးစေမယ့် တစ်ခုတည်းသောအရာပါပဲ။
တားမြစ်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ။
များသောအားဖြင့်တော့ လူတွေဟာ သေခါနီးအချိန်မှာ ကိုယ်ပြုခဲ့တဲ့အရာတွေကို ပိုမှတ်မိတတ်ကြတယ်။ အဲဒီတော့ အသက်ရှင်စဉ်ကာလမှာ ကောင်းမွန်တဲ့အလုပ်တွေကိုလုပ်မှ လိပ်ပြာသန့်သန့်နဲ့ သေခြင်းတရားကိုရင်ဆိုင်နိုင်မယ်
လုပ်သင့်တာတွေကိုမလုပ်ရင် မှားတမ်းတွေမှာ ၀မ်းနည်းစရာတွေ ပြည့်နှက်နေလိမ့်မယ်။ ကိုယ့်အသက် ရှင်သန်စဉ်ကာလမှာ ဘာသာရေးဆိုတဲ့အတွေးကို ခဏထားပြီး “ငါ့ဘ၀ တလျှောက်လုံး သူများအကျိုး ငါ့အကျိုး ဘာတွေများလုပ်ဆောင်ခဲ့သလဲ”ဆိုတာ
မကောင်းမှုများပြီး ကိုယ်ရင်ဆိုင်ရမယ့် သေခြင်းတရားပေါ်မှာ အကြောက်တရားက လွမ်းမိုးနေမယ်ဆိုရင်တော့ လိပ်ပြာသန့်သန့်နဲ့ သေဆုံးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
လူတော်တော်များများက ပြောကြတယ်၊ ဘ၀ဆိုတာ သုခပဲ၊ ဒုက္ခဆိုတာ တော်တော်ရှာယူရတယ်၊ တကယ်လို့ ငွေကြေးသာပြည့်စုံရင် ဘ၀ဆိုတာ လောကနိဗ္ဗာန်ပဲလို့ ပြောတတ်ကြတာတွေ့ဖူးပါတယ်။
ဒါကို တွေးမိသမျှအမြင်နဲ့ပြောရမယ်ဆို
သောက်တုန်းခဏတော့ ဆာလောင်ခြင်းအာသာဟာ ပြေပျောက်သွားမယ်။ ဒါပေမယ့် သိပ်မကြာခင်အချိန်မှာပဲ ပြန်လည်ဆာလောင်လာတယ်။
နောက်ဆုံးတော့ ဗိုက်ထဲမှာလည်း ရေတွေပြည့်နေတယ်၊ ဆာလောင်မှုဒဏ်ကလည်း ထပ်မံနှိပ်စက်နေဦးမယ်။
ဒါဟာ အင်မတန်မှ ဆိုးဝါးတဲ့ခံစားမှုတစ်ခုပါပဲ။ တကယ်တော့-ဘ၀ဆိုတာ ဒီလိုပါပဲ။ ကိုယ်လိုချင်တဲ့ အရာတွေဟာ ကိုယ့်စိတ်ကို တခဏပဲအာသာဖြေဖျောက်ပေးနိုင်တာပါ
လူတွေရဲ့လောဘဟာ ကုန်ဆုံးသွားတယ်ဆိုတာမရှိဘူး။ အခြားတစ်ခုအတွက် ထပ်မံမွေးဖွားနေဦးမှာပဲ။ ။
လူတစ်ယောက်ဟာ သေခြင်းတရားကင်းတဲ့ဘ၀တစ်ခုကို ပိုင်ဆိုင်လိုက်ကြဆိုကြပါစို့ အဲဒီလူဟာ မအို,မနာ,မသေကို ထပ်မံတောင်းတနေဦးမှာပဲ။ ဒါတင်လားဆိုတော့ မကသေးပါဘူး။
ရာထူး,အာဏာ,ဂုဏ်သိက္ခာစတာတွေကို အတိုင်းထက်အလွန်လိုချင်နေဦးမှာ
လောကမှာ ငါတို့ပိုင်ဆိုင်တဲ့အရာတွေကို ငါတို့ရဲ့နောင်ဘ၀အထိ ယူဆောင်သွားလို့မရဘူး။ တကယ်ယူဆောင်သွားချင်ရင် ယူဆောင်လို့ရတဲ့နည်းတော့ရှိတယ်.
ထားပါ... သေဆုံးသွားတာနဲ့ အားလုံး ငါတို့ဆီကနေ ထွက်ခွါသွားကြရာမှာချည်းပဲ။ ဘာကိုမှ တားဆီးချုပ်နှောင်လို့မရပါဘူး။ တကယ်တော့ “ဘ၀ဆိုတာ အသက်ရှင်စဉ်ကာလ”ကိုပြောတာပါ။ လူတစ်ယောက် သေဆုံးသွားပြီဆိုရင် အဲဒီလူရဲ့ဘ၀ဆိုတာကလည်း သေဆုံးသွားတာပါပဲ..။
နာမည်ကျန်ခဲ့မယ်ဆိုရင်တောင် အဲဒီနာမည်ဟာ ကိုယ့်ရဲ့နောင်ဘ၀ကို ဘာမှ အထောက်အကူမပြုနိုင်ပါဘူး။ အဲဒီတော့ ကိုယ်အသက်ရှင်သန်စဉ်ကာလမှာ ဖြူဖြူစင်စင် အပြစ်ကင်းကင်းရှင်သန်ဖို့တော့ လိုအပ်ပါတယ်။
ရလာတဲ့ လူဘ၀ခဏလေးအတွင်းမှာ အကျိုးမဲ့အလုပ်တွေချည်း လုပ်ကိုင်နေမယ်ဆိုရင် ကိုယ်ရှင်သန်ခဲ့တဲ့ကာလတွေဟာ အဓိပ္ပါယ်မဲ့သွားပါလိမ့်မယ်..။
နာမည်ချန်ထားခဲ့စရာမလိုပါဘူး။
ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ကိုယ်တိုင်သုခကိုရှာဖွေတွေ့ရှိ
ဗုဒ္ဓဘာသာဝင်တွေက ဖန်ဆင်းရှင်ဝါဒကို ပြောင်ပြောင်တင်းတင်းပဲဆန့်ကျင်
အဲဒါဆိုရင် အဲဒီလူဟာ ဖန်ဆင်းရှင်ပေါ့..။ ဒီလိုဆိုရင် အဲဒီပန်းပုဆရာကလည်း ကိုးကွယ်ခံထိုက်တဲ့သူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။ ဒါကို တခြားဘာသာဝင်တွေအနေနဲ့ လက်ခံချင်မှာတော့ မဟုတ်ဘူး။ သဘောတရားအဖြစ်ပြောတာပါ။ ။ ။
တကယ်တော့- ဘာသာတရားဟာ ငြင်းခုန်စရာမဟုတ်ပါဘူး။ ယခုခေတ် ဘာသာတရားတိုင်းမှာ မေတ္တာတရားတွေ ကိန်းဝပ်နေတာတွေ့ရပါတယ်..။ ဘယ်ဘာသာကနေပဲ ကူးချကူးချ အကောင်းကိုဖန်တီးထားတာဖြစ်တဲ့
သို့ပေမယ့် အခုတလော ဘာသာရေးတိုက်ခိုက်မှုတွေကို နေရာတော်တော်များများမှာ
မြင်တွေ့နေရတဲ့အတွက် ဒီစာတမ်းလေးကို ရေးသားလိုက်တာပါ...။
ဗုဒ္ဓဘာသာရဲ့ အဓိကတရားဟာ အဘိဓမ္မာပါ။
ဒီလိုကောင်းမွန်တဲ့တရားမျိုး ဘယ်ဘာသာမှာမှ မရှိပါဘူး။ အခုခေတ် သိပ္ပံပညာရှင်တွေက အနုမြူအကြောင်းကို ထုတ်ဖော်ပြောကြားတာ နှစ်သုံးရာမပြည့်သေးပါဘူး။ ဂေါတမဗုဒ္ဓက လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်လောက်ကတည်း
သိပ္ပံပညာရဲ့တိုးတက်မှုဟာ ဂေါတမဗုဒ္ဓအတွက် သမိုင်းဝင်အောင်ပွဲတွေ ဖြစ်လာပါတယ်။ ငရဲ,နိဗ္ဗာန်ဆိုတာတွေကို ခဏထားပါဦး။ လက်ရှိဘ၀မှာ စိတ်ဓာတ်အေးချမ်းမှုတရားနဲ့ပတ်
ဗုဒ္ဓဘာသာဟာ ကိုးကွယ်နေရုံနဲ့ သုဂတိဘ၀ကိုပေးစွမ်းနိုင်တဲ့ဘာသာ
အလကားသက်သက် ဘုရားရှေ့မှာ အဓိပ္ပါယ်မဲ့,အကြောင်းမဲ့ ဆုတောင်းတာမျိုးမဟုတ်ပါဘူး။
တစ်ခုခုဖြစ်ချင်တယ်ဆိုရင် အဲဒီလိုဖြစ်ဖို့ အကြောင်းတရားကိုလုပ်ဆောင်တယ်။ ပြီးတော့မှ ဖြစ်ပါစေလို့ဆုတောင်းတယ်။
ဒါကိုမသိတဲ့ တခြားဘာသာဝင်တွေက “တို့ဘာသာတွေဆုတောင်းတာကို သူတို့က အပြစ်ပြောကြတယ်၊ သူတို့လည်း ဆုတောင်းကြတာပဲ”လို့ ပြောတတ်ကြတယ်။ ဒါပေမယ့် သူတို့ရဲ့ဆုတောင်းမှုက လုပ်ရပ်မဲ့တယ်ဆိုတာကိုတော့ သတိမထားမိကြဘူး..။
တကယ်လို့-ခရစ်ယာန်ဘာသာဝင်တစ်ယော
တခြားသူတစ်ယောက်ကတော့ ထာဝရဘုရားသခင်ကို မကိုးကွယ်ဘူး၊ သို့သော်လည်း ဒုစရိုက်အလုပ်ကိုတော့ လုံးဝမလုပ်ဘူး။ အဲဒီလိုဆိုရင် ထာဝရဘုရားသခင်ဟာ ဘယ်သူ့ကို ကယ်တင်မယ်လို့ ထင်လဲ...။
တကယ်လို့ သူ့ကိုးကွယ်ပြီး အရက်သောက်တဲ့လူကိုပဲ ကယ်တင်မယ်ဆိုရင်တော့ ဒါဟာ.. သဘာဝကျတယ်လို့ ပြောလို့မရပါဘူး။
တရားမျှတခြင်းဆိုတဲ့ဘောင်ကနေလဲ ကင်းလွတ်သွားပါလိမ့်မယ်။ ဒါဟာ စဉ်းစားစရာပါ..။
ဂေါတမဗုဒ္ဓရဲ့ဝါဒကတော့ လူတစ်ယောက်ဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်သည်ဖြစ်စေ၊ မကိုးကွယ်သည်ဖြစ်စေ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်၊။
လူတစ်ယောက်ရဲ့ ကောင်းခြင်း,မကောင်းခြင်းဆိုတာ ကိုးကွယ်မှုဆိုတာထက် လုပ်ဆောင်မှုက ပိုအရေးကြီးပါတယ်။ အဲဒီလုပ်ဆောင်မှုက အဲဒီလူရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးတယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။
(မဂ်,ဖိုလ်,နိဗ္ဗာန်အပိုင်းတွင်း
ငါ့မကိုးကွယ်ရင် ငရဲကျမယ်လို့လည်း ဟောကြားတော်မမူခဲ့ပါဘူး။
လူတွေရဲ့ လက်ခံမှုအတိုင်း စိတ်ကြိုက် ကိုးကွယ်ခွင့်ပေးထားပါတယ်။ လောကဓမ္မနဲ့ကိုက်ညီမှ လက်ခံလို့ ဟောကြားတော်မူခဲ့ပါတယ်။
တကယ်တော့ ဖန်ဆင်းရှင်က လူတွေကိုဖန်ဆင်းတာမဟုတ်ဘဲ လူတွေရဲ့အကြောက်တရားကသာ ဖန်ဆင်းရှင်ကို ဖန်ဆင်းလိုက်တာပါ...။ ဘာသာတစ်ခုကို ကိုးကွယ်မှုမှာ ``ကြောက်ရွံ့မှုနဲ့လိုချင်တပ်မက်
ဘာသာတရားတိုင်းမှာ ``အကြောက်တရား+ဆန္ဒ´´ကိုယ်စီရှိ
ဗုဒ္ဓဘာသာဟာ လူတွေထင်သလို Religion-မဟုတ်ပါဘူး။ ဒါဟာ သိပ်အရေးကြီးတဲ့အရာပါ။ Religion-ဆိုတာကို Oxford Dictionary-မှာ Belief in and worship of God or gods-လို့ ဖွင့်ပြထားပါတယ်။ အဓိပ္ပါယ်က ``ထာဝရဘုရားသခင်နဲ့ တမန်တော်တွေအပေါ်မှာ ယုံကြည်မှုအပြည့်ဖြင့် ကိုးကွယ်ခြင်း´´(ကိုယ်ပိုင်ဘာသာ
ဒီတော့ ဗုဒ္ဓဘာသာဟာ Religion-မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်.။ Religion-မဟုတ်ရင် ဘာလဲလို့ မေးစရာရှိပါတယ်။ တကယ်တော့ ``ဗုဒ္ဓဘာသာဟာ ကံ,ကံ၏အကြောင်းတရား အကျိုးတရားနဲ့ ကံတရားကို အလုပ်အဖြစ်ယူဆသော လူသားဆန်သောဘာသာ´´လို့ပြောမှ ပိုမှန်ပါလိမ့်မယ်..။
တခြားဘာသာတွေလို ``မကောင်းမှုကိုဖြေဖျောက်ဖို့ ဆုတောင်းတာမျိုး´´ဗုဒ္ဓဘာသာမှာ မရှိပါဘူး။ ထို့အပြင် ကိုယ်လုပ်ခဲ့တဲ့အပြစ်တွေကို စာတစ်ပိုဒ်,ဂါထာတစ်ပုဒ်လောက်ရွ
``မကောင်းတာလုပ်ခဲ့တဲ့အပြစ်ကို ကောင်းတာလုပ်ခြင်းဖြင့်
ချေဖျက်ရမယ်´´လို့ပဲ ဟောကြားတော်မူခဲ့တာပါ။ အလုပ်ကို အလုပ်နဲ့ချေဖျက်တဲ့ သဘောတရားပါပဲ။
မေတ္တာတရားနဲ့ပတ်သက်ပြီးတော့လည်း တခြားဘာသာတွေလို ပုဂ္ဂိုလ်ရေးရာမဆန်ပါဘူး။
အားလုံးသော သုခိတ,ဒုက္ခိတသတ္တ၀ါအားလုံးတို့အေ
ယနေ့ သတ်ရှိသတ္တ၀ါတွေရဲ့စိတ်ထဲမှာ အကြောက်တရားဟာ အင်မတန်တိုးတက်ကြီးမားလာတယ်။ ကမ္ဘာလောကရဲ့ ဖြစ်ရပ်တွေကလည်း တဖြည်းဖြည်းနဲ့ အဆိုးဘက်တွေကိုပဲ ဦးတည်နေကြတယ်။
အဲဒီအခါ လူတွေဟာ ဖန်ဆင်းရှင်ကိုမျှော်လင့်ေ
ဒါတွေကို ဖန်ဆင်းရှင်ကသာ ဖန်ဆင်းနေတယ်ဆိုရင် လောကလူသားတွေရဲ့ ဖန်ဆင်းရှင်ပေါ် ယုံကြည်ကိုးစားမှုတွေကို ဖန်ဆင်းရှင်ကိုယ်တိုင်က ဥပေက္ခာပြုထားသလိုဖြစ်နေပါလိမ့်
လူသားတွေရဲ့ ဆင်ခြင်မှုကင်းမဲ့ခြင်းဆိုတဲ့ အကြောင်းတရားကြောင့် သဘာဝတရားပျက်စီးခြင်းအကျိုးတရား
ဘာသာခြားအများစုက ´´ဗုဒ္ဓ၀ါဒဟာ အဆိုးမြင်ဝါဒ´´လို့ ဟောပြောနေကြတယ်။ ဒါဟာ မမှန်ပါဘူး။ ဗုဒ္ဓ၀ါဒဟာ လူတွေမေ့နေကြတဲ့ ဆိုးကျိုးတွေကို မြင်အောင်ပြသပြီး အဲဒီအဆိုးတွေကနေ လွတ်မြောက်ဖို့ လမ်းညွှန်တဲ့ဝါဒသာ ဖြစ်ပါတယ်။
တစ်ခုက ``ဒါနဟာ နိဗ္ဗာန်ပို့ပေးတဲ့အရာမဟုတ်ဘဲနဲ့ ဒါနပြုဖို့ပဲ အဓိကဟောပြောနေကြတယ်´´လို့လည်း ပြောကြပြန်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဒါနပြုခြင်းဟာ ကောင်းမွန်တဲ့ဘ၀ကိုချည်း လိုချင်တဲ့ ဘ၀တဏှာဆန္ဒသက်သက်ကြောင့် မဟုတ်ပါဘူး။
လူဆိုတာ နိဗ္ဗာန်မရောက်ခင်ကာလစပ်ကြား သံသရာမှာ ကျင်လည်ရမှာ အမှန်ဖြစ်ပါတယ်။ အဲဒီလို ကျင်လည်ရတဲ့အခါ ဒါနဆိုတဲ့တရားမပါရင် ကောင်းတဲ့သုဂတိဘုံကို ရောက်မှာမဟုတ်ပါဘူး။
ကောင်းတဲ့သုဂတိဘုံဘ၀ကိုမရောက်
ဥပမာ။ ။ မင်္ဂလာဒုံကနေ ရွှေတိဂုံဘုရားကို သွားတယ်ဆိုကြပါစို့၊ အဲဒီလိုသွားတဲ့အခါမှာ ကားစီးရပါလိမ့်မယ်။
ဒီတိုင်းလမ်းလျှောက်သွားမယ်ဆို
ဒီသဘောတရားဥပမာအတိုင်းပဲ- ဗုဒ္ဓဘာသာဝင်တွေဟာ ကိုယ်ပြုခဲ့တဲ့ဒါနကို နိဗ္ဗာန်ကိုသွားရာ ခရီးအတွက်သက်သက်သာ အသုံးချခြင်း ဖြစ်ပါတယ်။ ဒါကို တခြားဘာသာဝင်တွေက ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင်မလေ့လာမိတော့ ဝေဘန်မှုတွေကနေ ရှုံ့ချတဲ့အဆင့်ကိုကူးသွားပြီး အမြင်မှားနေကြတာ ဖြစ်ပါတယ်။
ဂေါတမဗုဒ္ဓရဲ့တရားတော်တွေဟာ နူးညံ့သိမ်မွေ့ပါတယ်။ ဘေးနားကနေ သာမန်ကာရှန်ကာလောက်ကြည့်ရုံနဲ့ နက်နဲတဲ့တရားတော်တွေရဲ့အဓိပ္ပါယ်
ဒါကြောင့်မို့ ဒီနေ့ခေတ်မှာ ဗုဒ္ဓတရားတော်တွေကိုကူးယူပြီး ဖြတ်,ကဒ်,ညှပ်လုပ်ရင်း ကိုယ်ပိုင်ဝါဒယောင်ယောင် တည်ထွင်တာတွေအတွက်လည်း ဘာမှပြောလို့မရပါဘူး။ တည်ထွင်သူတွေက ကိုယ့်လိပ်ပြာကိုယ်သန့်ဖို့ပဲ လိုပါလိမ့်မယ်။
ဘာသာတရားဟာ ငြင်းခုန်စရာကောင်းတဲ့ အရာတော့မဟုတ်ပါဘူး။ တစ်ခုနဲ့တစ်ခု အပုပ်ချဖို့လည်းမဟုတ်ပါဘူး။ သို့သော်လည်း အမှန်တရားကို အမှန်အတိုင်းတော့ ပြရပါမယ်။ ဖုံးကွယ်ထားတာမျိုး မလုပ်ရပါဘူး။
တရားတော်ကို ဖုံးကွယ်ထားခြင်းဟာ ကိုယ့်အတွက်သာမက ကိုးကွယ်သူ လူတန်းစားတွေအတွက်ပါ ထိခိုက်နစ်နာပါလိမ့်မယ်။
မှတ်ချက်။ ။ ဒီစာတမ်းဟာ လွန်ခဲ့တဲ့သုံးနှစ် စာရေးသူအသက်(20)အရွယ်က ရေးသားခဲ့တဲ့စာတမ်းမို့ ပညာရှင်တွေအတွက် အမှားများတွေ့ခဲ့လျှင် ပြန်လည်ထောက်ပြပေးဖို့ တောင်းဆိုပါတယ်။
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်စုံနိုင်ကြပါစေ...။
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
No comments:
Post a Comment