
၁။ ချမ်းသာလိုခြင်း။ ။ လူသားတွေရဲ့ မျှော်လင့်ချက်၊ လိုအင်ဆန္ဒ၊ခြုံငုံပြီးတော့ ပြောရ
မယ်ဆိုလို့ရှိရင် လူတိုင်းလူတိုင်းဟာ စီးပွားဥစ္စာ တိုးတက်ချင်ကြတယ်။
ချမ်းသာကြွယ်ဝချင်ကြတယ်။ ဒါဟာလူသားတိုင်း မျှော်လင့်တောင်းတကြတဲ့ ဆန္ဒတစ်ခုပါ။ဗုဒ္ဓမြတ်စွာက ကြီးပွားချမ်းသာချင်ကြတယ်ဆိုတာ လူတိုင်းလူတိုင်းရဲ့ မျှော်လင့်ချက်
တစ်ခုပါတဲ့။ သို့သော် ထိုမျှော်လင့်ချက်အတိုင်း လူတိုင်းရသလား ဆိုတော့ မရနိုင်ဘူးတဲ့။ ဘာကြောင့် မရနိုင်တာတုန်းဆိုတော့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ မလျှောက်နိုင်လို့ပါတဲ့။
ဒါကြောင့် ကြီးပွားချမ်းသာ တိုးတက်နိုင်တယ်ဆိုတဲ့ မှန်ကန်တဲ့ လမ်းကြောင်းကို လူတိုင်းလူတိုင်း
ရှာတွေ့ဖို့ရာ ခက်ပါတယ်။ ပစ္စည်းဥစ္စာ ကြွယ်ဝလို့ စီးပွားဥစ္စာတွေ တိုးတက်လာပြီဆိုတဲ့အခါ
နောက်လိုအပ်ချက်တစ်ခုက =
၂။ ကျော်ကြားလိုခြင်း။ ။ လူ့လောကမှာ ဂုဏ်သရေရှိ နာမည်ကျော်ကြားတဲ့ပုဂ္ဂိုလ် ဖြစ်
ချင်ကြတယ်။ ဒါလည်း လူတွေရဲ့ စီးပွားဥစ္စာရှိပြီးတဲ့နောက်မှာ ထပ်တိုးလာတဲ့ မျှော်လင့်ချက်တစ်ခု။ အဲဒီ မျှော်လင့်ချက်ဟာ လူတိုင်းမျှော်လင့်တဲ့အတိုင်းမဖြစ်နိုင်ဘူး။
အင်မတန် ဖြစ်ခဲတဲ့အရာတစ်ခု ဖြစ်ပါတယ်။ နောက်မျှော်လင့်ချက်က =
၃။ ကျန်းမာစွာ အသက်ရှည်လိုခြင်း။ ။ စီးပွားဥစ္စာတွေလည်း တိုးတက်တယ်၊ ဂုဏ်သ
တင်းလည်း ကျော်ကြားတယ်။ ပြီးတော့ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ချင်ကြတယ်။
အေး ..လူ့လောကမှာ စီးပွားရေးလည်း ကောင်းတယ်၊ ဂုဏ်သတင်းလည်းကြီးတယ်၊ ကျန်းလည်း ကျန်း
မာတယ်၊ အသက်လည်း ရှည်တယ်ဆိုတော့ လူ့ဘ၀တစ်ခုအတွက်တော့ လိုအပ်ချက်တွေအား
လုံး ပြည့်စုံသွားပြီလို့ ဆိုရမှာပါ။ ဒါပေမယ့် လူတွေရဲ့ မျှော်လင့်ချက်ကတော့ မကုန်သေးဘူး။
၎။ သုဂတိဘုံသို့ ရောက်လိုခြင်း။ ။ ဘာမျှော်လင့်ကြပြန်တုန်း ဆိုလို့ရှိရင် လူ့ဘ၀သက်
တမ်းကုန်ဆုံး မနေရလို့ ဒီဘ၀ကို စွန့်ခွာသွားတဲ့အခါမှာ ကောင်းရာသုဂတိ ရောက်ချင်ကြတယ်။
ဒါ .. ဘ၀တစ်ခုမှာ နောက်ဆုံးမျှော်လင့်ချက်ပဲ။
လူတိုင်းလူတိုင်းဟာ ဒီ မျှော်လင့်ချက်က ရှိကြ
ပါတယ်။ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် ဒီဘ၀က မနေရလို့ ဘ၀တစ်ခု ဇတ်သိမ်းသွားတဲ့အခါကောင်းရာသုဂတိရောက်ဖို့ဆိုတဲ့
မျှော်လင့်ချက်ဟာ ဒါ နောက်ဆုံးမျှော်လင့်ချက်ပါပဲ။
ကမ္ဘာပေါ်မှာရှိတဲ့ ဓမ္မမိတ်ဆွေ သူတော်စင်တို့အပါအ၀င် လူသားတွေအားလုံးဟာ ဒီမျှော်လင့်ချက်
တွေနဲ့ နှစ်ပေါင်းများစွာ နေထိုင်နေကြတာဖြစ်ပါတယ်။
{ ၁၃၆၉ ခု၊ အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံ (Ph.D ) ဟောကြားသော နှစ်ဦးကာလ
ဓမ္မလက်ဆောင် တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဓမ္မနဒီဆိုဒ်မှ ဦးသိန်းဝေ ရေးသားသော ပို့မှ တစ်ဆင့်မျှဝေသည်။
No comments:
Post a Comment