/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, March 30, 2014

*** ရဝေထွန်း(ဘဒ္ဒန္တ တိလောကသာရ)၏ထေရုပ္ပတ္တိ ****

ရဝေထွန်း(ဘဒ္ဒန္တ တိလောကသာရ) [၁၉၂၄ - ၂ဝဝ၃]


၁၉၂၄ - ခုနှစ်၊ ဇူလိုင်လ(၁၂)ရက် (၁၂၈၆-ခု၊ ၀ါဆိုလဆန်း-၁၂့ရက်) စနေနေ့တွင်၊ ပြည်ခရိုင်၊ ပေါင်းတလည် မြို့နယ် ရွာမကြီးရွာ၌ ခမည်းတော် ဦးစံဖေ၊ မယ်တော် ဒေါ်မေတို့က ဖွားမြင်တော်မူခဲ့သည်။ စတုတ္ထမြောက် သား ရတနာဖြစ်သည်။


၁၉၃၄ - မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် သာမဏေအဖြစ်သို့ရောက်ခဲ့၊ ၁၉၅၄ ခု ဖေဖော်ဝါရီ ၁၉ ရက် (၁၃၁၅ ခု တပို့တွဲ လပြည့်ကျော် ၁ ရက်) နံနက် ၉ နာရီ အချိန်တွင် ပေါင်းတလည် ညောင်တန်းကျောင်း ဆရာတော်ကို ဥပဇ္ဇုာယ် ပြု၍၊ ၎င်းကျောင်း ခဏ္ဍသိမ်၌ ပေါင်းတလည်မြို့ ဦးစံတင်၊ ဒေါ်ကျင် မိသားစု၏ ပစ္စယာ နုဂ္ဂဟဖြင့် ရဟန်း အဖြစ်သို့ ရောက်ရှိ ခဲ့သည်။
ငယ်စဉ်က-ရွာမကြီးရွာ ရွှေစာရံ ကျောင်းဆရာတော်ထံတွင် သဒ္ဒါ၊ သင်္ဂြိုလ်များကိုသင်ကြားပြီးနောက်၊ မင်းလှမြို့စံကျောင်းတိုက်ဆရာတော်၊ ရန်ကုန်ခြောက်ထပ်ကြီးဘုရားကြီး ကျောင်းတိုက်ဆရာတော်၊

 တောင်ကြီးမြို့သိမ်တောင်ကျောင်းတိုက်ဆရာတော် များထံတွင် အခြေခံကျမ်းစာများနှင့် ပိဋကတ်တော်များကို ကျမ်းရိုးပေါက်သင်ယူတော်မူခဲ့သည်။ ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်၊ တောင်ကြီးမြို့ သိမ်တောင် ကျောင်းတိုက် တို့ ၌ နှစ်ပေါင်း များစွာ စာပေ ပို့ချ ပေးတော် မူခဲ့သည်။ ဆဋ္ဌသင်္ဂါယနာ တင်ပွဲကြီး ကျင်းပ သည်မှ စ၍ ပိဋကတ် မြန်မာပြန် ကျမ်းများကို ရေးသား ခဲ့ရာ၌ ဦးဆောင် ပါဝင် ခဲ့ပြီး ပဋိဝိသောဓက တာဝန်၊ သြသာနသောဓေယျပတ္တပါဋ္ဌက တာဝန်၊ တိပိဋကတ် လမ်းညွှန် ကျမ်းပြု တာဝန်၊ ပါဠိတော် မြန်မာပြန် ကျမ်းများ၏ ကျမ်းဦး မှတ်ဖွယ်များ ရေးသားခြင်း တာဝန် တို့ကို ကမ္ဘာအေး ကုန်းမြေတွင် ၁၂ နှစ်တိုင်တိုင် သီတင်း သုံး၍ ပါဠိ၊ ပိဋကတ် စာပေ တာဝန် များကို ထမ်းဆောင်ခဲ့သည်။
ရဟန်းဖြစ်စ အရွယ်ကပင်ရဝေထွန်းဟူသောကလောင်အမည်ဖြင့် ပိဋကတ်စာပေ၊ မြန်မာစာပေဆိုင်ရာ ကဗျာ လင်္ကာ၊ ဆောင်းပါး၊ ၀တ္ထု၊ ဂုဏ်ပြုမှတ်တမ်း၊ သိမ်အောင်သြဘာစာ၊ ကျောက်စာ၊ တေးထပ်၊ ရတု၊ ဒွေးချိုး၊ လေးချိုး များကို ရသမြောက်အောင် ထူးချွန်ပြောင်မြောက်စွာ ရေးသားနိုင်ခဲ့သည်။
၁၉၄၈ - လွတ်လပ်ရေးကဗျာပြိုင်ပွဲတွင် ဒုတိယ ရွှေတံဆိပ်ဆုရရှိတော်မူခဲ့။
၁၉၅၂ - မင်္ဂလာညွန့် စာအုပ်ထွက်။(ကျောင်းသုံးပြဌာန်းခံရ)။
၁၉၅၃ - ၀န်းသိုအာဇာနည် စာအုပ်ထွက်(ကျောင်းသုံးပြဌာန်းခံရ)။
၁၉၅၄ - ဖေဖော်ဝါရီလ(၁၉)ရက်(၁၃၁၅-ခု၊ တပို့တွဲလပြည့်ကျော် ၁-ရက်)နံနက်(၉)နာရီအချိန်တွင် ပေါင်းတ လည် ညောင်တန်းကျောင်းဆရာတော်ကို ဥပဇ္ဇျာယ်ပြု၍ ၄င်းကျောင်းခဏ္ဍသိမ်၌ ပေါင်းတလည်မြို့ ဦးစံတင်၊ ဒေါ်ကျင်မိသားစု၏ပစ္စယာနုဂ္ဂဟဖြင့် ရဟန်းအဖြစ်သို့ရောက်ရှိခဲ့သည်။
၁၉၅၄ - လူ့အမြုတေ-စာအုပ်ထွက်ရှိ။ ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက်၊ တောင်ကြီးမြို့ သိမ်တောင် ကျောင်းတိုက်တို့၌ နှစ်ပေါင်းများစွာ စာပေပို့ချပေးတော်မူခဲ့သည်။ ဆဌသင်္ဂါယနာပွဲကြီး ကျင်းပသည်မှစ၍ ပိဋကတ် မြန်မာပြန်ကျမ်းများကို ရေးသားခဲ့ရာ၌ ဦးဆောင်ပါဝင်ခဲ့ပြီး ပဋိဝိသောဓကတာဝန်၊ သြသာနသောဓေယျပတ္တပါဌက တာဝန်၊ တိပိဋကလမ်းညွှန်ကျမ်းပြုတာဝန်၊ ပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ ရေးသားခြင်း တာဝန်များကို ကမ္ဘာအေးကုန်းမြေတွင်(၁၂)နှစ်တိုင်တိုင်သီတင်းသုံး၍ ပါဠိ၊ ပိဋကတ်စာပေတာဝန်များထမ်းဆောင် ခဲ့။
၁၉၅၈ - သကုန္တလ(သက္ကတဘာသာပြန်)ထွက်။ (ယူနက်စကိုဘာသာပြန်ဆုချီးမြှင့်ခံရ။)
၁၉၆၃ - သမီးချစ်စာအုပ်ထွက်။
၁၉၆၅ - သီလရှင်သမိုင်း-စာအုပ်ထွက်။ (ယင်းနှစ်-၀ိုင်အမ်ဘီအေ မြန်မာစာပေ တိုးတက်ရေးပြိုင်ပွဲ ပထမဆု ချီးမြှင့်ခံရ)
၁၉၇၃ - ရတနာစာပေ-စာအုပ်ထွက်။
၁၉၇၅ - မင်္ဂလသုတ်ပျို့အဖြေကျမ်း၊ လယ်တီထေရုပ္ပတ္တိအချုပ်။ တောင်ကြီးမြို့ မုံတ၀ဂူသမိုင်း၊ မလှိုင်မြို့ ရွှေ မုဌောဘုရားသမိုင်း၊ တရုတ်ပြည်အံတော်သမိုင်း၊ ရွှေစာရံရာပြည့်သမိုင်း၊

 ပေါင်းတလည်ဖောင်တော်လှည့် သမိုင်း၊ သစ်သီးဆရာတော် စာအုပ်များထွက်။ ဓမ္မပဒ၀တ္ထုတော်ကြီး ထွက်။
၁၉၈၄ - ၈၅ - မလှိုင်မြို့၊ မြို့သစ်ကျောင်းကို လက်ခံတော်မူ၍ ရဟန်းသာမဏေတို့အား စာပေများပို့ချပေးခဲ့ သည်။ မလှိုင်မြို့ နယ် သာသနာရေးဆိုင်ရာ စာမေးပွဲများကို ဦးဆောင်ကျင်းပပေးခဲ့သည်။ 


ထို့နောက် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်- ရွှေဂုံတိုင်ခြောက်ထပ်ကြီးဘုရားကြီးကျောင်းတိုက် ဓမ္မသီတဂူကျောင်းသို့ ပြောင်းရွှေ့သီတင်း သုံးတော်မူခဲ့သည်။
၁၉၈၅ - ရွှေဟင်္သာမင်းပျို့အဖြေကျမ်း-ထွက်။ ဂိုဏ်းပေါင်းစုံသံဃာ့စည်းဝေးပွဲကြီး ပေါ်ပေါက်လာသောအခါ

 နိုင်ငံတော်သံဃသမ္မုတိရ-သံဃကိုယ်စားလှယ် (၅)နှစ်၊ နိုင်ငံတော်ဗဟိုသံဃ၀န်ဆောင်(၁၀)နှစ်။ 

 နိုင်ငံတော်သီးခြားဝိနည်းဓိုရ်(၃)ကြိမ်၊ နိုင်ငံတော်ဝိနည်းဓိုရ်(၅)ကြိမ် တာဝန်များကို နှစ်(၂၀)တိုင်တိုင်ထမ်းဆောင်တော်မူခဲ့သည်။ ထို့ပြင် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများ- စည်းမျဉ်းရေးဆွဲရေးကော်မတီ၊ သီလရှင်အဖွဲ့အစည်း-စည်း မျဉ်းရေးဆွဲရေးကော်မတီ၊ နိုင်ငံတော်ပရိယတ္တိ
သာသနာ့တက္ကသိုလ်ဆရာများမွန်းမံသင်တန်း ပို့ချရေးအဖွဲ့ဝင်။ ပါဠိပထမပြန် ပထမကြီးတန်း ပြဌာန်းကျမ်းစာပြုစုရေးကော်မတီ၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနအဘိဓမ္မာ၊ ၀ိသုဒ္ဓိမဂ်၊ ယဉ်ကျေးမှုသင်တန်းသားများ၏ သင်တန်းမှုးနှင့်သင်တန်းနာယက၊ မြန်မာစာအဖွဲ့၏ သြ၀ါဒါစရိယအဖွဲ့ အကျိုးတော်ဆောင် စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။ မင်္ဂလာဗျူဟာအသင်း၊ ပိဋကတ်ဗျူဟာအသင်း၊ ဓမ္မဗိမာန်၊ မြတ်မင်္ဂလာ၊ မြတ်သတိဝါဒီစာစောင်တို့၏ သြ၀ဒါစရိယ၊ နာရေးကူညီမှု အသင်းဖြစ်မြောက်ရေးကော်မတီ၏ သြ၀ါဒါစရိယ စသောသာသနာ့တာဝန်များကိုလည်း ထမ်းဆောင်တော်မူခဲ့ သည်။
၁၉၉၃ - ၉၄ - (၁၃၃၅-ခုနှစ်)တွင် နိုင်ငံတော်အစိုးရကအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ဖြင့် ဂုဏ်ပြုပူဇော်ဆည်းကပ်ခဲ့သည်။
၂၀၀၃ - ဘာသာရေးပြဿနာများ(၅)တွဲ ထွက်ရှိခဲ့သည်။


ဘ၀နိဂုံး


၂၀၀၃ - ဖေဖော်ဝါရီ(၂၅)ရက် (၁၃၆၄-ခု၊ တပို့တွဲလပြည့်ကျော်၉-ရက်)၊ ညနေ၆း၁၅-နာရီတွင် ဘနတ်ထံပျံလွန် တော်မူခဲ့သည်။


ထင်ရှားသောစာအုပ်အချို့
 

၁။သမီးချစ် 

 ၂။သီလရှင်သမိုင်း

၃။မင်္ဂလသုတ်ပျို့အဖြေကျမ်း 

၎။လယ်တီထေရုပ္ပတ္တိအချုပ် 

၅။ရွှေဟင်္သာမင်းပျို့အဖြေကျမ်း 

၆။မင်္ဂလာညွန့် 

၇။ဝန်းသိုအာဇာနည် 

၈။သကုန္တလာပြဇာတ် 

၉။ဓမ္မပဒ၀တ္ထုတော်ကြီး 

၁၀။တရုတ်ပြည်အံတော်သမိုင်း

 ၁၁။ဘာသာရေးပြဿနာများ(၅)တွဲ

၁၂။ဗုဒ္ဓဘာသာဟူသည်မှာ 

၁၃။ရတနာစာပေ  06:22, 1 မတ် 2009 (UTC)



စာညွှန်း
 

၁။ဒဂုန် ရွှေမျှား။ မြန်မာ နိုင်ငံ စာပေ ဆုများ။ စာ ၃၈၁ - ၃၈၄။ 

၂။တတိယ အကြိမ် ချမ်းအေး ဂုဏ်ပြု ပူဇော်ခံ စာပေ ပညာရှင်ကြီးများ အတ္ထုပ္ပတ္တိ အကျဉ်း (၂၈ မတ် ၁၉၉၉)။ စာ ၄ - ၇။ 

၃။ရန်ကုန်တိုင်း ဗဟန်း မြို့နယ် ခြောက်ထပ်ကြီး ဘုရားကြီး ကျောင်းတိုက် နာယက အဖွဲ့ဝင်၊ ဓမ္မ သီတဂူကျောင်း ဆရာတော် ဘဒ္ဒန္တတိလောကသာရ၏ ထေရုပ္ပတ္တိ အကျဉ်းချုပ်၊ အဂ္ဂ မဟာ ပဏ္ဍိတ ဘွဲ့ပုံစံ (ကွန်ပျူတာမူ)။ 

၎။အန္တိမအဂ္ဂိ ဈာပန အခမ်းအနား ဖိတ်ကြားလွှာ။ 

၅။အန္တိမ ဈာပန သာဓုကီဠန သဘင်၌ ဘဒ္ဒန္တိဣန္ဒက ရေးသား ဂုဏ်ပြု ပူဇော်သော "ထုတိသြဘာ သံဝေဂ ထပ်တွန့် ၁၂ လုံးဖွဲ့" များ။ 

၆။မခင်ငြိမ်းငြိမ်း။ ရဝေထွန်း စာစု စာရင်း (၁၉၉၅)။



ကိုးကား
 

www.myanmarbookshop.com

 ဆရာတော်ဘုရားကြီးးများ၏ ထေရုပ္ပတ္တိများကို တွေ့ ရှိသမျှ ပြန်လည် မျှဝေ တင်ပြခြင်းဖြင့်
ဗဟုသုတဝေဖြာ ကြပါစေ ဖူးမျှော် ကြည်ညို နိုင်ကြပါစေ.....

အောင်အောင် (မကစ)


 http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:236807မှ

No comments:

Post a Comment