မင်္ဂလသုတ်တော် ဖြစ်ပေါ်လာပုံ
==================
မင်္ဂလသုတ်တော် ဖြစ်ပေါ်ရာ နေရာဒေသသည်ကား သာဝတ္ထိပြည်မွန် ဇေတ၀န် ကျောင်းတော်တွင် ဖြစ်လေသည်။
ဂေါတမ ဗုဒ္ဓဘုရားရှင်သည် အနာထပိဏ်
သူဌေး ဆောက်လုပ်လှူဒါန်းသော
ဇေတ၀န်ကျောင်းတော် မှာစံနေခိုက် လူ့လောက တွင် မင်္ဂလာ ဆိုတာ ဘာလဲဟူသော ပြဿနာ
ပေါ်ပေါက်လာသည်။
မည်သည့်အချက်သည် မင်္ဂလာဖြစ်သည်ဟု တိတိကျကျ မဆုံးဖြတ်ရသေးသော
ကာလဖြစ်သဖြင့် မိမိတို့  ထင်ရာမြင်ရာ ကိုက်ရာကို မင်္ဂလာဟု စွဲလမ်းနေကြ သော
အုပ်စုကြီး (၃) ခု ရှိလေသည်။
တစ်အုပ်စုမှာ ကြားသောအသံကို စွဲ၍ ရယ်မောသံ ၊ ကျက်သရေရှိသော စက်မောင်းသံ ၊
ခရုသင်းသံ စသောက္ကုဋ္ဌာရုံ ဖြစ်ဖွယ် အသံကြားလျှင် မင်္ဂလာဟု ဆိုဧ။် ။
တစ်အုပ်စုက ကြားရုံနှင့် မင်္ဂလာ ဘယ်မှာ ဖြစ်ပါ့မလဲ မျက်စိနှင့်
တပ်အပ်ထင်ထင်မြင်မှာသာ မင်္ဂလာ ဖြစ်မှာပေါ့ ၊ လှပသော ပန်းကို မြင်ခြင်း ၊
ရေပြည့်သော အိုး၊ သွေးရောင်လှပသော နွားမ၀၀ စသည် တို့ ကို မြင်မှမင်္ဂလာ
ဖြစ်သည်ဆိုပြန်ဧ။်။
ကျန်တစ်အုပ်စုက ကြားရုံ ၊ မြင်ရုံ နှင့် မင်္ဂလာ မဖြစ်သေး ၊ ကိုယ်တိုင်
ဒိဋ္ဌ မြင်တွေ့ ရမှ မင်္ဂလာ ဖြစ်ရပေမည်။ ပန်းလှလှကို မြင်ရရုံမဟုတ်
လုက်နှင့ိကိုင် ၊နှာခေါင်းနှင့် နမ်းရှူရမှ မင်္ဂလာ ၊ ရေပြည့်အိုးမြင်ရတာထက်
၊ ရေကို သောက်ရမှပေါ့ ။ နွားမ ၀၀ မြင်ရတာထက် နွားနို့ မလိုင်ခဲ စားရမှ
မင်္ဂလာ ဟု ဆိုကြဧ။်။
ထိုအုပ်စု (၃) စု သည် သူ့ အယူမှန်သည် ၊ ကိုယ့် အယူမှန်သည်ဟု
ငြင်းခုံကြရာ တစ်ဖက်နှင့်တစ်ဖက် စင်မြင့်ဆောက်၍ ရက်ရှည်လများ
ဟောပြောပွဲကြီးများ နှင့် ငြင်းခုံကြရာ လူပါမက နတ်ချင်းပင် ငြင်းခုံကြဧ။်။
ယင်းကဲ့ သို့  ပြဿနာ စခဲ့ ခြင်းမှ ဘုမ္မစိုးနတ် ၊ ရုက္ခစိုးနတ် များမှ
တစ်ဆင့် အာလိန်ငါးဆင့်ကို ကျော်ကာ တာဝတိံသာနတ်များထိ အုပ်စုဖွဲ့ကာ
ငြင်းခုံပွဲ ကူးစက်လာလေတော့ဧ။်။
ထိုသို့ သော ပြဿနာ ကြီးမားမှုကြောင့်
မည်သူမှန်သည် ၊ မည်သူ မှားသည် အဆုံး အဖြတ်ပေးပါရန် သိကြားမင်းထံ ၀င်၍
ရင်ဆိုင်ကြလေတော့သည်၊
ကျွ်တွင် သိကြားမင်းက ကျွ်မင်္ဂလာ ကိစ္စသည် ကျယ်ဝန်း နက်နဲ လှသည် ။
ငါလည်း
အမှန်မသိ ၊ ထို့  ကြောင့် လူ့ပြည်တွင် အထင်အရှားပွင့် တော်မူသော
ဂေါတမမြတ်စွာ ဘုရားသည် သိရှိနိုင်ရာ ဧ။်။ ခေတ္တ စောင့်ကြ ဟုဆိုကာ
နတ်သားတစ်ဦးအား ဘုရားရှင်ထံ မေးမြန်းရန် လွှတ်လိုက်လေသည်။
ထိုနတ်သားမေးလျှောက်ချက်အရ ဘုရားရှင် ပြန်လည် ဟောကြားဖြေဆိုသော မင်္ဂလာ
တရား (၃၈) ပါး ပါဝင်သည့် ဤမင်္ဂလသုတ်တော်ဖြစ်ပေါ်လာ ရခြင်း ဖြစ်သတည်း။
ပရိတ်ကြီးမြန်မာပြန်
(နတ်ပင့်နှင့်တိုက်တွန်းချက်)
၁။ သမန္တာ စက္က၀ါဠေသု၊
*(သမန်တာ စက်က၀ါဠေသု၊)
အတြာ’ဂစ္ဆန္တု ဒေ၀တာ။
*(အတရာ’ဂစ်ဆန်တု ဒေ၀တာ။)
သဒ္ဓမ္မံ မုနိရာဇဿ၊
*(သတ်(သဒ်)ဓမ်မံ မုနိရာဇတ်သ၊)
သုဏန္တု သဂ္ဂမောက္ခဒံ။
*(သုဏန်တု သက်(သဂ်)ဂမောက်ခဒံ။)
၂။ ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။
*(ဓမ်မတ်,သ၀န,ကာလော အယံ ဘတ်(ဘဒ်)ဒန်တာ။)
(ဘုရားရှိခိုး)
========
၃။ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
*(နမော တတ်သ ဘဂ၀တော အရဟတော သမ်မာ,သမ်ဗုတ်(ဗုဒ်)ဓတ်သ။)
(တဖန်-နတ်ပင့်)
===========
၎။ ယေသန္တာ သန္တစိတ္တာ ၊ တိသရဏသရဏာ
*(ယေ သန်တာ သန်တစိတ်တာ, ၊ တိသရဏ,သရဏာ)
ဧတ္ထ လောကန္တရေ ၀ါ
*(အစ်ထ လောကန်တရေ ၀ါ၊)
ဘုမ္မာ,ဘုမ္မာ စ ဒေ၀ါ ၊ ဂုဏ ဂဏ ဂဟဏ
*(ဘုမ်မာ,ဘုမ်မာ စ ဒေ၀ါ ၊ ဂုဏ ဂဏ ဂဟဏ)
ဗျာဝဋာ သဗ္ဗကာလံ။
*(ဗျာဝတာ(ဋာ) သတ်(သဗ်)ဗကာလံ။)
ဧတေ အာယန္တုေ၀၀ါ ၊ ၀ရ ကနကမယေ,
*(အေတေ အာယန်တု ဒေ၀ါ, ၊ ၀ရ ကနကမယေ,)
မေရုရာဇေ ၀သန္တော၊
*(မေရုရာဇေ ၀သန်တော၊)
သန္တော သန္တောသဟေတုံ ၊ မုနိ ၀ရ၀စနံ, သေုတုမဂ္ဂံ သမဂ္ဂါ။
*(သန်တော သန်တောသဟေတုံ, ၊ မုနိ ၀ရ ၀စနံ, သောတုမက်(မဂ်)ဂံ သမက်(မဂ်)ဂါ။)
အမျှဝေနှင့် - တိုက်တွန်းချက်
=================
၅။ သဗ္ဗေသု စက္က၀ါဠေသု ၊ ယက္ခာ ဒေ၀ါ စ ဗြဟ္မနော။
*(သတ်(သဗ်)ဗေသု စက်က၀ါဠေသု ၊ ယက်ခါ ဒေ၀ါ စ ဗြမနော။)
ယံ အမှေဟိ ကတံ ပုညံ ၊ သဗ္ဗသမ္မတ္တိသာဓကံ။
*(ယံ အံမှေဟိ ကတံ ပုန်ညံ၊ သတ်(သဗ်)ဗ,သမ်ပတ်တိ,သာဓကံ။)
၆။ သဗ္ဗေ တံ အနုမောဒိတွာ ၊ သမဂ္ဂါ သာသနေ ရတာ။
*(သတ်ဗေ တံ အနုမောဒိတ၀ါ ၊ သမက်(မဂ်)ဂါ သာသနေ ရတာ။)
ပမာဒရဟိတာ ဟောန္တု ၊ အာရက္ခာသု ၀ိသေသတော။
*(ပမာဒ,ရဟိတာ ဟွန်တု ၊ အာရက်ခါသု ၀ိသေသတော။)
၇။ သာသနဿ စ လောကဿ ၊ ၀ုဍ္ဎိ ဘ၀တု သဗ္ဗဒါ။
* (သာသနတ်သ စ လောကတ်သ ၊ ၀ုတ်ဒိ ဘ၀တု သတ်(သဗ်)ဗဒါ။)
သာသနမ္မိ စ လောကဉ္စ ၊ ဒေ၀ါ ရက္ခန္တု သဗ္ဗဒါ။
*(သာသနမ်ပိ စ လောကင်(ကဉ်)စ ၊ ဒေ၀ါ ရက်ခန်တု သတ်ဗဒါ။)
၈။ သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ ၊ ပရိဝါရေဟိ အတ္တနော။
*(သတ်(သဒ်)ဓိန် ဟွန်တု သုခီ သတ်(သဗ်)ဗေ ၊ ပရိဝါရေဟိ အတ်တနော။)
အနီဃာ သုမနာ ဟောန္တု ၊ သဟ သဗ္ဗေဟိ ဥာတိဘိ။
*(အနီဂါ(ဃာ) သုမနာ ဟွန်တု၊ သဟ သတ်(သဗ်)ဗေဟိ ညာတိဘိ။)
၉။ ရာဇတော ၀ါ စောရတော ၀ါ
*(ရာဇတော ၀ါ ၊ စောရတော ၀ါ)
မနုဿတော ၀ါ အမနုဿတော ၀ါ
*(မနုတ်သတော ၀ါ ၊ အ-မနုတ်သတော ၀ါ)
အဂ္ဂိတော ၀ါ ဥဒကတော ၀ါ
*(အက်(ဂ်)ဂိတော ၀ါ ၊ ဥဒကတော ၀ါ)
ပိသာစတော ၀ါ ခါဏုကတော ၀ါ
*(ပိသာစတော ၀ါ ၊ ခါဏုကတော ၀ါ)
ကဏ္ဍကတော ၀ါ နက္ခတ္တတော ၀ါ
*(ကန်တကတော ၀ါ ၊ နတ်ခတ်တတော ၀ါ)
ဇနပဒရောဂတော ၀ါ အသဒ္ဓမ္မတော ၀ါ
*(ဇနပဒ,ရောဂတော ၀ါ ၊ အသတ်ဓမ်မတော ၀ါ)
အသန္ဒိဋ္ဌိတော ၀ါ အသပ္ပုရိသတော ၀ါ
*(အသန်ဒိတ်ထိတော ၀ါ ၊ အသတ်ပုရိသတော ၀ါ)
စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ အဟိ ၀ိစ္ဆိက- မဏိသပ္ပဒီပိ အစ္ဆ
*(စန်ဒ ဟတ်ထိ အတ်သ မိဂ ဂေါဏ ကုတ်ကုရ အဟိ ၀ိတ်စိက-မဏိသတ်ပဒီပိ အစ်ဆ)
တရစ္ဆ သူကရ မဟိံသ ရက္ခ ရက္ခသာဒီဟိ
*(တရစ်ဆ သူကရ မဟိန်သ ယက်ခ ရက်ခသာဒီဟိ၊)
နာနာဘယတော ၀ါ နာနာရောဂတော ၀ါ
*(နာနာဘယတော ၀ါ ၊ နာနာရောဂတော ၀ါ)
နာနာဥပဒ္ဓ၀တော ၀ါ အာရက္ခံ ကဏှန္တု။
*(နာနာဥပတ်ဒ၀တော ၀ါ ၊ အာရက်ခံ ကဏှန်တု ။)
မင်္ဂလသုတ်
========
၁၀။ ယံ မင်္ဂလံ ဒွါဒသ ဟိ ၊ စိန္တယိံသု သဒေ၀ကာ။
*(ယံ မင်ဂလံ ဒ၀ါဒသ ဟိ ၊ စိန်တယိန်သု သဒေ၀ကာ။)
သောတ္ထာနံ နာဓိဂစ္ဆန္တိ ၊ အဋ္ဌတ္တိံသဉ္စ မင်္ဂလံ။
*(သွတ်ထာနံ နာဓိဂစ်ဆန်တိ ၊ အတ်ထတိန်သင်(သဉ်)စ မင်ဂလံ။)
၁၁။ ဒေသိတံ ဒေ၀ဒေဝေန ၊ သဗ္ဗပါပ ၀ိနာသနံ။
* (ဒေသိတံ ဒေ၀,ဒေဝေန ၊ သတ်ဗပါပ,၀ိနာသနံ။)
သဗ္ဗလောက ဟိတတ္ထာယ ၊ မင်္ဂလံ တံ ဘဏာမ ဟေ။
*(သတ်ဗလောက,ဟိတတ်ထာယ ၊ မင်ဂလံ တံ ဘဏာမ ဟေ။)
၁၂။ ဧ၀ံ မေ သုတံ-
*(အေ၀ံ မေ သုတံ-)
ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိရဟတိ ဇေတ၀နေ
*(အေကံ သမယံ , ဘဂ၀ါ သာဝတ်ထိယံ ,၀ိဟရတိ ဇေတ၀နေ , )
အနာထပိဏ္ဍိကဿ အာရာမေ
*(အနာထပိန်ဒိကတ်သ အာရာမေ။)
အထ ခေါ အညတရာ ဒေ၀တာ
*(အထ ခေါ , အင်ညတရာ ဒေ၀တာ)
အဘိကန္တာယ ရတ္တိယာ အဘိက္ကန္တ၀ဏ္ဏာ
*(အဘိတ္ကန္တာယ ရတ္တိယာ အဘိတ္ကန္တ၀ဏ္ဏာ)
ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ
*(ကေ၀လကတ်ပံ ဇေတ၀နံ သြဘာသစ်တွာ)
ယေန ဘဂ၀ါ တေနုပသင်္ကမိ ၊ ဥပသင်္ကမိတွာ
*(ယေန ဘဂ၀ါ တေနုပသင်ကမိ ၊ ဥပသင်ကမိတ၀ါ)
ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။
*(ဘဂ၀န်တံ အဘိဝါဒစ်တ၀ါ ၊ အေကမန်တံ အတ်ဌာသိ။)
ဧကမန္တံ ဌိတာ ခေါ သာ ဒေ၀တာ
*(အေကမန်တံ ထိတာ ခေါ, သာ ဒေ၀တာ)
ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။
*(ဘဂ၀န်တံ ဂါထာယ အစ်ဇဘာသိ။)
၁၃။ ဗဟူ ဒေ၀ါ မနုဿာ စ ၊ မင်္ဂလာနိ အစိန္တယုံ။
*(ဗဟူ ဒေ၀ါ မနုတ်သာ စ ၊ မင်ဂလာနိ အစိန်တယုန်။)
အာကင်္ခမာနံ သောတ္ထာနံ ၊ ဗြူဟိ မင်္ဂလ’မုတ္တမံ။
*(အာကင်ခမာနာ သွတ်ထာနံ ၊ ဗြူဟိ မင်ဂလ’မုတ်တမံ။)
၁၄။ အသေ၀နာ စ ဗာလာနံ ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
*(အသေ၀နာ စ ဗာလာနံ ၊ ပန်တိတာနင်စ သေ၀နာ။)
ပူဇာ စ ပူဇနေယျာနံ ၊ ဧတံ မင်္ဂလ’မုတ္တမံ။
*(ပူဇာ စ, ပူဇနေယျာနံ ၊ အေတံ မင်ဂလ’ မုတ်တမံ။)
၁၅။ ပတိရူပဒေသ၀ါသော စ ၊ ပုဗ္ဗေ စ ကတပုညတာ။
*(ပတိရူပ,ဒေသ၀ါသော စ ၊ ပုတ်ဗေ စ, ကတပုန်ညတာ။)
အတ္တသမ္မာပဏိဓိ စ ၊ ဧတံ မင်္ဂလ’မုတ္တမံ။
*(အတ်တသမ်မာ ပဏိဓိ စ ၊ အေတံ မင်ဂလ’ မုတ်တမံ။)
၁၆။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ ၊ ၀ိနယော စ သုသိက္ခိတော။
*(ဗာဟုသစ်စင်စ သိတ်ပင်စ ၊ ၀ိနယော စ သုသိတ်ခိတော။)
သုဘာသိတာ စ ယာ ၀ါစာ ၊ ဧတံ မင်္ဂလ’မုတ္တမံ။
*(သုဘာသိတာ စ, ယာ ၀ါစာ ၊ အေတံ မင်ဂလ’ မုတ္တမံ။)
၁၇။ မာတာပိတု ဥပဋ္ဌာနံ ၊ ပုတ္တဒါရဿ သင်္ဂဟော။
*(မာတာပိတု ဥပတ်ထာနံ ၊ ပုတ်တ,ဒါရတ်သ သင်ဂဟော။)
အနာကုလာ စ ကမ္မန္တာ ၊ ဧတံ မင်္ဂလ’မုတ္တမံ။
*(အနာကုလာ စ, ကမ်မန်တာ ၊ အေတံ မင်ဂလ’ မုတ်တမံ။)
၁၈။ ဒါနဉ္စ ဓမ္မစရိယာ စ ၊ ဥာတကာနဉ္စ သင်္ဂဟော။
*(ဒါနင်စ ဓမ်မစရိယာ စ ၊ ညာတကာနင်စ သင်ဂဟော။)
အန၀ဇ္ဇာနိ ကမ္မာနိ ၊ ဧတံ မင်္ဂလ’မုတ္တမံ။
*(အန,၀စ်ဇာနိ ကမ်မာနိ ၊ ၊ အေတံ မင်ဂလ’ မုတ်တမံ။)
၁၉။ အာရတီ ၀ိရတီ ပါပါ ၊ မဇ္ဇပါနာ စ သံယမော။
*(အာရတီ ၀ိရတီ ပါပါ ၊ မစ်ဇပါနာ စ, သံယမော။)
အပ္ပမာဒေါ စ ဓမ္မေသု ၊ ဧတံ မင်္ဂလ’မုတ္တမံ။
*(အပ်ပမာဒေါ စ, ဓမ်မေသု ၊ ၊ အေတံ မင်ဂလ’ မုတ်တမံ။)
၂၀။ ဂါရဝေါ စ နိဝါတော စ ၊ သန္တုဋ္ဌိ စ ကတညုတာ။
*(ဂါရဝေါ စ, နိဝါတော စ ၊ သန်တုတ်ထိ စ, ကတင်ညုတာ။)
ကာလေန ဓမ္မဿဝနံ ၊ ဧတံ မင်္ဂလ’မုတ္တမံ။
*(ကာလေန ဓမ်မတ်သ၀နံ ၊ ၊ အေတံ မင်ဂလ’ မုတ်တမံ။)
၂၁။ ခန္တီ စ သောဝစဿတာ ၊ သမဏာနဉ္စ ဒဿနံ။
*(ခန်တီ စ, သောဝစတ်သတာ ၊ သမဏာနင်စ ဒတ်သနံ။)
ကာလေန ဓမ္မသာကစ္ဆာ ၊ ဧတံ မင်္ဂလ’မုတ္တမံ။
*(ကာလေန ဓမ်မသာကစ်ဆာ ၊ ၊ အေတံ မင်ဂလ’ မုတ်တမံ။)
၂၂။ တပေါ စ ဗြဟ္မစရိယဉ္စ ၊ အရိယာသစ္စာန ဒဿနံ။
*(တပေါ စ ဗြဟ္မစရိယင်စ ၊ အရိယာသစ်စာန ဒတ်သနံ။)
နိဗ္ဗာနသစ္ဆိကိရိယာ စ ၊ ဧတံ မင်္ဂလ’မုတ္တမံ။
*(နိတ်ဗာန,သစ်ဆိကိရိယာ စ ၊ ၊ အေတံ မင်ဂလ’ မုတ်တမံ။)
၂၃။ ဖုဋ္ဌဿ လောကဓမ္မေဟိ ၊ စိတ္တံ ယဿ န ကမ္မတိ။
*(ဖုတ်ထတ်သ လောကဓမ်မေဟိ ၊ စိတ်တံ ယတ်သ န ကမ်ပတိ။)
အသောကံ ၀ိရဇံ ခေမ ၊ ဧတံ မင်္ဂလ’မုတ္တမံ။
*(အသောကံ ၀ိရဇံ ခေမံ ၊ ၊ အေတံ မင်ဂလ’ မုတ်တမံ။)
၂၄။ ဧတာဒိသာနိ ကတွာန ၊ သဗ္ဗတ္ထ မပရာဇိတာ။
*(အေတာဒိသာနိ ကတ၀ါန၊ သတ်ဗတ်ထ မပရာဇိတာ။)
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ ၊ တ တေသံ မင်္ဂလ’မုတ္တမံ။
*(သတ်ဗတ်ထ သွတ်ထိန် ဂစ်ဆန်တိ ၊ တံ တေသံ မင်ဂလ’ မုတ်တမံ။)
မင်္ဂလသုတ္တံ နိဋ္ဌိတံ။
*(မင်ဂလသုတ်တံ နိတ်ထိတံ။)
အဓိပ္ပါယ်
=======
မင်္ဂလာတရား ၃၈ ပါး
၁။ အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။
၎။ ပတိရူပဒေသ ၀ါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။
၇။ ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း။
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရား ရှိခြင်း။
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း။
၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း။
၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။
၁၄။ ဒါနဉ္စ = အလှူပေးခြင်း။
၁၅။ ဓမ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၁၆။ ဉာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ထောက်မခြင်း။
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
၁၈။ ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။
၁၉။ ပါပ ၀ိရတီ = မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။
၂၀။မဇ္ဇပါနသံယမော= သေရည်သေရက်ကို သောက်စားခြင်းမှ
ရှောင်ကြဉ်ခြင်း။
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း။
၂၂။ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း။
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း။
၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း။
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း။
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း။
၂၇။ ခန္တီ = သည်းခံခြင်း။
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း။
၂၉။ သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း။
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း။
၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ ဗြဟ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၃၃။ အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း။
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
၃၅။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။
၃၇။ ၀ရဇံ = လောကဓံတရားတို့တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း။
၃၈။ ခေမံ = လောကဓံတရားတို့တွေ့သော် စိတ်၌ဘေးမရှိခြင်း။
စီစဉ်သူ-------အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
No comments:
Post a Comment